ပလိပ်ရောဂါ လူသို့ စတင်ကူးစက်နေ

E-mail Print
ကြွက်သန်းမှ တဆင့် ကူးစက် တက်သော ပလိပ်ရောဂါမှာ မြန်မာနိုင်ငံရှိ လူတချို့သို့ ကူးစက်ပျံ့ပွား နေပြီ ဖြစ်ကြောင်း နေပြည်တော် ကျန်းမာရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

ပလိပ်ရောဂါ ကူးစက်ခံရသော လူနာတချို့ကို ရန်ကုန်မြို့တော်တွင် ဇွန်လအတွင်း တွေ့ရှိရခြင်းဖြစ်ပြီး ရောဂါ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိရသည်နှင့် ကျန်းမာရေးဝန်ကြီးဌာနက အချိန်မီဆေးကုသမှုများ ပေးခဲ့သည့် အတွက် လူအသက် ဆုံးရှုံးမှု မရှိခဲ့ကြောင်း နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက်ရောဂါဆိုင်ရာ အထူးကုဆရာဝန်ကြီးတဦးက ပြောသည်။

“ရန်ကုန်မှာ ပလိပ်ရောဂါဖြစ်တဲ့ လူနာတချို့ လွန်ခဲ့တဲ့ လအတွင်း တွေ့ရလို့ အရေးပေါ် ဆေးကုသမှုတွေ ပေးခဲ့ရတယ်။ ဆယ်စုနှစ်ပေါင်း များစွာအတွင်း ပထမဆုံးအကြိမ် ရန်ကုန်မှာ ဒီရောဂါပြန်တွေ့တာ” ဟု ကျန်းမာရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာမြဦးနှင့် နီးစပ်သူ အရာရှိကြီးတဦးက ပြောသည်။

ကျန်းမာရေး ၀န်ကြီးဌာနသည် ပလိပ်ရောဂါကူးစက်ခြင်း သတင်းကြောင့် လူအများ ထိတ်လန့် တုန်လှုပ်မှု မဖြစ်ပေါ်စေရန်အတွက် တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မပြုဘဲ ပိတ်ပင်ထားသည်ဟု သိရသည်။

ရန်ကုန်မြို့ခံ တဦးကမူ ပလိပ်ရောဂါဖြစ်ပွားသည့် သတင်းကို ပြည်သူများဆီသို့ ထုတ်ပြန်ကြေညာခြင်းမပြုဘဲ ဖုံးကွယ်ထားခြင်းမှာ မသင့်လျှော်ကြောင်း၊ စစ်အစိုးရအနေဖြင့် ပြည်သူလူထု တရပ်လုံးနှင့် တိုက်ရိုက်ပတ်သက်သည့် ကျန်းမာရေး ကိစ္စများတွင် ပွင့်လင်းသော သဘောထား ရှိရန်လိုအပ်ကြောင်း ပြောသည်။

“ပြည်သူ့ ကျန်းမာရေးကိစ္စမှာ မပွင့်လင်းရင်တော့ ပြည်သူ သန်းပေါင်းများစွာရဲ့ အသက်ကို စတေးတာပဲ” ဟု ရန်ကုန် ဆေးတက္ကသိုလ် ၁ မှ ကျောင်းသား တဦးက ဆိုသည်။

ကျန်းမာရေး ၀န်ကြီးဌာန အပါအ၀င် အစိုးရ၀န်ကြီးဌာနများ အနေဖြင့် ပလိပ်ရောဂါ မဖြစ်ပွားစေရန် ကြွက်နှိမ်နင်းခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်၍ စီမံချက်ဖြင့် အကောင်အထည်ဖော်လျက် ရှိသည်ဟု နေပြည်တော် ၀န်ထမ်းအချို့က ပြောသည်။

“ဌာနဆိုင်ရာ တွေမှာတော့ သိုသိုသိပ်သိပ် စီမံချက်နဲ့ ကြွက်နှိမ်နင်းရေးတွေ လုပ်ကြတယ်” ဟု နေပြည်တော် ကျန်းမာရေး အရာရှိက ရှင်းပြသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြွက်နှိမ်နင်းရေး အထူးအဖွဲ့များ ဖွဲ့စည်းပြီး ကြွက်အကောင်ရေ သောင်းချီ၍ နေ့စဉ် သုတ်သင်ရှင်းလင်း ဖျက်ဆီးလျက် ရှိသည်ဟု မြို့တော်စည်ပင် အရာရှိတဦးက ဆိုသည်။

စစ်အစိုးရ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင်လည်း ကြွက်အုပ်များ ထောင်သောင်းချီကာ ကားလမ်းမကြီးများကို ဖြတ်သန်း ရွှေ့ပြောင်းနေပြီး တချို့ကြွက်များမှာ ကားများဖြတ်ကြိတ်မိ သည့်အတွက် သေဆုံးခဲ့ကြောင်း၊ ကြွက်သေများကို ယူပြီး ဓာတ်ခွဲခန်းတွင် စစ်ဆေးကြည့်သည့်အခါ ပလိပ်ရောဂါ ဖြစ်ပွားစေသည့် ဘက်တီးရီးယားပိုးများ သယ်ဆောင်ထားသည်ကို
တွေ့ရှိရကြောင်း၊ ယခုအခါ နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာနသည် ပလိပ်ရောဂါ ကာကွယ်တားဆီးရေးနှင့် ဖြစ်ပွားလျင် ကုသမှုပေးရန် ပြင်ဆင်မှုများဖြင့် အလုပ်များနေသည်ဟု စုံစမ်းသိ ရှိရသည်။

နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသည့် အစိုးရ၀န်ထမ်းများကိုလည်း ပလိပ်ရောဂါ အသိပညာပေးမှုများ ပြုလုပ်လျက် ရှိသည်ဟု နေပြည်တော်ဝန်ထမ်း အသိုင်းအ၀န်းမှ သိရသည်။

စစ်အစိုးရပိုင် သတင်းစာများတွင် ကြွက်သန်းမှတဆင့် ကူးစက်တတ်သော ပလိပ်ရောဂါသည် ကပ်ရောဂါအသွင် ကျရောက် လာနိုင်သည့်အတွက် သတိထားကြရန် နှိုးဆော်ထားပြီး လူသို့ ကူးစက်ခဲ့သည်ဆိုသော သတင်း အချက်အလက်ကိုမူ ထည့်သွင်းဖော်ပြခြင်းမပြုပေ။

၁၉၀၀ ပြည့်နှစ်ကျော် ကိုလိုနီခေတ်ဦးပိုင်း ကာလများက ပလိပ်ရောဂါသည် ကပ်ရောဂါအသွင်ဖြင့် လူအများကို ကူးစက်သေဆုံးစေခဲ့သော်လည်း ယခုအခါတွင်မူ ပလိပ်ရောဂါသည် အချိန်မီ ကုသပျောက်ကင်းနိုင်ကြောင်း
ရန်ကုန် အထူးကု ဆရာဝန်တဦးက ရှင်းပြသည်။

မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန အရာရှိတဦးက ကြွက်သေများတွေ့ရှိလျှင် နီးစပ်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ လာရောက်အပ်နှံပြီး ပလိပ်ရောဂါ ရှိ၊မရှိ ဓာတ်ခွဲစစ်ဆေးနိုင်သည်ဟု ပြောသည်။

ပလိပ်ရောဂါသည် ကူးစက်ခံရချိန်တွင် ကိုယ်ပူရှိန် မြင့်တက်အဖျားကြီးပြီး နောက်ဆုံး လူကိုယ်ခန္ဓာကိုယ်အတွင်း သွေးယိုစီးကာ ကူးစက်မြန်သည့် ကပ်ရောဂါ ကြီးတစ်ခုဖြစ်သည်ဟု ရန်ကုန်ဆရာဝန်များက ရှင်းပြကြသည်။
Comments (3)Add Comment
0

written by ကို, July 05, 2010
အင်း ပုလိပ်တွေ တယ် ဆိုးသကိုး
0
Fleas
written by Dr.Harry, July 05, 2010
If that is really plague, we should also aware on Fleas of mice. The most important transmission pathway is fleas to human. Mice are only carrier for fleas.
0
Plague or others?
written by Dr.Harry, July 05, 2010
I am a bit curious that is that Plague or other mice-borne diseases? We should do differential diagnosis by modern diagnosis techniques. It is very easy to do definitive diagnosis. If we don't know definitely, the treatment and control strategies will be wrong. Wishing the best!

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်