နေပြည်တော် အစိုးရ ဌာနများရှိ အင်တာနက်နှင့် ချိတ်ဆက်ထားသည့် ကွန်ပျူတာများသာမက Memory Stick များမှတဆင့် တခြား ကွန်ပျူတာများသို့လည်း မကွေး FC ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့နေကြောင်း နည်းပညာရှင်တဦးက ပြောသည်။
နေပြည်တော်အခြေစိုက် ကုမ္ပဏီတခုမှ ဝန်ထမ်းတဦးက “ကွန်ပျူတာလည်း ဖွင့်ရော Start Menu မှာ မကွေး FC ဆိုပြီး ပေါ်နေတယ်။ စက်ထဲက ရှိသမျှဖိုင်တွေ၊ သွင်းထားသမျှ ပရိုဂရမ်တွေ အကုန် Empty ဖြစ်ကုန်တယ်။ စက်ကို ဘယ်လိုမှ ပြန်လုပ်လို့မရတော့ ဆိုင်ပို့ပြီး Window အသစ် တင်ရတော့မယ်” ဟု ပြောသည်။
ယင်းဗိုင်းရပ်စ်ကို မည်သူက ရေးသားသည်ကို မသိရကြောင်း၊ ဗိုင်းရပ်စ်ဝင်သွားပါက ဖိုင်များ ပျက်စီးကုန်ပြီး Start Menu နေရာတွင် မကွေး FC ဆိုသည့် စာတမ်းကိုသာ တွေ့ရကြောင်း မြန်မာ နည်းပညာ ဝက်ဘ်ဆိုက်များတွင် ရေးသားဆွေးနွေးထားကြသည်။
မကွေး FC မှာ မြန်မာ နေရှင်နယ် လိဂ် ဘောလုံးပြိုင်ပွဲတွင် မကွေးတိုင်း ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေသော ဘောလုံးအသင်း၏ အမည်ဖြစ်သည်။
ကွန်ပျူတာ နည်းပညာရှင်တဦးက “ဒီလို ဗိုင်းရပ်စ်ဝင်တာက အီးမေးလ်မှာ ကိုယ်မသိတဲ့ .zip ဖိုင်တို့၊ .rar ဖိုင်တို့၊ .exe ဖိုင်တို့ကို အရမ်းသွားဖွင့်လို့ ဖြစ်တာပါ။ အခု မကွေး FC က .exe ဖိုင်ပါ” ဟု ရှင်းပြသည်။
မကွေး FC ဗိုင်းရပ်စ်ကို ဖယ်ရှားရန် ပရိုဂရမ်တခုကို Myanmar Chat Online (http://www.myanmarchatonline.org/fil...rusRemoval.exe) တွင် ရယူနိုင်ကြောင်း သိရသည်။
မြန်မာ ကွန်ပျူတာ ပညာရှင် လူငယ်များ၊ ဟက်ကာများ ရေးသည့် ဗိုင်းရပ်စ်များ ၁၉၉၄ ခုနှစ်မှ စ၍ ပျံ့နှံ့ခဲ့ဖူးကြောင်း၊ ဝင်းနိုင် ဗိုင်းရပ်စ်၊ သရက်မြို့ ဗိုင်းရပ်စ်၊ “ချစ်လား” “မချစ်ဘူးလား” မေးရာတွင် မချစ်ဘူးဟု ကလစ်နှိပ်မိပါက စက်ပိတ်သွားတတ်သည့် I Love You ဗိုင်းရပ်စ်နှင့် လွိုင်ကော် ဗိုင်းရပ်စ်တို့ ဒုက္ခပေးခဲ့ဖူးကြောင်း မြန်မာ ကွန်ပျူတာ ပညာရှင်များ၏ အွန်လိုင်း ဆွေးနွေးချက်များအရ သိရသည်။
Set as favorite
Bookmark
Email this
Hits: 7057
Comments (5)

written by Black Man, July 12, 2010
မြန်မာ နိုင်ငံမှာ စစ်အစိုးရ အုပ်ချူပ်နေတဲ့ အချိန်ကာလ ဒီလိုမျိုး ကျပ်ကျပ် တည်းတည်း ချို့တဲ့စွာ သုံးနေရတဲ့ အင်တာနက် ခေတ်ကြီးမှာတောင် ကိုယ်တို့ လူမျိုးတွေက အစိုးရကို မီဒီယာနဲ့ တဖုံ ဟက်ကာဆိုပြီး တစ်ဖုံ သွားလုပ် နေကြတာ သူတို့ မျက်ခုံး လှုပ်နေရောပေါ့။ အစိုးရကသာ ဖြည့်ဆည်းပေးမ ယ်ဆိုရင် နိုင်ငံတကာက ဟက်ကာတွေနဲ့တောင် ယှဉ်ခိုင်း လိုက်ချင်သေးတယ်။
written by Burmese, July 05, 2010
အစိုးရ ရုံးတိုင်းမှာ ရှိတဲ့ ကွန်ပျူတာ တွေမှာ သင့်တော်တဲ့ ဗိုင်းရပ်စ် သတ်ပရိုဂရမ် မရှိတာလည်း ပါပါမယ်၊ နောက်ပြီး ၀န်ထမ်းတွေရဲ့ ကွန်ပျူတာ သုံးစွဲမှု အဆင့်အတန်းလည်း မမှီတာကို တွေ့ ခဲ့ရဘူးတယ်။ အဲဒီတော့ ဒါမျိုးကိစ္စက မထူးစမ်းပါဘူး။ အထူးသဖြင့် ညွန်ချုပ် ဒါမှမဟုတ် ၀န်ကြီးများတောင်မှ ကွန်ပျူတာကို ဘယ်လို သုံးရမလဲ ဆိုတာ မသိပါဘူး။
written by ကိုဆင်ဖြူ, July 05, 2010
မဆိုးပါဘူး။ ကိုယ်တိြု့ မန်မာတွေ လုပ်တတ်သားပဲ။ ခက်တာက ဖျက်ဆီးတဲ့နေရာမှာ ဖြစ်နေတာပါ။
written by မျိုးလွင်, July 05, 2010
ဗိုင်းရပ် နှိပ်ကွပ်တဲ့ ပရိုဂရမ် မရှိလို့လား၊ အဆင့်မြင့် ပရိုဂရမ်တွေက update လုပ်ပေးနေရတော့ အင်တာနက်ကို တွင်တွင် ကျယ်ကျယ် မသုံးနိုင်တဲ့ ဗမာပြည်မှာ ဗိုင်းရပ် ဆိုတာ ကြောက်စရာလို ဖြစ်နေမှာပေါ့။ ကျနော့်စက်မှာတော့ ဗိုင်းရပ်ရှိတဲ့ အီးမေးလ် ဆိုရင် လုံးဝ မဖွင့်ဖို့ သတိပေးတယ်၊ မဲမိုရီစတစ်၊ စီဒီ၊ ထည့်ရင်လည်း ဗိုင်းရပ် ရှိမရှိ စစ်ဆေးပေးတယ်၊ အန္တရာယ်ရှိတဲ့ ဝက်ဘ်ဆိုဒ် ကိုလည်း မဝင်ကြည့်ဖို့ သတိ ပေးတယ်။
Write comment
| < Prev | Next > |
|---|







