ထိုနေရာသည် ဘဏ်ဖွင့်ရန်အတွက် နေရာအနည်းငယ် ကျဉ်းသော်လည်း ဈေးကွက်အရ အရေးပါသည့် မန္တလေး ဈေးချိုနှင့် နီး ကြောင်း၊ ကျပ် သိန်းပေါင်း နှစ်သောင်း သုံးထောင် ဖြင့် ၀ယ်ယူလိုက်ခြင်း ဖြစ်ကြောင်း ထူးကုမ္ပဏီနှင့် နီးစပ်သူ တဦးက ပြောသည်။
“ပထမ ဖွင့်မှာ ကတော့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးက ဦးစားပေးပေါ့၊ နောက်မှ တခြားမြို့တွေ ဖွင့်မယ်”ဟု ၎င်းက ဆိုသည်။မြို့ကြီး သုံးမြို့တွင် လာမည့် သြဂုတ်လ ၁ ရက်နေ့ ဖွင့်လှစ်နိုင်ရန် စီစဉ်ထားပြီး စီးပွားရေး အချက်အချာ ကျသည့် မြို့ ၉ မြို့တွင် ဘဏ်ခွဲများ ထပ်မံ ဖွင့်လှစ်မည် ဟုလည်း ၎င်းက ဆက်ပြောသည်။
ရန်ကုန်မြို့တွင်မူ ကမာရွတ်မြို့နယ် လှည်းတန်း လမ်းဆုံ အနီးရှိ ထူးကုမ္ပဏီက ပိုင်ဆိုင်သည့် ဟိုတယ်တွင် ဘဏ်ခွဲတခု ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ထူးကုမ္ပဏီနှင့် နီးစပ်သူ ကဆိုသည်။
ယခုဖွင့်လှစ်မည့် ဦးတေဇပိုင် အေးရှား ဂရင်းဘဏ်သည် ငွေစုခြင်း(Saving Account)၊ စာရင်းရှင်အပ်ငွေ(Current Account)၊ ငွေလွှဲခြင်း နှင့် ချေးငွေလုပ်ငန်းများကိုသာ လုပ်ကိုင်မည်ဖြစ်ပြီး၊ Credit Card စနစ်နှင့် ATM ကတ်စနစ်ကိုလုပ်ကိုင်မည်မဟုတ် ဟု
သိရသည်။
အေးရှားဂရင်း ဘဏ်တွင် အလုပ်လုပ်ကိုင်ရန် လျှောက်ထားသူပေါင်း ၉၀၀၀ ကျော်ရှိကြောင်း ၊ လျှောက်ထားသူများသည့် အတွက် လျှောက်လွှာ လက်မခံ တော့ကြောင်း ရန်ကုန်မြို့ခံလူငယ်တဦးကပြောသည်။
“အနိမ့်ဆုံးအငယ်တန်းစာရေးတောင် တလ ကျပ် ၁ သိန်းပေးမယ်ဆိုတော့ အခုအချိန်မှာ ဘွဲ့ရပညာတတ်အလုပ်လက်မဲ့များ နေ တာလေ လျှောက်တဲ့ လူ အရမ်းများတာပေါ့”ဟု ၎င်းက ဆိုသည်။
လက်ရှိဖွင့်လှစ်ထားသည့် ရိုးမဘဏ်တွင်မူ အငယ်တန်းစာရေးတဦး၏ လစာရင်းမှာ ကျပ် လေးသောင်း ရရှိပြီး ခံစားခွင့်နှင့် ဆိုလျှင် စုစုပေါင်း ကျပ် ခုနှစ်သောင်း ခန့်ရရှိကြောင်း၊ မန်နေဂျာတဦးမှာမူ လစာငွေ ကိုးသောင်း ကျပ် ရရှိပြီး ခံစားခွင့်အပါအ၀င် စုစု ပေါင်း ကျပ် ၁ သိန်း ကျော် ရရှိသည်ဟု သိရသည်။
အစိုးရဘဏ် ၀န်ထမ်းတဦးက“အပြင်ပုဂ္ဂလိက ဘဏ်တွေမှာလည်း အလုပ်ထွက်ပြီး ကူးချင်တဲ့လူများနေတာကြောင့် နည်းအမျိုးမျိုး နဲ့မထွက်နိုင်အောင်လုပ်ထားတယ်၊ အစိုးရဘဏ်တွေမှာဆိုရင် ထွက်တဲ့လူကို နာမည်ပျက်စာရင်းသွင်းမယ်ဆိုပြီးတော့ခြိမ်းခြောက် ထားတယ်”ဟု ဆိုသည်။
အဆိုပါ ဘဏ်အသစ်များကို အစိုးရက အမြန်ဖွင့်လှစ်ရန် ပြောဆိုထားသည့်အတွက် လုပ်ငန်းကျွမ်းကျင်ပြီး အတွေ့အကြုံ ရှိသည့် ၀န်ထမ်းများကို များပြားသောလုပ်ခလစာငွေ အပြင် အထူးခံစားခွင့်များကိုပါပေးမည်ဟု မက်လုံးပေး၍ ဘဏ်သစ်များက ခေါ်ယူနေ ခြင်းဖြစ်ကြောင်း ၎င်းဘဏ်ဝန်ထမ်းကရှင်းပြသည်။
စစ်အစိုးရကပြီးခဲ့သည့် မေလအတွင်း ဦးတေဇကို အေးရှား ဂရင်း ဘဏ်၊ ဦးဇော်ဇော် အား ဧရာဝတီ ဘဏ်၊၊ ဦးချစ်ခိုင် ကို မြန်မာ့ရှေ့ဆောင် ဘဏ် ၊ ဦးနေအောင် ကို အမရာ ဘဏ် စသည်ဖြင့် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်များ ချပေးခဲ့ခြင်းဖြစ်သည်။
မန္တလေးမြို့ အခြေစိုက် Alpine သောက်ရေသန့် လုပ်ငန်းပိုင်ရှင် ဒေါက်တာ စိုင်းစံထွန်း၊ အေးရှားဝေါလ် ကုမ္ပဏီမှ ဦးထွန်းမြင့်နိုင်
(စတီဗင်လော)၊ ယခင် အာရှဓနဘဏ် လုပ်ငန်းရှင် ဦးအောင်ဇော်နိုင်(ရွှေတောင်အုပ်စု) တို့မှ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ပြုရန် အစိုးရထံသို့ လျောက်ထားသော်လည်း ချပေးခြင်းမရှိသေးပေ။
မြန်မာနိုင်ငံတွင် ၁၉၉၃ ခုနှစ်မှစ၍ ဒေါက်တာ စိန်မောင်ကို ပထမ ပုဂ္ဂလိက ဘဏ်၊ မြန်မာနိုင်ငံတွင် မွေးဖွားသည့် တရုတ်လူမျိုး Mr Surge Pun ခေါ် ဦးသိန်းဝေ ကို ရိုးမ ဘဏ်၊ ဦးအိုက်ထွန်းကို အာရှဓန ဘဏ်၊ ဦးကျော်ဝင်းကို မေဖလားဝါး ဘဏ်နှင့် မြန်မာ ယူနီဗာဆယ် ဘဏ်၊ မြန်မာအရှေ့တိုင်း ဘဏ် စသည်ဖြင့် ပုဂ္ဂလိက လုပ်ပိုင်ခွင့် ပေးခဲ့သည်။
မေဖလားဝါး ဘဏ်နှင့် အာရှဓန ဘဏ်တို့သည် မူးယစ်ဆေးဝါးလုပ်ငန်းမှ ရရှိသည့် တရားမ၀င် ငွေကြေးများကို ခ၀ါချမှု ပြုလုပ် သည်ဟု အမေရိကန်ပြည်ထောင်စု၏ စွပ်စွဲချက်များ ထွက်ပေါ်လာသည့် နောက် ၂၀၀၃ ခုနှစ်တွင် စစ်အစိုးရက မေဖလားဝါး ဘဏ်၊ အာရှ ဓန ဘဏ် တို့ကို လုပ်ကိုင်ခွင့်ပိတ်ပင်ခဲ့ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ဘဏ်အသစ်များ ဖွင်လှစ်ခွင့် မပေးတော့ပေ။
ထိုသို့ ပုဂ္ဂလိကလုပ်ငန်းရှင်များကို လုပ်ကိုင်ခွင်မပေးသော်လည်း စစ်အစိုးရ စစ်တပ်ပိုင် မြ၀တီ ဘဏ်၊ အင်းဝ ဘဏ်၊ ရတနာပုံ ဘဏ် နှင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ဘဏ်၊ နယ်စပ်စည်ပင် ဘဏ်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံဖြိုးရေး(မွေး/ရေ) ဘဏ်၊ မြန်မာ့ စက်မှုလက်မှုဖွံဖြိုးရေး ဘဏ်၊ သမ၀ါယမ ဘဏ် စသည့် ဘဏ်များကို ဖွင်လှစ်ခဲ့သည်။
Set as favorite
Bookmark
Email this
Hits: 7946
Comments (5)

written by ??????????, July 10, 2010
သူတို.ငွေတွေ တရားဝင်ဖြစ်အောင် သူခိုး ဒမြတွေရဲ.လုပ်ရပ်က ထင်ရှားလာပြီ။ စစ်တပ်က သူခိုး ဒမြတွေက သူတို.ရဲ. ပြည်သူဆီက ခိုးထားတဲ့ေ ငွတွေကို တရားဝင် သုံးရအောင် သူတော် ချင်းချင်း ပေါင်း စားနေကြတာ တိုင်းပြည် မွဲအောင် လုပ်နေကြတာ ကြည်.မနေကြပါနဲ.။ ကယ်ကြပါဦး အရပ်ကတို.ရေ။
written by adolf, July 08, 2010
i want to read this article in English. how can i? help me guys
written by Myo Chit, July 07, 2010
he will use banking for money laundry ... we need to put him in Justice
Write comment
| < Prev | Next > |
|---|







