NDF ခမောက်တံဆိပ် NLD တရားဝင် ကန့်ကွက်

E-mail Print
အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) က ခမောက်ပုံ အမှတ် တံဆိပ်အား ပါတီ အမှတ်တံဆိပ် အဖြစ် အသုံးပြုခြင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တရားဝင် ကန့်ကွက် လိုက်ပြီ ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)  ဗဟို အလုပ်အမှုဆောင် ဒေါက်တာ ဒေါ်မေ၀င်းမြင့်နှင့် ရှေ့နေ ဒေါ်ခင်ဌေးကြွယ်တို့က နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်ထံ တရားဝင် ကန့်ကွက်စာကို ယမန်နေ့က တင်သွင်းလိုက်ခြင်း ဖြစ်သည်။

“ခမောက်ဟာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ရဲ့ သင်္ကေတ ၊ ဒါကို ယူသုံးတာ ၊ ထင်ယောင် ထင်မှား ပြုလုပ်တာဟာ အတုအပ ပြုလုပ်တာပဲ ၊ ဥပဒေအရကို ငြိစွန်းတယ် ၊ ဒါ့ကြောင့် တရားဝင် ကန့်ကွက်ရခြင်း ဖြစ်ပါတယ်"ဟု NLD ပြောခွင့်ရ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအင်အားစု (NDF)က ခမောက်ပုံ အမှတ်တံဆိပ်ကို ပါတီအမှတ်တံဆိပ်အဖြစ် အသုံးပြုရန် ဇွန်လ (၂၄) ရက်တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားခဲ့ရာ ရွေးကောက်ပွဲကော်မရှင်က NDF ပါတီ၏ အမည်၊ အလံနှင့် တံဆိပ်တို့ကိုကန့်ကွက်လိုပါက ၇ ရက်အတွင်း ကော်မရှင်သို့ လာရောက်ကန့်ကွက်နိုင်ကြောင်း ပြီးခဲ့သည့်လ ၃၀ ရက်နေ့တွင် မြန်မာ့အလင်း သတင်းစာမှတဆင့်  ကြေညာခဲ့သည်။

ခမောက်တံဆိပ်ကန့်ကွက်ခံရမှုနှင့်စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ဥက္ကဌ ဒေါက်တာသန်းငြိမ်းက "ကျနော်တို့ ကတော့ ကော်မရှင်ဥပဒေအရ တင်ခွင့်ရှိတယ်လို့ ယူဆလို့ တင်တာပဲ ၊ သူတို့ကလည်းပဲ သူတို့ ကန့်ကွက်လို့ရတယ် ထင်လို့ ကန့်ကွက်တာပဲလေ ၊ ဒါကို ဆုံးဖြတ်မှာက ကော်မရှင်က ဆုံးဖြတ်ရမှာပါ"ဟု ပြောသည်။

NLD ပါတီသည် မူလက ကြယ်တလုံးနှင့် ခွပ်ဒေါင်းပုံကို အလံနှင့်ပါတီအမှတ်တံဆိပ်အဖြစ် အသုံးပြုခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ အကြိုကာလတွင် ဦးချစ်ခိုင်နှင့် ဦးခင်မောင်ဆွေတို့က ရွေးကောက်ပွဲကော်မရှင်က ချပေးသော အသုံးပြုနိုင်သည့် ပါတီ အမှတ် တံဆိပ်အမျိုးအမျိုးအနက် ခမောက်ပုံကို ရွေးချယ်ခဲ့ရာ NLD ပါတီ၏ အမှတ်တံဆိပ်သည် ခမောက်ဖြစ်လာကြောင်း သိရသည်။

ပါတီ (၉၃) ပါတီ ၀င်ပြိုင်သော ၁၉၉၀ ရွေးကောက်ပွဲတွင် NLDက "ခမောက်ဘေးမှာ ကြက်ခြေခတ် ၊ အဲဒါ အောင်ပွဲမှတ်"ဟူသော ဆောင်ပုဒ်နှင့်အတူ နိုင်ငံတ၀န်း မဲဆန္ဒနယ် (၈၂) ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း  စစ်အစိုးရက ယခုအချိန်ထိ အာဏာလွှဲပြောင်းပေးခြင်း မရှိပေ။

စစ်အစိုးရက ထပ်မံကျင်းပပေးမည်ဆိုသော ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတခြင်း မရှိဟုဆိုကာ လွန်ခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင်ပါတီကို ထပ်မံမှတ်ပုံမတင်ရန် NLDက ဆုံးဖြတ်ခဲ့သည်။

ထို့နောက် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် (၄) ဦးတို့က  စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံခဲ့ကြပြီး (NDF) ပါတီကို မေလ (၆) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် ခမောက် အမှတ်တံဆိပ်ကို ပါတီ တံဆိပ်အဖြစ်အသုံးပြုရန် လျှောက်ထားလာရာ NLD ပါတီဝင်များ ကန့်ကွက်စာတင်သွင်းခဲ့ကြခြင်း ဖြစ်သည်။

မကွေးတိုင်းမှ NLD ပါတီဝင်များနှင့်လူထု လက်မှတ်ရေးထိုးထားသည့် ကန့်ကွက်လွှာများကို မကွေးတိုင်း NLD ပါတီဝင် ကိုနေမျိုးကျာ်က ရွေးကောက်ပွဲကော်မရှင်သို့ ယမန့်နေ့က တင်သွင်းခဲ့ကြောင်း သိရသည်။

မိတ္ထီလာခရိုင် စည်းရုံးရေးကော်မတီဝင် ဒေါ်မြင့်မြင့်အေးကလည်း “ကျမတို့ မန္တလေးတိုင်းကလည်း ဒါကို လက်မခံနိုင်ပါဘူး ၊ မန္တလေးတိုင်းအနေနဲ့က မနေ့က စာတိုက်ကတဆင့်ပို့တယ်။ ကျမတို့ မိတ္ထီလာခရိုင်အနေနဲ့ကလည်း လက်မှတ် (၁၄၄) ခု စုဆောင်းပြီး ဒီနေ့ နေပြည်တော်ကို မိတ္ထီလာခရိုင် တွဲဖက်အတွင်းရေးမှူး ကိုအောင်မိုးနဲ့ အဖွဲ့ဝင် ဦးစိုးပိုင်တို့ ကိုယ်တိုင်သွားပြီး ကန့်ကွက်နေပါပြီ"ဟု ပြောသည်။

ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့ကလည်း ကန့်ကွက်လွှာများကို ရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ ပေးပို့ခဲ့ကြကြောင်း သိရသည်။
Comments (6)Add Comment
0

written by tu tu, July 07, 2010
အကုန်လုံး ပုံမလာဘူး။
0
ညီညွတ်စေချင်တယ်
written by ကိုထူး, July 07, 2010
ခမောက်ကိစ္စကို အရေးတယူ လုပ်မနေကြပါနဲ.လို. တိုက်တွန်း ချင်ပါတယ်။ NDF က ပြည်သူတွေ ဘယ်ပါတီ ကို မဲ ပေးရမှန်း မသိလို. အဲ.ဒီလို အပ်ချက် ကို ဖြည်.ဆည်းတဲ. သဘောနဲ. ဝင် အရွေး ခံတာပါလို. ပြောဖူးပါတယ်။ တကယ်လည်း ဘယ်ပါတီ ကို မဲပေးရမှန်း မသိဘူးဖြ စ်နေကြတာပါ။ ဒေါ်စု ပြောသလို မဲမပေးဘဲ နေနိုင် ရင်တော. အကောင်း ဆုံးပေါ.။ ဒါလည်း မဖြစ်နိုင်ဘူးလို. ထင်ပါတယ်။ ပြီးခဲ. ၂၀၀၈ ဖွဲ.စည်းပုံဥပဒေ ကို အတည်ပြု နိုင်ခဲ.တာက သက်သေ ခံနေပါတယ်။ ကျွန်တော် တို. ဘယ်လိုပဲ မဲပေးပေး၊ မပေးပေး သူတို.နိုင်မယ် ဆိုတာ မြေကြီး လက်ခတ် မလွဲ ပါ။
အဲ.ဒီတော. ကျွန်တော်တို. လုပ်ရမှာက နည်းလမ်း (၂)ခု ရှိပါ တယ်။
(၁) ရွေးကောက်ပွဲထဲ ဝင်ပြီး တတ်နိုင်သလောက် စစ်အစိုးရ ကို တိုက်ရမယ်။
(၂) NLD လို ရွေးကောက်ပွဲ မဝင်ဘဲ စစ်အစိုးရကို အမြစ်ကနေပြို လဲသွားအောင် တိုက်ရမယ်။
ပထမ နည်းလမ်းကို NDF က ရွေးထားတယ်။ ဒုတိယ နည်းလမ်းနဲ. NLD က တိုက်ပါလို. အကြံ ပေးချင်ပါတယ်။
ခမောက် ကိစ္စကို ကန်.ကွက်တာဟာ NLD နဲ. NDF ဘာမှ မဆိုင်ဘူး ဆိုတာကို လူတွေ သိစေချင်လို.၊ နိုင်ငံတကာ ကို သိစေချင်လို. ဆိုတဲ. သဘောနဲ. ကန်.ကွက်တာ ဆိုရင်တော. အပြစ် မပြောလိုပါဘူး။ အဲ.ဒီလို မဟုတ်ဘဲ NDF ကို ရွေးကောက်ပွဲဝင်လို.၊ မကျေနပ်လို. အမုန်းနဲ. ကန်.ကွက်ကြတာ ဆိုရင်တော. ဒီကိစ္စဟာ သိပ်ကို ဝမ်းနည်းစရာ ကောင်းပါတယ်။
NLD ဟာ ရွေးကောက်ပွဲ မဝင်လို. နိုင်ငံရေး သိက္ခာ တက်ခဲ.ပါတယ်။ ဒါပေမယ်. ကိုယ်.ပါတီ ရပ်တည်ခွင်.ကို ကိုယ်.ဘာသာ ပဲ ဖျက်ဆီး ခဲ.တာဖြစ်ပါတယ်။
0
မကြိုက်ရင် ကင်းအောင်ေ နသင့်တယ်--
written by Thazin Pyu, July 07, 2010
NDF ဟာ မကြိုက်လို့ ခွဲထွက် လာ့ပြီးမှ ဘာကြောင့်များ မရှင်းမရှင်း လုပ်နေကြ တာလဲ-- NLD ကို အစိုးရက ရန်သူလို့ မြ င်ထားတော့- -ငါ့ ရန်သူရဲ့ ရန်သူ ဟာ ငါ့မိတ်ဆွေဘဲ ဆိုတဲ့ အယူ အဆနဲ့ စစ်အုပ်စုက NDF ကို လိုရာမှာ အသုံးချ နိုင်မယ့် ဟန်ဆောင်မိ တ်ဆွေလို့ သတ်မှတ်ထားမယ် လို့ ထင်ပါတယ်--ဒါကို NDF သတိထားသင့်တယ်--အသုံးချခံ မဖြစ် စေချင်ဘူး- -ခမောက်ကိစ္စ နအဖဟာ NDF ဘက်က လိုက်ပါ လိမ့်မယ်--
0
...
written by braveheart, July 07, 2010
Dear NLD Leaders . Please leave them alone.. Please don't make it a big deal. There are many many , more important things to do.
0
နောက်မကျသေးပါဘူး
written by ရှမ်းလေး, July 06, 2010
ကန့်ကွက်ရုံ လောက်နဲ့တော့ ဘယ်သူမှ အကျိုးမရှိပါဘူး.. ..ဖြစ်သင့်တာက ကိုယ်တိုင်သာ ရွေးကောက်ပွဲ ၀င်လိုက်ခဲ့ရင် ... တိုင်းပြည် အတွက်ရော ပါတီ အတွက်ရော ကောင်းသွားခဲ့မှာပါ...
အခုလို လုပ်နေတာ ဘယ်သူ့အတွက်မှ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး
0
Thorn in the flesh!
written by MYO MIN, July 06, 2010
NDF is founded by the break away members of former NLD despite its unanimous decision to not re-register. The founding leaders of the NDF were among those responsible for that historic decision. The moment these people stepped outside NLD HQ, they might have thought of catching opportunity and decided to participate fools' racing competition for meat. Anyway, it was their right.
What is really irritating for the die hard Democrats and majority of people is that NDF's ill morality. Of course, NLD didn't registered its name under copy rights protection law or so, but it did registered in the millions of people hearts and of the entire world. It is like, the Earth, the Sun, the Universe and the NLD.
No Buddhist Myanmar boy never was, is and will be named his name Gautama or Siddhartha for any possible excuse albeit those names are not protected by laws. Yet, people abstain from doing so by out of respect to Lord Buddha. It's very much commonsense. I don't think even a fool( a Myanmar fool) could do it.
Unfortunately, there are usual " Marr Nats " there. They want to get things so cheaply. They want to survive over others' expense. Reality in Myanmar is that because of more than half a century military oppression, there are millions of poor, illiterate, naive, ordinary people who are potential voters on the other hand out there. By cheating , by misleading and by tricking these people, some people are desperately trying to gain political millage in up coming fake election.
I have no problem nor even interest that whoever form what party or whoever win to become the clown MP in the monkey parliament to run the Banana Republic, but I am concerned that the legacy of stealing and cheating continue in the very eyes of the people and the world at large.
So, it is very shameful for one to use synonym of others' in political arena. Politicians must behave and try to be roll model.
Opps! I just drag my legs to walk such a long way towards democratic goal with such people.
My justice and fairness prevail!

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်