ဖယ်ရှားရမည့် ကျောင်းများမှာ ရွှေင်္ဟသာ ပိဋကတ် ကျောင်းတိုက်၊ ညောင်တုန်း ပိဋကတ် ကျောင်းတိုက်၊ ဒေါ်လှဆင် ပိဋကတ် ကျောင်းတိုက် စသည့် ကျောင်းတိုက်များနှင့် အနီးရှိ လူနေတိုက်တာ အဆောက်အုံ တချို့တို့ ဖြစ်ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။အဆောက် အအုံများမှာ ဟောင်းနွမ်းနေ၍ ပြင်ဆင်ရန် ဖယ်ရှားပေး ရမည် ဖြစ်ကြောင်း၊ သတ်မှတ် ရက်တွင် ဖယ်ရှား မပေးပါက ရွှေတိဂုံ စေတီတော် ဂေါပက စည်းမျဉ်းအရ လည်းကောင်း၊ တည်ဆဲ ဥပဒေအရ လည်းကောင်း အရေးယူ သွားမည်ဟု ဇူလိုင် လဆန်းပိုင်းတွင် ပေးပို့သည့် ညွှန်ကြားစာ၌ ဖော်ပြထားသည်ဟု ဆရာတော် တပါးက မိန့်ကြားသည်။
ရပ်ကွက်သား တဦးက “ဘုန်းကြီးကျောင်းမှာ သီတင်းသုံး နေကြတဲ့ ဘုန်းကြီးတွေ အကုန်လုံးကို အမြန်ဆုံး ဖယ်ရှားပေးဖို့ရယ်၊ ကျနော်တို့ ရပ်ကွက်က လူနေတဲ့တိုက်က လူတွေလည်း ဆင်းပေးဖို့ လာပြောထားတယ်။ လူတွေက ကြိုက်တဲ့ အချိန် ပြောင်းလို့ ရပေမယ့် ဘုန်းကြီးတွေက ၀ါတွင်းဆိုတော့ ပိုပြီး အခက်တွေ့နေကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကျောင်းတိုက်များတွင် ကျောင်းထိုင်ဆရာတော်များ အပါအ၀င် သံဃာတော် ၁၀ ပါး ၀န်းကျင်စီနှင့် သာမဏေများ သီတင်းသုံးနေသည့်အပြင် တပည့်ဒါယကာများလည်း နေထိုင်ကြကြောင်း၊ သံဃာများ သီတင်းသုံးလာသည်မှာ နှစ်ပေါင်း ၆၀ ခန့် ရှိပြီဖြစ်ကြောင်း ကျောင်းထိုင် ဆရာတော် တပါးက မိန့်ကြားသည်။
“ဘုန်းဘုန်း ဒီကျောင်းမှာ သီတင်းသုံးလာတာ နှစ်ပေါင်း ၆၀ ရှိပြီ။ ဟောင်းနေပြီဆိုပေမယ့် နှစ်ပေါင်း ၇၀၊ ၈၀ လောက် ကောင်းကောင်း နေလို့ရသေးတယ်။ ပျက်စီးယိုယွင်းနေတာ ဘာမှမရှိသေးဘူး။ လတ်တလောကြီး ဖယ်ရှားခိုင်းတာဆိုတော့ အကုန် ဒုက္ခတွေ့နေကြတယ်”ဟု အဆိုပါ ဆရာတော်က ဆက်လက်မိန့်ကြားသည်။
ရွှေတိဂုံဘုရားဝန်းကျင်ရှိ အဆောက်အအုံအများစုမှာ နှစ်ပေါင်းရာချီနေပြီ ဖြစ်သော်လည်း ပြုပြင်ရန် လိုအပ်ပါက ပြုပြင် ၍ နေထိုင်ကြကြောင်း၊ ဖယ်ရှားပေးရခြင်းမျိုး မရှိခဲ့ဘူးကြောင်း၊ လူနေအိမ်များကိုသာ ဖယ်ရှားမှုမျိုး ရှိခဲ့ကြောင်း ဗဟန်း ၂ လမ်း ရပ်ကွက်သား တဦးက ပြောသည်။
ယခု ဖယ်ရှားခိုင်းသည် ပိဋကတ်ကျောင်းတိုက်များမှာ မြန်မာ သက္ကရာဇ် ၁၂၉၅ ခုနှစ် ၀န်းကျင်က ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
“ဇွန်လတုန်းကလည်း တခါလာပြီး ဖယ်ရှားခိုင်းသေးတယ်။ အဲဒီတုန်းကပြောတာ ပိုဆိုးတယ်။ ဒီတခါတော့ ဖယ်ရှားပေးမယ် ဆိုရင် ပိုက်ဆံ သိန်း ၃၀ ကျပ် ပေးမယ်ပြောတယ်။ ဘုန်းဘုန်းတို့က ငွေမလိုဘူး၊ သီတင်းသုံးဖို့ နေရာရရင် တော်ပြီ”ဟု ကျောင်းထိုင် ဆရာတော်တပါးက မိန့်ကြားသည်။
ရဟန်းသံဃာများအား နောက်ဆုံးဖယ်ရှားခိုင်းသည့်ရက်မှာ ၀ါဆိုကာလ မတိုင်မီ နောက်ဆုံးရက်ဖြစ်နေ၍ ပိုမိုအခက် တွေ့နိုင်ကြောင်း၊ အာဏာပိုင်များက သီတင်းသုံးမည့်နေရာ စီစဉ်မပေးဘဲ မိမိတို့သွားလိုရာ သွားနိုင်သည်ဟု ပြောကြောင်း ရွှေ့ပေးရမည့် ကျောင်းတိုက်တခုမှ ကပ္ပိယတဦးက ပြောသည်။
ထိုကျောင်းတိုက်များမှ မပြောင်းရွှေ့ရရေး အတွက် သက်ဆိုင်ရာ မြို့နယ် သံဃနာယက အဖွဲ့၊ နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့၊ တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တို့သို့ တောင်းဆို တင်ပြခဲ့သော်လည်း ထူးခြားမှု မရှိကြောင်း ဆရာတော်တပါးက မိန့်ကြားသည်။
အဆိုပါ ကျောင်းတိုက်များနှင့် အနီးတ၀ိုက်ကို အာဏာပိုင်များက ရယူလိုခြင်းမှာ သီရိလင်္ကာနိုင်ငံသို့ ရောင်းချရန် စီစဉ်နေခြင်း ကြောင့်ဖြစ်ကြောင်း၊ ကျောင်းတိုက် တခု၏ တန်ဖိုးမှာ ကာလပေါက်ဈေး အနည်းဆုံး ကျပ်သိန်း ၃ ထောင်ဝန်းကျင် ရှိကြောင်း စုံစမ်း သိရှိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်တွင် အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်မည်ဆိုပါက “ဤအဆောက်အအုံသည် အန္တရာယ်ရှိ အဆောက်အအုံဖြစ်၍ နေထိုင်ရန်မသင့်” ဟု ဆိုင်းဘုတ်တင်လေ့ ရှိသော်လည်း ယခု ဖယ်ရှားခိုင်းသည့် အဆောက်အအုံများတွင် ယင်းသို့ကြောညာ အသိပေးထားခြင်း မရှိကြောင်း သိရသည်။
Set as favorite
Bookmark
Email this
Hits: 8547
Comments (19)

written by အောင်ကြီး, July 26, 2010
ဒယ်အိုးထဲ ဘယ်သူရောက်မလဲ ကြည့်ကြ ရအောင်လား ? ???????????
written by မင်းခေတ်, July 25, 2010
ဘယ်လောက် သိလို့လဲ .....
မင်းစေတနာ ကို တို့နားလည်ပါတယ် ဘာ အဓိပ္ပါယ်လဲဆိုတာ..
အမှန်ရေးလို့ နာတာလား
အနာပေါ် ဒုတ်ကျသလြို ဖစ်သွားတာလား
ဆောရီးနော်
မင်းစေတနာ ကို တို့နားလည်ပါတယ် ဘာ အဓိပ္ပါယ်လဲဆိုတာ..
အမှန်ရေးလို့ နာတာလား
အနာပေါ် ဒုတ်ကျသလြို ဖစ်သွားတာလား
ဆောရီးနော်
written by မိုးကြိုး, July 25, 2010
အရည်မရ အဖတ်မရ ....အကျိုးမဲ့ စကားများ ပြောဆိုနေမဲ့ အစား မိမိလူမျိုး၊ မိမိဘာသာ၊ မိမိသာသနာ ထွန်းကားရေး မိမိအနေနဲ့ အဓိက ဘာလုပ်ေ ပးနိုင်မလဲ ဆိုတာ စဉ်းစားပြောဆို လုပ်ဆောင်ခြ င်းသည်သာ ပစ္စုပ္ပန်၊ သံသရာ အကျိုးများမည်ြ ဖစ်ပါတယ်။
written by Agna Lay, July 24, 2010
ဘုရား -- ဘုရား မြင်တော်မူပါ ဘုရား၊ တရာြး မင်တော်မူပါ ၊ ဒီမကောင်းဆိုးဝါးတွေ ဒီဘ၀က လွတ်ကင်းအောင် ကယ်တော်မူေ ပးကြပါ၊ ဒီမကောင်း ဆိုးဝါးတွေ အမြန် နှင်ထုတ်ချင်လှပြီ ဘယ်တော့မှမျာြး ပည်သူတွေ ချမ်းသာရာ ရမလဲ
written by DNOW88, July 23, 2010
အော် .. အကုသိုလ်တွေ အကုသိုလ်တွေ .. အနိစ္စ ဒုက္ခ အနတ္တ ... တပွဲစား နအဖ အဖွဲ့တွေအတွက် လားရာလမ်းက တလမ်းပဲ ရှိပါတယ် .. ဒေဝဒတ် လက်သစ်တွေကို သံသရာ တလျှောက် ငရဲမှာပဲ ရာသက်ပန်နေဖို့ ပါမစ်က ကျထားပြီးသားပါ ..
written by မှိုင်းဝေ, July 23, 2010
မိုက်ရိုင်း လှချည် လား....
အရှက်မရှိ ကိုယ့်ြ ပည်သူကို ပြန်နှိပ်စက်.. .သံဃာတော်တွေကို ရိုက်နှက် ......
အသင် အမိုက်သား ဗိုလ်သန်းရွှေနှင့် အပေါင်းပါ တစုတို့ ..... ငရဲလမ်းမှ အပ .... တခြားလမ်း မရှိ.....အဝီစီ့ကို ခေါင်းနဲ့ ဆင်းရလိမ့်မည်.....
အရှက်မရှိ ကိုယ့်ြ ပည်သူကို ပြန်နှိပ်စက်.. .သံဃာတော်တွေကို ရိုက်နှက် ......
အသင် အမိုက်သား ဗိုလ်သန်းရွှေနှင့် အပေါင်းပါ တစုတို့ ..... ငရဲလမ်းမှ အပ .... တခြားလမ်း မရှိ.....အဝီစီ့ကို ခေါင်းနဲ့ ဆင်းရလိမ့်မည်.....
written by Danial, July 22, 2010
ဘုရား ရဟန်းန္တာ တွေရဲ့ ဆွမ်း- ကျောင်း- ဆေး- သင်္ကန်းကို ပိတ်ပင်တော့ ယသောဓရာ ရဲ့ အဖေ သုပဗုဒ်ဓ ခမျာ ၇ရက်အကြာမှာ မြေမျိုတယ်၊ ခုခေတ်က ရဟန်းန္တာ မဟုတ်သေးတဲ့ သံဃာကို ပိတ်ပင်တော့ ၇ရက်အတွင်း တန်ခိုး မပြတောင်မှ အကြောင်း ကံက ရှိနေပီနော်၊ တော်ကြာ အိန္ဒိယ သွားရင်း လေယဉ် ဒိုင်ဗင် ထိုးသွားမှဖြင့် ဂန့်သွားမယ်နော်- ကြည့်လုပ် ကိုယ့်လူ
written by U p n wa ra, July 22, 2010
သာသနာ ထွန်းကားေ စဘို့ လုပ်ဆောင်ေ နပါတယ် ဆိုတဲ့ နိုင်ငံတော် သံဃာ့ မဟာ နာယက အဖွဲ့ ကြီးက အိပ်ပျော် နေတာလား။ နှာစေး နေတာလား။ သာသနာ အတွက် ဘာတခုမှ ထိထိ ရောက်ရောက် လုပ်ဆောင်တာ မတွေ့ ရသေးဘူး။ န အ ဖ ဘိုချုပ်တွေ လှူတဲ့ မသန့် စင် တဲ့ လှူဘွယ် ၀တ္ထုကိုဘဲ အလှူ ခံနေတော့မှာလား။
နောင်ဆို သံဃာ့ မဟာ နာယက အဖွဲ့ က ထားရာ မှာနေ စေရာသွားရတဲ့ --- နဲ့  မခြားတဲ့ ဘ၀မျိုးေ ရာက်သွားလိမ့်မယ်
ဆရာတော်များ သာသနာ အရေးကို မျက်ကွယ် မပြုသင့်ဘူးလို့ လျှောက်ထားချင်ပါတယ်။
နောင်ဆို သံဃာ့ မဟာ နာယက အဖွဲ့ က ထားရာ မှာနေ စေရာသွားရတဲ့ --- နဲ့  မခြားတဲ့ ဘ၀မျိုးေ ရာက်သွားလိမ့်မယ်
ဆရာတော်များ သာသနာ အရေးကို မျက်ကွယ် မပြုသင့်ဘူးလို့ လျှောက်ထားချင်ပါတယ်။
written by kyaw kyaw, July 22, 2010
ကျနော် မှတ်မိသေး တယ်ဗျာ ။ ၂၀၀၇ စက်တင်ဘာ ၂၆ ရက်နေ့ ကြေးသွန်း ဘုရားရှေ့မှာ ပစ်တော့ ကျနော်တို့က ဆရာတော်တွေနဲ့ အတူတူ ညောင်တုန်း ကျောင်းတိုက်ထဲ ဝင်ပြေးပြီး သံဃာ၊ လူထု ပြန်စုပြီး တော့ အန်အယ်ဒီ ဗဟို ရှေ့ကနေ ဒဂုံစင်တာ အဲဒိက တဆင့် ကြည့်မြင့်တိုင် ဗားကရာလမ်း အဲဒိကတဆင့် သခင်မြပန်းခြံ ၊ နောက် အလုံ ဆင်မင်းဈေး မရောက်ခင် မီးသတ် စခန်း(အလုံ)နဲ့ အိုလံပစ် တာဝါ မှာ ထပ် အပစ်ခံရတာလေ။ ကျိန်းေ သတာကတော့ အဲဒါတွေကိုလည်း အညိုးအတေး ထားတယ် ထင်တယ် ၊ တော်တော် မိုက်ရိုင်းတဲ့ စစ်ဘီလူး သူခိုး ဓားပြ အကြီးစားေ တွပဲနော်။ ဘုရား ... ဘုရား ..... ဘုရား .....
written by nyogyi, July 22, 2010
ဘုန်းကြီးေ ကျာင်းတွေ ပြောင်းခိုင်းတာလောက်တော. ဘာအရေးလဲ
ဘုရားနဲ. တဂိုဏ်းထဲ ထားရမဲ. သံဃာတော်တွေကိုတောင် ရိုက်သတ်ေ သးတာ
ဖြစ်နိုင်ရင် သူတို.က ရွှေတီဂုံ စေတီတောင် ဖျက်ပြီး လှိုင်ဂူတောင် တူးရင် တူးအုံးမှာ ပါဗျာ...
ဘုရားနဲ. တဂိုဏ်းထဲ ထားရမဲ. သံဃာတော်တွေကိုတောင် ရိုက်သတ်ေ သးတာ
ဖြစ်နိုင်ရင် သူတို.က ရွှေတီဂုံ စေတီတောင် ဖျက်ပြီး လှိုင်ဂူတောင် တူးရင် တူးအုံးမှာ ပါဗျာ...
written by ......., July 22, 2010
This is very sad news for Burmese people . I am sad too. Let us pray to the Lord.
written by Thazin Pyu, July 22, 2010
တော်ပါသေးရဲ့ ဘုရား ပွင့်ခဲ့တာ အိန္ဒိယမှာ မို့လို့ဘဲ-- မဟုတ်ရင် ဘုရားရှင်တောင် ဘယ်ကြွရမှန်း မသိဖြ စ်နေအုံးမယ်---ဇေတ၀န်ကျောင်းတော်ကိုလည်း ဦးတေဇ ပိုင် ထူးထရေးဒင်း ကို လေလံတင် ရောင်းချခံရအုံး မယ်-- ဘုရား- -ဘုရား
written by မျိုးချစ်သူ, July 22, 2010
ဗုဒ္ဓဘာသာမှ ဟုတ်ရဲ့လား လို့တောင် သံသယ ရှိမိပါတယ်။ ၀ါတွင်းကြီးမှာ သံဃာ တော်တွေ ဟိုပြောင်း ဒီပြောင်း လုပ်တာ မသင့်တော်ဘူး ဆိုတာ မသိလေေ ရာ့သလား။ အငြိုးတွေ အငြိုးတွေ။ တယ်လဲ ခက်ကြတဲ့ လူတွေပဲ။ အင်းလေ မင်းတို့ အတွက် ငရဲပြည့် အ၀ီစိ မှာလည်း အခုချိန်ဆို အခန်းတွေ၊ ဒယ်အိုးတွေ တိုးချဲ့ ပြီးနေလော က်ပြီပေါ့။ မၾကာေ တာ့ပါဘူး။ မကြာတော့ပါဘူး။
မျိုးချစ်သူ
(သင်ပြုသောကံ ပဲ့တင်သံ သင့်ထံ ပြန်လာမည်)
မျိုးချစ်သူ
(သင်ပြုသောကံ ပဲ့တင်သံ သင့်ထံ ပြန်လာမည်)
written by zaw, July 22, 2010
ဗိုလ်သန်း ရွှေကတော့ ဘာကိုမှမကြာက်တော့ဘူး ဆိုတာ သိသာ နေပါပြီ
လုပ်ပါ... .စိတ်ကြိုက်သာ မြန်မာပြည်ကို ရောင်;စားပါတော့
ပြည်ပက ဒီမို အင်အား တွေကလဲ... အားမကို;ရ ဆိုတော့...
လုပ်ပါ... .စိတ်ကြိုက်သာ မြန်မာပြည်ကို ရောင်;စားပါတော့
ပြည်ပက ဒီမို အင်အား တွေကလဲ... အားမကို;ရ ဆိုတော့...
written by thiri, July 21, 2010
ရွှေဝါရောင် အရေးအခင်းမှာ. .အဲဒီကျောင်းတိုက်တွေက ဘုန်းဘုန်းတွေ ပါဝင်ခဲ့တာကိုလဲ အညှိုးထားတာ ဖြစ်မှာ။
ကျောင်းသား တွေကို မြို့ပြင်တွေ ပို့ပြီး၊ လူစု ကွဲအောင် လုပ်သလို၊ ဘုန်းဘုန်း တွေကိုလဲ အဲဒီလို လုပ်ပစ်တာ။ ဘုန်းကြီးေ ကျာင်းတောင် ပိုက်ဆံ ရဖို့၊ ရောင်းစားတဲ့သူတွေ.. အကုသိုလ်ကြီးလိုက်ကြတာ။
ကျောင်းသား တွေကို မြို့ပြင်တွေ ပို့ပြီး၊ လူစု ကွဲအောင် လုပ်သလို၊ ဘုန်းဘုန်း တွေကိုလဲ အဲဒီလို လုပ်ပစ်တာ။ ဘုန်းကြီးေ ကျာင်းတောင် ပိုက်ဆံ ရဖို့၊ ရောင်းစားတဲ့သူတွေ.. အကုသိုလ်ကြီးလိုက်ကြတာ။
Write comment
| < Prev | Next > |
|---|







