ကျားဖြူပါတီ ရှမ်းပြည်မြောက်ပိုင်းတွင် လူကြိုက်များ

E-mail Print
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကျားဖြူပါတီဟု နာမည် တွင်လျက်ရှိသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) သည် လူကြိုက်များ ရေပန်းစားလျက် ရှိကြောင်း သိရသည်။

“ဒီမှာတော့ လူတိုင်းလိုလိုက ကျားဖြူ၊ ကျားဖြူပဲ ပြောနေကြတယ်။ ဒါကလည်း လူထုက အစိုးရအပေါ်ကို တော်တော် ငြီးငွေ့နေကြပြီလေ။ မဲထည့်မယ်ဆိုရင်လည်း အဲဒီပါတီကိုပဲ မဲထည့်ကြဖို့များတယ်” ဟု လားရှိုးမြို့မှ ကုန်သည်တဦးက ပြောသည်။

SNDP သည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ စသည့် မြို့ကြီးများတွင် ရုံးခွဲများ ဖွင့်လှစ်ခဲ့ပြီး ကွတ်ခိုင်မြို့ တမြို့တည်းတွင်သာ ရုံးခွဲဖွင့်ရန် ကျန်ရှိတော့ကြောင်း SNDP ၏ ဗဟိုအလုပ်အမှုဆောင် တဦးက ပြောသည်။

ယခုလအတွင်း မြို့ပေါင်း ၄၀ ကျော်တွင် ရုံးခွဲများ ထပ်မံ ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း၊ ကချင် ပြည်နယ်တွင် ၆ မြို့နယ်နှင့် စစ်ကိုင်းတိုင်း အောက်ပိုင်းမှ မြို့နယ်တချို့တို့ ပါဝင်ကြောင်း အဆိုပါ ဗဟိုအလုပ်အမှုဆောင်က ဆက်လက် ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှ SNDP စည်းရုံးရေးမှူး တဦးက “ပြည်သူလူထုကတော့ ကျနော်တို့ဘက်မှာ ရှိနေပါတယ်။ ဒါပေမယ့် ကြောက်နေကြသေးတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတွင်းကနေပဲ ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။ အဲဒီဘောင်ကနေ ကျော်မှာမဟုတ်ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းသည် ရှမ်းတိုင်းရင်းသားများ ဒီမိုရေစီ အဖွဲ့ချုပ် (SNLD) ၏ အထွေထွေ အတွင်းရေးမှူးဟောင်းဖြစ်ပြီး SNDP ရုံးချုပ်ကို ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်တွင် ဖွင့်လှစ်ထားသည်။

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ခံတဦးက “ကျားဖြူပါတီက ကျနော်တို့ ရှမ်းတွေကို ကိုယ်စားပြုတယ်လေ။ ဟိုတလောတုန်းက ဒီမှာ ရုံးခွဲ လာဖွင့်ကြတယ်။ ပါတီဝင် အဖြစ်တောင် လက်မှတ်ထိုးလိုက်ပြီ” ဟုပြောသည်။ 

SNDP ကို ထောက်ခံသူများသည် အင်တာနက်၊ အီးမေးလ်များမှတဆင့် နိုင်ငံရပ်ခြားတွင် ရှိနေသော ရှမ်းတိုင်းရင်းသားများကို SNDP အား ထောက်ခံမဲပေးရန် စည်းရုံးမှုများလည်း ရှိကြောင်း သိရှိရသည်။

ရှမ်းတိုင်းရင်းသား အများစုသည် ထိုင်းနိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ သြစတြေးလျနှင့် စင်္ကာပူ တို့တွင် ရောက်ရှိနေကြပြီး ၎င်းတို့သည် ၂၀၁၀ ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ သံရုံးမှတဆင့် မဲထည့်နိုင်ကြသည်။

“ကျမတို့ ရှမ်းတိုင်းရင်းသားတွေ ဘက်ကနေပဲ ရပ်တည်သွားမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အတွက်ကိုလည်း ဆုတောင်းရမှာပေါ့” ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တက္ကသိုလ်တခုတွင် ပညာသင်နေသူတဦးက ပြောသည်။

လန်ဒန်မြို့တွင် ကျောင်းတက်နေသူတဦးကလည်း “SNDP ကိုပဲ မဲထည့်ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တဦးတယောက်ချင်းစီရဲ့ မဲထည့်တာက ပါတီအတွက် အပြောင်းအလဲဖြစ်သွားနိုင်တယ်လေ။ ပြီးတော့ SNDP ဆိုတာက ကျနော်တို့ ရှမ်းတွေကို ကိုယ်စားပြုနေတာလေ” ဟု ဆိုသည်။

သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက “၁၉၉၀ တုန်းကတော့ မျှော်လင့်ချက် သိပ်ကြီးခဲ့ကြတယ်။ ရှမ်းပါတီနိုင်ပြီ၊ ပြည်နယ်အစိုးရ တည်ထောင်လို့ရပြီ၊ နအဖ စစ်တပ်တွေ ရုပ်သိမ်းဖို့ပဲ ရှိတော့တယ်ဆိုပြီးမှ စိတ်အား ထက်သန်ခဲ့ကြတာပေါ့။ အခုအချိန်မှာတော့ အဲဒီလိုမျိုး စိတ်အားထက်သန်အောင် ပြန်လုပ်ဖို့ဆိုရင် တော်တော်ကြီးကို ကြိုးစားယူရလိမ့်မယ်” ဟု မှတ်ချက်ပေးသည်။

ယခုအခြေအနေသည် ပြည်သူများအနေဖြင့် နိုင်ငံရေးကို စိတ်မဝင်စားနိုင်ဘဲ မိမိတို့ စားဝတ်နေရေးဖြင့်သာ အာရုံများနေစေရန် နအဖ အစိုးရက ဖန်တီးထားသည်ဟုလည်း ဦးခွန်စိုင်းက ဆိုသည်။

SNDP သည် ဧပြီလ ၈ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၌ တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ပါတီ မှတ်ပုံတင်ခွင့်ကို မှတ်ပုံတင် အမှတ် ၁၅ ဖြင့် မေလ ၂၆ ရက်နေ့က ခွင့်ပြုချက် ရရှိခဲ့ပြီးဖြစ်သည်။

ယခုနှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၄ ခုတို့မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက် တည် ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့် ၃၉ ပါတီစလုံးကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံ တင် ခွင့်ပြုပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Comments (14)Add Comment
0
to Myo Min (Bago)
written by Ko Ko, July 30, 2010
Dear Myo Min (Bago)
I think you do not understand about the ethnic groups’ lives in Burma yet. I see many Burmese worry or complain the ethnic groups, if they said they love their people/ they will have the party for their people etc, pls do not worry, they do not want the group from military to win in the election at their places, so they try to set up their party for their people.
I am sad that I have heard about like your comment from many Burmese, that mean they do not want the ethnic groups to be freedom? Really, we all have to be quality, no one will be on the top each other. Burmese also one ethnic,we all the same.
If you think like that Burmese and the ethnic groups in Burma will have the problem each other always and we will not unity, we also will not have Democracy forever, because everyone/ every ethnic group want to have better life, good education and want their people / their place to be developed (it is the nature of human feeling). No one wants poor life.
0
ဗမာ အမျိုးသားရေး
written by မျိုးမင်း(ပဲခူး), July 28, 2010
ဒါ ဆိုရင် ရှမ်း အမျိုးသားရေး အတွက် ကျားဖြူကို ထောက်ခံလျှင်.... ငါတို့လည်း ဗမာ အမျိုးသားရေး အတွက် ကြံဖွံ ပါတီ ကိုေ ထာက်ခံရမလား....ဘာလည်း ဗျာ.... .ဗမာ လူမျိုး ရှမ်းလူမျိုး ကရင် လူမျိုး အရေးနဲ့... နားကို ရှုပ်နေတာဘဲ။
0
ကိုယ့်ယုံကြည်ချက်ကု မစွန့်ပစ်ပါနှင့်
written by naythurein, July 27, 2010
LITTLE
ခင်ဗျား တင်ထားတဲ့ comment ကိုအရမ်းသဘောကျတယ်။
ကျွန်တော် တိုင်းရင်းသား တစ်ယောက် အနေနဲ့ ဒီအမြင်ကို သဘော တူပါတယ်၊
ဒါပေမယ့် ဒီနေ့ အထိ တိုက်ပွဲ ၀င်နေတဲ့ တိုင်းရင်းသား အုပ်စုတွေ ပြောနေတဲ့ တန်းတူ အခွင့်အရေး ဆိုတာ
ဗမာလူမျိုးက ပိုပြီးရနေလို့၊ တိုင်းရင်းသားတွေက မရလို့ ဆိုလိုတာ မဟုတ်ပါဘူး၊
တိုင်းရင်းသားတွေက လူမျိုးရေးခွဲခြားတဲ့ အမြင်နဲ့ တိုက်ပွဲဝင်နေကြတာ မဟုတ်ပါဘူး၊
ပြည်ထောင်စုမြ န်မာနိုင်ငံမှာ ဗမာ လူမျိုးလဲ တိုင်းရင်းသား တစ်မျိုးပါဘဲ၊
ဒါပေမယ့် အဲဒါကိုတော့ ဗမာလူမျိုး အများစုကကော ဒီလိုမျိုြး မင်ပါရဲ့လား။
တိုင်းရင်းသားတွေ အမ်ားစုေ နထိုင္တဲ့ေ ဒသေတြမွာ သေသေချာချာ
ထဲထဲ ၀င်ဝင် လာပြီး သူတို့ေ နရာကနေ ပြီးတော့ လေ့လာပါ၊ ခံစားကြည့်ပါ လို့ဘဲပြောချင်ပါတယ်။
ဒီနေ့ဖြ စ်နေတဲ့ ပကတိ အခြေအနေ တိုင်းရင်းသားတွေ နေ့တိုင်းရ င်ဆိုင်နေရတဲ့ ပြသနာတွေ
ဌာနဆိုင်ရာဝန် ထမ်းတွေနဲ့တိုင်းရ င်းသားတွေရဲ့ဆ က်ဆံရေးတွေ၊ စသဖြင့်... ...
ပိုပြီး နားလည်လာမှာပါ။
0
...
written by AA, July 26, 2010
သြော်.. ...... .ငါတို့ တိုင်းပြ ည်ကြီးဟာ ဘယ်လို လုပ်ပြီးမှေ အး ချမ်းတော့မှာလဲ။ ဒီတိုင်း ဆိုရ င်တော့ ဒီမိုက ရေစီရဲ့ အနှစ် သာရကို မြန်မာ ပြည်သူပြည်သားတွေ ခံစားဖို့အ ခွင့်အ ရေးကော ရှိဦးမှာတဲ့လား။ နောက် ဆုံးတော့ ငါတို့တွေဟာ နေစရာမြေ ပျောက်မယ့် ဘ၀ ရောက်ကု န်ကြရတော့မှာပေါ့။ စည်းလုံးမှုကို ရယြူ ကိုးပ မ်းခဲ့တဲ့ ငါတို့ ဗိုလ်ချုပ်ကို တမ်းတ ရင်းနဲ့ ၀မ်းနည်း နေရပြီဗျာ.။။
0
ဖျောက်ပစ်လိုက်သင့်ပါပြီ
written by ဦးကျော်, July 26, 2010
စစ်အစိုးရ လက်အောက်က နေ လွတ်မြော က်ဖို့ ဆိုတာ တိုင်းရင်းသား အားလုံး လက်တွဲ ညီညီ ကြိုးပမ်းမှ သာ အောင်မြင်နို င်မယ်ဆိုတာ ယုံကြည်ေ ထာက်ခံပါတယ်။ နွားကွဲ ကျားဆွဲ ဆိုသလိုပဲ ပြည်ထောင်စုသားတွေ အကြားမှာ သွေးခွဲ စကားမျိုး အမြင် မျိုးကို ဖျောက်ပစ်လိုက်သင့်ပါပြီ။
0
...
written by Ko Ko, July 25, 2010
Please do not complain the other ethnic groups, after 1948 the military Gov; destroyed the history of ethnic groups and some ethnic lost their historical, the Gov; also tried to change the history. The history is very important for every nation to know about their culture, traditional and language.

Some places the military did not allow to learn their language until now. Every nation / ethnic loves their people but it is not mean selfish and to be in depended. I think every one will understand for that.
0
ဘာလို့ များ ရှမ်း က ရှမ်း ဗမာက ဗမာ ရယ်လို့ဖြစ်နေကြ တာလဲ
written by LITTLE, July 25, 2010
တခုေ လာက်ပြောချင်တာ ရှိပါတယ်။
ဘာလို့များ လူတွေဟာ ငါတို့ ရှမ်း ငါတို့ ဗမာ ငါတို့ ကချင် ငါတို့က ကရင် ရယ်လို့ဖြ စ်နေ ကြတယ် ဆိုတာ စဉ်းစားလို့ မရပါဘူး။
ကရင် တွေက စစ် အစိုးရကို တိုက်ပါတယ်။ က ရင် ပြည်နယ် လွတ်လပ်ရေး အတွက် သီးခြား တိုက်တယ်။
ရှမ်းကရော လွပ်လပ်တဲ့ ရှမ်းပြည် ဖြစ်ဖို့ အတွက် တိုက်ကြ ပြန်ရော။
တောင်တန်းနဲ့ ပြည်မ သာတူ ညီမျှ အခွင့် အရေး ရရ ပါစေ့မယ်လို့ ဗိုလ်ချုပ် က တိပေးခဲ့သလို အဲဒီ တုန်းက တိုင်းရင်းသား ခေါင်းဆောင်တွေက လည်း အားလုံး လက်ခံပီးမှ မြန်မာ နိုင်ငံရယ် ဆိုတာ ဖြစ်လာတာပါ။
အဲဒီ အရင် မတိုင်ခင်ကလည်း ဒီမြန်မာ နိုင်ငံဆိုတဲ့ ခေါင်းစဉ်ေ အာက်မှာပဲ ဒီပြည်နယ်က ဒီလူမျိုးတွေ နေလာခဲ့တာပါ။
ဒါဆို ငါတို့က ဗမာတွေနဲ့ အခွင့် အရေး တူတူ ဘာလို့ မရလဲလို့ေ မးလာရင်တော့ ဗမာတယောက် အနေနဲ့ပြ န်မေးစရာ ရှိတာက ဗမာတွေ ရော စစ် အစိုးရ ဆီက ဘာ အခွင့် အရေးများ ရကြပါသလဲလို့။

စစ် အစိုးရနဲ့ နီးစပ်သူ လူနည်းစု သာ အခွင့် အရေး ရကြတာပါ။
ပြည်မ မှာ ဗမာတွေ မွဲနေတာ အများကြီးပါ။ အစာ အဟာရ မပြည့်ဝတဲ့ ကလေးတွေ
ကျောင်း ပညာ ကောင်းကောင်း သင်ခွင့် မရတဲ့ ကလေးတွေ အများကြီးပါ။
ဒါကို ဘာလို့များ ငါတို့လူမျိုး ကောင်းစားရေးလို့ အော်ချင်နေကြတ ယ်မသိပါ။
တကယ်လို့သာ ခုပြောကြသလို ဒီပါတီက သာ အားလုံး သာတူညီမျှ မြန်မာနိုင် ငံအတွက် ကြိုးစား လုပ်ကိုင်ေ ပးမယ်ဆိုရင် ဗမာ တယောက်ဖြစ်ပေမဲ့ ရှမ်းကိုလည်း ခေါင်းဆောင် တင်မှာ ပါ။ ကရင်ကိုလည်း ခေါင်းဆောင် တင်မှာပါ။
ဒါပေမဲ့ တခါတခါ တိုင်းရင်းသား လူမျိုးတွေက ဗမာတွေကို ပစ်ပယ်သလို ပြောလာခဲ့ရင် ခံစားရပါတယ်။
မွေး ကတည်းက မြန်မာနိုင်ငံဆိုတဲ့ ခေါင်းစဉ်ေ အာက်မှာ ကချင် ကယား ကရင် ချင်း မွန် ရခိုင် ရှမ်း စတဲ့ ညီအကို မောင်နှမတွေ နဲ့ တူတူ ကြီးခဲ့ရတယ်လို့ မှတ်ယူ ခဲ့တဲ့သူ မို့ အဲလို ခွဲခြားတဲ့ စကား မျိုး ပြောရင် ၀မ်းနည်း ရပါတယ်။
ဗိုလ်ချုပ်တို့ အင်္ဂလိပ် လက်အောက်က လွတ်မြော က်ဖို့ အားလုံး ကြိုးစား ခဲ့ကြသလို့ စစ် အစိုးရ လက်အောက်က နေ လွတ်မြောက်ဖို့ ဆိုတာ တိုင်းရင်းသား အားလုံး လက်တွဲ ညီညီ ကြိုးပမ်းမှ သာ အောင်မြင်နို င်မယ်လို့ ထင်ပါတယ်

0
သွေး မကွဲစေလိုပါ
written by Anawa, July 25, 2010
ဦးခွန်စိုင်း ပြောသလိုမျိုး အထင် မှား တာကိုတော့ စိတ်မကောင်းဖြ စ်မိပါတယ်။ ဘယ်ပါတီနိုင်နိုင် ဘယ် အစိုးရပဲ တက်တက် စစ်တပ် ဆိုတာ ကတော့ တိုင်းပြည် ကာကွယ်ရေး အတွက် ပြည်နယ်/တိုင်း တွေမှာ ရှိရမှာပါ၊ ထင်သလိုသာ ရုပ်သိမ်း ရမယ် ဆိုရင်တော့ ကျွန်တော်တို့ ဗိုလ်ချုပ် အောင်ဆန်း အားကြိုး မာန်တက် ဆောင်ရွက်ခဲ့တဲ့ ပင်လုံ စာချုပ် ဆိုတာ ဘာထူးေ တာ့မှာလဲ... ပြည်ထောင်စု သား အကြားမှာ သွေးခွဲ စကားမျိုး/ အမြင် မျိုးကို ဖျောက်ပစ်လိုက်ပါ။
0
...
written by နေမျိုး, July 24, 2010
ရွေးကောက်ပွဲမှာ အနိုင် ရတာနဲ့ ရှမ်းပြည်က တပ်တွေကို ရုပ်သိမ်းပေးရမဲ ဆိုတာ ဘယ်လြို ကီးလဲ....
ဒီအတိုင်းဆို မြန်မာ နိုင်ငံေ မြပုံလည်း ၁၄ ပိုင်း ပိုင်းရတော့မ ယ်ထင်တယ်....
0
ကြည်.ကြသေးတာ ပေါ.
written by မောင်ရင်, July 24, 2010
ကြည်.ကြ သေးတာ ပေါ.။ အခြေခံ ဥပဒေ ပဲပြင် နိုင်မလား ? အဲဒီပါတီပဲ ဘေးရောက် သွားမလား?
အခြေခံ ဥပဒေ ကိုပြင် ဖို.ဆို တာ ပြော သလောက် မလွယ် ဘူးထင် တယ်။ ပါတီ တွေ စပြီး မှတ် ပုံ တင် က ထဲ က
အခြေခံ ဥပဒေ ကို စောင့် ရှောက် ပါ မည် လို. ခံ ၀န် ချက် ထိုး ထား ရ တာ မဟုတ် လား?
နောက် ပြီး စစ် တပ် က အခြေခံဥပဒေ မှာ အား လုံး ချည် ပြီး တုတ် ပြီး လုပ် ပြီး သား?

0
ဒေသဆိုင်ရာပါတီ မဲနိုင်တာနဲ့ စစ်တပ် ပြန်ပြီး တည်နေရာရွှေ့တာ ဘာမှ မဆိုင်ပါဘူး
written by thaiyai, July 24, 2010
စစ်တပ်တွေ ချထားတာက ဗျုဟာမြောက် တည်နေရာ ရွေးချထားတာပါ။ ဘယ်ပါတီ တက်တက် စစ်တပ်က ရွှေ့မှာ မဟုတ်ပါဘူး။ အဲလိုသာ ဆိုရင် မြန်မာပြည် ဆိုတာ မြေပုံပေါ်က ပျောက်သွားမှာပေါ့။
0
...
written by မြို.မကျောင်းသား, July 23, 2010
ရဲရင့်သူများသာ အနိုင်ရမည့်ပြွဲ ဖစ်သည်

ကြိုဆိုပါ၏ ၊ ကျားဖြူနိုင်လျှင် ကြံ့ဖွတ် ရှုံးမည် ၊ ကျားဖြူက ပြည်သူ အတွက် အလုပ်လုပ်နိုင်လိမ့်မည်ဟု ကျွန်ုပ်တို. ကယုံသည် ၊ ၂၀၀၈ အခြေခံဥပဒေကို လက်မခံလို. ရွေးေ ကာက်ပွဲ မ၀င်လျှင် ရွေးကော က်ပွဲကို ၂၀၀၈ အခြေခံဥပ ဒေ ရှိနေ သရွေ.သပိတ်မှော က်ရမည် ၊ ကျားဖြူအု ပ်စုကတော့ တတ်နိုင်လျှင် ၂၀၀၈ ကိုရေ အာင်ပြင်မည်. အုပ်စုဖြစ် သည် ။ ကျားဖြူလို အုပ်စုမျိုးက ၂၀၀၈ ကို ရအောင်ြ ပင်နိုင်တော့မှ သပိတ်မှောက်အုပ်စု ရွေးကောက်ပွဲဝင်မည်ထင် သည်။ တိုက်ပွဲကိုရှောင်လွှဲ၍ အောင်နိုင်သူမရှိ ၊ အာဏာရှင်လက်ေ အာက်တွင် တရားမျှတ သောရွေးကော က်ပွဲမရှိ။

0
ထောက်ခံပါတယ်
written by sai leang han, July 23, 2010
ကျနော်လဲ ကျားဖြူ ပါတီ ကိုထောက်ခံပါတယ်။ သျှမ်းအမျိုးသားရေးအတွက် အားကြိုး မာန်တက် အလုပ်လုပ်ပေးမယ့် ပါတီဖြစ်တယ်ဆိုတာကိုလဲ ယြုံ ကည်ပါတယ်။
0
...
written by hugebear, July 23, 2010
Vote for lesser evil... ဟိုတစ်လောက ဘီဘီစီမှာ ပြောသွားတာ..

ပြည်မက ဗမာတွေကတော့ ဘယ်သူ့ ပေးရမှန်း မသိပေါင်...
ဘယ်သူ့မှလည်း ယုံကြည်လို့ မရ ဖြစ်နေတယ်...
အပြောလေးေ တွကတော့ ချိုလို့...


Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်