USDP တွင် နိုင်ငံ့ ၀န်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် အသက်ကြီးရင့် နေပြီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်းဝင်(USDA)များကို ပါတီဝင်အဖြစ်လက်ခံခြင်းမရှိဘဲ စာရင်းပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း၊ ထိုသို့ စာရင်း ပယ်ဖျက်လိုက်သော်လည်း USDP တွင် အမာခံ အင်အား ၈ သန်းကျော် ဆက်လက်ရှိနေသေး ကြောင်း ၎င်းက ပြောဆိုသည်။
“ဒီ ၈ သန်း ဆိုတဲ့ အရေအတွက်က ပြည်ခိုင်ဖြိုး အသင်းဝင် အင်အားရဲ့သုံးပုံ တပုံပဲရှိတယ်”ဟု ၎င်းက ဆိုသည်။လူမှုရေးအသင်းအဖြစ် တည်ရှိစဉ်က USDA တွင် အသင်းဝင်အင်အား ၂၃ သန်း ကျော် ရှိသည်ဟု USDA နှစ်ပတ်လည် အစည်း အဝေးများတွင် အသင်း၏ နာယက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မကြာခဏဆိုသလို ထုတ်ဖော် ပြောဆိုခဲ့သည်။
USDA အသင်းကို ၁၉၉၃ ခုနှစ်တွင် လူမှုရေး အသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ခဲ့ပြီး စတင် ဖွဲ့စည်းစဉ်က နိုင်ငံရေးနှင့် မပတ်သက် ဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် နအဖ ၏ နိုင်ငံရေးမူဝါဒများကို အကောင်အထည် ဖော်လာခဲ့ကြောင်း တွေ့ရသည်။
USDA ကို ဇူလိုင်လ ၆ ရက်နေ့မှ စ၍ ဖျက်သိမ်းပြီး အသင်းပိုင်ပစ္စည်းများကို ပါတီသို့ အပြီးအပိုင်လွှဲပြောင်း ပေးသွားမည် ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်အတွင်းတွင် USDA အသင်း ရုံးအဖွဲ့မှူး သူရ ဦးမြင့်ဦးကို ကိုးကား၍ ဘီဘီစီ သတင်းဌာန က ဖော်ပြထားသည်။
USDA ပိုင် အဆောက်အအုံ၊ ငွေကြေး နှင့် ပစ္စည်း များကို USDP ပါတီပိုင်များအဖြစ် တရားဝင် လွှဲပြောင်းထားပြီးဖြစ်သည်ဟု USDP အသိုင်းအ၀ိုင်းက ပြောသည်။
ယခုအခါ USDP အကြီးအကဲ နေရာများကို တိုးချဲ့ခန့်ထားလျက်ရှိပြီး တပ်မတော်မှ တာဝန် ထမ်းဆောင်ဆဲ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးများကို အငြိမ်းစားပေး၍ အဓိက ကျသော နေရာများတွင် ခန့်အပ်ထားသည်ဟုလည်း သိရသည်။
“ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ် ရာထူးတွေမှာ တပ်မတော်ကနေ အငြိမ်းစားပေးခံရပြီး ပြောင်းလာတဲ့ အရာရှိ
တွေလည်း ရောက်လာတယ်”ဟု ရန်ကုန်တိုင်း USDA တာဝန်ခံ ဦးအောင်သိန်းလင်း နှင့် နီးစပ်သူတဦးက ပြောသည်။
USDP ပါတီမှ တပ်မတော်အငြိမ်းစား အရာရှိများသည် မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက် ၏ စီးပွားရေးလုပ်ငန်းများမှ လုပ်ပိုင် ခွင့်နှင့် အကျိုးအမြတ်များ ရရှိကြောင်း သိရသည်။
USDP ပါတီဝင်အဖြစ် ၀င်ရောက်လိုသူတိုင်းကို ပါတီဝင်အဖြစ် ခြွင်းချက်မရှိ လက်ခံလျက်ရှိပြီး ပါတီဝင်ကြေး ကျပ် ၁၀၀၀ သာ ပေးရန် လိုအပ်သည်ဟု စုံစမ်းသိရှိရသည်။
ယခင် USDA တွင် ပါဝင်ခဲ့သော အသင်းဝင် စွမ်းအားရှင်များကို USDP တွင်လည်း ပါတီဝင်များအဖြစ် ဆက်လက် လက်ခံထား ပြီး လုံခြုံရေး လုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေး အာဏာပိုင်များနှင့် ပူးတွဲ တာဝန်ထမ်း ဆောင်ဆဲဖြစ်ကြောင်း USDP ပါတီဝင်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြောသည်။
တရားမ၀င် လုပ်ငန်းများဖြစ်သည့် နှစ်လုံးထီ၊ သုံးလုံးထီ၊ ဘောလုံး လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ကြသူများသည် USDP ပါတီသို့ ၀င်ရောက်လာကြပြီး ပါတီ၏မြို့နယ်၊ ရပ်ကွက် ရုံးခွဲများ တွင် အမည်အမျိုးမျိုးတပ်ထားသည့် ရာထူးများပေးထားသည် ဟု လည်း ကြားသိရသည်။
“ပါတီမှာ ရာစုမှူး၊ ထောင်စုမှူး၊ သောင်းစုမှူး ဆိုတဲ့ စည်းရုံးရေး ရာထူးတွေ မြို့နယ်၊ ရပ်ကွက်အလိုက် တိုးချဲ့ဖွဲ့စည်း ထား တယ်”ဟု အင်းစိန်မြို့နယ် USDP ပါတီဝင်တဦးက ဆိုသည်။
USDPပါတီ သည် ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ ၀န်ကြီး၊ အရာရှိ ကြီး ၂၆ ဦးတို့က ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တည် ထောင်ခွင့် လျှောက်ထားခဲ့ပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျထားသည်။
USDP သည် ရွေးကောက်ပွဲကော်မရှင်သို့ ယနေ့ အချိန်အထိ ပါတီဝင်အင်အား တင်ပြသည်ကို မတွေ့ရှိရသေးပေ။
ဇူလိုင်လ ၂၀ ရက်က လားဟူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီနှင့် ဇူလိုင်လ ၁၆ ရက်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသား အင်အားစု ပါတီ တို့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ပါတီဝင်အင်အား စာရင်း တင်ပြထားကြောင်း ဇူလိုင်လ ၂၁ ရက်ထုတ်မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ဇူလိုင်လ ၅ ရက် က တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ နှင့် ဇွန်လ ၂၉ ရက်က ၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင် ဖူးပြီး ယခု ရွေးကောက်ပွဲအတွက် ပါတီ ဆက်လက်တည်ထောင်ခွင့် လျှောက်ထားခဲ့သော မြို (ခေါ်) ခမိအမျိုးသား ညီညွတ်ရေးအဖွဲ့ တို့ကလည်း ရွေးကောက်ပွဲကော်မရှင်ထံ ပါတီဝင်အင်အား စာရင်းတင်ပြထားကြောင်း ထုတ်ပြန်ထားသည်။
မှတ်ပုံတင်ခွင့်ရရှိပြီးသော နိုင်ငံရေးပါတီများအနေနှင့် သတ်မှတ် ပါတီဝင်အင်အား စာရင်းကို သတ်မှတ်ချိန်အတွင်း တင်ပြရန် နှင့် မတင်ပြနိုင်ပါက မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ပြီးခဲ့သည့် မေလ ၂၉ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတိပေးချက် ထုတ်ပြန်ကြေညာခဲ့သည်။
ဝန်ခံချက်နှင့် အညီ သတ်မှတ်ချက်အတိုင်း ပါတီဝင်ဦးရေကို စည်းရုံးရရှိပြီးဖြစ်ကြောင်း ကော်မရှင်သို့ တင်ပြ ဆောင်ရွက်ခြင်း မပြုနိုင်လျှင် ယင်းပါတီအား နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကို လည်း ဖျက်သိမ်းရမည်ဟု နိုင်ငံ ရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂ ၌ ပြဌာန်းထားကြောင်းလည်း ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ရာတွင် မှတ်ပုံတင် ဥပဒေ ပုဒ်မ ၅(စ)အရ"ပြည်ထောင်စု တ၀န်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကိုစည်းရုံးမည် ဖြစ်ကြောင်း ၀န်ခံချက်၊ (သို့မဟုတ်) တိုင်းဒေသကြီး ၊ ပြည်နယ်တခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀ ကို စည်းရုံးမည်ဖြစ်ကြောင်း ၀န်ခံချက်များ နှင့် လျှောက်ထားခဲ့ကြရခြင်းဖြစ်သည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို စစ်အစိုးရက ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
စစ်အစိုးရက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ထုတ်ပြန်ခဲ့သော်လည်း ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက် ကိုမူ ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။
Set as favorite
Bookmark
Email this
Hits: 4467
Comments (13)

written by Tuumar, July 26, 2010
ဒီလောက် အခွင့် အရေးတွေ မက်လုံးတွေ ပေး၊ တုတ်ပြ၊ ဒါးပြ အမျိုးမျိုး ချိမ်းခြောက်၊ ဝန်ထမ်းတွေကို အတင်း အနိုင်ကျင့် မတရား အာဏာ ပေးပြီး လူစု တာတောင် ၈သန်းပဲ ရတယ် ဆိုတော့၊
တယ်ညံ့တာပဲ။
အန်တီစု ခြံ ရှေ့မပြောနဲ့ အိမ်ထဲက အိမ်ပြင် မထွက်ပဲနဲ့တောင် (ချိမ်းခြော က်မှုတွေ အကြားက) အန်အယ်လ်ဒီ ကို ကိုယ့်ဘာသာ လာဝင်သူ အပြည့်၊ ပါတီ မဝင်ပဲ ခမောက်ကို မဲပေးသူ အပြည့် ဆိုတော့၊
ကိုယ့် အခြေအနေ ကိုယ် သိယင် ရှက်တတ်ယင် လဲသေဘို့ အချိန် တန်ပြီ။
တယ်ညံ့တာပဲ။
အန်တီစု ခြံ ရှေ့မပြောနဲ့ အိမ်ထဲက အိမ်ပြင် မထွက်ပဲနဲ့တောင် (ချိမ်းခြော က်မှုတွေ အကြားက) အန်အယ်လ်ဒီ ကို ကိုယ့်ဘာသာ လာဝင်သူ အပြည့်၊ ပါတီ မဝင်ပဲ ခမောက်ကို မဲပေးသူ အပြည့် ဆိုတော့၊
ကိုယ့် အခြေအနေ ကိုယ် သိယင် ရှက်တတ်ယင် လဲသေဘို့ အချိန် တန်ပြီ။
written by Danial, July 26, 2010
ဝါးလုံးခေါင်းထဲ လသာမေ နကြနဲ့- အခွင့် အခါကို နားလည်ပီး ပြည်သူတရပ်လုံးက မျှော်နေတဲ့ စစ်မှန်တဲ့ အာဏာသိမ်း စစ်ကောင်စီ တခု အမြန် ဖွဲ့ပီး ချပေတော့- ကျော်ဟိန်း ချည့်ဘဲ ဆိုတော့ မမိုက်ဘူး- ကျော်သူလေး ဘာလေး ပြောင်းကြ ည့်ချင်တ ယ်ဟေ့။
written by soe min, July 26, 2010
ကလိမ်စေ့ ငြမ်းဆင်တာထက် ဆိုးတဲ့ ကြံ့ဖွတ် ပါတီပါ။ အရည် အချင်းမရှိ အရေ အတွက်သာ ရှိသော ပါတီ (အရေအတွက် တောင် လူမသိ သူမသိ အရေအတွက်)။
written by red devil, July 25, 2010
၈ သန်း ဟုတ်လား.......
အား... .... ဟား.... ..ဟား.. .... ဟား.
အဟတ်. ..အဟတ်..
တော်ပီလား. ..ဟင်. တော်ပီလား...
ပျင်းတောင် ပျင်းသေးတယ်.... အား.. ..ဟား.. .ဟား
အကြောေ ပးထားတာ...အကြော ပေးထားတာ..
အား..... ဟား. ....ဟား.... ဟား..
အား... .... ဟား.... ..ဟား.. .... ဟား.
အဟတ်. ..အဟတ်..
တော်ပီလား. ..ဟင်. တော်ပီလား...
ပျင်းတောင် ပျင်းသေးတယ်.... အား.. ..ဟား.. .ဟား
အကြောေ ပးထားတာ...အကြော ပေးထားတာ..
အား..... ဟား. ....ဟား.... ဟား..
written by ရန်ကင်း, July 25, 2010
ရပ်ကွက် ထဲက မဟုတ်တာ အကုန် လုပ်တဲ့ လူတွေ လူမိုက်တွေ -ါခေါင်းတွေ -ါသည်တွေ ကို စု
စစ်ဘိုချုပ်တွေ ရဲ့ ဆွေမျိုး မိသားစု တွေကို စုလိုက် မှတော့ ပါတီဝင် ၈သန်ြး ပည့်တာ မဆန်းပါဘူးလေ....
ယောက်ကျား စစ်ဘိုကြီး တွေ လုပ်နေပြီး ကိုယ့်ကိုကိုယ် ယုံကြည်ရင် ကိုယ် အစွမ်း အစ ကိုယ် စိတ်ချရင် သတ္တိရှိရှိ နဲ့ သန့်သန့်ရှင်းရှင်း လုပ်ကြစမ်းပါ။ ညစ်ပတ်စုတ်ပဲ့ တဲ့ နည်းတွေနဲ့ ပြည်သူအပေါ်မှာ အနိုင် မယူချင်ပါနဲ့။ ရွံဘို့ ကောင်းလွန်းလို့ပါ။ သန်းရွှေ လက်ကိုင်ဒုတ် ဖြစ်နေတဲ့ စစ်တပ် ကို နှမျော လှတယ်ဗျာ။
စစ်ဘိုချုပ်တွေ ရဲ့ ဆွေမျိုး မိသားစု တွေကို စုလိုက် မှတော့ ပါတီဝင် ၈သန်ြး ပည့်တာ မဆန်းပါဘူးလေ....
ယောက်ကျား စစ်ဘိုကြီး တွေ လုပ်နေပြီး ကိုယ့်ကိုကိုယ် ယုံကြည်ရင် ကိုယ် အစွမ်း အစ ကိုယ် စိတ်ချရင် သတ္တိရှိရှိ နဲ့ သန့်သန့်ရှင်းရှင်း လုပ်ကြစမ်းပါ။ ညစ်ပတ်စုတ်ပဲ့ တဲ့ နည်းတွေနဲ့ ပြည်သူအပေါ်မှာ အနိုင် မယူချင်ပါနဲ့။ ရွံဘို့ ကောင်းလွန်းလို့ပါ။ သန်းရွှေ လက်ကိုင်ဒုတ် ဖြစ်နေတဲ့ စစ်တပ် ကို နှမျော လှတယ်ဗျာ။
written by atmosphere, July 24, 2010
ဒို့နိုင်ငံမှာ ဒီလောက် ရန်လိုသူတွေ ရှိနေတာ ယုံတောင် မယုံဘူး။
written by ဒီပ, July 24, 2010
ဆရာကြီးတို့ရတယ် အင်းအား ဘယ်လောက် ရှိရှိပါ။ တစ်ကယ် အရေးပါတာက ကန့်လန့်ကာနောက်က အမှန်ခြစ်ေ လးဖြစ်ပါတယ်။ သူ့ဘာသာ အင်းအား ဘယ်လော က်ပြပြ ကို မဲပေးတက်ဖို့ပဲ လိုပါတယ်။
written by mee mee, July 24, 2010
တလိမ် နှစ်လိမ် ပွေလိမ် ရှုပ် တယ်။ လူညာ ကြီးများရယ်။ ပြည်သူတွေက မကြိုက် ပါပဲနဲ့။ ယုံအောင်ြ ဖီးကြတယ်။ ယုံချင်ယုံ မယုံချင်နေ မြန်မာပြည် ထဲက ပြက်လုံးလေး
written by Ko J J, July 24, 2010
ကြံ့ဖွတ် စဖွဲ့တုန်းက ပြောတာက တမျိုး ခုတော့ တမျိုး ..ဒါတွေကြို ကည့်ပြီး နဲနဲလေး စဉ်းစာြး ကည့်လိုက်ပါ....
စစ်အစိုးရ အဓမ္မဝါဒီ တွေဟာ မုသာဝါဒ တွေနဲ့ ရောပြွန်းေ နတာ ကွက်ကွက် ကွင်းကွင်း မြင်နိုင်ပါတယ်.... လုလိမ် လူညာ
တွေ..... တန်ဘိုး မရှိတဲ့ သူတွေပါဘဲ....
စစ်အစိုးရ အဓမ္မဝါဒီ တွေဟာ မုသာဝါဒ တွေနဲ့ ရောပြွန်းေ နတာ ကွက်ကွက် ကွင်းကွင်း မြင်နိုင်ပါတယ်.... လုလိမ် လူညာ
တွေ..... တန်ဘိုး မရှိတဲ့ သူတွေပါဘဲ....
written by လေကြောင်, July 24, 2010
အသက်ြ ကီးရင့် နေပြီဖြစ်သော ပြည်ထောင်စြု ကံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းဝင်(USDA)များကို ပါတီဝင်အဖြစ်
လက်ခံခြင်း မရှိဘဲ စာရင်းပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း၊ ................... ဒါဆိုရင် တော့.... နာယက ပုဂ္ဂိုလ်ကြီးလဲ .......... ပါသွားပြီလား.....များတို့ တိုင်းပြည်ထဲမှာ... ဥာဏ်ရည်ဥာဏ်သွေး မပြည့် ၊စာ မတတ်တဲ့လူ ... ၈ သန်းတောင် ရှိနေတာ ဆိုတော့....... တိုင်းပြည် မွဲတေ ပြာကျတာကတော့..... သိပ်မဆန်းဘူး လို့ဆို ရမှာပါပဲ... ( ဖွတ်...က (၈)သန်း တောင်နော်...... .နဲမှတ်လို့.. ..ဘုရား.... ဘုရား. .... )
လက်ခံခြင်း မရှိဘဲ စာရင်းပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း၊ ................... ဒါဆိုရင် တော့.... နာယက ပုဂ္ဂိုလ်ကြီးလဲ .......... ပါသွားပြီလား.....များတို့ တိုင်းပြည်ထဲမှာ... ဥာဏ်ရည်ဥာဏ်သွေး မပြည့် ၊စာ မတတ်တဲ့လူ ... ၈ သန်းတောင် ရှိနေတာ ဆိုတော့....... တိုင်းပြည် မွဲတေ ပြာကျတာကတော့..... သိပ်မဆန်းဘူး လို့ဆို ရမှာပါပဲ... ( ဖွတ်...က (၈)သန်း တောင်နော်...... .နဲမှတ်လို့.. ..ဘုရား.... ဘုရား. .... )
written by KNM, July 24, 2010
မဝင် မနေရ ၈ သန်းကျော်လား။ အမိန့်ပေးပြီး အတင်း ဝင်ခိုင်းတာ၊ ငွေချေးပြီး ဝင်ခိုင်းတာ၊ ဖုန်းရမယ်၊ အိမ်ပေးမယ်၊ အလုပ် ရမယ်၊ လုပ်ပိုင်ခွင့် ပေးမယ်၊ အရက်ဆိုင် ဖွင့်ခွင့် ပေးမယ်၊ လောင်းကစား ချဲဒိုင် ဖွင့်ခွင့်ပေးမယ်၊ ပြည်တန်ဆာ ခန်း အဖမ်းအဆီး မရှိ ဖွင့်ခွင့် ရမယ် ဆိုပြီး မသမာတဲ့ နည်းပေါင်းစုံ သုံးပြီး စည်းရုံးထားတာ ၉၉ % ပါလို့ ထည့်ပြောလိုက်ပါ။။
Write comment
| < Prev | Next > |
|---|







