ယမန်နေ့မှ စတင်၍ ရန်ကုန်မြို့ရှိ မြို့နယ်များနှင့် တခြား တိုင်းနှင့် ပြည်နယ်များရှိ အကောက်ခွန်ရုံးများတွင် “လိုင်စင်မဲ့ မော်တော် ယာဉ်များ ရာဖြတ် အဖွဲ့” ဟူသော ဆိုင်းဘုတ်များတင်ကာ လိုင်စင်ပြုလုပ်ပေးရေး အတွက် စတင်နေပြီး ဖြစ်ကြောင်း သိရသည်။
“လိုင်စင်မဲ့ကားတွေကို ရာဖြတ်အဖွဲ့က ဈေးဖြတ်ရာမှာ စစ်တပ် အရာရှိကြီးတွေ၊ အငြိမ်းစား အရာရှိကြီးတွေက ၅၀ ရာခိုင်နှုန်းပဲ အခွန်ဆောင်ရမယ်လို့ သိရတယ်။ အရပ်ဖက်က ရာထူးကြီးတဲ့ သူတွေနဲ့ လိုင်စင်မဲ့ကားတွေကို လေလံဆွဲထားတဲ့ ကုမ္ပပိုင် ကားတွေလည်း ၅၀ ရာခိုင်နှုန်းပဲ ဆောင်ရမှာလို့ သတင်းကြားတယ်” ဟု ရန်ကုန်တွင် ကားအရောင်းအဝယ်လုပ်နေသူ တဦးက ပြောသည်။
စစ်ဘက် အရာရှိကြီးများနှင့် အငြိမ်းစား အရာရှိကြီးများ ဆိုသည်မှာ ဒု ဗိုလ်မှူးကြီးအဆင့်နှင့် အထက် အရာရှိကြီးများ ဖြစ်ကြောင်း သိရသည်။
ပြည်ထဲရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၄ ခု လက်အောက်မှ ဌာနခွဲများ ပူးပေါင်း ပါဝင်သည့် အထူးအဖွဲ့က လိုင်စင်မဲ့ ကားများကို တန်ဖိုးဖြတ်ကာ အခွန် ဆောင်စေပြီး တရားဝင် မော်တော်ယာဉ် နံပါတ်များ ထုတ်ပေးရန် စီစဉ်ခြင်း ဖြစ်ကြောင်း ရန်ကုန်ရှိ အကောက်ခွန် ဦးစီးဌာန ရုံးချုပ်မှ အဆင့်မြင့် အရာရှိ တဦးက ပြောသည်။
ယင်း ပူးပေါင်းထားသည့် ဌာနခွဲများတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်တွင်း အခွန်များ ဦးစီးဌာန၊ မြန်မာ့ စီးပွားရေးဘဏ်၊ အကောက်ခွန် ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနနှင့် နယ်စပ်ကုန်သွယ်ရေး ဦးစီး ဌာနတို့ ပါဝင်ကြောင်း ၎င်းက ပြောပြသည်။
အဆိုပါဌာနများ ပူးပေါင်း ဖွဲ့စည်းထားသော အထူးအဖွဲ့က လိုင်စင်မဲ့ ကားများကို တန်ဖိုး သတ်မှတ် အခွန် ဆောင်စေပြီး တနေရာတည်းတွင် အပြီး ဆောင်ရွက်ပေးမည့် (One Stop Service) စနစ်ဖြင့် တရားဝင် လိုင်စင်များထုတ်ပေးမည်ဟု သိရသည်။
ကားအရောင်းအ၀ယ် လုပ်ကိုင်နေသူတဦးက “လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို တရားဝင် ကားအပ်လို့ရပြီး အခွန်က ၈၅ ရာခိုင် နှုန်း ညှိနှိုင်းပေးမယ်လို့ပြောတယ်” ဟု ဆိုသည်။
စစ်အစိုးရက ကားတင်သွင်းခွင့်ကို တင်းတင်း ကျပ်ကျပ် ထိန်းချုပ်ထားမှုကြောင့် ပြည်တွင်း ဈေးကွက်တွင် ဖြစ်ပေါ်နေသော ကား ဈေးနှုန်းမှာ နိုင်ငံတကာ ကားဈေးကွက် ပေါက်ဈေးနှုန်းများထက် အဆပေါင်းများစွာ မြင့်မားနေပြီး အမျိုးအစားနှင့် ထုတ်လုပ် သည့်ခုနှစ်ကို လိုက်၍ ကားတစီးလျှင် အနည်းဆုံး ကျပ်သိန်း ၈၀ ခန့်မှ သိန်းထောင် ဂဏန်းအထိ ဈေးနှုန်းရှိကြောင်း သိရသည်။
ယခုနှစ်ဆန်းက ကရင်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ ကားတချို့ကို သက်ဆိုင်ရာ အာဏာပိုင်များက လေလံပစ်ရာ စစ်အစိုးရ အသိုင်းအ၀ိုင်းမှ မိသားစုဝင်များ၊ သားသမီးများက သွားရောက် လေလံဆွဲမှုများရှိခဲ့ကြောင်း ယင်း အသိုင်းအ၀ိုင်းနှင့် နီးစပ်သည့် ရန်ကုန်မြို့မှ ဆရာဝန် တဦးက ပြောသည်။
“အဲဒီ လေလံဆွဲတဲ့သူတွေမှာ ကျနော်နဲ့ ရင်းနှီးသူတွေ ပါတယ်။ လေလံပွဲက လက်သိပ်ထိုး လုပ်တာမျိုး” ဟု ၎င်းက ပြောပြသည်။
လိုင်စင်မဲ့ကား အများစုကို စစ်အစိုးရ အာဏာပိုင်များ၏ သားသမီး၊ ဆွေမျိုးများ၊ ၎င်းတို့နှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များ နှင့် နယ်စပ်ကုန်သွယ်ရေး အရာရှိများ ပူးပေါင်း၍ ပြည်တွင်းသို့ တင်သွင်းနေကြောင်း သိရသည်။
Comments (3)

written by win, July 26, 2010
Dirty black market of unconstitutional government.
It looks like a kind of thief.
It looks like a kind of thief.
written by မောင်သန်.။, July 26, 2010
မဆလ ခေတ် ကလဲ ဘီ ၆၀၀ တွေ ရောင်းေ ပးဖူးပါတယ်။
တော်လှန်ရေး အငွေ့ မပျယ် သူတွေ မယူကြလို့  မဆလစ က်မှုဝန်ကြီး ဗမက မောင်ချို နင်ဘဲငဆ(ေ နာက်ကွယ်မှာ) ဆဲဆိုကြိ မ်းမောင်း တာတွေလဲ ကြားဘူးပါတယ်။
လေထီးဦးအုန်းမောင်၊ ဆရာ ရာဂျန်၊ နဂါးနီ ဦးထွန်းအေး ၊ေိုလိမှူး တင်ထွန်း(ဂျပန်ေ တ်ာလှန်ရေး က တနင်္သာရီ တိုင်းမှူး) တို့  မ၀ယ် တာတော့ မှတ်သားဖူးပါတယ်။ ကျန်တဲ့ တော်လှန်ရေး ရဲဘော်ဟောင်းကြီးများ လဲမ၀ယ်တာ အများကြီး ရှိပါတယ်။ လေးစား ရိုသေစွာ အလေးပြုဘူး၊ပြုလျက်ပါ။
ဒီလူကြီးတွေ အကြောင်း ကြားဘူးထားတော့ ----
သရေ တမြားမြား ဖြစ်နေကြတဲ့ ဖက်ဆစ် အောက်ဆွဲ တွေ ကို အလေးပြောင်းပြန် ပြုလို က်ပါတယ် ဗျား။
မိမိရသော လစာ၊ မိမိ လုပ်သက် နဲ့  earned money ကို တွက်ချက် ၀ယ်နေတာတော့ မဟုတ်လောက် ဘူးရယ်။
တော်လှန်ရေး အငွေ့ မပျယ် သူတွေ မယူကြလို့  မဆလစ က်မှုဝန်ကြီး ဗမက မောင်ချို နင်ဘဲငဆ(ေ နာက်ကွယ်မှာ) ဆဲဆိုကြိ မ်းမောင်း တာတွေလဲ ကြားဘူးပါတယ်။
လေထီးဦးအုန်းမောင်၊ ဆရာ ရာဂျန်၊ နဂါးနီ ဦးထွန်းအေး ၊ေိုလိမှူး တင်ထွန်း(ဂျပန်ေ တ်ာလှန်ရေး က တနင်္သာရီ တိုင်းမှူး) တို့  မ၀ယ် တာတော့ မှတ်သားဖူးပါတယ်။ ကျန်တဲ့ တော်လှန်ရေး ရဲဘော်ဟောင်းကြီးများ လဲမ၀ယ်တာ အများကြီး ရှိပါတယ်။ လေးစား ရိုသေစွာ အလေးပြုဘူး၊ပြုလျက်ပါ။
ဒီလူကြီးတွေ အကြောင်း ကြားဘူးထားတော့ ----
သရေ တမြားမြား ဖြစ်နေကြတဲ့ ဖက်ဆစ် အောက်ဆွဲ တွေ ကို အလေးပြောင်းပြန် ပြုလို က်ပါတယ် ဗျား။
မိမိရသော လစာ၊ မိမိ လုပ်သက် နဲ့  earned money ကို တွက်ချက် ၀ယ်နေတာတော့ မဟုတ်လောက် ဘူးရယ်။
Write comment
| < Prev | Next > |
|---|








in our country , the army policy is that the army people must be last to suffer and first to enjoy ...
what a shame to what they call myanma tat ma taw ...