စစ်ရေးတင်းမာ၍ ကရင်ဒုက္ခသည်များ ထိုင်းဘက်ထွက်ပြေး

E-mail Print
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ထိန်းချုပ်သည့် ဒေသအတွင်းရှိ ကရင်ရွာသား ၇၀၀ ခန့် သည် DKBA နှင့် စစ်အစိုးရ တပ်များ တိုက်ပွဲဖြစ်မည်ကို စိုးရိမ်သဖြင့် ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ယမန်နေ့ကစ၍ ထွက်ပြေး တိမ်းရှောင် လာကြောင်း သိရသည်။

ထွက်ပြေးလာသော ကရင်ရွာသားများသည် ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်းရှိ လေးဝေါ်၊ ဝါ့မီထာ့၊ ဆုံဆည်းမြိုင်နှင့် သေဘောဘိုး ကျေးရွာများမှ ဒေသခံများဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တောင်ဘက် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်သို့ ထွက်ပြေး လာကြခြင်း ဖြစ်သည်။

sonsie_myaing_villagersDKBA တပ်မဟာ ၅ မှ တပ်မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွှေး (စောလားပွယ်) က ဒေသခံ ရွာသားတချို့ကို ယခုတပတ်အတွင်း နအဖနှင့် တိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု သတိပေး ပြောကြားခဲ့ပြီးနောက် ဒေသခံ ရွာသားများက စိုးရိမ်သဖြင့် ယခုကဲ့သို့ ထွက်ပြေး တိမ်းရှောင် လာကြကြောင်းဟု ကရင်သတင်းစဉ် (KIC) မှ အယ်ဒီတာ နန်းဖောဂေက ဧရာဝတီသို့ ပြောသည်။

ဗိုလ်မှူးကြီး နှုတ်ခမ်းမွှေးသည် စစ်အစိုးရက ကမ်းလှမ်းသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသည့်အတွက် နအဖ တပ်များက လာရောက်တိုက်ခိုက်မည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေကြောင်းလည်း နန်းဖောဂေက ဆက်လက် ပြောပြသည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် နအဖမှ စစ်ဖက်ရေးရာလုံခြုံရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကြီးရဲမြင့်က ဇူလိုင်လ ၂၁ ရက်နေ့က ကမ်းလှမ်းချက်ခဲ့သော်လည်း ဗိုလ်မှူးကြီး နှုတ်ခမ်းမွှေးက ငြင်းပယ်ခဲ့ကြောင်း ကရင်တပ်မှူးများကို ကိုးကား၍ KIC တွင် ဖော်ပြထားသည်။

ထိုင်းဘက်သို့ ထွက်ပြေးလာသူများတွင် အမျိုးသမီးနှင့် ကလေးငယ်များ အများစု ဖြစ်ကြသည်ဟု ဒုက္ခသည်များကို သွားရောက် တွေ့ဆုံခဲ့သူတဦးက ပြောသည်။

နောက်ဆုံးရရှိသော သတင်းများအရ ထိုင်းဘက်အခြမ်းသို့ ဒက္ခသည် ကရင်ရွာသားများ ထပ်မံ ရောက်ရှိနေဆဲ ဖြစ်သည်ကြောင်း၊ ထွက်ပြေးလာသူများကို ထိုင်းအာဏာပိုင်များက အမည်စာရင်းများ ကောက်ခံပြီး အစားအသောက်များနှင့် သောက်သုံးရေများကို ထောက်ပံ့ ကူညီပေးထားကြောင်း သိရသည်။

ကရင်ဒုက္ခသည်များအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများသည် ထွက်ပြေးလာသော ကရင်ရွာသားများကို သွားရောက် တွေ့ဆုံနေကြောင်း၊ ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင်လည်း  ထိုင်းလုံခြုံရေးတပ်များ တိုးမြှင့်ချထားကြောင်း နယ်စပ်သတင်း ရပ်ကွက်များက ပြောသည်။

ယခုလဆန်းပိုင်ကလည်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် စစ်အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (၈) မှ ဗိုလ်မှူးချုပ် သန်းစိုးက ဗိုလ်မှူးကြီး နှုတ်ခမ်းမွှေးကို သတိပေး ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းသို့ သတိပေး ပြောကြားရာတွင် စစ်အစိုးရ တောင်းဆိုသည့် နယ်ခြားစောင့်တပ် မဖွဲ့ပါက လက်နက် ဖြုတ်သိမ်းခံရမည် ဖြစ်ကြောင်း၊ လက်နက် ဖြုတ်သိမ်းမည်ကို လက်မခံပါက အင်အားသုံး၍ အပြီးအပြတ် တိုက်ခိုက်ချေမှုန်းမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

နအဖ တောင်းဆိုသော နယ်ခြားစောင့်တပ် ဖွဲ့ရေးကို DKBA တပ်မှူးများထဲမှ လက်ခံချင်သူများ ရှိသကဲ့သို့ ငြင်းဆန်လိုသူများ လည်းရှိကြောင်း သိရသည်။ DKBA ၏ အရေးအကြီးဆုံး ခေါင်းဆောင်ဖြစ်သော ဆရာတော် ဦးသုဇန သည်လည်း နယ်ခြားစောင့် တပ်ဖွဲ့ရေးကို လက်မခံဟု DKBA အဖွဲ့ဝင်တချို့က ဆိုသည်။

သို့သော် DKBA ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်ကြားတွင် သဘောထား အနည်းငယ် ကွဲလွဲလျှက်ရှိကြောင်း၊ ဥက္ကဋ္ဌ ဦးသာလူးကျော်က နယ်ခြားစောင့်တပ် ဖွဲ့စည်းခြင်းကို လက်ခံနိုင်သော်လည်း နအဖ အရာရှိများနှင့် ရောယှက် ဖွဲ့ စည်းရမည်ကို လက်မခံနိုင်ကြောင်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကျော်သန်းကမူ နအဖ အလိုကျ ဖွဲ့စည်းခြင်းကို လက်ခံကြောင်း ထိုင်း-မြန်မာ နယ်စပ် သတင်းရပ်ကွက်များက ပြောဆိုကြသည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာ သည့် လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ဖြစ်သည်။
Comments (2)Add Comment
0
မှတ်ပြီ်လား
written by soe tint, July 27, 2010
စစ်တပ်ကို ယုံပြီး ကိုယ့်လူမျိုးချင်း သဲကြီးမဲကြီး ပစ်ကြ ခတ်ကြ လုပ်ခဲ့တဲ့ လူတွေ အခု နှာခေါင်းကျည်ပွေ့ တွေ့ ပြီ မဟုတ်လား ယုံချင် အုံးလေ အခုတော့ ကိုယ့်လူမျိုးတွေပဲ သူများ တိုင်းပြည်ထဲ ထွက်ပြေးရ ဒုက္ခမျိုးစုံေ တွ့  ရတော့မယ်
0

written by ဘိုးတော်, July 27, 2010
နအဖ ထင်သလို တိုက်ခိုက် ခြေမှုန်း တာကို ခံနေရတဲ့ ကရင်တွေ။
ဘယ်တော့ မှ နအဖ ကို ပြန်လည် တိုက်ခိုက် ခြေမှုန်း နိုင်မှာ လည်းတော့ မသိဘူး။
သေချာတာကတော့ ကရင်တွေ မစည်းလုံးဘူး။ အဲဒါတွေကြောင့် ခွဲထုတ် ဖဲ့ထုတ် နှိပ်ကွပ် တာခံနြေ ကရတယ်။
တိုက်မယ်ဆို အကုန်လုံး ညီညီ ညာညာ တိုက်ကြ။ KNU, DKBA ပေါင်းတို က်တောင် နအဖ ကို မနိုင် နိုင်ဘူး။
အဲဒီတော့ ထိထိ မိမိ အထိ နာအောင် သေသေ ချာချာ အကွက်စိစိ စစ်မျက်နှာ ဖွင့်မှ ရမယ်။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်