ထက်ထက်မိုးဦး အမှု ဆက်လက်ကြားနာ၊ သတင်းထောက်များ တရားခွင် ၀င်ခွင့်မရ

E-mail Print
ရုပ်ရှင် သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် သတင်းထောက် အေးသူစံ အမှုအတွက် တရားလို ထွက်ဆို ချက်များအား ရန်ကင်းမြို့နယ် တရားရုံးက ယနေ့ စတင်ကြားနာ ခဲ့သော်လည်း သတင်းထောက်များကို တရားခွင်အတွင်း ၀င်ရောက်ခွင့် မပေးခဲ့ကြောင်း သတင်း ထောက်တဦး က ဧရာဝတီသို့ ပြောသည်။

hhmoယနေ့တရားခွင်သို့ ၎င်းအပါအ၀င် ဂျာနယ်တိုက် ၅ တိုက်မှ သတင်းထောက်များ သွားရောက်ခဲ့ရာ ၀င်ရောက်ခွင့် မရခဲ့ကြောင်း သတင်းထောက် တဦးက ဧရာဝတီသို့ ပြောသည်။

“အရင် အခေါက်တွေ တုန်းကလည်း တရားခွင်ထဲ ၀င်ရောက်ခွင့် မပေးဘူး၊ ဒီနေ့လည်း မပေးဘူး၊ တရားခွင်ထဲမှာ မအေးသူစံနဲ့ သူ့ရှေ့နေ ဦးသန်းထွန်းအောင်၊ ထက်ထက်မိုးဦး ဘက်က သူ့အမျိုးသားနဲ့ သူ့ရှေ့နေ ဦးစိန်မြင့်၊ တရားသူကြီး ဒါပဲရှိတယ်၊ ကျနော်တို့က အပေါက်ဝကပဲ နားထောင်ရတယ်၊ ဘာတွေ မေးတယ် ဆိုတာလည်း သဲသဲကွဲကွဲ မကြားကြရဘူး"ဟု တရားခွင်သို့ သွားရောက်ခဲ့သည့် သတင်းထောက်က ပြောသည်။

လွန်ခဲ့သည့် မေလ ၁၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သော ကုန်စည်ပြပွဲ တခု၌ ထက်ထက်မိုးဦးနှင့် 7day News ဂျာနယ် သတင်းထောက် မအေးသူစံတို့ အင်တာဗျူး တခု ပြုလုပ်ခဲ့ ပြီးနောက် ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိ လက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်းမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

“ဒီနေ့ မအေးသူစံကို တရားသူကြီးက စတင်စစ်မေးပါတယ် ၊ ထက်ထက်မိုးဦးကတော့ ကိုယ်တိုင်မလာပါဘူး ၊ သူ့အမျိုးသားနဲ့ သူ့ ရှေ့နေတို့လာပြီး ကျန်းမာရေးကြောင့် မလာရောက်နိုင်ကြောင်း တရားရုံးကို တင်ပြသွားတယ်"ဟု ရုံးချိန်းရောက်ခဲ့သည့် 7Day ဂျာနယ် အယ်ဒီတာတဦးကလည်း ပြောသည်။

အဆိုပါ အမှုကို ရန်ကင်းတရားရုံးက  မေလ၂၄ ရက်နေ့တွင် စတင်လက်ခံခဲ့ပြီး ဇွန် ၃ ရက်တွင် နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ ဖြင့် ထက်ထက်မိုးဦးကို တရားစွဲတင်ခဲ့သည်။

အမှုစွဲတင်ခဲ့အပြီး တတိယမြောက်ရုံးချိန်းဖြစ်သော ဇူလိုင် ၁၃ ရက်နေ့တွင်မှ ထက်ထက်မိုးဦးသည် သူမ၏ ရှေ့နေ ဦးစိန်မြင့်နှင့်အတူ ရန်ကင်းတရားရုံးသို့ လာရောက်ခဲ့ပြီး ယခုရုံးချိန်းတွင် ကျန်းမာရေးမကောင်းသဖြင့် တရားရုံးသို့ မတက်ရောက်နိုင်ကြောင်း လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ယနေ့တရားခွင်သို့ သွားရောက်ခဲ့သည့် တခြားသော သတင်းထောက်တဦးက"ထက်ထက်မိုးဦးရဲ့အမျိုးသား ဇူးမြတ်ထက်က ဆေးထောက်ခံစာတွေ ယူလာပြီး တင်ပြတော့ တရားသူကြီးက တရားရုံးလုပ်ထုံးလုပ်နည်း ပုဒ်မ ၂၀၅ အရ တရားလိုဘက်ကို စစ်ဆေးနေစဉ်အတွင်း ထက်ထက်မိုးဦးမလာရောက်ရင်လည်း ရကြောင်း ၊ တရားရုံးက လိုအပ်လို့ ခေါ်တဲ့အချိန်မှာတော့ လာရောက်ဖို့ဆိုပြီး ပြောလိုက်တယ်လို့ ပြန်သိရတယ်"ဟု ပြောသည်။

ဇူလိုင် ၁၃ ရက် တရားခွင်တွင် တရားသူကြီးက ထက်ထက်မိုးဦး၏ ကိုယ်ရေးရာဇ၀င်ကို တောင်းယူခြင်း ၊ အမှုစွဲတင်ထားမှုကို ဖတ်ပြခြင်းတို့ ပြုလုပ်ခဲ့ပြီး ထက်ထက်မိုးဦးဘက်မှငွေကျပ် ၁၀ သိန်းဖြင့် အာမခံရယူထားသည်။

ထက်ထက်မိုးဦးအပေါ် စွဲဆိုထားသည့် ပုဒ်မ ၃၂၃ မှာ နာကျင်စေမှုဖြစ်ပြီး အများဆုံးထောင်ဒဏ် ၁ နှစ် သို့မဟုတ် အများဆုံး ငွေဒဏ် ၁၀၀၀ ကျပ် သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံးကို ကျခံစေနိုင်ကြောင်း၊ ပုဒ်မ ၅၀၆ မှာ ခြိမ်းခြောက်မှုဖြစ်ပြီး အများဆုံး ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ကန့်သတ် မထားသော ငွေဒဏ် သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာဥပဒေတွင် ပြဌာန်းထားကြောင်း ရန်ကုန်အခြေစိုက် ရှေ့နေတဦးက ပြောသည်။

မင်းသမီးနှင့် သတင်းထောက်အမှုကို စာနယ်ဇင်းအသိုင်းအ၀န်းက စိတ်ဝင်တစား စောင့်ကြည့်နေကြပြီး အဆိုပါအမှုကို ငွေဒဏ်ဖြင့်သာ အဆုံးသတ်မည်ဟု ယူဆမိကြောင်း ရန်ကုန်အခြေစိုက် ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

“နိုင်ငံရေးအမှုတွေမှာ ထင်သာမြင်သာဖြစ်ဖို့ ၊ အများနားထောင်နိုင်တဲ့ တရားခွင်ဖြစ်ဖို့မပြောနဲ့ အခု သတင်းထောက်ကို မင်းသမီးက ရိုက်နှက်မှုမှာတောင် ဘယ်သူမှ ၀င်ခွင့်မရဘူး ၊ ဒါ့ကြောင့် ဒီအမှုမှာ စာနယ်ဇင်းသမား ဘယ်လောက်ပဲစော်ကားခံခဲ့ရ ခံခဲ့ရ နောက် ဆုံးတော့ ငွေဒဏ်နဲ့ပြီးမှာပဲ၊ ဒါကို စာနယ်ဇင်းသမားတွေ ဘာလုပ်ကြမလဲဆိုတာ စဉ်းစားကြဖို့ လိုပြီထင်ပါတယ်"ဟု ၎င်းက ဆို သည်။
Comments (20)Add Comment
0

written by ၇ဲမေကြည်, August 02, 2010
ထက်ထက်မိုး ဦးကို ကြို က်ခဲ့ ပါသည်။ ဟိုတုန်းက။ အခုတော့  မကြိုက်တော့ ပါ။
သူမ နည်းနည်း လွန်သည် ထင်ပါသည်။
မဖြေချင်၍ နှင်ထုတ်ပြီးမှ အခဲမကြေနိုင်ဖြစ်ခါ ထပ်ပြီး ပါးရိုက် သည်ကတော့ လွန် လှပါသည်။
ဒဏ်ငွေနှင့် ပဲ ပြီး သည်ဖြစ်စေ ရုံးတော်မှ ပလပ်လိုက် သည်ဖြစ်စေ အနည်း ဆုံးတော့  သူမ သိက္ခာ ကျရပါသည်။ သူမ၏စရိုက်အား တနည်း တဖုံဖြင့်  လူသိရှင်ကြား ဖော်ပြလိုက်ခြင်းသာဖြစ်သည်။
0

written by ဂျမ်းဘုံ, August 01, 2010
ကိုယ်ထိ လက်ရောက် စော်ကားတာကတော့ အောက်တန်း ကျလွန်းပါတယ်
0
ကျေပါတော့ေ အးသူစံရယ်
written by လေထန်ကုန်း, July 30, 2010

အမှန်က ထက်ထက်ကို အေးသူစံက ကျေးဇူးတောင် တင်ရမှာ။ သူ့ နာမည် ခု လူသိသွားပြီလေ.
ကျေပါတော့ မအေးသူစံရယ်
အာဃာတတွေ အဆုံးသ တ်ပီး ကျေအေး လိုက်တာ အကောင်းဆုံး ပါပဲဒ ဒီလောက က ကိုင်း ကျွန်းမီ ကျွန်းကို င်းမှီလေ
0
ကာယကံ နဲ့ ဝစီကံ
written by wine, July 29, 2010
မင်းသမီးကို မှန်တယ် ထောက်ခံေ နသူတွေဟာ ကာယကံနဲ့ ဝစီကံ ခြားနား ချက်က လေးကိုတောင်မှ မမြင်နို င်အောင် တိမ်သလ္လာဖုံး နေကြတယ် ထင်တယ်။ ဂျာနယ်လစ်က တစ်ပိုင်း ထားလိုက်ပါ။
အောက်က အချက်လေးေ တွကိုစဉ်း စားကြည့်ပါ။

+ ဂျာနယ်လစ်က မင်းသမီးကို မေးခွန်းေ မးတယ် .. မင်းသမီးက ပါးရိုက်တယ် ..
+ အီရန်မှာ ကောင်ကလေးတယောက် ဈေးထဲမှာ ပစ္စည်း ခိုးတယ် .. သူ့ကို လက်ဖြတ် လိုက်တယ် ..
+ သီရိလင်္ကာမှာ ဂျာနယ်လစ် တယောက် သတင်းရေးတယ် .. မကြိုက်သူတွေက လုပ်ကြံသ တ်ပစ်လိုက်တယ် ..
+ ဂျူးတွေ ချမ်းသာလာ၊ အာဏာ ရှိလာကြတယ် .. ဟစ်တလာက ဂျူး ခြောက်သန်းကို သတ်ပစ်တယ် ..
+ ဘုန်းကြီးတွေ မေတ္တာသုတ် ရွတ်တယ် .. အစိုးရက တုတ်နဲ့ ရိုက် သေနတ်နဲ့ ပစ်တယ် ..

အဲဒါတွေ အားလုံး တကယ်ဖြစ်ခဲ့တာပါ။ Action ရှိတယ် Reaction လုပ်တယ်။ ပြဿနာက Reaction နဲ့ Action မတန်တဆြ ဖစ်နေတာပါပဲ။ ဒီကိစ္စမှာ ဂျာနယ်လစ် လုပ်ရပ်ကို မကြိုက်ရင် ရှုတ်ချနိုင်တယ်။ အသရေ ဖျက်မှုနဲ့ တရာြး ပန်စွဲနိုင်တယ်။ ဒါပေမယ့် မင်းသမီးကို ထောက်ခံ ပြောဆိုစရာ အချက် တစ်ချက်မှ မရှိပါ။

ဒီလောက်ရှင်းေ နတဲ့ကိစ္စမှာ အမှန် မမြင်နိုင်လောက်အောင် စိတ်ခံစားမှုကို ဦးစားပေးကြတာကတော့ အံ့သြ စရာပါ။

ဒီကိစ္စမှာ မှတ်ချက် ရေးသမျှ -ive Vote တွေချည်းရတယ်။ အခုလည်း မင်းသမီး လုပ်ရပ်ကို ဆန့်ကျင်ထားတဲ့ တခြား မှတ်ချက်တွေနဲ့ အတူတူ -ive Vote တွေ ဘယ်လောက် ရမလဲ စောင့်ကြ ည့်နေတယ်။
0
မင်းသမီး ဒီလို လုပ်တာကို ဝိုင်းထောက်ခံနေကြမယ် ဆိုရင်
written by zaw, July 29, 2010
သတင်းသမားတွေမေးတယ် ဆိုတာ ရိုင်းချင် ရိုင်းပါလိပ်မယ်... ဒါပေမဲ့. .ပြည်သူတွေ သိချင်မလား ဆိုတဲ စေတ္တာနာ ပါတယ် ဆိုတာ
လူတိုင်း လက်ခံ နိုင်လိ မ်မယ်လို့ ယုံကြ ည်ပါတယ်...ဒီ မင်းသမီး ဒီလို လုပ်တာကို ဝိုင်းထောက်ခံနေကြမယ် ဆိုရင်
မြန်မာပြ ည်ကြီး စစ်အစိုးရ လက်အော က်မှာပဲ ဆက်ရှိနေတာ ကောင်းပါ လိမ့်မယ်.....
0
ယဉ်ကျေးမှု
written by thamaing, July 28, 2010
မေးတဲ့ မေးခွန်းကလည်း ယဉ်ကျေးမှုနဲ့ မဆန့် ကျင်ဘူးနော်..
0
အပိုတွေ..
written by တီကောင်, July 28, 2010
အပိုတွေ.. သူများ အကြောင်း စပ်စုပြိးတော့မှ လူကြား ကောင်းအောင် အော်နေတယ်. အေးသူစံကို ပြန် တရားစွဲမယ်
0
...
written by hla htut, July 28, 2010

မမထက်ကြ ပည်သူတွေကို အနုပညာနဲ့ အလုပ် အကျွေြး ပူနေတာပါ

မမထက် စိတ်မပူပါနဲ့ အမှန်တရားက မမထက် ဘေးမှာ ရှိပါတယ်
0
ဒီလိုပဲ ငွေနဲ့ပဲြ ပီးမှာပါ
written by kottno7, July 28, 2010
တ၇ားသူကြီးတွေလဲ စာအုပ် အထူကြီး ရှေ့ချပြီး အမှားတွေ လုပ်တာ ခဏ ခဏပဲလေ တ၇ားမျှတ လိမ့်မယ် လို့တော့ မယုံ၇ဲပါဗျာ.............
0
Aw...to the journalist
written by net crazy, July 28, 2010
I want to know...what kind of question did she ask her?
Depend on the conversation...Htet Htet will act like this ...I think what she asked is Out Of Question!
Could anyone tell it?
0
...
written by ttt, July 28, 2010
စာနယ်ဇင်းသမား တချို့  အုပ်စုဖွဲ့ အနိုင်ကျင့်တာ များပြီ၊ နည်းတောင် နည်းသေးတယ်၊ အနုပညာရှင် တွေရဲ့ သတင်းကို ငါတို့ ရေးချ င်သလိုရေး လို့ ရတယ် ဆိုပြီး ၊ မသိရင် သူတို့ ဘဲ အနုပညာ
ရှင် တွေရဲ့ ကျေးဇူးရှင် တွေ လိုလို ၊ ဘာ မန်တိုင် ( စာလုံးပေါင်း သီးခံပါ) ညာမန်တိုင် နဲ့ 

၊ ကောင်းတဲ့ လူတွေလည်း ရှိပါတယ်၊ အဲဒီလူတွေကို ဆောရီးပါဗျာ၊ smilies/angry.gifsmilies/angry.gif
0
To mayme and wint
written by rootkit, July 28, 2010
Hi mayme and wint,

Firstly i would like to tell you i don't know the reporter and htet htet both i don't like and i am not interesting. Should you not be narrow minded. If you are the place of journalist, How do you feel it.
By right, htet htet is can be shout and score to journalist, don't be insult physcially. Am I right?
He is the celebrity of our country her mouth and virtue are ideal for the people. Now she is very rude, you can equalize of burmese society ethics. Who is right who is wrong you can be use your brain. Coz most of burmese people are decided who is right and wrong base on who they love. That why our country is not development. Please stop the nonsense post.
0
why??
written by auzieboy, July 28, 2010
I cant understand that Why everyone on Htet Htet side???
0
ပြည်သူ့ နှလုံးသားကို သိမ်းပိုက်ပါ
written by Thazin Pyu, July 28, 2010
စဉ်းစားစရာ (၂)ချက်ရှိတယ်-
(၁) သတင်းထောက်ဆိုတာ သူသိချင်တာေ မးမှာဘဲ--ကာယကံရှင်က မဖြေချင်ရင် မဖြေနှိုင် ဘူးလို့ ငြငးနိုင်တယ်--
(၂) ထက်ထက်မိုးဦး ဟာ ရုတ်တရက်ေ ဒါထွက်ပြီး ပါးရိုက် လိုက်မိတ မဟုတ်ဘူး- မေး ခွန်းမေး- စကားမျာြး ကပြီး အတော်ကြီြး ကာမှ ပြင်ဆင်ပြီးမှ ကိုယ်ထိ လက်ရောက် စော်ကား တာဖြစ်တယ်-
အကယ်၍ သတင်းထောက်က မမေးသ င့်တဲ့ မေးခွန်းကို မေးခဲ့တယ် ဆိုရင်ေ တာင်မှ မင်းသမီးရဲ့ အပြု အမူဟာ ပြည်သူ ချစ်တဲ့ မင်းသမီး တစ်ယောက်ရဲ့ ယဉ်ကျေး သိမ်မွေ့တဲ့ အပြု အမူတော့ မဟုတ်ဘူး--ဒါကြောင့် တရားရုံးက အပြစ်ပေးတာ မပေးတာထက် ပရိတ်သတ် အမြင်မှာ ကြည်လင် သွားအောင် ထက်ထက်မိုးဦး အနေနဲ့ မာန်မာနတွေ ပြမယ့် အစား ကိုယ့်ကိုယ်ကိုနှိမ့်ချတတ်တဲ့ ယဉ်ကျေးတဲ့ ပြည်ချစ်သမီး တစ်ယောက် ဖြစ်တယ် ဆိုတာ ပြတဲ့ အနေနဲ့ အားလုံးကို ၀န်ချ တောင်းပန်သ င့်တယ် ထင်ပါတယ်--
0
သတင်းထောက်
written by Wai Lin Aung, July 28, 2010
အသံ Journal က လူကြီးမင်းများခင်ဗျား..
ယနေ့ မြန်မာ လူငယ်တွေ မျက်စိပွင့် နားပွင် ဖြစ်လာအောင် ....သတင်း ထောက် အေးသူစံကို စစ်ဗိုလ်ချုပ်တွေ၇ဲ့  သားသမီးေ တွဆီသွားပြီး အောင်မြင်နေတဲ့  စီးပွားရေး လုပ်ငန်းရှင် အဖြစ် အင်တာဗျူး လုပ်ပါလား လို့  အကြံေ ပးလိုပါတယ် .... ထက်ထက်မိုးဦး ရိုက်တာ လောက်တော့ အပျော့ ပဲ လို့  ထင်ထားရ င်ပေါ့ လေ ...
0
mayme
written by mayme oo, July 27, 2010
Htet Htet is right. She already request not to ask such a kind of questions. No matter what I still like Htet Htet, please leave her alone and let her happy in her new marriage life.
0
အယ်ဒီတာကြီးရေ..
written by wint , July 27, 2010
ရန်ကုန် အခြေစိုက် ဂျာနယ် အယ်ဒီ တာကြီးရေ..

ငွေဒဏ်နဲ့ ပဲ ပြီးမှာပဲလို့  မပြောနဲ့ လေ.. ဟုတ်ပါတယ်.. သိပ်တော့ မတရားပါဘူး..
ဒါပေမယ့် ကိုယ့်လူကိုလဲ ကိုယ်ထိန်းလေ.. မေးသင့်၏ မမေးသင့်၏ ဆိုတဲ့ အသိ တရားလေးကို သင်ပေး ထားလေ..

လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာ.. ဒီလြို ဖစ်တာ မကျေနပ်ရင် အစတည်းက မလုပ်နဲ့ ပေါ့.. သူတပါး သိက္ခာကို မစော်ကားနဲ့ ပေါ့..
ဒီလောက် ပွင့်ပွင့် လင်းလင်း မေးရအောင်.. ဟောလိဝုဒ် မဟုတ်ဘူး ရှင်... ခုဟာက မြန်မာပြ ည်ရှင့်. .မြန်မာပြည်..
0
တရားပြန်စွဲ မခံရရင် ကံကောင်း
written by တာတေကြီး, July 27, 2010
>>>>>>>>>>>>>>နိုင် ငံရေးအ မှုတွေမှာ ထင်သာမြင်သာဖြစ်ဖို့ ၊ အများနားထော င်နိုင်တဲ့ တရားခွင်ဖြ စ်ဖို့မ ပြောနဲ့ အခု သတင်းထောက်ကို မင်းသမီးက ရိုက်နှက် မှုမှာတောင် ဘယ်သူမှ ၀င်ခွင့်မရဘူး ၊ ဒါ့ကြောင့် ဒီအမှုမှာ စာနယ်ဇင်းသမား ဘယ်လောက်ပဲေ စ်ာကားခံခဲ့ရ ခံခဲ့ရ နောက် ဆုံးတော့ ငွေဒဏ်နဲ့ပြီးမှာပဲ >> >>>>>>>>>

မှန်ပါလိမ့်မယ်ဗျာ။ နိုင်ငံရေး အမှုလည်း မဟုတ်ပဲ အဲသလို ၀င်ခွင့်မပေးပဲ ကန့်သတ် ထားရင် သေချာပေါက် ထောင် မကျနိုင်ပါဘူး။ အပြစ်ပေးမယ် ဆိုရင် ငွေဒဏ်ပဲပေါ့။ သတင်းထောက် တရားပြ န်စွဲ မခံရရင် ကံကောင်းပေါ့ဗျာ။
0
...
written by ayeaye, July 27, 2010
ဘာပဲဖြစ်ဖြစ် ထက်ထက်ဘက် က အလွယ် ကူဆုံး
ငွေဒဏ် လောက်နဲ.ပဲ
ပြီးသွားေ စချင်တယ်
0
ဘဘကြီးတို့က . ..အသည်း နုတယ်.... .ဂျယ်လီလိုပဲ.... .ကရှော် ကရွှတ်နဲ့
written by လေကြောင်, July 27, 2010
ရွေမင်းသမီး က ရွှေမျိုးတွေနဲ့ သိနေလေတော့........
ပြီးတော့ ဘဘကြီး တွေ ကလဲ..... အသဲက နုပါဘိသနဲ့ ...... ရွှေ မင်းသမီး က ဒဏ်ငွေ တစ်ထောင် လောက် ဒဏ်ဆောင် ရရင်တောင်မှ ဘဘကြီး တို့က ... ဒင်းကို ......... အသဲနာ ကမ္ဘာ မကြေနော်.. ...... .သတိထား .....
တရားခံဖြစ်သွားသော ရှေ့နေ ၊ တရားခံဖြ စ်သွားသော တရားလို ၊ ဆိုတာတွေ ရွှေခေတ်မှာ ပေါမှ ပေါ.. .....

လွတ်ရက် စေ့ကာနီးမှ အမေရိကန် အိမ်ထဲ မောင်းသွင်းပြီး အိမ်ရှင်ကို နယူးအက် နဲ့ ထပ် ထည့်ထားတာ ဆိုတာ မျိုးတွေ
...ကမ္ဘာသိနော်...

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်