ငါးသိန်းတန် လက်ကိုင်ဖုန်းများ အလုံးရေ သိန်းနှင့်ချီ ရောင်းပေး

E-mail Print
ရန်ကုန်နှင့် မန္တလေး အပါအ၀င် မြို့ကြီးများတွင် ငါးသိန်းတန် CDMA 800 MHZ မိုဘိုင်းဖုန်း အလုံးရေ သိန်းနှင့်ချီ၍ ထပ်မံ ချထားပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရ ရှိသည်။

CDMA1ငါးသိန်းတန် ဖုန်းများ စတင် ချထားပေးစဉ်က ရန်ကုန်နှင့် မန္တလေး မြို့များတွင်သာ အလုံးရေ တသိန်း ခွဲချထား ပေးရန် စီမံချက်ကို ချမှတ် အကောင် အထည် ဖော်ခဲ့ပြီး ယခု မြို့ကြီး အများစုတွင် ဖုန်းအလုံးရေ သိန်းနှင့်ချီ ဆက်လက် ချထားပေး ထားခြင်း ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။

၂၀၁၀ နှစ်ဆန်းပိုင်းမှ စတင်ပြီး ဦးတေဇ ပိုင်ဆိုင်သော Central Marketing ကုမ္ပဏီနှင့် စစ်အစိုးရတို့ ပူးပေါင်းကာ CDMA 800 MHZ မိုဘိုင်းဖုန်းများ ချထား ပေးလျက် ရှိသည်။

“ရန်ကုန်၊ မန္တလေးအပြင် တခြား မြို့ကြီးတွေမှာလည်း ငါးသိန်တန်ဖုန်း သုံးလို့ရအောင် စီစဉ်ပြီး အလုံးရေ အကန့်အသတ်မရှိ ချပေးသွားမယ်” ဟု Central Marketing ကုမ္ပဏီနှင့် နီးစပ်သူတဦးက ပြောသည်။

ယခင်က အဆိုပါ ငါးသိန်းတန်ဖုန်းများသည် နယ်မြေအကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်ခဲ့သော်လည်း ယခုအခါ နယ်မြေ ကန့်သတ်ချက်မရှိ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

“အရင်တုန်းက အင်းစိန်မြို့နယ်အတွင်းမှာ လျှောက်ပြီး ရထားတဲ့ ဖုန်းက အင်းစိန်မြို့နယ် ထဲမှာပဲ သုံးလို့ ရတယ်။ တခြားမြို့နယ်ထဲတွေ ယူသွားရင် လိုင်းမမိဘူး။ အခု နယ်မြေ ကန့်သတ်ချက် မရှိတော့ဘူး။ အင်းစိန်မြို့နယ်က ဖုန်းက မရမ်းကုန်းမှာလည်း သုံးလို့ရတယ်။ ရန်ကင်းမှာလည်း သုံးလို့ရတယ်။ နယ်မြေကန့်သတ်ချက်မရှိ ရန်ကုန်တမြို့လုံးသုံး လို့ရပြီ” ဟု အလုံမြို့နယ်မှ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အင်ဂျင်နီယာတဦးက ဆိုသည်။

ငါးသိန်းတန်ဖုန်းများ နယ်မြေကန့်သတ်ချက်မရှိ ချထားပေးပြီးနောက် ရန်ကုန်မြို့တွင် ဖုန်း လျှောက်ထားသူများ များပြားလာကြောင်း၊ တနေ့လျှင် လျှောက်ထားသူ ၂၀၀၀ အထိ ရှိကြောင်း သိရသည်။

“ရန်ကုန်တမြို့လုံး ငါးသိန်းတန်ဖုန်း သုံးလို့ရတယ် ဆိုကတည်းက ဖုန်းလျှောက်တဲ့သူ တော်တော်များတယ်။ မနက် အစောကတည်းက လူတွေ ရာပေါင်းများစွာ တိုးဝှေ့နေကြတာ” ဟု အလုံမြို့နယ် ဆက်သွယ်ရေးစခန်းမှ
ဝန်ထမ်းတဦးက ပြောသည်။

ဦးတေဇ၏ Elite ကုမ္ပဏီသည် ငါးသိန်းတန်ဖုန်းအပြင် FEC ၂၀ တန် တခါသုံး ဂျီအက်စ်အမ် ဖုန်းကတ်၊ FEC ၅၀ တန် CDMA ၄၅၀ မဂ္ဂါဟက် တခါသုံးဖုန်းကတ် များကိုလည်း ရောင်းချလျက်ရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ချပေးသော ဂျီအက်စ်အမ် ဖုန်းမှာ ငွေကျပ် ၁၅ သိန်းပေးသွင်းပြီးမှ အသုံးပြုနိုင်သည့်အတွက် ရန်ကုန်မြို့နေ လူတန်းစားအများစု အသုံးပြုနိုင်ကြခြင်း မရှိပေ။

“GSM ဖုန်းက အစိုးရသွင်းဈေးတင် ၁၅ သိန်းဆိုတော့ လူတော်တော်များများ မကိုင်နိုင်ကြဘူး။ ငါးသိန်းတန်ဖုန်းကျတော့
ကိုင်နိုင်လာတဲ့လူ ပိုများတယ်” ဟု ရန်ကုန်မြို့ခံတဦးက ဆိုသည်။

ရန်ကုန်မြို့ရှိ စီးပွားရေး ကုမ္ပဏီအများစုကလည်း ၄င်းတို့၏ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆက်သွယ်ရေးအတွက်
ငါးသိန်းတန်ဖုန်းများ ဝယ်ယူကြသည်ဟု သိရသည်။

“စီးပွားရေးကုမ္ပဏီတွေလည်း ငါးသိန်းတန်ဖုန်း လျှောက်ကြတယ်။ ကုမ္ပဏီတခုကို အနည်းဆုံး ငါးလုံးလောက် လျှောက်ကြတယ်” ဟု ငါးသိန်းတန်ဖုန်း လျှောက်ထားပေးသည့် အကျိုးဆောင် ပွဲစားတဦးက ဆိုသည်။

ငါးသိန်းတန်ဖုန်းတွင် ဖုန်းကတ်တခုအတွက် ငွေကျပ် ငါးသိန်းတိတိ ပေးသွင်းရပြီး ဖုန်းဟန်းဆက်အပါအ၀င် ဖုန်းလျှောက်ရန် ပေးသွင်းရသည့် စာရွက်စာတမ်းဖိုးများကိုပါ တွက်ချက်လျှင် ဖုန်းတလုံးအတွက် အနည်းဆုံး ငွေကျပ် ခြောက်သိန်းခွဲခန့် ကုန်ကျ သည်ဟု သိရသည်။

စီးပွားရေးပညာရှင်တဦးကမူ လက်ကိုင် မိုဘိုင်းတလုံးအတွက် မြန်မာငွေ ကျပ်ငါးသိန်း (အမေရိကန်ဒေါ်လာ ငါးရာ) ပေးနေရခြင်းမှာ သဘာဝမကျဘဲ အိမ်နီးချင်း နိုင်ငံများကဲ့သို့ မိုးဘိုင်း ဖုန်းများ ဈေးပေါပေါဖြင့် လူတိုင်းအသုံးပြုနိုင်ရန် စီစဉ်ပေးသင့်သည်ဟု ဆိုသည်။

“စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံဖို့ ဖုန်းအတွက်၊ ကားအတွက် မြန်မာငွေ သိန်းရာချီ သုံးနေရတယ်။ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ထောင်ဂဏန်း၊ သောင်းဂဏန်းသုံးနေရတော့ စီးပွားရေးမှာ ရင်းနှီးမြုပ်နှံရမယ့် အရင်းအနှီး နည်းသွားတယ်။ တိုင်းပြည်တခုရဲ့ စီးပွားရေး တိုးတက်ဖို့ဆိုတာ ဖုန်း၊ ကား၊ နေရာ တို့လို အခြေခံ စီးပွားရေးအဆောက်အအုံတွေ ဈေးချို ဖို့လိုတယ်” ဟု အဆိုပါ ပညာရှင်က သုံးသပ်သည်။

ငါးသိန်းတန်ဖုန်း၊ ဂျီအက်စ်အမ် အပါအ၀င် မိုဘိုင်းဖုန်းအများစု၏ ဖုန်းခေါ်ဆိုခမှာ တမိနစ်လျှင် ငွေကျပ် ၅၀ ဖြစ်သည်။

၂၀၁၀ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လကုန်အထိ ငါးသိန်းတန်ဖုန်း ချထားပေးသည့် အရေအတွက် ၆၅၀၀၀ ကျော်ရှိလာပြီဟု
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

လူဦးရေ သန်းခြောက်ဆယ်နီးပါး ရှိနေပြီဖြစ်သော မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း၊ အော်တိုကြိုး ဖုန်းအပါအ၀င် ဖုန်းလိုင်းစုစုပေါင်း
သုံးသန်းခွဲနီးပါးရှိလာပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရရှိသော သတင်းအချက်အလက်များအရ သိရသည်။
Comments (7)Add Comment
0
စိတ်ကုန်တယ်
written by 1:,/, August 04, 2010
email တွေ စေ ပ်ါတုန်းကလဲ ပုဂံဆို ဒ်ဘာတက်က mail4u ဆိုပြီး ရိုက်စား လုပ်လိုက်သေးတယ် အန်ထွက်ေ အာင်သာ အော်ရီ လိုက်ချင်တယ် free email account တွေ သူများ နိုင်ငံမှာ မလို ချင်မှ အဆုံးလဖြစ်နေတဲ့ အချိန်မှာ သင်းတို့  က free email service ပေးလတဲ့ ဆိုဒ်တွေကို ပိတ်ပြီး mail4u ရောင်းစားသတဲ့ သြော် စိတ်ကုန်လလွန်းလို့ ဘာဆက်ပြေလာရမှန်းတောင် မသိတော့ပါဘူး ၀တ်ကြွေလး၇ှိတဲ့လူလေတွစုပြီး မြန်မာပြည်မှာ လူလလာဖြစ်နေလို့  သင်းတို့  နှိပ်စက်သမျှ ခံနေရတယ်ပဲ အောက်ေ မ့ပါတယ်
0
...
written by moe, August 03, 2010
ရိုက်စား လုပ်‌နေတာ‌လေ၊ ရနိုင်သ‌လောက် ညှစ်ယူ‌နေတာ။ ပြည်သူ လူထု ခမျာ မှာ‌တော့ ကြံကိတ်စက် ထဲက
ကြံဖတ်လြို ဖူခါပြာခါ ကျ‌တော့မှ ဖုန်းတလုံးကို‌ လေးငါး‌ သောင်းနဲ့  ချ‌ပေးမှာ။‌ နောက်ထပ် ရိုက်စားတခွင်‌ တွေ့ ရင်
ဒီခွင်ကို လက်လွှက်လိုက်မှာပါ။ မယုံရင်‌ စောင်ြ့ကည့် ။
0
လူထုကို ရိုက်စားနေကြတာ
written by ??????????, August 01, 2010
အခြားနိုင်ငံမှာ ဘာမှ မပေးရတဲ့ SIM card ကို လောဘတကြီး လူထုဆီက မတရား ဒမြတိုက်ယူ
နေတာပါ။ ဗမာငွေနဲ .ဆို ကျပ် ၁၅၀၀ လောက်နဲ. ကြိုက်တဲ့ နံပါတ်ရွေး ၀ယ်လို.ရတာကို ဖုန်းအခွံက တစ်သိန်း လောက် ဆိုရင် သာမာန်လူ အသစ် ကိုင်လို.ရပြီ။ မတရား သဖြင့်သဲ.ယူနေကြတာ။ သူများ နိုင်ငံမှာ ဖုန်းပြော တာ ဘယ်နေရာက ပြောပြော ကြားရတယ်။ ဒီမှာက ပြောရင်း ဆန်.ငင် ဆန်.ငင်နဲ. မသာ ပေါ်နေပြီ။
0
...
written by G maung, July 31, 2010

ဗမာပြည်၇ဲ့ဆက်သွယ်ေ ၇းဒု က္ခကိုကမ္ဘာက လက်ပိုက်ကြ ည့်နေကြတယ် ဟေ့။
0
သြော်. .ကွာခြားချက်
written by ဘိုဂျီး, July 30, 2010
ဟိုတစ်နေ့က မြ၀တီမှာ လက်ဘက်ရည်ဆိုင်ထိုင်တုန်း ထိုင်းက true movie ဆင်းက ဒ်လာရော င်းတယ်....
တစ်က ဒ်ကို ဗမာငွေ တစ်ထောင်တဲ့.. ဆင်းကဒ် ထဲမှာလဲ ပိုက်ဆံ 15 ဘတ်လားမသိဘူး ထည့်ထားတယ်တဲ့..
ပြီးေ တာ့..true movie ရဲ့ ၀န်ဆော င်မှုတွေကို လဲ လှိုင် လှိုင်ကြီးကိုရှင်းပြ သွားတယ်...သူရှင်ြး ပတာရယ်၊ ပေးသွားတဲ့ လက်က မ်းကြော်ြ ငာစာရွက်ေ တွနဲ့တင် တစ်ထောင်မက တန်နေပြီ..အဲဒါနဲ့ ကြိုက်ရာနံပါတ်ရွေးပါ ဆိုပြီး..ကဒ် 50 ကျော် ကိုစိမ် ပြေနပြေ ထိုင်ရွေး တာကိုလဲ သည်းခံပြီးေ စာင့်ပေးတယ်....အခု ဒီဆောင်းပါးနဲ့ ကွာပါ့နော်.....
0
ငါးသိန်းတဲ.
written by aung aung, July 30, 2010
လိုင်း တစ်လိုင်းကို ငါးသိန်းတဲ. နိုင်ငံ အများစုမှာ လိုင်း တစ်လိုင်းကို အလကား ၇နေတာ ဟန်းဆ က်တောင် တခါတလေ
အလကား ပေးသေးတယ်
0
မိုးနဲ့မြေ
written by ,81,9, July 30, 2010
ကိုယ်ပိုင် ထုတ်လုပ် နိုင်ရင်တော့ ကောင်း မှာပေါ့လေ.. GSM Sim card 1 card 2.5$ လောက်သာ ရှိတာ.. မြန်မာ နိုင်ငံမှာက 1500$ ဆိုတော့ အရမ်း ကွာ လွန်းတယ်ဗျာ..

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်