၁၉၉၀ ပြည့်နှစ်တွင် စင်ပြိုင်အစိုးရ တည်ထောင်ရန် ကြိုးပမ်းမှုဖြင့် ထောင်ကျခဲ့ဖူးသည့် NDF ခေါင်းဆောင်ဦးခင်မောင်ဆွေ အပါအဝင် ဦးတင်အောင်၊ ဦးသာဆိုင်နှင့် ဦးစိန်လှဦးတို့ကို ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များက နေပြည်တော်သို့ ခေါ်ယူ၍ “အစိုးရနှင့် အမျိုးသား ရင်ကြားစေ့ရေးကို ပူးတွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း” ဖော်ပြထားသည့် အသနားခံစာကို တင်ပြရမည်ဟု ပြောဆိုကြောင်း သိရသည်။
“ဒါကတော့ ရှင်းပါတယ်။ စာတင်ရင် သူတို့က ခွင့်ပြုမယ်၊ မတင်ရင် ခွင့်မပြုဘူးပေါ့။ ဒါပေမယ့် အခု ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတာကို မပြောနိုင်သေးပါဘူး” ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ဧရာဝတီသို့ ပြောသည်။
NDF ပါတီဝင် ၄ ဦးစလုံးသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသော လွှတ်တော် အမတ်များလည်း ဖြစ်ခဲ့ကြသည်။ ယခု အဝေးရောက် အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်းနှင့် နိုင်ငံတော် သစ္စာဖောက်မှု အမှုတတွဲတည်း ဖြစ်ခဲ့ကြပြီး ဒေါက်တာ စိန်ဝင်းက ပြည်ပသို့ တိမ်းရှောင် လွတ်မြောက်သွားသည်။အသနားခံစာတွင် နိုင်ငံတော် သစ္စာဖောက်မှုအတွက် သတ်မှတ် ထောင်ဒဏ်များ ကျခံခဲ့ရပြီးဖြစ်ကြောင်းနှင့် ထိုကိစ္စမျိုး နောက်တကြိမ် မပတ်သက်တော့ကြောင်း ထည့်သွင်းဖော်ပြရမည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ပြောကြောင်း NDF ဗဟိုအလုပ်အမှုဆောင် ကော်မတီမှ ဥက္ကဋ္ဌ (၁) ဖြစ်သူ ဦးသာဆိုင်က ပြောသည်။
“မျှော်လင့်မထားပါဘူး။ စိတ်မကောင်း ဖြစ်ရပါတယ်။ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ဝင်လို့မရရင်တောင်မှပဲ ပါတီမှာ တာဝန်ဆက်ယူသွားပါမယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ နာမည်တွေကို ဖော်ပြပြီးတော့ ပါတီ မှတ်ပုံတင်ခွင့်ကို အစိုးရက ခွင့်ပြုပြီးသားလေ” ဟု ဦးသာဆိုင်က ဆိုသည်။
NDF ခေါင်းဆောင် ၄ ဦးသည် ရှေ့နေများနှင့် တိုင်ပင်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုးကားပြီး ရွေးကောက်ပွဲ ကော်မရှင်သို့ အကြောင်းပြန်ရန် ဆွေးနွေးနေကြောင်း သိရသည်။
ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် NDF ခေါင်းဆောင်များက မြို့နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များမှာ စစ်အစိုးရ ကျောထောက်နောက်ခံရှိသည့် အဖွဲ့များမှ ပုဂ္ဂိုလ်များ ဖြစ်နေခြင်း၊ စစ်အစိုးရ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းသည် ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်လျှက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဖြစ် တရားဝင် ပြောင်းလဲခဲ့ခြင်းများကို ပြောဆိုခဲ့သည်ဟု သိရှိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်ဟောင်းများ တည်ထောင်ခဲ့သော NDF ပါတီသည် ဇူလိုင်လ ၉ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် ကျခဲ့သည်။
ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၆ ခုတို့က နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက် လက် တည်ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံ တင်ခွင့် လျှောက်ထားသည့် ပါတီ ၄၀ အနက် ၃၉ ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်း ၃၉ ပါတီ အနက် ယနေ့အထိ ပါတီဝင် အင်အားစာရင်း တင်ပြပြီးသည့် ပါတီမှာ ၁၀ ပါတီ ရှိပြီဖြစ်ကြောင်း သိရသည်။
Comments (25)

written by Karen, August 03, 2010
Actually , Saw Luu is NDF. because he request the space from Nga Yan Man Kan (SDPC). And Nga Yan Man Kan kill Saw Luu after Kyan Sit Thar (NLD) saving is not success. Not Saw Luu kill Nga Yan Man Kan. It is vice-versa.
written by ရာဇ၀င်သူရဲကောင်း..ဗိုလ်ကြီးအုန်းကျော်မြင့်.., August 03, 2010
သူရဲကောင်း ဘ၀ကနေ နအဖရဲ့ စည်းဝိုင်းထဲ ရောက်ပါပေါ့လား. .NDF ရယ်..
written by ကိုစော, August 03, 2010
i can't agree with NDF leaders.
on the other hand, they stayed in prisons for a long time.
they stay on the side of the people.
they do not belong to SPDC.
we need to understand about it.
on the other hand, they stayed in prisons for a long time.
they stay on the side of the people.
they do not belong to SPDC.
we need to understand about it.
written by မေစပ်စု, August 02, 2010
ပြည်သူေ တွလက်ထဲ အာဏာ ပြန်ရောက်မလာအောင် နည်းမျိုးစုံနဲ့ တားမြစ်ပိတ်ပင် ဖန်တီးထားတဲ့ ၂၀၀၈ ဖွဲ.စည်းပုံ ကို မပြင်နိုင်သရွေ. ရွေးကောက်ပွဲ အကြိမ် တစ်ထောင် လုပ်လဲ အလကားပဲ။
written by မြန်မာ့သမိုင်း။, August 02, 2010
အမြှော် အမြင်ရှိရှိ ကယ်တင်ဘို့ စွန့် စားတဲ့ ကျန်စစ်သား (NLD) ရဲ့စစ်မှန်တဲ့ စေတနာကို စော်ကားပြီး စောလူးမင်း(နအဖ) ကို အားကိုး တကြီြး ဖစ်ချင်တဲ့ ငရမန်ကန်း (NDF) ကို စောလူးမင်း(နအဖ) က ကွပ်မျက် သလိုမျိုး (NDF) ကို နှိပ်ကွပ်တာပါပဲ။ အဆန်းတော့ မဟုတ်ပါဘူး ။
written by ဝင်းမင်း, August 02, 2010
မိခင် ပါတီကြီးကိုလည်း စုံကန် ခဲ့ပြီးပြီ။ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံ ကိုလည်း သစ္စာ စောင့်သိ ထိန်းသိမ်း စောင့်ေ ရှာက်ပါ့မယ် လို့ လည်း ဂတိ ခံဝန်ချက် ပေးခဲ့ပြီးပြီ။ အတိတ်က ယုံကြည်ခဲ့သမျှ တွေကိုလည်း သင်ပုန်း ချေလိုက်ပြီးပြီ ဆိုမှတော့... အသနားခံ စာအပြင် နောက်ထပ် ဘာဘဲ လုပ်ခိုင်း... လုပ်ခိုင်း..... ဒေါက်တာ တို့ကတော့ ပျင်းတောင်. .ပျင်းသေးတယ်လို့ ပြောနေအုန်း မယ်.. .နအဖရေ.. .......
written by ??????????, August 02, 2010
နေရာ တစ်နေရာ လေးရ ဖို့ ဒူးထောက်ပြီး အာဏာရှင်တွေ ဆီမှာ ခယ တောင်းဆိုနေတာ ။ ငါတို့ သာ အမှန်ပါဆိုပြီး ထအော်နေတာကို ပြည်သူတွေ လက် မခံသင့်ပါဘူး ။
written by ZAW, August 02, 2010
အသနား ခံစာ. .ပြီးရင် လာလိမ့်မယ် နောက်တခု..NLD ကို မတရားသင်း အဖြစ် နအဖ က NDFကို ကြေညာ ခိုင်းလိမ့်မယ်... ပြီးရင် ဒေါ်စု ကို အမျိုးသား သစ္စဖောက် အဖြစ် ပါတီတွေကို ကြေညာ ခိုင်းအုန်းမယ်.. .လာမယ် လာမယ်...
written by Thazin Pyu, August 02, 2010
စ ကထဲက ကိုယ်တိုင် ရေးခဲ့တဲ့ ရွှေဂုံတိုင် ကြော်ငြာ စာတမ်း ဆိုတဲ့ သမိုင်းဝင် ကြော်ငြာ စာတမ်း ကြီးကိုတောင် အမှိုက်ပုံးထဲ ပြုံးပြုံးလေး ထည့်ပြီး ပါတီသစ် ထူထောင် လာတဲ့ လူတွေ ဘဲဗျာ --ဒီ အသနားခံစာ အတွက် လောက်ကတော့ လက်တွန့် နေအုံးမယ် မထင်ပါဘူး-တင်လိုက် တင်လိုက်- နောက်ဆုံးတော့  စစ်အစိုးရရဲ့ အမှိုက်ပုံးထဲ အောင်မြင်စွာ ရောက်ကြမှာပါ-
written by Zero, August 01, 2010
No wonder!!!
What do u think they will practice " No one is above the law" or
" Than Shwe's Tongue is above the law" ?
What do u think they will practice " No one is above the law" or
" Than Shwe's Tongue is above the law" ?
written by မောင်မောင်, August 01, 2010
အခုေ တာ့တွေ.ပြီ မဟုတ်လား။ စုတ်ပဲ့ ယုတ်မာ တာတွေကို။ မတရားတာကို ခံနေရင်ဆက်ပြီး ခံရမှာဘဲ။
ပါတီတွေ အားလုံး NLD လို ပြတ်သားရဲရမယ်။ မတ ရားတာ ငုံ.မ ခံေ စခ်င္ပါ။
ပါတီတွေ အားလုံး NLD လို ပြတ်သားရဲရမယ်။ မတ ရားတာ ငုံ.မ ခံေ စခ်င္ပါ။
written by mtn, August 01, 2010
အသနား ခံစာ..... ဒါက ပထမ အဆင့်ပဲ ရှိသေးတယ် ....... လာအုံးမယ်
နောက်ထပ်...... စစ် အစိုးရနဲ့ ဆန့်ကျင်တဲ့ ပါတီ မှန်သမျှကို တရစ်ပြီး တရစ်
ဒုက္ခ ပေးအုံးမှ ........ ဒီလောက် ထိုင်လို့ ကောင်းတဲ့ နေရာကို
ဘယ်သူက လွယ်လွယ်နဲ့ ဖယ်ပေးမှာလဲ......
နောက်ထပ်...... စစ် အစိုးရနဲ့ ဆန့်ကျင်တဲ့ ပါတီ မှန်သမျှကို တရစ်ပြီး တရစ်
ဒုက္ခ ပေးအုံးမှ ........ ဒီလောက် ထိုင်လို့ ကောင်းတဲ့ နေရာကို
ဘယ်သူက လွယ်လွယ်နဲ့ ဖယ်ပေးမှာလဲ......
written by zaw, August 01, 2010
အခုတောင် ဘာမှ မဟုတ်တာ လေးကို... စစ်ကော်မရှင်က အသနား ခံစာ တင်ခိုင်း နေရင်တော့
ဒေါက်တာကြီးတို့ လွှတ်တော်ထဲ ရောက်ရင် ဘယ်လို စကားပြော မှာလဲ ဟင်... နဲနဲလောက် ရှင်းပြပေးပါ
ဒေါက်တာကြီးတို့ လွှတ်တော်ထဲ ရောက်ရင် ဘယ်လို စကားပြော မှာလဲ ဟင်... နဲနဲလောက် ရှင်းပြပေးပါ
written by Blue Flower, July 31, 2010
It is just starting.
You already kneel down in front of military but they don't satisfy.
Now they order you to bold your head.
Later they will order you to kiss their foots by your lips.
It is just starting.
Prepare to be the slave of military forever. OK?

written by ညိမ်းမောင်, July 31, 2010
ကျနော်တို့ မြန်မာနိုင်ငံကို ပြောင်း လဲဖို့ တိုက်ပွဲ ၀င်နေဆဲ တော်လှ န်နေဆဲဆိုတဲ့ ပုဂ္ဂိုလ်တွေ
ရှင်းရှင်း လင်းလင်း နားမလည် လိုပဲလား၊ သတိမေ့ပြီးနေကြတာလား၊
တွေဝေ နေတာလား၊ ဘယ်လို အထောက် အထား အကြောင်းရ င်းခံတွေက အမှား ကျ
ူးလွန် ထားတဲ့ သံဃာ သတ်တဲ့၊ တိုင်းရင်းသား မိဘြ ပည်သူကို သတ်ဖြတ်၊ ငြင်းဆဲ ဒုက္ခပေးတ
ဲ့ (နအဖ) စစ်အာဏာရှင် အသက် သွင်းမယ့် ရွေးေ ကာက်ပွဲ၊ နာဂစ်မှာ လူထုတစ်ရပ်လုံး ဒုက္ခေ ရာ
က်ချိန် အတွင်း စစ်အာ ဏာရှင် ဗိုလ် သန်းရွှေ လိုလားတဲ့ အတိုင်း ရေးဆွဲထားတဲ့ စစ်အာဏာရှင် အခြေ
ခံဥပဒေ ကို မျက်ကွယ်ပြုပြီး ပါတီေ ထာင်ခဲ့ တဲ့ အပြင်... ထပ်မံပြီး အသနားခံစာ တင်ခိုင်းတယ် ဆိုတာ ဘာကို
သက်သေပြနေလဲ။ ဘယ် လားရာကို သွားနေလဲ ဆိုတာ သိဖို ကောင်းပါတယ်။ ဒါကို မသိတာလား၊
အာဏာရှင် ဗိုလ် သန်းရွှေ တောင်းသမျှ ခိုင်းသမျှကို
လိုက်လျောပြီး အသက်ရှင် ရပ်တည် နေကြတာလား၊ တစ်ထွာစာ ၀မ်းတစ်လုံး အတွက် ရှိသမျှ လူ့ ဂုဏ် သိက္ခာတွေနဲ လှဲပြီး ၀မ်းဗိုက်ဖြည့်တာလား၊
ဘာ အနာဂတ် မျှော်လင့်ချက် ကောင်းကောင်း ရှိနေလိုလဲ၊
ပြတ်သားတဲ့ ဟန်ချက် ညီတဲ့ စွမ်းဆောင်မှုနဲ့ နိုင်ငံ တ၀ှမ်းလုံး ရုန်းထ နိုင်မယ် ဆိုရင်... ခွထိုင်နေတ
ဲ့ အချောင် သမားတွေ ပျောက်ကွယ် သွားမှာပါ။ အဲဒီ အချိန် မတိုင်မှီ အခြားလူတွေ နားမလည်ရင် ထ
ားအုံး... ပါတီ ခေါင်းဆောင်များ မိမိ ကိုယ်ကို နားလည်အောင် ပြန်လည် စဉ်းစားပြီး လှုပ်ရှား စွမ်းဆော
င်နိုင်မယ် ဆို တိုင်းပြည်နဲ့ နိုင်ငံသားတိုင်း နားလည် လာနိုင်ပါတယ်။
အချိန် မနှောင်းမှီ ပြန်လည် သုံးသပ် စဉ်းစား ဆုံးဖြတ် နိုင်မယ်ဆို ... နားမလည် နိုင်တဲ့ အခင်း အကျင်း
အခြေ အနေ အကြောင်း အရာတွေ နည်းပါး သွားမှာပါ။

written by AHA, July 31, 2010
hahaha.....ဘယ်နှယ်.ရှိစ.... ကို့ ဆရာတို့ ???
ko shwe knows how to tighten the screw...
ko shwe knows how to tighten the screw...

written by mee mee, July 31, 2010
NDF က ရန် ငါ စည်း မပြတ်ပေမဲ့ စစ်အာဏာရှင် က ရန် ငါ စည်းပြတ်တယ်ဆိုတာ ကို သဘောပေါက် သင့်တယ်။
သိက္ခာ တချို့ ကို အပေါင် ပေးထား တာတောင် ဗိုလ်သန်းရွှေ က မကြေ နပ်ဘူး ဆိုတော့ သေချာ စည်းစားနော်။ အသက်ပါ ဖက်နဲ့ ထုတ်နေရမယ်။ စေတနာ နဲ့ သတိပေးတာပါ။
သိက္ခာ တချို့ ကို အပေါင် ပေးထား တာတောင် ဗိုလ်သန်းရွှေ က မကြေ နပ်ဘူး ဆိုတော့ သေချာ စည်းစားနော်။ အသက်ပါ ဖက်နဲ့ ထုတ်နေရမယ်။ စေတနာ နဲ့ သတိပေးတာပါ။
written by War, July 31, 2010
အဲ့ဒါ မိုက်ရိုင်းတာ၊၊ သူတို့  စစ်ဖိနပ်အောက်ကို ၀င်ခိုင်းတာ၊၊ အဲ့ဒါ အစဘဲ ရှိသေးတယ်၊၊ ဦးချိုးတာ လို့ ခေါ်တယ်၊၊ ကျေးဇူးပြုပြီး ရွေးကောက်ပွဲကို မ၀င်ပါနဲ့ ၊၊ နောက်ဆို ဒီ့ ထက် ဆုံးရှုံးတာတွေ များလိမ့်မယ်၊၊ ပိုပြီးလည်း ဒီ့ထက် စိတ်မေ ကာင်းဖြစ်ရ လိမ့်မယ်၊၊ ပြည်သူ အတွက် မလုပ် နိုင်တဲ့အခါ မှ နောင်တ ရလိမ့်မယ်၊၊ ဒီရွေးေ ကာက်ပွဲဟာ အတုအယောင်ပါ၊၊ ဒါဟာ စစ်အ စိုးရရဲ့ ဖြုတ်၊ ထုတ်၊ သတ် လမ်းစဉ်ရဲ့ အစဘဲရှိ ပါသေးတယ်၊၊ ကိုယ့်သိက်ခါနဲ့ ကိုယ်နေပါ၊၊
Write comment
| < Prev | Next > |
|---|

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ အပါအဝင် ပါတီ ခေါင်းဆောင် ၂ ဦးနှင့် လူငယ် အဖွဲ့ဝင်များက အကျဉ်းကျနေသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၏ မိသားစုဝင်များထံ ယမန်နေ့က သွားရောက်ကာ အားပေး