လေကြောင်းလိုင်း ၂ ခု ပြည်တွင်း ပြည်ပ ခရီးစဉ်များ တိုးချဲ့မည်

E-mail Print
အဲ ပုဂံ (Air Bagan) နှင့် အဲ မန္တလေး (Air Mandalay) လေကြောင်း လိုင်းများသည် လေယာဉ်သစ်များ ဝယ်ယူထားပြီး ပြည်တွင်း ပြည်ပ ခရီးစဉ်များ တိုးချဲ့ပြေးဆွဲသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

“ရန်ကုန်-ချင်းမိုင် ခရီးစဉ်အပြင် နိုင်ငံတကာခရီးစဉ်တွေကို ပွင့်လင်းရာသီ မတိုင်ခင်မှာ တိုးချဲ့ ပြေးဆွဲနိုင်ဖို့ လေယာဉ်တွေ ၀ယ်ထားပြီး ခရီးစဉ်တွေစဖို့ ပြင်ဆင်နေပြီ” ဟု အဲပုဂံ လေကြောင်းလိုင်းမှ တာဝန်ရှိသူက ဆိုသည်။

air-bagan-mdyတိုးချဲ့ ပြေးဆွဲရန် စီစဉ်ထားသည့် ခရီးစဉ်များ ထဲတွင် စင်ကာပူ၊ ဘန်ကောက်၊ ဖူးခက်၊ ကွာလာလမ်ပူ၊ ဆိုင်ယမ် ရိ (ပ်) ခရီး စဉ်များလည်း ပါဝင်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။ 

အဲ ပုဂံ လေကြောင်း လိုင်းသည် ပြည်ပ ခရီးစဉ်များ အတွက် A-320 ခရီးသည်တင် လေယာဉ် ၂ စီး၊ ပြည်တွင်း ခရီးစဉ်များ အတွက် AIR 72-500 လေယာဉ် ၂ စီး ဝယ်ယူ ထားသည်ဟု သိရသည်။

အဲ မန္တလေး လေကြောင်းလိုင်းသည်လည်း ATR-72 လေယာဉ် ၂ စီး ထပ်မံ ဝယ်ယူပြီး ပြည်တွင်း ခရီးစဉ်များကို နိုဝင်ဘာလ မတိုင်မီ တိုးချဲ့သွားမည်ဟု သတင်းရရှိသည်။

ဦးတေဇ ပိုင်ဆိုင်သော အဲပုဂံလေကြောင်းလိုင်းနှင့် အပြိုင် အဲ အင်းလေး (Air Inlay) လေကြောင်းလိုင်းကို ပျံသန်း ပြေးဆွဲရန် ခွင့်ပြုခဲ့ပြီးနောက်တွင် ခရီးစဉ်များရေးဆွဲကာ ပွင့်လင်းရာသီအမီ အပြိုင် လုပ်ဆောင်သွားရန် ရှိကြောင်း အဲပုဂံ လေကြောင်း လိုင်းမှ  အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတဦးက ပြောသည်။

အဲ အင်းလေး လေကြောင်းလိုင်းကို စီးပွားရေး လုပ်ငန်းရှင် ဦးနေအောင်နှင့် ကမ္ဘောဇ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း တို့က ပူးတွဲ လုပ်ကိုင်ခြင်းဖြစ်သည်။

အဲ ပုဂံပိုင်ရှင် ဦးတေဇသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စီးပွားရေး လူယုံ ဖြစ်သည်။ ဦးနေအောင်မှာမူ အမှတ် (၁) စက်မှုဝန်ကြီး ဌာန ၀န်ကြီး ဦးအောင်သောင်း၏ သားဖြစ်ပြီး IGE ကုမ္ပဏီ၊ အောင်ရည်ဖြိုး ကုမ္ပဏီ စသည့် အမည်များဖြင့် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ခွင့်ရရှိနေသူများဖြစ်သည်။

သက်တမ်း ၅ နှစ်ကျော်လာပြီ ဖြစ်သည့် အဲပုဂံမှာ ယခုအခါ မြန်မာပြည်တွင်း ၁၆ မြို့နှင့် ပြည်ပတွင် အာရှ ၇ နိုင်ငံသို့ ပြေးဆွဲနေသည်။

အဲပုဂံတွင် စုစုပေါင်း လေယာဉ် ၈ စီး ရှိပြီး လေယာဉ် အမျိုးအစား များမှာ A310 ၂ စီး၊ F-100 ၂ စီး၊ ATR-72 ၂ စီး၊ ATR-42 ၂ စီးတို့ ဖြစ်သည်ဟု အဲပုဂံ၏ ဖေဖော်ဝါရီလထုတ် Lotus စာစောင်တွင် ဖော်ပြထားသည်။

ပစိဖိတ် အာရှ ခရီးသွားလုပ်ငန်း အသင်း၏ ထုတ်ပြန်ချက်အရ ယခုနှစ် ပထမ ၃ လအတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ကမ္ဘာလှည့်ခရီးသည် ရောက်ရှိမှုနှုန်း ၃၉ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု သိရသည်။
Comments (4)Add Comment
0
Info...
written by Cohtet, August 04, 2010
It is very good for tourism in Myanmar and Myanmar people. People will travel with less cost and more knowledge will be earn more knowledge by traveling different places around the world...
Regarding Siem Reap, there is one Myanmar Own place i have stayed before is called Mandalay Inn and The Mandalay Travel & Tour www.mandalayinn.com
Regards,
Cole Andrew
0
ပြည်တွင်းလေကြောင်း
written by ရဲမေကြည်, August 04, 2010
ဗမာပြည်မှာ ရောက်စဉ် တုံးက အချိန်ကုန် သက်သာအောင် ရန်ကုန်-ပုဂံ ကို လေယဉ်စီးမယ် လုပ်လိုက်ပါတယ်။
မြန်မာ့ လေကြောင်းရုံးမှာ သွားဝယ်ရင် ဈေး သက်သာပြီး အဆင်ပြေတယ် ဆိုလို့  လက်မှတ် သွားဝယ်မိပါတယ်။ Taxi ခတောင် ပိုကုန်သွားတယ်။ ၂ပတ် အထိ ခရီးစဉ် မရှြိေ ကာင်းပါ တဲ့ ။
0
ဘာပဲ လုပ်လုပ် သူ တို့ ပဲ။
written by ကိုစစ်သက်မှူး, August 04, 2010
သူတို့  ဘာပဲလုပ်လုပ် ၊ တိုင်း ပြည် အ တွက် မဟုတ် တာ သေချာ ပါ တယ်။
ိသူတို့  အကျိုး အတွက် ပါ ပဲ။

အကောင်း ဆုံး ကတော့ ကင်း အောင် နေကြပါ ။
အတတ် နိုင် ဆုံး အသုံး မ ပြု တာ ပေါ့။ မလွဲသာ မရှောင်သာ အခြေ အနေမျိုး မှာ သာ အသုံး ပြု ကြ ဖို့  ပါ။
0
The more the better
written by K.L, August 04, 2010
Myanmar air space should occupy by Myanmar own aircrafts. Competition will get better and quality services.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်