အဆိုပါ တိုက်ပွဲသည် ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်ရှိ KNLA တပ်မဟာ (၇) ထိန်းချုပ်ရာဒေသအတွင်း နအဖ၏ စစ်ဒေသ ကွပ်ကဲရေး ဌာနချုပ် (စကခ) (၁၉) လက်အောက်ခံ ခြေလျင်တပ်ရင်း (၆၂) တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု KNU ဘားအံခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေး က ဧရာဝတီသို့ ပြောပြသည်။
နအဖ တပ်များက ယင်းဒေသ၌ လှုပ်ရှားနေသော KNLA တပ်ဖွဲ့ဝင်များကို နယ်မြေရှင်းလင်းရန် ၀င်ရောက်လာစဉ် ပြောက်ကျား စနစ်ဖြင့် တိုက်ခိုက်ခံရသောကြောင့် ယခုကဲ့သို့ ကျဆုံးခြင်းဖြစ်ကြောင်း ဖဒို စောအောင်မော်အေးက ဆိုသည်။
“အရင်တုန်းကလည်း ကျနော်တို့သွားရင် သူတို့လာတယ်။ မေးတယ်၊ မြန်းတယ်၊ ရှင်းတယ်။ သူတို့ မရှင်းရင် DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်) ကို လာရှင်းခိုင်းတယ်။ ဒါပေမယ့် ကျနော်တို့ ရှောင်တယ်။ အခုတကြိမ်တော့ ကျနော်တို့ မရှောင်တော့ဘူး” ဟု ၎င်းက ဆိုသည်။
တိုက်ပွဲ ဖြစ်ပွားချိန်တွင် နအဖဘက်မှ တပ်အင်အား ၁၂၀ ခန့်ရှိပြီး KNLA ဘက်မှ တပ်သား ၁၅ ဦးတို့က ပြောက်ကျား စနစ်ဖြင့် မိနစ် ၃၀ ခန့်ကြာ တိုက်ခိုက်ခဲ့ကြောင်း၊ KNLA တပ်ဖွဲ့ဝင်များ သေဆုံး၊ ထိခိုက် ဒဏ်ရာရရှိသူများ မရှိကြောင်း ဖဒို စောအောင် မော်အေးက ပြောသည်။
တိုက်ပွဲတွင် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများကို DKBA နှင့် ယင်း ဒေသရှိ ဒေသခံရွာသားများကို အကူအညီတောင်း၍ နအဖ တပ်များက ဝေါလေတပ်စခန်းသို့ ပြန်လည် သယ်ဆောင်သွားကြောင်း သိရသည်။
ထိုဒေသများတွင် KNLAတပ်ဖွဲ့ဝင်များ အပြင် DKBAမှ (၉၉၉) တပ်ဖွဲ့ဝင်များနှင့် စကခ လက်အောက်ခံ တပ်ရင်း ၄ ရင်းခန့် အခြေစိုက်ကာ လှုပ်ရှားလျက်ရှိသည်။
KNLA တပ်ဖွဲ့ဝင်များနှင့် ကရင်ဒုက္ခသည် ကူညီကယ်ဆယ်ရေး အဖွဲ့တဖွဲ့ ဖြစ်သည့် Free Burma Rangers (FBR) တို့ ပူးပေါင်း ၍ ထို ဒေသအတွင်းရှိ ရွာသားများကို ကျန်းမာရေးအတွက် လိုအပ်သည့် ဆေးဝါးများ ထောက်ပံ့ကူညီ ပေးနေကြောင်း သိရ သည်။
ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့ကလည်း မွန်ပြည်နယ် သံဖြူဇရပ်မြို့ နယ် အတွင်း၌ နအဖ စစ်တပ် ယာဉ်တန်းတခုကို KNU တပ်ဖွဲ့ဝင် များက ခြုံခို တိုက်ခိုက်ခဲ့ရာ နအဖ တပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရရှိခဲ့သေးသည်။
Set as favorite
Bookmark
Email this
Hits: 5035
Comments (8)

written by Burmese, August 05, 2010
ခင်ဗျားတို့ ပြောနေ ကြတာတွေ.. .အားလုံး.. ........ .မှန်တယ်..။
written by Thurein, August 05, 2010
How can 15 KNU shldiers possible fight against 120 armed soldiers, killed 9 and injur 14? This is almost 1:10. I cant find the logic. This news is too good to be true, but I hope it's ture.
written by Truth Finder, August 05, 2010
I noticed whenever there is a fight, KNU always win as KNU claimed. I have then a question why KNU has no power anymore if you can always win over them. Please transparent to all peoples and dont hide anything.
written by ayan ayan pyaw, August 04, 2010
good good very good,
i'm so proud of u. all of u r done good job with effectiveness .
i'm so proud of u. all of u r done good job with effectiveness .
written by LA Moe, August 04, 2010
Kill or Be kill...
One day DKBA will finish. It still have time to change.
One day DKBA will finish. It still have time to change.
Write comment
| < Prev | Next > |
|---|







