ကရင် အပစ်ရပ်အဖွဲ့များ တပ်ပြင်ပတွင် လက်နက် မကိုင်ရ

E-mail Print
စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အားလုံးကို သက်ဆိုင်ရာ တပ်များမှ ပြင်ပသို့ သွားလာ ရာတွင် ယူနီဖောင်း ၀တ်ဆင်ခြင်းနှင့် လက်နက် ကိုင်ဆောင်ခြင်းတို့ကို ယမန်နေ့မှစ၍ တားမြစ်သည့်အမိန့် ထုတ်ပြန်လိုက် ကြောင်း သတင်း ရရှိသည်။

ယခုအမိန့်သည် နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် သဘောတူထားသော လက်နက်ကိုင်တပ်ဖွဲ့ အားလုံးအတွက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်တဦးက ဧရာဝတီသို့ ပြောသည်။

“DKBA အပါအ၀င် ငြိမ်းအဖွဲ့ဝင်တွေ အားလုံး ပြင်ပကို သွားတဲ့အခါ အရပ်ဝတ်နဲ့ပဲ သွားရမယ်၊ ယူနီးဖောင်း ၀တ်မသွားရဘူး၊ ဘာလက်နက်မှ မယူရဘူးဆိုပြီး မနေ့က စစ်အစိုးရရဲ့ ဗျူဟာမှူးရုံးက အမိန့်စာလာတယ်။ မနေ့က ငြိမ်းအဖွဲ့စုံက လူကြီးတွေနဲ့ တိုင်းကလူကြီးတွေ အစည်းအဝေးလုပ်ရာမှာ အခုလို အမိန့်ထုတ်သွားတယ်”ဟု DKBA တပ်ဖွဲ့ဝင်က ဆိုသည်။

စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် DKBA မှ အရာရှိများ၊ ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သော ကရင် ငြိမ်းချမ်းရေး ကောင်စီ ((KNU/KNLA) အဖွဲ့မှ အရာရှိများသည် မြ၀တီခရိုင်ရုံးတွင် သြဂုတ်လ ၂ ရက်နေ့က အစည်း အဝေး ပြုလုပ်ခဲ့ကြပြီးနောက် ဤအမိန့် ထွက်လာခြင်းဖြစ်ကြောင်း၊ ယင်းအမိန့် ထွက်လာခြင်းသည် မိမိတို့၏ လုပ်ပိုင်ခွင့်၊ လွတ်လပ် ခွင့်များကို လုံးဝ ထိန်းချုပ်လိုက်သကဲ့သို့ ဖြစ်ခြင်းကြောင့် အောက်ခြေတပ်ဖွဲ့ဝင်များက လိုက်နာလိုခြင်း မရှိကြောင်း သိရသည်။

ငြိမ်းအဖွဲ့ဝင်များကို ကန့်သတ်ခြင်းမှာ DKBA တပ်ဖွဲ့ဝင်များသည် လက်နက် အပြည့်အစုံဖြင့် မကြာခဏ ထွက်ပြေးကာ ကရင် အမျိုးသား အစည်းအရုံး(KNU) နှင့် ပူးပေါင်းသောကြောင့် DKBA လူကြီးများ ကိုယ်တိုင် အဆိုပါအမိန့်ကို လက်ခံခြင်း ဖြစ်နိုင် သည်ဟု DKBA နှင့် နီးစပ်သူများက ပြောသည်။

စစ်အစိုးရက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို သဘောတူထားသော အမှတ် (၉၉၉) တပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ ကို သြဂုတ်လ ၅ ရက်နေ့တွင် မော်လမြိုင်သို့ အရောက်လာရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) မှ ဆင့်ခေါ်ထားသည်ဟုလည်း သိရသည်။

“ကိုးသုံးလုံးက ဗိုလ်စောချစ်သူရယ်၊ ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ် အခြေစိုက် စစ်အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(၈)က ဗိုလ်မှူးချုပ် သိန်းစိုးရယ်ကို တိုင်းစစ်ဌာနချုပ်က စာရွက်စာတမ်း အစုံအလင်ယူပြီး မနက်ဖြန် ရတခ ကို အရောက် လာဖို့ ညွှန်ကြားထားတယ်၊ နယ်ခြားစောင့်အတွက် အပြီးသတ် ဆွေးနွေးမယ့် သဘောပေါ့၊ ပြီးတော့ အဲဒီ အစည်း အဝေးမှာ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ငြင်းတဲ့ ဗိုလ်နှုတ်ခမ်းမွေး တပ်ကိုလည်း တိုက်ဖို့ ဖိအားပေး နိုင်တယ်”ဟု DKBA တာဝန်ရှိသူ တဦးက ပြောသည်။

DKBA တပ်ဖွဲ့ဝင်တချို့သည် KNU ထံသို့ ယခုရက်အတွင်း လာရောက် လက်နက်ချ ပူးပေါင်းကြကြောင်း KNU အရာရှိ တဦးက ပြောဆိုသည်။

“DKBA အမှတ် (၉၀၂) တပ်က တပ်သား ၇ ယောက် စစ်လက်နက် အပြည့်အစုံနဲ့ KNU တပ်မဟာ (၆) တပ်ရင်း (၁၈) မှာ သြဂုတ်လ ၃ ရက်နေ့က လာရောက်လက်နက်ချတယ်”ဟု တပ်မဟာ (၆) ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး ဖဒို စောထဲနေ က ပြောသည်။ မည်သည့် လက်နက်များ ယူဆောင်လာသည်ကို အတိအကျ မပြောနိုင်သေးဟု ၎င်းက ဆိုသည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင်ခဲ့သည်။

ယခုချိန်အထိ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDA-K)၊ ကယားပြည်နယ် အထူးဒေသ(၂) (ကလလတ)၊ ကိုးကန့် အထူးဒေသ(၁) တို့သာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့သည်။

DKBA အတွင်း နအဖ၏ ဖိအားပေးမှုကြောင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံသူနှင့် လက်မခံသူဟူ၍ နှစ်ခြမ်းကွဲခဲ့ သည်။ DKBA တပ်မဟာ (၅) မှ ဗိုလ်မှူးကြီး  နှုတ်ခမ်းမွေး ခေါင်းဆောင်သော တပ်က နယ်ခြားစောင့်တပ်ဖွဲ့ရန် အပြင်းအထန် ဆန့်ကျင်ခဲ့သည်။ ဗိုလ်မှူးကြီး စောချစ်သူတို့ အဖွဲ့ကမူ နယ်ခြားစောင့်တပ်ဖွဲ့ရန် သဘောတူကြောင်း သိရသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆန်နေကြသည့် အပစ်ရပ်အဖွဲ့များမှာ 'ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ SSA – N မှ တပ်မဟာ (၁) နှင့် ရှမ်းပြည်နယ် အခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) တို့ ဖြစ်ကြသည်။

၁၉၈၉ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။
Comments (7)Add Comment
0
ဟုတ်ပါ.
written by naingnaing, August 06, 2010
လက်နက်ကြီး တစ် ကားကားနဲ. ရုရှင်တွေထဲကလို ဇတ်ကြမ်း မင်းသား တွေများ ထင်နေလားမသိဘူး DKBA တွေက
တပ်မတော်မှာ တောင် လိုအပ်မှ လက်နက် ထုတ်တာ။ သူတိုက ဘာမို. လို.လည်း။ အကုန် အပ်ရမှာပဲ။ ဒါ အကော င်းဆုံးပဲ
0
မတရားဘူး မမျှတဘူး
written by ခခ, August 06, 2010
အနစ် ၆၀ ကရင်နှင့် တိုင်းရင်းသားတွေ ဆင်နွဲလာတဲ့ တော်လှန်ရေး ဟာ ဒီနေရာမှာ ခရီ; မဆုံးသင့်ပေ တန်;တူရေး ကိုယ်ပိုင် ပြထန်ခွင့် ဆိုတဲ့ ရွယ်မှန်ချက် မရောက်ေ သးပါဘူး

BDF ကိစ္စဟာ မတရား ဘူး မမျှတဘူး ဆက်ပြီး တော်လှန်တာ အကောင်းဆုံးပါ
0
တရားပါတယ်။
written by MonkeyBusiness, August 05, 2010
စစ်တပ်ရဲ့ လက်အောက်ခံ ဖြစ်ရင်တော့ စစ်တပ်လိုပဲ နေရမှာပါပဲ။ သူတို့ရဲ့ လုပ်ပိုင်ခွင့် လွပ်လပ်ခွင့်ေ တွကို ထိန်းချုပ်လိုက်တယ်ဆိုတာကိုတော့ ရီမိပါတယ်။ သေနပ်ြ ကီးတွေ တကား ကားနဲ့ သူတို့က အပြင်မှာ ဘာတွေ လုပ်ပိုင်ခွင့် နေချင်လို့လဲ မသိပါ။

ခပ်ရိုင်းရို င်းပြောရရင် ဘယ်သူပုန်မှ စစ်တပ်လောက် စည်းကမ်း မကောင်းပါ။ မငြင်းပါနဲ့။ စစ်တပ်က စည်းကမ်း ကောင်းလို့လဲ ဒီလောက် ကြာကြာ ခံနေတာပါ။

မျှမျှ တတ တွေးကြ ည့်ရအောင်။
0
ရေအလိုက်လွဲသူများ
written by စည်သူ, August 05, 2010
မြန်မာ စစ်အစိုးရကတော့ ဖက်စစ် ဂျပန် စစ်နစ်ကို အတုယူ လုပ်ကိုက်ေ နတာများလားဗျာ၊ အခု ဂျပန်နို င်ငံလို စီးပွားရေးတွေ ကောင်းအောင်တော့ မလိုက်သေးပါလားဗျာ။

0
မရှင်းတာလေး မေးပါရစေ။
written by Tuumar, August 04, 2010
မရှင်းတာလေး မေးပါရစေ။ ထူတယ် ထင်လည်း ထင်ပါ။
စစ်သား၊ လက်နက်ကိုင် အဖွဲ့ လက်နက်လည်း မကိုင်ရ၊ ဝတ်စုံလည်း မဝတ်ရဆိုယင် ဘာလို့ လက်နက်ကိုင်အဖွဲ့၊ စစ်တပ် နာမည် ခံသေးလဲ။
အရပ်သားနဲ့ ဘာထူးတော့သလဲ။
0
မျိုလာနေပြီ
written by Thazin Pyu, August 04, 2010
ကဲ တွေ့ကြပြီ- -ခုတော့ ဒီကေဘီအေ ကို နအဖ စ” မျိုလာတာ တဖြည်းဖြည်း လည်ပင်း ရောက်လာပြီ- -ပြီးရင်- -တစ်ကိုယ်လုံး မျိုပြီးလို့ အစာကြေပြီ ဆိုတဲ့ တစ်နေ့ ပြန် စွန့်ထုတ်လိမ့်မယ်
0
စည်းမျဉ်း၊စည်းကမ်း တန်းတူညီမျှ မှသည်..ဥပဒေ စိုးမိုးမည်။
written by မျိုးလွင်, August 04, 2010
အပစ်ရပ် တွေကို တပ်ပြင် ထွက်ရင် လက်နက် မကိုင်ခိုင်း ယူနီဖောင်း မဝတ်ခိုင်းသလို နအဖ တပ်သား အကြပ်၊ဗိုလ်ပါတွေကိုလည်း ဒီလို တန်းတူ ကန့်သတ် သင့်တယ်။ ပြီးတော့ စစ်သား တပ်ပြင်မှာ ရာဇဝတ်မှု ကျူးလွန်ရ င်လည်း အရပ်သားနှင့် တန်းတူ ဥပဒေ ဘောင်တွင်းက အပြစ်ဒါဏ် ခံသင့်တယ်။ တပ်ထိန်းက ခေါ်သွားပြီး တပ်ရင်းမှူး သဘော ဖြစ်သလို အပြစ်ပေးတာမျိုး မလုပ်သင့်။ စစ်သားတွေ တပ်ပြင်ထွက် ရာဇဝတ်မှု ကျူးလွန် နေတာတွေကို စစ်တပ်က ဝိုင်းဝန်း ထိန်းသိမ်း ဖို့တာဝ န်ရှိသည်။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်