စစ်တွေရှိ မိဘမဲ့ ကလေးများ ဝေးလံသည့်ဒေသ အပို့ခံရ

E-mail Print
ရခိုင်ပြည်နယ် စစ်တွေမြို့ အာကျိတ် တောင်ကုန်း၊ မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျေင်းတိုက်မှ မိဘမဲ့ကလေး တရာနီးပါးကို စစ်အစိုးရ အာဏာပိုင်များက အကြောင်းပြချက် တစုံတရာ မပေးဘဲ မကွေးတိုင်းနှင့် မန္တလေး ဒေသများသို့ ယနေ့ နံနက်ပိုင်း တွင် ခေါ်ဆောင် သွားကြောင်း စစ်တွေ ဒေသခံများ ထံမှ စုံစမ်းသိရှိရသည်။

“ဒီနေ့မနက် ၈ နာရီလောက်မှာ ကလေးတွေကို ဟိုင်းဝေးကားကြီးတွေနဲ့ခေါ်သွားပါတယ် ၊ ကလေးတွေက ဘာမသိ ညာမသိနဲ့ ပါသွားတာပါ၊ နည်းနည်းကြီးနေပြီဖြစ်တဲ့ ကလေးတွေရဲ့မျက်နှာတွေက လုံးဝစိတ်ထိခိုက်နေကြတဲ့ပုံပါ”ဟု ဒေသခံ မျက်မြင် တဦးက ဧရာဝတီသို့ ပြောသည်။

ထိုကလေးများအား ဒေသဆိုင်ရာ အာဏာပိုင်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စစ်တွေမြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အဖွဲ့၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့၊ကြက်ခြေနီ၊ မီးသတ် စသည့် အဖွဲ့ အစည်းများက ဦးဆောင်၍ စစ်တွေမြို့မှ ကြံတိုင်းအောင်၊ တိုးရတနာ စသည့် ဟိုင်းဝေး ကားကြီးများဖြင့် တင်ဆောင် ၍ ခေါ်ဆောင်သွားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဌာနနှင့် နီးစပ်သူတဦးက ပြောသည်။

“ကျနော်သိတာတော့ ငါးနှစ်အောက် ကလေး ၃၈ ယောက်ကို မကွေးတိုင်း၊ မင်းဘူးပို့မယ်၊ ငါးနှစ် အထက် ၃၂ ယောက်ကို မန္တလေးကိုပို့မယ်၊ ကျန်တဲ့ကလေး တွေကိုတော့ ဆေးရုံကြီးမှာထားတယ်လို့ သိရတယ်၊ ဒီကလေးတွေကို တော့ ဘယ်ကိုပို့မယ်ဆိုတာ မသိရသေးပါဘူး”ဟု လူမှုဝန်ထမ်းဌာနနှင့် နီးစပ်သူက ရှင်းပြသည်။

အဆိုပါ ကလေးများသည် ဇူလိုင်လ၂၇ ရက်နေ့တွင် အဖမ်းခံခဲ့ရသော မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်မှ ဆရာတော် ရမ္မာဝတီ အရှင်ပညာစာရ ၏ ကျောင်းတိုက်မှ မိဘမဲ့ ကလေးငယ်များဖြစ်သည်။

ဆရာတော် အရှင်ပညာစာရသည် စွပ်စွဲချက် အမျိုးမျိုးနှင့် အာဏာပိုင်များက အသင့်ရေးပြီး ယူဆောင်လာသော စာရွက် စာတမ်းများကိုဖတ်ပြပြီး ပြည်နယ်ရဲမှူးကြီး ကိုယ်တိုင် လာရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဆရာတော်အား ဖမ်းဆီးသွားသည့် အပြင် ကျောင်းတိုက်ရှိ ရခိုင် ရှေးဟောင်းဘုရားများ၊ စာရွက်စာတမ်းများ၊ ရှေးဟောင်း ရွှေဒင်္ဂါးများ၊ ငွေဒင်္ဂါးများ၊ ပေစာ၊ ပုရပိုက်စာများ၊ ရှေးဟောင်း ရခိုင် ယဉ်ကျေးမှု အမွေ အနှစ်များ စသည့် ပစ္စည်းများကိုပါ အာဏာပိုင်များက ယူဆောင်သွားကြကြောင်း ကျောင်းတိုက်နှင့် နီးစပ်သူများက ပြောဆိုသည်။

ယခုအခါ ဆရာတော် အရှင်ပညာစာရ ကို စစ်တွေမြို့ အမှတ် ၁ ရဲစခန်းတွင် လူဝတ်လဲချုပ်နှောင်ထားပြီး ဆုံးဖြတ်ချက် အမိန့် တစုံတရာ ထုတ်ပြန်ပေးခြင်း မရှိသေးကြောင်း ဆရာတော် ၏ တပည့်တဦးက ဧရာဝတီကိုပြောသည်။

လူဝတ်လဲခြင်းနှင့် ပတ်သက်၍ ၀ိနည်းတော်နှင့်အညီ ဆောင်ရွက်ခြင်း မဟုတ်သည့်အတွက် စစ်တွေမြို့မှဆရာတော်၊ သံဃာ တော် အများစုမှာ မကျေနပ်ကြကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

“အရှင်ပညာစာရကို လူဝတ်လဲတာဟာ ၀ိနည်းတော်အညီ ဆောင်ရွက်တာ မဟုတ်ဘူး၊ အာဏာပိုင်တွေက အသင့် ရေးယူလာတဲ့ စာရွက်ပါ အမိန့်အရ လူဝတ်လဲတာပါ၊ စစ်ဆေးတဲ့ အခါလည်း ၀ိနည်းတော်အရ မဟုတ်ဘဲ ဥပဒေ အရ စစ်ဆေးတာပဲ ဖြစ်တယ်”ဟု ရခိုင်ပြည်နယ် သံဃ မဟာ နာယက ဥက္ကဌ ဓမ္မသုခ ကျောင်းဆရာတော် ဦးသောမ က မိန့်ကြားကြောင်း နိရဉ္စရာ သတင်းတွင် ဖော်ပြထားသည်။

ဆရာတော် အရှင် ပညာစာရဧ။် ကျောင်းတိုက်တွင် မိဘမဲ့ကလေး တရာဝန်းကျင်နှင့် ကလေးများအား စာသင်ပေးသူ၊ တပည့် ဒကာ စုစုပေါင်း တရာကျော်ရှိကြောင်း၊ ကလေးများ၏ စားဝတ်နေရေး ၊ ပညာသင်စရိတ်များကို ဆရာတော်နှင့်တကွ ဒေသခံ ရပ်မိရပ်ဘ များ၊ တပည့်ဒကာ များက ကူညီထောက်ပံ့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စစ်တွေမြို့မှ အငြိမ်းစား ပညာရေး ၀န်ထမ်း တဦးက ပြောသည်။

ယခု ခေါ်ဆောင်သွားသည့် ကလေးများကို ဒေသခံ မြို့မိမြို့ဘများက မိမိတို့ဒေသ၌ပင် ကျွေးမွေးစောင့်ရှောက် ထားနိုင်ရေး အတွက် အရေးပေါ် ကော်မတီ တရပ်ဖွဲ့၍ အာဏာပိုင်များထံတင်ပြတောင်းဆိုခဲ့သော်လည်း လျစ်လျူရှုခြင်းကိုသာ ခံခဲ့ရ ကြောင်း၊ ဆရာတော်အားဖမ်းဆီး၍ ကျောင်းတိုက်ကိုပါ ချိတ်ပိတ်လိုက်သော်လည်း ကလေးများကို တခြားသော ကျောင်းတိုက် များ သို့မဟုတ် တခြားသော မိမိဒေသနေရာများတွင်သာ ထားရန်ဖြစ်ကြောင်း၊ အပြစ်မရှိသည့် ကလေးများအပေါ် အာဏာ
ပိုင်များအနေဖြင့် ယခုကဲ့သို့ ဝေးလံသည့် ဒေသများကို ပို့ဆောင်လိုက်ခြင်းမှာ ရည်ရွယ်ချက်တခုခုကြောင့်သာ ဖြစ်နိုင်ကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။

“ဒေသခံပြည်သူတွေ အားလုံးက ဒီကလေးတွေကို ကိုယ့်ဒေသမှာပဲ ထားစေချင်ကြတယ်၊ ထားနိုင်ဖို့အတွက်လည်း အမျိုးမျိုး ကြိုးစား လုပ်ဆောင်ခဲ့ကြ ပါတယ်၊ အာဏာပိုင်တွေ အဆက်ဆက်ကိုလည်း တင်ပြတောင်းဆိုခဲ့ကြပါတယ်၊ ဒါပေမယ့် အရာ မရောက်ခဲ့ ပါဘူး၊ ဘာကြောင့် ဒီကလေးတွေကို ခေါ်ယူရတာလဲ ဆိုတာကိုလည်း အသေချာ ရှင်းမပြပါဘူး”ဟုလည်း ၎င်းကဆိုသည်။

ကလေးများအား အဝေးသို့ ပို့ဆောင်ခြင်း၊ ဆရာတော်အား ဖမ်းဆီးခြင်းတို့ကို ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက မြို့မိမြို့ဘများကို သြဂုတ်လ ၄ ရက်နေ့တွင် စစ်တွေမြို့၌ ခေါ်ယူရှင်းလင်းခဲ့သော်လည်း ကလေးများ ပြောင်းရွှေ့ရေးကိုမူ သေချာစွာ မရှင်းလင်းခဲ့ကြောင်း အခမ်းအနားတက်ရောက်ခဲ့သူ တဦးက ပြောသည်။

အာဏာပိုင်များ ခေါ်ဆောင်သွားသည့် မိဘမဲ့ကလေးများအားလုံး မိမိ ဒေသသို့ ပြန်လည်ရောက်ရှိရေး အတွက် တာဝန်ရှိသူ အဆင့်ဆင့်ထံသို့ တင်ပြတောင်းဆိုသွားမည်ဟု ဒေသခံများကလည်း ပြောဆိုသည်။

အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်၍ မေးမြန်းရန် အတွက် ဧရာဝတီက စစ်တွေ အာဏာပိုင်များနှင့် လူမှုဝန်ထမ်း ဌာန များသို့ ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားမှု မပြုခဲ့ပါ။
Comments (5)Add Comment
0
Force the children to be military
written by Ko Ko, August 07, 2010
I think the military government has the plan to put the children in the military
0

written by HTOo, August 06, 2010
Feeling so sad with very poor Human-Rights. More and more compression and sufferings from the iron heels of Military linked regiems is coming ahead. Be aware of the red signals and century old sufferings in history & in our life time. Let's try to end the compression with the power of unity among us (Arakanese/Rakhine in soliderity with nationals in Union of MM).
0
မိဘမဲ့ ကလေးတွေပါ
written by winzaw, August 06, 2010
လူတွေကို ပြည်သူပိုင် သိမ်းရတယ် လို့ ဘယ်လိုများ အတွေး ရပါလိမ့်နော်
0
...
written by DNOW88, August 06, 2010
တိုင်းရင်းသားချင်း လူမျိုးစု အချင်းချင်း ရန်တိုက်ေ ပးနေတာပါ .. ဒါမှ သူတို့ဘက်ကို အာရုံ မလှည့်နှိုင်မှာ ..စစ် အစိုးရရဲ့ လှည့်ကွက် ထဲကို မဝင်ကြပါနဲ့ .. ဒါဟာ အိမ်ကြက်ကို အိုးမဲ သုတ်တဲ့ အစီ အစဉ်ပါ ပြီးမှ အချင်းချင်း ခွပ်ခိုင်းဖို့ ကြံနေတာပါ .. သတိ ရှိကြပါ .. ပြည်သူ အချင်းချင်း စည်းလုံးကြပါ .. ။
0
လယ်ပြင်ကဆင်
written by Thazin Pyu, August 06, 2010
ဒီ ကလေးတွေကို ဒီလို နယ်နှင် အပြစ်ပေးတာ ဘာကြောင့်လဲ-ဒေသခံတွေက ဒီလောက် မေတ္တာရ ပ်ခံနေ တဲ့ကြားက ဒီလို နယ်ဝေးကိုပို့ တယ် ဆိုတာ ဘယ်လို အဓိပ္ပါယ်လဲ။ ဒါကို သိချင်ရင် ဗမာပြည်ဘက်က အခြေ အနေမဲ့တွေ ကို ထောက်ပံ့ြေ ကးတွေပေး ရခိုင်ဘက် ပို့ပြီး စံပြ ကျေးရွာတွေ ထူထောင် ပေးနေ တာတွေနဲ့ ဆက်စပ်ြ ကည့်ရင် သိနိုင် ပါတယ်။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်