ရွေးကောက်ပွဲ ကော်မရှင် ဆောင်ရွက်ချက်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ကြိုးပမ်းလာမှု၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် မြန်မာ့ နိုင်ငံရေးတွင် ပါဝင်ခွင့်ရရှိရေး၊ နိုင်ငံရေး အင်အားစုများကို လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့် ပြုရေးနှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်များ မရှိသည့် အတွက်ကြောင့် နုတ်ထွက်ရခြင်း ဖြစ်ကြောင်း ယနေ့ ရက်စွဲဖြင့် ထုတ်ပြန် ထားသော ကြေညာချက်တွင် ဖော်ပြထားသည်။ ဦးဖြိုးမင်းသိန်းသည် မှတ်ပုံ တင်ခွင့်ပြုချက် ရရှိထားပြီးသော နိုင်ငံရေးပါတီ ၄၀ ထဲမှ ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတခြင်း ရှိမည် မဟုတ်သော ကြောင့်ဟု ဝေဖန်ပြီး ပါတီ၏ ဥက္ကဌ ရာထူးမှ ပထမဆုံး နုတ်ထွက်သူ ဖြစ်သည်။ ယင်းသို့ ပါတီမှ နုတ်ထွက် သွားမည်ဖြစ်သော်လည်း ပါတီ အနေဖြင့် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း သိရသည်။
“ရွေးကောက်ပွဲ အပေါ်မှာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆိုရင် နိုင်ငံတကာ အနေနဲ့ အခုအနေထားနဲ့တော့ ပိုပြီး တိုးမြှင့် ဆောင်ရွက်သင့်တယ်လို့ ထင်တယ်၊ အခုဆောင်ရွက်မှုလောက်နဲ့တော့ ဒီရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတတဲ့ ရွေး ကောက်ပွဲ အဖြစ် ပုံပေါ်လာမှာ မဟုတ်ဘူး”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
ဦးဖြိုးမင်းသိန်းသည် ၁၉၈၈ လူထုအုံကြွမှုတွင် ပါဝင်ခဲ့သည့်အတွက် ၁၉၉၀ ခုနှစ်တွင် စစ်အစိုးရ၏ ဖမ်းဆီးခြင်းကို ခံရပြီး ၂၀၀၅ ခုနှစ်တွင် ပြည်လည် လွတ်မြောက်လာခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည်။
စစ်အစိုးရက ယခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ပြောဆိုနေသော်လည်း နေ့ရက် အတိအကျကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၆ ခုတို့က နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက် လက် တည်ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၄၀ ကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်း ပါတီများအနက် ယနေ့အထိ ပါတီဝင် အင်အားစာရင်း တင်ပြပြီးသည့် ပါတီမှာ ၁၁ ပါတီ ရှိပြီဖြစ်ကြောင်း သိရသည်။
Set as favorite
Bookmark
Email this
Hits: 5608
Comments (17)

written by DNOW88, August 06, 2010
ကောင်းပါတ ယ်ဗျာ လက်မတင်လေး အမြင်မှန် ရသွားလို့ .. အမှန်ကို မြင်မှလည်း အမြင်မှန် ရမှာကိုးဗျ .. ဒါပေမယ့် အမှန်ကို မြင်ပြီး အမြင်မမှန်သေးတဲ့ သူတွေ ကျန်နေသေးတယ် .. သူတိုကို စောင့်ကြည့် ရဦးမယ် ဘာအသံတွေ ကြား ရမလဲလို့ ...
written by Min Naing Kyaw, August 06, 2010
သိပ်ကောင်းတဲ့ သိပ်မှန်တဲ့ လုပ်ဆော င်ချက်ပါ ..
ပြင်းထန်ပြီး ထိရောက် စေမဲ့ ရိုက်ချက်ေ ကာင်းလေးပါ ...
စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး အမြန်ဆုံး ပေါ်ထွန်းပါစေ ....
ပြင်းထန်ပြီး ထိရောက် စေမဲ့ ရိုက်ချက်ေ ကာင်းလေးပါ ...
စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး အမြန်ဆုံး ပေါ်ထွန်းပါစေ ....
written by jojo, August 06, 2010
လောလောဆ ယ် ကြံဖွံ့ပါတီကို အတိုက် အခံ လုပ်မယ့်သူ မရှိတော့လို့ အခုေ လာက်ဆို ဥိးသိန်းစိန် ပြုံးေ နလောက်ပြီ။
written by သုခ, August 06, 2010
ကျန်တဲ့လူတွေ၊ ပါတီတွေ ရွေးကောက်ပွဲကို သပိတ် မှောက်လိုက်ရင်လည်း နအဖ က ရွေးကော က်ပွဲကို ဇွတ် ဆက်လုပ်ဦးမှာပါ။ သူတို့ကတော့ ကြံ့ဖွံ့ အတွက် ပြိုင်ဘက် နည်းလေ ကောင်းလေလို့များ တွက်မလား မသိဘူး။ တစ်ယောက်တည်း ပြေးတဲ့ပွဲ ကျင်းပပြီး အရှက်မရှိစွာနဲ့ အနိုင်ရ ပါတီ ဆိုပြီး အာဏာကို ဆက်ယူဦးမှာပါ။ ဒါပေမဲ့ သူတို့ ရွေးကောက်ပွဲ လုပ်တာ ထောက်ခံပါတယ် ဆိုနေတဲ့ အာဆီယံတို့၊ တရုတ် တို့တော့ ထောက်ခံရ အခက်၊ ရှုတ်ချရ အခက်တော့ ဖြစ်သွားမှာပေါ့။ ကျန်တဲ့ ရွေးကောက်ပွဲ ၀င်မယ့်လူတွေ ပါတီတွေ အနေနဲ့ တစ်ခု မမေ့ဖို့က နအဖသည် သူတို့ပါတီ မနိုင်ရင်လည်း နိုင်အောင်၊ နိုင်ရင်လည်း နိုင်အောင် အကြမ်းနည်း၊ အနုနည်း အစုံသုံးမယ် ဆိုတာပါပဲ။ ဦးဖြိုးမင်းသိန်းနဲ့ ဘီဘီစီ အင်တာဗျူး အရ သိရတာ တစ်ခုက ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ မနိုင်ရင် စစ်တပ်က အာဏြာ ပန်သိမ်းမယ် လို့ကို UFL မှာ ကျောင်းသားတွေကို နအဖ အဖွဲ့ဝင် တစ်ယောက်က ပြောသွားတယ် ဆိုပဲ။
written by hugebear, August 06, 2010
ဦးဖြိုးမ င်းသိန်းက ပါတီ ဥက္ကဌ ရာထူးကနေ နုတ်ထွ က်တာလား
ပါတီ ကတော့ ဆက်ရှိနေပြီး ရွေးကောက်ပွဲ ၀င်မယ် ဆိုတဲ့ သဘောလား..
ပိုပြီးပြည့်စုံ ရှင်းလင်းအောင် ဖော်ပြယင် ကောင်းမယ် ထင်ပါတယ်...
တကယ်တော့ ဦးဖြိုးမ င်းသိန်းက ပါတီဥက္ကဌ အနေနဲ့ ဆ က်ရှိနေပြီး ပါတီ ၀င် တွေကို..... ၁)နိုင်ငံရေးပါတီအဖြစ်ဆက်ရပ်တည်မယ် (နိုင်ငံရေးလုပ်ရန်)၊
၂)ေရြးေ ကာက္ပြဲေ တာ့မ၀င်ဘူး (တရား မျှတမှု မရှိဘူး ထင်လို့)....
အဲဒီလို မူတွေကို ချပြပြီး ပါတီ တစ်ခုလုံး ရွေးကောက်ပွဲ မ၀င်ဘူး ဆိုတဲ့ ကြေငြာချက်မျိုး ထုတ်မယ် ဆိုယင် ပိုကောင်းမယ် ထင်ပါတယ်...

written by Myo Chit Mg, August 06, 2010
တကယ်လို့  ကိုဖြိုးမင်း သိန်းလို ဘဲ အကုန်လုံး ရွေးကောက်ပွဲ မ၀င်တော့ ဘူး ဆိုရင်တော့ နအဖ တော့ ရုးပြီ.... သိပ် ကောင်းတဲ့ လုပ်ဆောင်ချက်ဘဲ ကိုဖြိုးမ င်းသိန်းရေ .... ..........
written by ကိုထူး, August 06, 2010
ကိုဖြိုးမင်းသိန်း
အခု လုပ်ရပ်ကို အပြည်.အဝ ထောက်ခံပါတယ်။ ဒါပေမယ်. ကိုဖြိုးမင်းသိန်း တစ်ယောက်တည်း ဘာလို. ထွက်လိုက်တာလဲ။ ဖြစ်သင်.တာ က တစ်ပါတီလုံး ရွေးကောက်ပွဲက ထွက်လိုက်ရမှာ။
တစ်ပါတီလုံး ထွက်လို က်လို.ကတော. စစ်အစိုးရ အတော်တော် အောင်.သွားမယ်။
ကျွန်တော် အကြံပေး ချင်တာက ကျန်ပါတီေ တွကိုပါ စည်းရုံးပြီးတော. ရွေးကောက်ပွဲ နီးမှ အားလုံး ရွေးကော က်ပွဲက ထွက်လိုက်လို.ကတော. သိပ်ကို ကြည်.ေ ကာင်းသွားမယ်။

written by War, August 06, 2010
အခုလို ဆုံးဖြတ်လိုက်တာဟာ တိုင်းပြည်နဲ့ လူမျိုး အတွက် လုပ်သင့် လုပ်ထို က်တာကို လုပ်လိုက်ခြ င်းတစ်မျိုြး ဖစ်တာ ကြောင့် ဂုဏ်ယူပါတယ်၊၊ မတရားတာကို တရားတယ် ဆိုပြီး ယုတ်န ည်းမျိုးစုံ သုံးပြီး ညစ်တဲ့ပွဲမှာ ၀င်မပြိုင်တာဟာ ကိုယ့်သိ က်ခါကို ကိုယ် စောင့်ရှောက်ြ ခင်းတစ်မျိုးပါဘဲ၊၊ ဆက်လက်ပြီး ပြည်သူ့ ဘက်က ရပ်တည်ပြီး တိုက်ပွဲ ၀င်နိုင် ပါစေလို့ ၊၊
လေးစား ဂုဏ်ယူစွာဖြင့်
ပြည်သူ တစ်ဦး
လေးစား ဂုဏ်ယူစွာဖြင့်
ပြည်သူ တစ်ဦး
written by နေလင်း, August 06, 2010
အော် ခက်ပေသားကလား ။ အစ ကထည်းက အဲလို အဆင်တွေနဲ့ နှစ် ၂၀ ကြာလာ တာကို ခုအထိ ကျားလား ဆင်လား ယုန်လား မသိသေးဘဲ ၀င်ခဲ့ ပြီးတော့ . . . ဆိုးလိုက်တာ . . .
ဘာပဲ ပြောပြော လမ်းဆုံး မရောက်ခင် လှဲ့ထွ က်လာလို့ အားပေးပါတယ် ။ နောက် ဆက် မမှားနဲ့ေ တာ့ပေါ့ဗျာ . .
ဘာပဲ ပြောပြော လမ်းဆုံး မရောက်ခင် လှဲ့ထွ က်လာလို့ အားပေးပါတယ် ။ နောက် ဆက် မမှားနဲ့ေ တာ့ပေါ့ဗျာ . .
written by တောင်ပေါ်သား, August 06, 2010
ဦးဖြိုးမင်းသိန်းရေ... သတိထားနေတော့ဗျို့...
အခုေ လာက်ဆို ခင်ဗျားကို ဖမ်းဖို့ ပုဒ်မတွေ ပုဒ်ထီးတွေ ပုဒ်ကေ လးတွေကို စာရွတ်နဲ့ ချရေးေ န လောက်ဘီ..
ဒါရိုက်တာကြီး တင်သန်းဦးကိုတောင် ဖမ်းဖို့ ဇာတ်လမ်း ရေးခိုင်း နေလောက်ဘီ
သူတို့ ဇာတ်မှာ မကဘဲ တ၀က်နဲ့ ထွက်သွား တယ်ဆိုရင် အညှိုးကြီးတယ်နော
အစစ အရာရာ သတိထားနေပါဗျာ
ကံကောင်းပါစေ

written by mee mee, August 06, 2010
အဲဒါကြောင့် ပြောပါတယ်။ ဒင်းတို့ ဘယိ တုံးက များ အမိ မြန်မာ ပြည် ကို ကောင်းအောင် လုပ်ဘူးလဲ။ ဒင်းတို့ အဖေကြီး ဥိးနေဝင်း က လဲ အဲဒီ အချိုး နဲ့ ၂၆နှစ်၊ အခု ဒင်းတို့လဲ ၅၂ နှစ် အုပ်ချုပ် ချင်နေတာ။
ကောင်းတယ် မဝင်နဲ့။
ကောင်းတယ် မဝင်နဲ့။
written by အာကာထက်, August 05, 2010
ရှစ်လေးလုံး စိတ်ဓါတ် အပြည့်နဲ့ အခုလို ဆုံးဖြတ် လိုက်တဲ့ အတွက် လေးစားပါတယ် ကိုဖြိုးမင်းသိန်း။ မတရားမှန်း သိသိနဲ့ ၀င်ပါနေမယ် ဆိုရင် ဖြစ်လာတဲ့ အကျိုးဆက်တွေဟာ ကာယကံရှင်ရဲ့ အပြစ် သာလျှင် ဖြစ်ပါလိမ့်မယ်။
written by မောင်ဘစိန်, August 05, 2010
ကိုဖြိုးမင်းသိန်း Congratulations!
ကိုဖြိုးမင်းသိန်း လုပ်ရပ်ဟာ အကောင်းဆုံး နည်းလမ်းပဲ။ တခြား ပါတီဝင်မဲ့ သူတွေလဲ ကိုဖြိုးမင်းသိန်းလို ရဲရဲ ၀ံ့ဝံ့ လုပ်၍ ပြောရဲရမယ်။ မှားမယ်မှန်း သိလျက် ဇွတ်တိုးနေတဲ့သူတွေကတော့ (ဇွတ်ထော က်ခံနေသူတွေ၊ ဆိုးတာကို ကောင်းပါတ ယ်လို့ ပြောနေတဲ့သူတွေ) ပြည်သူက ဒဏ်ခ တ်လိမ့်မယ်။
ကိုဖြိုးမင်း သိန်းရဲ့ နိုင်ငံရေးကိုတော့ လေးစား တယ်ဗျို့။

Write comment
| < Prev | Next > |
|---|