ရွေးကောက်ပွဲနီးလေ သတင်းဂျာနယ်များကို ပိုနှိပ်ကွပ်လေ

E-mail Print
စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမည့် အချိန် နီးကပ် လာသည်နှင့် အမျှ ပြည်တွင်း သတင်း မီဒီယာများ အပေါ် တင်းကျပ်စွာ ဖိနှိပ်၍ သတင်းများကို ပိုမို စိစစ်ဖြတ်တောက် လာကြောင်း သိရသည်။

myanmar1နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပမည်ဟု  တရားဝင်ကြေညာပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို သြဂုတ်လ ၁၆ ရက်နေ့မှစ၍ ၃၀ ရက်နေ့ နောက်ဆုံးထား တင်သွင်းကြရန် ညွှန်ကြားချက် ထုတ်ပြန် လိုက်သည့်အတွက် နိုင်ငံရေးပါတီများ မကျေနပ်ကြကြောင်း၊ ထိုသို့ မကျေနပ်ချက်များကို နိုင်ငံရေး ပါတီများက ပြည်တွင်းသတင်း မီဒီယာများထံ ဖြေကြားကြသော်လည်း စာပေစိစစ်ရေးကဖော်ပြခွင့်မပြုဘဲ ပိတ်ပင်လိုက်ကြောင်း  သိရသည်။

“ရွေးကောက်ပွဲ ကျင်းပမယ့်ရက်နဲ့ လွှတ်တော်အမတ်လောင်း တင်သွင်းရမယ့်ရက် ထုတ်ဖော်ကြေညာတာနဲ့ ပတ်သက်လို့  အပြုသဘောဆောင် ကြိုဆိုတာတွေ ကိုပဲ ဖော်ပြခွင့်ပြုတယ်။ ဝေဖန်တာတို့၊ မကျေနပ်တာတို့လို အနုတ်လက္ခဏာ ဆောင်တဲ့ အမြင်တွေ လုံးဝဖော်ပြခွင့် မပြုဘူး” ဟု ရန်ကုန်အခြေစိုက် အမှုဆောင်အယ်ဒီတာတဦးက ပြောသည်။

ယခု လကုန်ပိုင်းအတွင်း လွှတ်တော်အမတ်လောင်း ကိုယ်စားလှယ်စာရင်း တင်သွင်းခိုင်းသည့် အတွက် နိုင်ငံရေးပါတီ အများစု အဆင်သင့်မဖြစ်သေးဘဲ ပါတီဖျက်သိမ်း ခံရနိုင်သည်အထိ အခက်အခဲများကြုံတွေ့ နေရသည်ဟု သိရှိရသည်။

“ပါတီဝင်အင်အား တင်ပြဖို့လုပ်နေတယ်။ အမတ်လောင်းစာရင်းအတွက်လည်း ဘာမှ မပြင်ဆင်ရသေးဘူး။ ပါတီ ဖျက်သိမ်းမခံရဖို့ အနည်းဆုံး မဲဆန္ဒနယ်သုံးခု ပြိုင်နိုင်အောင် လုပ်နေပါတယ်” ဟု နိုင်ငံရေးပါတီတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေတွင် ပါတီမှတ်ပုံတင်ခွင့်ရပြီး ရက်ပေါင်း ၉၀ အတွင်း သတ်မှတ် ပါတီဝင်အင်အား တင်ပြခြင်းမရှိလျှင်လည်းကောင်း၊ အနည်းဆုံး မဲဆန္ဒနယ်သုံးခုတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုလျှင်လည်းကောင်း ပါတီကို ဖျက်သိမ်းခံရ မည်ဟု တရားဝင်ပြဋ္ဌာန်းထားသည်။

နိုင်ငံရေးပါတီများ လွှတ်တော်အမတ် ကိုယ်စားလောင်းစာရင်း တင်သွင်းရန်နှင့် ပါတီဝင်အင်အား ပြည့်မီရေးအတွက် ဆောင်ရွက်နိုင်ရန် ရန်ပုံငွေ အလွန် လိုအပ်နေသောကြောင့် ပြည်တွင်း သတင်းမီဒီယာ များမှတဆင့် ပြည်သူလူထုထံ အသိပေး အကူအညီ တောင်းခံလိုသော်လည်း စာပေစိစစ်ရေး၏ ဖြုတ်ပယ်မှုကြောင့် အကျပ်အတည်းဖြစ်နေရကြောင်း နိုင်ငံရေးပါတီတချို့၏ တာဝန်ရှိသူများက ရှင်းပြသည်။

“ဈေးတွေမှာ အလှူခံတော့လည်း စည်ပင်က တရားစွဲတယ်။ မီဒီယာကတဆင့် ပြည်သူလူထု ဆီမှာ အကူအညီတောင်းပြီး အလှူခံချင်တော့လည်း စာပေစိစစ်ရေးက ဖြုတ်တယ်။ နိုင်ငံရေးပါတီတွေ ဘယ်လိုနည်းလမ်းနဲ့ အလှူခံရမလဲ” ဟု
နိုင်ငံရေး ပါတီတခုမှ အမှုဆောင်တဦးက ဆိုသည်။

ထို့ပြင် နိုင်ငံရေးပါတီများ၏ ပြည်သူလူထုအတွင်း လှုံ့ဆော်စည်းရုံး လှုပ်ရှားရန် ပြင်ဆင်လုပ်ဆောင်နေသည့် သတင်း များကိုလည်း စာပေစိစစ်ရေးက ဖြုတ်ပယ်လျက်ရှိကြောင်း သိရသည်။

“ကြံ့ဖွံ့ပါတီကို ကျော်ပြီး နိုင်ငံရေးပါတီတွေ လူသိများလာမှာ အစိုးရက ကြောက်တဲ့ပုံပဲ။ ပါတီစည်းရုံးရေးသတင်းတွေ အပါအဝင် နိုင်ငံရေးသတင်း တော်တော်များများ အဖြုတ်ခံနေရတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းသမားတဦးက ရှင်းပြသည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်တွင် ရှိသော စာပေစိစစ်ရေးဌာနသည် ရွေးကောက်ပွဲကာလ နီးကပ် လာသည်နှင့်အမျှ ပိုမိုတင်းကျပ်သော မူဝါဒများ ချမှတ်လာကာ ရွေးကောက်ပွဲ ဥပဒေကို ဝေဖန်ခြင်း၊ မှားယွင်းဖော်ပြခြင်း ပြုလုပ်လျင်
သတင်းဂျာနယ်များ ပိတ်သိမ်းမည်ဟူ၍ ဇူလိုင်လ ၂၀ ရက်နေ့က ညွှန်ကြားချက်တစောင် ထုတ်ပြန်ခဲ့သည်။

စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသည် စစ်ထောက်လှမ်းရေး အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ ဦးဆောင် ပါဝင်သော နိုင်ငံတော် လုံခြုံရေးအဖွဲ့၏ ညွှန်ကြားချက်ဖြင့် သတင်းများစိစစ် ဖြုတ်ပယ် နေရသည့်အပြင် ညွှန်ကြားရေးမှူး ဗိုလ်မှူး တင့်ဆွေသည်လည်း တင်းကျပ်စွာ ဆောင်ရွက်မည့် စာပေစိစစ်ရေး မူဝါဒများနှင့် ပတ်သက်ပြီး နေပြည်တော်ရှိ ပြန်ကြားရေး ၀န်ကြီးဌာနသို့ မကြာခဏဆိုသလို သွားရောက် သြ၀ါဒ ခံယူနေရ ကြောင်း သိရသည်။

“ဂျာနယ်မှာပါတဲ့ သတင်းတခုကြောင့် လူကြီးတွေ စိတ်ဆိုးရင် ကျနော်တို့ စာပေစိစစ်ရေးက ၀န်ထမ်းတွေ နေစရာ နေရာ မရှိတော့ဘူး။ အပေါ်ကလည်း ထောင်း၊ ဂျာနယ်တွေကလည်း ငြိုငြင်နဲ့ ကျနော်တို့ အနေအထားက တော်တော် ထိခိုက်လွယ်တယ်။ အချိန်မရွေး ရာထူးက ပြုတ်ကျသွားနိုင်တယ်။ ထောင်ကျသွားနိုင်တယ်” ဟု အမည် မဖော်လိုသော စာတည်းမှူးတဦးက ရှင်းပြသည်။

စာပေစိစစ်ရေးက ခွင့်ပြုထားပြီးသည့် သတင်းဖြစ်သော်လည်း နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်ကြီးများကို စိတ်အနှောင့်အယှက် ဖြစ်စေလျှင် စာပေစိစစ်ရေးက သတင်းဂျာနယ်အား ပိတ်ပင်အရေးယူလေ့ရှိသည်။

ဇူလိုင်လနှင့် သြဂုတ်လ ၂ လအတွင်းတွင် စာပေစိစစ်ရေးက ၄ ကြိမ်တိုင်တိုင် ဂျာနယ်ထုတ်ဝေခွင့် ပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့သည်။

ယခု အခြေအနေအရ ပြည်တွင်း သတင်းမီဒီယာများ အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် လွတ်လပ်သော သတင်း မီဒီယာအဖြစ် ရပ်တည်နိုင်မည်မဟုတ်ဘဲ စစ်အစိုးရ၏ နှိပ်ကွပ်မှုအောက်တွင်သာ သတင်းများ စိစစ်ဖော်ပြခွင့် ရမည်ဖြစ်ကြောင်း ပြည်တွင်း စာနယ်ဇင်းသမားများက ပြောဆိုနေကြသည်။

“သတင်းလွတ်လပ်ခွင့်က အခုလည်း မရဘူး၊ နောင်လည်း မရဘူး။ အနာဂတ်မှာလည်း ရဖို့ မသေချာဘူး။ ဒီရွေးကောက်ပွဲမှာ မီဒီယာလွတ်လပ်ခွင့် လုံးဝ ရှိမှာမဟုတ်ဘူးဆိုတာ ထင်ရှားတယ်။ မီဒီယာ လွတ်လပ်ခွင့်မရှိတဲ့ ရွေးကောက်ပွဲက တရား မျှတဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု သတင်းစာဆရာ တဦးက ရှင်းပြသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပစဉ်ကလည်း စစ်အစိုးရက ပြည်တွင်း မီဒီယာများကို လွတ်လပ်စွာ သတင်းယူခွင့် မပေးခဲ့သည့်အပြင် သတင်းသမားများက မဲရုံများကို ဓာတ်ပုံရိုက်ခြင်း၊ မဲပေးသူများနှင့် တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခွင့် မရစေရန် နည်းလမ်းမျိုးစုံဖြင့် တားမြစ်ခဲ့သည်။
Comments (7)Add Comment
0
ပါတီများ နိုင်ငံ ကောင်းကျိုး အတွက် စဉ်းစားရန်။
written by ????? ?????, August 19, 2010
မတရားသဖြင့် လုပ်နေတဲ့ လူဆိုး လူမိုက် ကြံ.ဖွတ်တွေ ကို ခေါင်းငုံ.မခံဘဲ တိုက်ပွဲ ၀င်ရင်တော့ မတရား တာကို ဒေါ်စု လို ပြောရဲ တိုက်ပွဲ ခေါ်ရဲကြ ရင်တော့ အဲဒီ ပါတီသည် တိုင်းပြည် အတွက် ရှေ.ဆောင်နိုင်မဲ့ ပါတီဘြဲ ဖစ်ပါမယ်။
ဘာမှ မပြောရဲ မဆိုရဲ ခေါင်းငုံ. ခံနြေ က သူတွေ ဘယ်သူက မဲထဲ့ချင်မှာလဲ။ တိုက်ရဲမှ ပါတီ ထောင်သင့်တယ်။ မရဲဘဲ ကျွဲပြဲ စီးနေလို.ကတော့ ကြံ.ဖွတ်ရဲ. မုဒိမ်းကျင့်တာ ခံရမဲ့ ပါတီတွေသာ ဖြစ်နေမှာပါ။ ဘယ်ပြည်သူကမှ သောက် ၈ရုစိုက်မှာမဟုတ်။ အလကား နေရာ လိုချင်ကြတာ ဘာမှ လုပ်ရဲတာ မရှိဘူး။ ကြံ.ဖွတ်သာနေရာ ရသွားလို.က တိုင်းပြည် ဖွတ်မွဲ ဖြစ်မှာဘဲ။

စစ်တပ်က ဒမြ သူခိုးတွေ အုပ်ချုပ်တဲ့ တိုင်းပြည် ဘာကောင်း တော့မှာလဲ။ သေဖို.သာ ကောင်းတယ်။

ပါတီတွေက ပြည်သူ. အကျိုး အတွက် အချင်းချင်း ပေါင်းပြီး ပြန်ချစေချင် ပါတယ်။
0
...
written by DNOW88, August 19, 2010
ဟားဟားဟား ... သိပြီလား ကွ .. သိပြီလား ... အခုထက်ထိ မသိသေးဘူး သဘော မပေါက်သေးဘူး ဆိုရင်တော့ နောက်ကို ဒီထက်ပိုပြီး ခံရဖို့ ရှိသေးတယ် ..
0
World most FAIR COMPETATIPN ( organised by THAN SHWE)
written by namastay, August 19, 2010
..............ပြိုင်ဘက်ကိုကြိုးချည်/မျက်လုံးစီး ဝိုင်းထဲသွင်း ကိုယ့်လူ ဒိုင်လုပ် ပြီး ထိုးမဲ့ မဟာပြိုင်ပွဲကြီး. ........
နိုဝင်ဘာ(၇) ၂၀၁၀ လာမည် .........မျှော်.........
မှတ်ချက်..........ံxxxx xမဲxx xxxs orry လက်မှတ်ကြို တင် စီစဉ်ပြီ့း (ရောင်းကုန်)
0
World most Fair Compitation held by (Than Shwe...
written by namastay, August 19, 2010
..... ........ .ပြိုင်ဘက် ကိုကြိုးချည်/ မျက်လုံးစီး ဝိုင်းထဲသွင်း ကိုယ့်လူ ဒိုင်လုပ် ပြီးထိုးမဲ့ မဟာပြိုင်ပွဲကြီး.. .......
နိုဝင်ဘာ(၇) ၂၀၁၀ လာမည် .... .....မျှော်.. .......
မှတ်ချက်. .........ံxxxxx မဲ xxxx sorry လက်မှတ်ကြို တင် စီစဉ်ပြီ့း (ရောင်းကုန်)
0
....
written by ????, August 19, 2010
အစိမ်းရောင် ဘီလူးအုပ်စု ကုပ်ကုပ် ကွိုင်ကွိုင်နဲ့ အပေါင်း အပါများ ကြောက်တတ် လိုက်တာ ဟဟ
0
တစ်ခုထဲ
written by Thazin Pyu, August 18, 2010
တရား မျှတတဲ့ ရွေးကောက်ပွဲ အတွက် တစ်ခုဘဲ တောင်းဆို မယ်ဗျာ -မီဒီယာ လွက်လပ်ခွင့် အပြည့်အ၀ ပေးပါ-ဒါဆို လုံလောက်တယ်
0
အလှူခံမတဲ့
written by U P N wara, August 18, 2010
နိုင်ငံရေး ပါ တီအချို့ က ပြည်သူလူထုထံ အလှူခံမည်တဲ့။ ပါတီ အဖွဲ့ ဝင်တွေပေါ် အလှူခံမှာ ဆိုလျှင်တော့ သူ့ ပါတီ အ ဖွဲ့ ဝင်အပေါ် ပါတီဝင်ကြေး ကောက်ခံတာမို့  ဘာမှ မပြော လိုပါ။ ပါတီ အဖွဲ့ ဝင်မဟုတ်ပါဘဲ သာမန် လူထုကို ဒီမိုကရေစီ ရအောင် လုပ်ပေးပါမယ် အလှူငွေ ထည့်ကြပါလို့ ပြောပြီး အလှူခံမည် ဆိုလျှင်တော့ မသင့်တော်ပါ။ ပြည်သူလူထု အများစုအဘို့  စားဝတ်နေရင်းကြပ်တ ည်းနေချိန်မှာ ပါတီ ရွေးေ ကာက်ပွဲ စရိတ်အတွက် အလှူခံယူခြင်းဟာ အတော်ပင် အရုပ်ဆိုးလှပါတယ်။ စစ်အစိုးရ က ပြည်သူ လူထု အပေါ် နည်းမျိုးစုံနဲ့ ဖိနှိပ်နေချိန်မှာ ( ကလေးစ စ်သား-ကိစ္စ - အခြား လုပ်အားေ ပးကိစ္စ စတဲ့စတဲ့ ကိစ္စပေါင်း သောင်းခြောက်ထောင်မက ) ပြည်သူလူ ထု အတွက် ဘာ တခုမှ အကာအ ကွယ်မပေး မပြောဆိုဘဲ ရွေးကောက်ပွဲ ၀င်ချိန်ရော က်မှ မဲပေးပါလို့ ပြောတာေ တာင် လွန်းလွန်ပြီ။ အခုေ တာ့ဗ်ာ အလွဴေတ ာင္ခံဦးမတဲ့။ လူထု အတွက် ဘာမှ မလု ပ်ရသေးဘူး။ လူထုထံက တောင်းတာက အရင် ပါလား နိုင်ငံရေး ပါတီ တို့ ရယ်။ စဉ်းစဉ်းစားစားလဲ လုပ်ကြပါဦး။






Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်