ရန်ကုန်သားအများစု မဲပေးရန် အဆင်သင့်မဖြစ်သေး

E-mail Print
စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စစ်တမ်းငယ်တခု ပြုလုပ်ခဲ့ရာ ရန်ကုန်မြို့တွင် နေထိုင်သူ အများစုက မဲပေးရန် အဆင်သင့် မဖြစ်သေးကြောင်းနှင့် ရွေးကောက်ပွဲ လျင်မြန်စွာ ပြီးသွားစေချင်ကြောင်း ဖြေဆိုကြသည်။

၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့ တွင် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကျင်းပမည်ဟု ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန် ကြေညာ ထားသည်။

အဆိုပါ စစ်တမ်းကို ရန်ကုန်မြို့တွင် နေထိုင်သူ ၂၂၇ ဦးတို့က ဖြေဆိုခဲ့ကြပြီး အသက် ၁၈ နှစ်မှ အသက် ၃၀ နှစ် အတွင်း လူငယ် အမျိုးသမီး အမျိုးသားပေါင်း ၁၄၀၊ အသက် ၃၁ နှစ်မှ အသက် ၆၀ အတွင်း အမျိုးသား အမျိုးသမီး ပေါင်း ၅၇ ဦး ပါဝင်ကာ အသက် ၆၁ နှစ်နှင့် အထက် အမျိုးသား အမျိုးသမီးပေါင်း ၃၀ ပါဝင်ဖြေဆိုကြသည်။

နိုင်ငံရေးပါတီများကို ရွေးချယ်မဲထည့်ရန်အတွက် အဆင်သင့်မဖြစ်သေးကြောင်း ဖြေဆိုသူ ၁၈၇ ဦး ရှိပြီး လူ ၄၀ မှာ အဆင်သင့်  ဖြစ်ကြောင်း ဖြေဆိုသည်ကို တွေ့ရသည်။

“ပါတီ ဘယ်နှစ်ခု ရှိလို့ ရှိမှန်းတောင် ကျနော်တို့ မသိဘူး၊ ရွေးကောက်ပွဲမှာ မဲထည့်ဖို့တော့ အဆင်သင့်ဖြစ်ဖို့ မပြောနဲ့ စဉ်းတောင် မစဉ်းစား ရသေးဘူး၊ ဒါပေမယ့်လည်း ရွေးကောက်ပွဲတော့ မြန်မြန်ပြီးစေချင်လှပြီ ဘာဖြစ်လို့လည်းဆိုတော့ ဒီရွေးကောက်ပွဲပြီးမှ ဒေါ်စု လည်း အပြင်ထွက်ခွင့်ရမှာ”ဟု အသက် ၃၄ နှစ် ၀န်းကျင် အရွယ် အမျိုးသားတဦးက ပြောသည်။

အသက် ၆၃ နှစ် အရွယ် အငြိမ်းစား အမျိုးသမီးကြီး တဦးကလည်း“ကျမတို့အနေနဲ့ ပါတီတွေကို ရွေးချယ်ဖို့ မပြောပါနဲ့ ပါတီနာမည် တွေတောင် မှန်အောင် မပြောတတ်သေးတော့ ဘယ်နှယ့်လုပ်ပြီး မဲထည့်ကြမလဲ ဆိုတာ မသိသေးဘူး”ဟု ပြောသည်။

လာမည့်ရွေးကောက်ပွဲသည် ပြည်သူလူထု အောင်ပွဲခံရမည့် ပွဲဟု ယုံကြည်မှု မရှိသောကြောင့် ရွေးကောက်ပွဲ အပေါ်တွင် စိတ် ၀င်စားမှု နည်းပါးနေကြခြင်းဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံရေးပါတီများကလည်း လူထုကို နိုင်ငံရေးအသိစိတ် နိုးကြားလာရန် စည်းရုံး နိုင်စွမ်း မရှိသည်ကို တွေ့မြင်ရပြီး လူထုကြား ကျယ်ကျယ်ပြန့်ပြန့် ၀င်ရောက် စည်းရုံးနိုင်ခွင့် မရှိသည်ကိုလည်း တွေ့မြင်ရကြောင်း အထက်ပါ အငြိမ်းစား အမျိုးသမီးကြီးက ပြောဆိုသည်။

အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦးကမူ လာမယ့် ရွေးကောက်ပွဲတွင် မဲထည့်ရန် အဆင်သင့်ဖြစ်ကြောင်း ပြောလိုက်ပြီး “၀င်ပြိုင်မယ့် ပါတီထဲမှာတော့ ဘယ်ပါတီကို အားပေး ထောက်ခံမလဲဆိုတာ ရွေးချယ်ပြီးသား ရှိပါတယ်၊ အဲဒီ ပါတီကိုပဲ မဲထည့် မှာပါ”ဟုလည်း ပြောဆိုသည်။

အဆင်သင့် ဖြစ်ကြောင်း ဖြေဆိုကြသူ ၄၀ ထဲတွင် မဲထည့်ရန်အတွက် ပါတီရွေးချယ်ပြီးသူများ ပါဝင်သကဲ့သို့ ပါတီ ရွေးချယ်ထား ခြင်း မရှိသော်လည်း ရွေးကောက်ပွဲ မြန်မြန်ပြီးစေချင်သူများလည်း ပါဝင်သည်ကို တွေ့မြင်ရသည်။

“အမှန်အတိုင်း ပြောရရင် ရွေးကောက်ပွဲကို စိတ်ကို မ၀င်စားဘူး၊ မဲကတော့ ကျနော်တို့ ဘယ်ပါတီကိုပဲ ထည့်ထည့်ပါ၊ ရွေးကောက် ပွဲမှာ ဘယ်ပါတီ အနိုင်ရမလဲဆိုတာလည်း အားလုံးသိပြီးသားပဲ ဆိုတော့ မထူးပါဘူး၊ မြန်မြန်ပြီးသွား အေးတာပဲ”ဟု အသက် ၂၆ နှစ် အရွယ် အမျိုးသားတဦးက ပြောသည်။

လာမယ့် ရွေးကောက်ပွဲတွင် မဲထည့်မည်လား၊ မထည့်ဘူးလားဆိုသည့် နောက်ဆက်တွဲ မေးခွန်းကိုလည်း အဆိုပါ ၂၂၇ ဦးအား
ဆက်လက်မေးမြန်းခဲ့ရာ ၁၀၆ ဦးမှာ မဲထည့်မည်ဟု ဖြေဆိုခဲ့ကြပြီး ကျန် ၁၂၁ ဦးမှ ၆၇ ဦးမှာ မထည့်ဟု ဖြေဆိုကာ ၅၄ ဦးမှာ စဉ်းစားဆဲဖြစ်ကြောင်း ဖြေဆိုကြသည်။

“မဲကတော့ သွားထည့်မှာပါ၊ လက်ရှိပါတီထဲက အသင့်တော်ဆုံးဖြစ်မယ့် ပါတီကိုတော့ ရွေးရမှာပေါ့၊ မဲမထည့်ဘူး ဆိုရင် ကိုယ့် ဘက် က ၂ ခါနာ ဖြစ်သွားနိုင်တယ်၊ ကိုယ့်မဲကို သူတို့က သူတို့မဲ လုပ်ပစ်လိုက်မှာလေ”ဟု အသက် ၄၅ နှစ် အရွယ် အမျိုးသား တဦးက ပြောသည်။

ရွေးကောက်ပွဲတွင် မဲထည့်ရန်အတွက် အဆင်သင့်မဖြစ်သေးဟု ဖြေဆိုကြသူများနှင့် မဲထည့်မည်ဟု ဖြေဆိုကြသူ အများစုမှာ ၄င်းတို့၏ မဲများအား အာဏာပိုင်များက စိတ်ကြိုက် အသုံးပြုလိုက်မည်ကို စိုးရိမ်သူများဖြစ်ကြောင်း သိရသည်။

အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတဦးက“ရွေးကောက်ပွဲကိုလည်း စိတ်မ၀င်စားဘူး၊ မဲလည်း သွားမထည့်ဘူး၊ တက်ချင်တဲ့ အစိုးရ တက်ပါ၊ ကျမတို့ဘ၀ သိပ်ထူးခြားနိုင်မှာလည်း မဟုတ်ဘူး”ဟု ပြောသည်။

မဲသွားမထည့်ဟု ဖြေဆိုကြသူများထဲတွင် ရွေးကောက်ပွဲအတွက် အဆင်သင့်မဖြစ်သေးဟု ဖြေဆိုကြသူပေါင်း ၄၂ ဦး ပါဝင်ပြီး
အဆင်သင့်ဖြစ်ကြောင်း ဖြေဆိုသူ ၂၅ ဦးပါဝင်ကြောင်းတွေ့မြင်ရသည်။

လာမည့်ရွေးကောက်ပွဲအား ပြည်သူလူထုအနေဖြင့် စိတ်ဝင်စားမှုနည်းပါးလျက်ရှိသကဲ့သို့ ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများ အနေနှင့်လည်း စိတ်ဝင်စားမှုနည်းပါးသည်ကိုတွေ့မြင်ရကြောင်း ပြည်တွင်းမှ ၀ါရင့် သတင်းထောက် တဦးက ပြောသည်။

“လူတွေက ရွေးကောက်ပွဲရလဒ်ကို သူတို့မျှော်လင့်သလို ဖြစ်မလာနိုင်ဘူးလို့ ထင်နေကြတာလည်း ပါတယ်၊ နောက်တချက်က မီဒီယာတွေက ရွေးကောက်ပွဲအပေါ် သိပ်ပြီး မကြိုဆိုကြတာလည်း ပါတယ်၊ အထူးသဖြင့် ပြည်တွင်းက လူတွေကို လွှမ်းမိုးထားတဲ့ ရေဒီယိုတွေက နိုင်ငံရေးပါတီတွေအကြောင်း မလွှင့်ဘူး၊ ပြည်တွင်း ဂျာနယ်တွေမှာလည်း ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီ တွေနဲ့ ပတ်သက်ပြီး ပါတယ်ဆိုရုံလောက်ပဲ ရေးကြတော့ လူတွေရဲ့စိတ်ကို မစွဲဆောင်နိုင်ဘူး”ဟု ၎င်းက ပြောဆိုသည်။

ယခု စစ်တမ်း အတွက် ၀င့်နဒီ၊ ကျော်ကျော်၊ ကိုကိုလတ် တို့ ပါဝင်ကူညီသည်။
Comments (5)Add Comment
0
ကြံ.ဖွတ်ကိုတော့ လုံးဝ မဲမထဲ့ကြနဲ.
written by ????? ?????, August 19, 2010
လူထုက တွေဝေ မနေနဲ. ကြံ.ဖွတ်နဲ. အပေါင်းပါ ငနဲတွေ ၀င်ကစားနေတဲ့ ပါတီတွေ ကို မဲမပေးကြ ပါနဲ.။ လုံးဝ မပေးချင် ရှောင်သာ နေကြပါ။ လာစ ည်းရုံးရင်လဲ ခဲနဲ့သာ ထုကြပါ။
0
နိုင်ငံရေး အမြင် ပိတ်ထားခံရတဲ့ တိုင်းပြည်။
written by မျိုးလွင်, August 19, 2010
တိုးတက်နေတဲ့ နိုင်ငံ တိုင်းမှာ လူတန်းစားမရွေး နိုင်ငံရေး အမြင်တွေ ရှိကြတယ်။ အစိုးရ သို့မဟုတ် အစိုးရ ဝန်ထမ်းက တိုင်းပြည်ကို လိမ်ပြီ၊ ကိုယ်ကျိုးရှာပြီ ဆိုတာနဲ့ ချက်ချင်း သိပြီး ကန့်ကွက် ဆန္ဒပြနိုင်တယ်။ ဥပမာ ဘန်ကောက်မှာ ဆိုရင် တက္ကစီသမားတိုင်းလိုလို နိုင်ငံရေးကို နှံ့နှံ့ စပ်စပ်ကို သိနေတာ ကျနော်တို့ ဗမာပြည်က တက္ကစီ သမားနဲ့ စာရင် အံ့ဩဖို့တောင် ကောင်းတယ်။
0
နိုင်ငံရေးစိတ်ဓါတ် ရှိသင့်
written by မောင်မျိုး, August 19, 2010
လူတိုင်း ရွေးကောက်ပွဲ စိတ်မ၀င်စားဖူး ဆို တာ မကောင်းတဲ့ လက္ခဏာပဲ လူတိုင်း နီုင်ငံရေး အသိမြင် နိုးကြားနေဖို့ သင့်တယ် ဒီတော့်မှ နီုင်ငံရေးဆို တာ မိမိ မိသားစု အရေးပဲ ဆိုတဲ့ အမြင်ရှိမှ နအဖရဲ့ မတရား လုပ်၇ပ်နှင့် ဆုံးရှူံးနေ တဲ့ မိမိရဲ့ အခွင့်ေ ရးတွေ ကို ရယူဖို့ အမြင်တွေ အတွေး သစ်တွေ မျိုးဆက်သ စ်တွေ မှာရှိလာမှာဖြစ်တယ်
0
Making a bad history
written by ko nyi, August 19, 2010
It is true for our people as they do not have right to choose the candidates what they want to vote. I am very sad about it since we have been under the bad dictators for half of the century. They are making a terribly bad history which is worse than the period of colonialism.
0
နအဖ အကြံ
written by ကောင်းမြင်, August 18, 2010
လူထုတွေ နိုင်ငံေ ရးထဲ စိတ်ဝင်စားမူ မရှိအောင် အနှစ်(၂၀)ကျော်လုပ်လာခဲ့တာပါ၊ အခုလို ရွေးကောက်ပွဲနီးလာချိန်ထိ မဲထည့်ဖို့ အဆင်သင့် မဖြစ်အောင် လုပ်ထားနိုင်တာ သူတို့ အောင်မြင် မူကို ပြတာဘဲ၊ လူတွေ ဘာမဲထည့်ရမှ န်းမသိတော့ သူတို့ လွတ်လပ်စွာ မဲခိုး။ မဲလိမ်ခွင့် ။ လုပချင်တာ လုပ်ခွင့် ရစေပါတယ်၊

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်