ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင် ဘယ်သူလဲ

E-mail Print
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ယူထားခဲ့သည့် အရေးကြီး ရာထူးဖြစ်သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နေရာတွင် ခန့်အပ်ခံရမည်ဟု သတင်း ထွက်နေသော ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို အများက စိတ်ဝင်စားလျက် ရှိကြသည်။

Thura-Myint-Aungဧရာဝတီက လေ့လာ သိရှိရသော ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နှင့် ဗိုလ်ချုပ် အသစ်များ၏ နောက်ကြောင်း ရာဇဝင်များကို ဖော်ပြလိုက်ပါသည်။

ရာထူး အပြောင်း အလဲနှင့် ပတ်သက်ပြီး အတည်ပြုနိုင်သည့် ဧရာဝတီမှ ရရှိသည့် စာရင်းအရ ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒု ဗိုလ်ချုပ်ကြီး ကိုကိုက ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊  ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဖြစ်လာကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တာဝန်ယူခဲ့ဖူးသော အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင် တို့လည်း တိုင်းမှူးအဖြစ် တာဝန်ယူဖူးခဲ့ကြသည်။

ယခု စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် အဖြစ် တာဝန်ယူလိုက်သည့် ဗိုလ်ချုပ် ကျော်ဆွေ သည်လည်း အနောက်တောင် တိုင်း စစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်သည် မွန်ပြည်နယ် သထုံမြို့ ဇာတိဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် (၁၈) မှ ဖြစ်သည်။

စစ်တက္ကသိုလ် ဆင်းပြီးနောက် တပ်မ (၄၄) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၂) တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၃-၁၉၈၄ ခုနှစ် ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် မဲသဝေါတိုက်ပွဲတွင် “သူရ”ဘွဲ့ကို ရရှိခဲ့သည်ဟု ယခင် ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဆိုသည်။

ထို့နောက် စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) –၂ ၏ ကစထမှူး ဒု ဗိုလ်ချုပ်ကြီးဟောင်း ချစ်ဆွေ၏ စစ်ဦးစီး တတိယတန်း
(G-3)၊ ပဲခူးတိုင်း သာယာဝတီမြို့နယ် ခြေလျင်တပ်ရင်း ခလရ (၃၅) တွင် တပ်ရင်းမှူး၊ စစ်တက္ကသိုလ်တွင် နည်းပြချုပ် တာဝန် များ အဆင့်ဆင့် ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲ မှု ဌာနချုပ်တွင် ဗျူဟာမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

ဘုတ်ပြင်းမြို့တွင် ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၉၈ ခုနှစ်၌ မြန်မာပိုင် ခရစ္စတီး ကျွန်းပေါ်တွင် သစ်ဝါး ခုတ်လှဲ ကာ အသက်မွေးဝမ်းကျောင်း ပြုနေသည့်  မိန်းမများ၊ ကလေးများ အပါအဝင် စုစုပေါင်း ၅၉ ဦးနှင့် ထိုင်း ရေလုပ်သား ၂၂ ဦး ကို အထက်အမိန့်အရဟု ဆိုကာ သတ်ဖြတ်ခဲ့စဉ်က ပါဝင်ခဲ့သူတဦး ဖြစ်သည်ဟု ဦးအောင်လင်းထွဋ်က ပြောသည်။

ထိုစစ်ဆင်ရေးတွင် လက်ရှိ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးဇော်မင်း လည်း ပါဝင်သည်ဟု သိရ သည်။

ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်သည် ထိုမှတဆင့် ကရင်ပြည်နယ် ဘားအံမြို့အခြေစိုက် တပ်မ ၂၂ ၏ တပ်မမှူး၊ မွန်ပြည်နယ် မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဧရာဝတီတိုင်း ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး စသည့် တာဝန်များကို အဆင့်ဆင့် ယူခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်၏ နေရာတွင် စစ်ရေးချုပ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။

ဒု ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည့် ဒု ဗိုလ်ချုပ်ကြီး ကိုကို မှာမူ အထက်အရာရှိများနှင့် ဆက်ဆံရာတွင် ပြေပြစ်ပြီး အရာရှိ အရာခံ အကြပ် တပ်သားများ အပေါ်တွင်လည်း ကောင်းမွန်စွာ ဆက်ဆံသည်ဟု နာမည်ကြီးသူဖြစ်ကြောင်း   စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။

ပူးတွဲ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အဖြစ် တာဝန်ယူထားသည့် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် တပ်မ ၄၄ တပ်မမှူး၊  တြိဂံတိုင်း တိုင်းမှူး၊ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် စိတ်တိုလွယ်သူတဦး ဖြစ်ပြီး အထက်အရာရှိ အမိန့်ကို တသဝေမတိမ်း လိုက်နာတတ်သူ ဖြစ်ကြောင်း၊ တပ်မများကို တာဝန်ယူ ကိုင်တွယ်စဉ် အရာရှိများကို ကိုယ်ထိလက်ရောက်ရိုက်နှက်ရာတွင် နာမည်ကြီးကြောင်း
နီးစပ်သူတဦးက ပြောသည်။

“သတင်းစာတွေ ကြမ်းပြင်ပေါ်ကျနေရင်တောင် လူကြီးတွေ ဓာတ်ပုံပါတယ်၊ ပြန်ကောက် ပြန်ကောက်ဆိုပြီး ပြောတာ” ဟု ၎င်းက ဆိုသည်။
Comments (10)Add Comment
0
.......
written by 1!,9-/8, February 12, 2011
ပြစ်ကြခ တ်ကြ သတ်ကြ ဖြတ်ကြ လုကြ၀ှက်ကြ နှစ်တွေ လည်ကြာခ့ဲပါပြီ ဘယ်မှာလ ည်းငြိမ်း ချမ်းရေး ဘယ်မှာ လည်း
အေးချမ်းရေး ဘယ်မှာ လည်းသာယာရေး ဘယ်မှာလည်းဖွံ့ဖြိုးရေး နောက်မင်း တက်မှရှေ့မင်းကောင်းမှန်းသိ ရှေ့မင်းလ ည်း မကောင်း နောက်မင်း လည်း မကောင်း လာပြန်ပြီ နောက် တမင်း။
0
We need to fight,
written by Ko Maung, September 04, 2010
I believe that peaceful way doesn't work to wipe out this military government.

Aunty Su's house arrest doesn't change current system. But NLD still want to continue the same system. Now all leaders are under arrest but nothing happen.
Only armed revolution can make changes. So how it can happen. 1. dividing in army and fighting each other or 2. fighting with opposition group.
Any action without result is meaning less. If we can change this system by getting arrested and living in prison, I gonna stay in prison right now.

Old says, "We don't care how hard you study, we care how you pass the exam".
0
...
written by ဦးသြဘာသ, September 04, 2010
ခေတ်နောက်ပြ န်ဆွဲတဲ့ စစ်တပ်ကရေစီထဲမှာ နေ့နံ အလိုက် နောက်ပြန်ဆွဲ၍ စစ်အာဏာ ရှင်တွေ တန်းစီေ နပြီလား? စနေသားစ စ်အာဏာရှင်{နေ၀င်း} သောကြာသား စစ်အာ ဏာရှင်{သန်းရွှေ} ကြာသာပ တေးသား စစ်အာဏာရှင် {မြင့်အောင်နှင့် မင်းလှိုင်}။
လွန်ခဲ့သော ဆယ်နှစ်ကျော်အချိန် အင်ဂ လန်နိုင်ငံက {Dictionary}စာတ စ်အုပ်မှာ ထိုင်း{ယိုးဒယား}နိုင်ငံကို ဖာနိုင်ငံလို့ ရေးပြတယ်။ အဲဒီ ရေးသားချက်ကို ယူပြီး စာရေးသူက တက္ကသိုလ်မှာ ထိုင်းကျောင်းသား တယောက် အား "ဟေ့-ဖာနိုင်ငံသား"လို့ ပြောသောအခါ သူက "ဖာသည်မတွေက မင်းတို့ မြန်မ သူတွေကွ"လို့ ပြန်ပြောတာ ခံရ တယ်။ ပြည်ပမှာရော ပြည်တွင်း မှာရော မြန်မာ တွေဟာ ဖာသည်နှင့် ကျွန်ြ ဖစ်နေရပြီ၊ နှစ်ပေါင်း ငါးဆယ် အတွင်း ဒီစစ်အာဏာရှင် အုပ်ချုပ်တဲ့ မြန်မာနိုင်ငံဟာ ဗိုလ်ချုပ်အောင်ဆန်း ကြိုတင်ပြောသလို ဖာနိုင်ငံ ဖြစ်နေပြီ။
0
ဖြစ်မှ ဖြစ်ရလေ
written by ၀သုန်, September 03, 2010
ငဆွေသေ ငကန်း တက်တဲ့။ တယ်မှန်တဲ့ စကားပါလား။
0
နိုင်ငံတော့ ပျက်ပါပြီ
written by soe, September 03, 2010
ဗိုလ်မင်းအောင်လှိုင်လို့ လူမျိုးက နိုင်ငံတော် ထိပ်ပိုင်ကို ရောက်သွားပြီး
ဆိုတော့ တိုင်းသူ ပြည်သားတွေနဲ့ တပ်မတော် သားတေံတော့
ရှင်လျှက် ငရဲရောက်သလို ဖြစ်ပါပြီး၊ smilies/cool.gif
0
... ...
written by TPT, September 03, 2010
ဒီအိုးထဲက ဒီပဲ ဆိုတော့ ဒီ လောက် ဘဲ ထွက်လာမှာပေါ့..
ဘယ်သူမှ ပို မသာ လာပါဘူး.. အားလုံး အဆင် တူလို့ ဒီရာထူး အထိ ရောက်လြာ ကတာပါ..
0
တနေ့ မင်းအောင် လှိုင် အလှည့် 
written by ဗိုက်ကလေး, September 02, 2010
ဗိုလ်မင်းအောင်လှိုင်ကို တခုေ မးချင်ပါတယ် အထက်လူကြီးက ဗိုလ်မင်းအောင်လှိုင်ရဲ့  မိဘတွေကို ပစ်မိန့် ပေးရင် တသဝေ မတိမ်း လိုက်နာ နိုင်ပါ့ မလား...နောက်ပြီး ဖါးတာလဲ ကြည့် ဖါး ...ပြည်သူေ တွတနေ့  ကောင်းကောင်းကြီးဒဏ် ခတ်လိမ့် မယ် ..ြ ကားဖူးတာ .. ဗိုလ်နေဝင်းက တနေ့  ဇာဂနာကို အပြင်မြှာ မင်ပြီး မင်းပျက် လုံးတွေက အတော်နာမည်ကြီးတယ်ဆို ...ကဲ တဆိ တ်လောက် ငါ့ ကို ပျက်လုံးတခု ပျက်ပြပါ ဆိုတော့ ...ဇာဂနာက သတင်းစာ တစောင်ေ တာင်းသတဲ့  ပြီးတော့ သတင်းစာ ရှေ့ဆုံး စာမျက်နှာက လူပုံတွေကို ပြပြီး..လူရုပ် (ယုတ်) တွေ လူရုပ် ( ယုတ် ) တွေ ဆိုပြီး ပြသတဲ့ .. ..ဒီတော့ ဗိုလ်နေဝင်းလဲ ရီ (ရယ်) လျှက် တော်ပါတော့ ကွာ ဟု ဆိုတာပဲ ကြားဖူး လေ၏။
0

written by zawgyi, September 02, 2010
ဥပတိရုပ်ြ ကီးကိုကြ ည့်ရတာ...ဂျုတ်ဂျုတ်ကြီးနဲ့ နင်လား ငါလားပါပဲ..
စိတ်မေ ကာင်ြး ဖစ်ရပါတယ်..လောကစောင့်န တ်များရယ်..
0
right
written by yes, September 02, 2010
ဗိုလ်မင်းအောင်လှိုင် ဟာ အထက်ဖားေ အာက်ဖိပါ...သူ့လက်အောက်က လူတွေ ဆိုရင် ထိုးကြိတ်မှုထိ လုပ်တတ်သူပါ...၂၀၀၅ တုန်းလောက်က စစ်တက္ကသိုလ် လာစစ်တုန်းကလည်း အဆောင် သန့်ရှင်းရေး မကောင်းလို့ ဆိုပြီး တာဝန်ကျ အရာရှိတွေကို ထိုးကြိတ် သွားတယ်လို့ သိရပါတယ်. .ဒီလိုလူေ တွသာ ထိပ်ပိုင်းေ ရာက်သွားရင် တပ်မတော်တွက် နိုင်ငံတွက် အန္တရာယ်ရှိပါတယ်..
0
...
written by yarzar, September 02, 2010
ဗိုလ် မင်းအောင်လှို င်ကတော့ အခြေအနေ သိပ်မေ ကာင်းဘူးဟေ့ .. ရိုတ်တယ်နှက်တယ် ဆိုတာ အကြမ်းဖ က်သမား စိတ်ဓါတ်ပဲ ..

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်