Cyber Attack တရုတ် လက်ချက်လား

E-mail Print
ပြည်ပအခြေစိုက် မြန်မာ သတင်းဌာနများ၏ ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရမှုသည် တရုတ်နိုင်ငံမှ IP (ကွန်ပျူတာ ကိုယ်ပိုင် နံပါတ်) လိပ်စာများဖြင့် အများဆုံး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

under-attackဧရာဝတီ သတင်းဌာန၏ ဝက်ဘ်ဆိုက်များကို တရုတ်နိုင်ငံမှ တဆင့် အများဆုံး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန်နှင့် သြစတြေးလျ နိုင်ငံ တို့မှ IP လိပ်စာများလည်း ပါဝင်သည်ဟု မန်နေဂျာဖြစ်သူ ကိုဝင်းသူက ပြောသည်။

“၂၀၀၈ ခုနှစ် စက်တင်ဘာ လထဲမှာတုန်းက ပမာဏ 1 Gb နဲ့ အတိုက်ခံရတယ်၊ အခုတကြိမ်က 4 Gb ဆိုတော့ အရင်ထက် ၄ ဆ ပိုပြင်းတယ်”ဟု ဧရာဝတီ သတင်းဌာန၏ မန်နေဂျာက ပြောဆိုသည်။

မြန်မာသတင်းဌာနများဖြစ်သော ဧရာဝတီ၊ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် မဇ္ဈိမ သတင်းဌာန များ၏ ဝက်ဘ်ဆိုက် များကို တနင်္လာနေ့ နံနက်ပိုင်း ၁၂ နာရီခွဲခန့်ကတည်းက DDoS (Distributed Denial of Service) နည်းစနစ်ဖြင့် တိုက် ခိုက်ခဲ့ခြင်းဖြစ်ကာ ၂၀၀၈ ခုနှစ်အတွင်း ပထမအကြိမ် တိုက်ခိုက်ခြင်းထက် ပိုမိုပြင်းထန်ကြောင်း သတင်းဌာနများက ပြော ဆိုသည်။

DDoS တိုက်ခိုက်ခြင်းသည် ပစ်မှတ်တခုတည်းကို မြောက်မြားစွာသော ကြားခံစနစ်များ အသုံးပြုကာ တိုက်ခိုက်ခြင်းဟု လည်းကောင်း၊ ဝက်ဘ်ဆိုက်၏ ခံနိုင်စွမ်းရည်ထက် ကျော်လွန်သော ဝင်ရောက်သူများ ဖန်တီးလိုက်သောကြောင့် တခါး ကျဉ်းကျဉ်းတွင် လူများ စုပြုံတိုးသကဲ့သို့ ဖြစ်သွားကာ မည်သူမှ ဝင်ရောက်၍ မရတော့ခြင်းဖြစ်ကြောင်း သတင်းဌာန များက ဥပမာပေး ပြောဆိုသည်။

ဧရာဝတီ သတင်းဌာန၏ အယ်ဒီတာဖြစ်သူ ကိုအောင်ဇော်က ယခုတိုက်ခိုက်မှုသည် နိုင်ငံရေးအရတွန်းအားပေးခြင်း ဖြစ်နိုင်ကြောင်း၊ ၎င်းတို့အနေဖြင့် သေချာစွာ ပြင်ဆင်ထားရန်လိုကြောင်း၊ ထို့အတွက် စွမ်းအားများ၊ အရင်းအမြစ်များလည်း ထပ်မံ လိုအပ်ဦးမည် ဖြစ်ကြောင်း ပြောဆိုသည်။

“အစိုးရရဲ့ နည်းပညာတွေက ပိုပြီးတော့မှ အဆင့်မြင့်လာတယ်၊ အဲဒါကြောင့် ကျနော်တို့ရဲ့ လုံခြုံရေး အစီအစဉ်တွေကို အသေအချာ စီစဉ်ထားရပါလိမ့်မယ်”ဟု ကိုအောင်ဇော်ကပြောသည်။

မဇ္ဈိမ သတင်းဌာနကိုလည်း ပမာဏ 6 Gb ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တရုတ်၊ ရုရှား၊ အမေရိကန် နှင့် တူရကီ နိုင်ငံတို့၏ IP လိပ်စာများဖြင့် တိုက်ခိုက်ခဲ့သည်ဟု အယ်ဒီတာဖြစ်သူ ကိုစိန်ဝင်းက ပြောသည်။

“တိုက်ခိုက်တဲ့သူတွေက ဝက်ဘ်ဆိုက်ကို အကြိမ်ပေါင်း သန်းနဲ့ချီတဲ့ ဝင်ရောက်မှုတွေ လုပ်လိုက်တယ်၊ အဲဒီအချိန်မှာ ကျနော်တို့ ဝက်ဘ်ဆိုက်ကြီး လေးပြီး ကျသွားတော့တာပဲ”ဟု ကိုစိန်ဝင်းက ဆိုသည်။

အလားတူ တိုက်ခိုက်မှုမျိုး ခံခဲ့ရသည့် DVB သတင်းဌာနကိုမူ ရုရှား၊ ဂျော်ဂျီယာ၊ အစ္စရေး၊ ကာဇက်စတန်၊ ယူကရိန်း နှင့် ဗီယက်နမ်နိုင်ငံတို့၏ IP လိပ်စာများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းဌာနခွဲ တာဝန်ခံ ကိုတိုးဇော်လတ်က ပြောသည်။

“အခုတကြိမ် တိုက်တာက လာမယ့်ရွေးကောက်ပွဲမှာ တိုက်ဖို့အတွက် စမ်းသပ်နေတဲ့သဘောပဲဗျ၊ ဘယ်လောက် အထိ သူတို့ဘက်က တိုက်နိုင်လဲ၊ ကျနော်တို့ဘက်က ဘယ်လောက် တောင့်ခံနိုင်လဲဆိုတာ စမ်းတဲ့သဘောပဲ”ဟု ကိုတိုးဇော်လတ် က ဆိုသည်။

ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု စစ်အစိုးရက ကြေညာထားပြီး နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို နိုင်ငံအတွင်း ဝင်ခွင့်ပိတ်ပင်ထားသည်။

၂၀၀၈ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး၏ ပထမ နှစ်ပတ်လည်ကာလတွင်လည်း မြန်မာသတင်းဌာနများကို ယခုကဲ့သို့ တိုက်ခိုက်ခြင်းမျိုးများ ရှိခဲ့ကြောင်း ယခုအကြိမ်တိုက်ခိုက်မှုသည်လည်း ရွှေဝါရောင်တော်လှန်ရေး သုံးနှစ်မြောက် ကာလ အဖြစ် တိုက်ခိုက်ခြင်းလည်း ဖြစ်နိုင်သည်ဟု လေ့လာသူများက ပြောဆိုကြသည်။
Comments (14)Add Comment
0
...
written by believe it, September 30, 2010
don't ask.
just believe it.
0
Cyber Attack တရုတ် လက်ချက်လား
written by ko sit min, September 30, 2010
အင်း ကိုတရုတ်ကြီး နဲ့ကလည်း ..... အဆင် ပြေနေတော့
လုပ်ပေးမှာ ပေါ့ဗျာ
0
ရာဇဝင်တို့ ရဲ့ နတ်သမီး ရဲ့ ခံစစ်
written by သုတ, September 29, 2010
ဧရာဝတီ ဘက်က သေချာစွာ ပြင်ဆင် ထားရန်လိုကြောင်း လို့ ဖတ်မိလို့  ကျွန်တော့ ရဲ့  မတောက် တခေါက် ဗဟုသုတလေးနဲ့  အကြံ ပေးပါရစေ၊
DDOS ကို Prevent လုပ်လို့ ရတဲ့ IPS functions ပါတဲ့ Firewallကို သုံးကြည့်ပါလား
DMZ မှာ အစ်ကိုတို့ ရဲ့ web server ကိုထားပြီး DDOS ကို ON ထားရင် လုပ်လို့  မရဘူး လို့ ထင်ပါတယ်။
Region အလိုက်လဲ ပိတ်လို့ ရတော့ တရုတ်တို့  ၊ ရုရားတို့ global IPတွေကို လဲ ရွေးပိတ် လို့ ရပါတယ်။
ကျွန်တော့ စိတ်ကြိုက်firewallဆိုရင်တော့ CheckPoint Firewall-1 ရဲ့ IP Appaliance series (သို့ ) UTM-1 seriesက အလွန်ေ ကာင်းပါတယ်။ cisco ရဲ့  ASAတို့ PIX တို့ ထက် ကောင်းပါတယ်။
အခုထ က်ထိ ဘဏ်လုပ်ငန်း ရဲ့  internet Bankingသုံး web serverတွေ ၊ လေကြောင်းလိုင်း လုပ်ငန်း ရဲ့ လတ်မှတ်ရောင်းတဲ့e-ticket သုံး web server တွေ၊ စတော့ရှ ယ်ယာလုပ်ငန်းရဲ့ ရှယ်ယာရောင်းတဲ့ system တွေ မှာ တပ်စင်ပေးခဲ့ ဖူးပါတယ်။ DDOS attack အပြင် တခြားတိုက်ခို က်မှူတွေလဲ ကာကွယ်နိုင်ခဲ့ပါတယ်။
တဘက်က စပြီး တိုက်ခိုက်ပြီဆိုတာနဲ့ real time အကြောင်းကြားပေးနိုင်တဲ့ pop-up alert တွေ mail alertေ တွကိုလဲ လွယ်လွယ်နဲ့ setting လုပ်လို့ ရပါတယ်။ Firewall Policyကို လဲ ခက်ခက်ခဲခဲ command တွေ ရေးစရာ မလိုပဲ GUI console ကနေ လွယ်လွယ်နဲ့  createလု ပ်လို့ ရပါတယ်၊

နောက်တခုက web access ကိုပြို မန်အောင် ဆိုရင်တော့proxy ခံပေးရင် ပို သင့်တော်ပါတယ်၊ BlueCoat Proxy SG series ကိုသုံးရင် securityကိုလဲ ထပ်မြှင့် တင်လို့ ရပါသေးတယ်။

ဧရာဝတီ ဘက်မှလဲ ဒီထက်ကောင်းတြဲ့ ပင်ဆင်မှုေ တွရှိမယ်လို့ ယုံကြည် ပါတယ်၊

ဧရာဝတီ ထာဝရ အောင်မြင်ပါစေ
ဘယ်သူ ဘာလုပ်လုပ်, Low-rated comment [Show]
0
စာမျက်နှာပြန်ပေါ်လာာ ကျေးဇူးပဲ
written by soe tint, September 29, 2010
စာမျက်နှာ ပြန်ပေါ် လာတာ ကျေးဇူးတင်ပါတယ် ခင်ဗျားတို့ ကို တိုက်ခိုက်တာ ဗေဒင် မေးစရာ မလိုဘူး ခုလို စာမျက်နှာပြ န်ပေါ်လာတာ သူတို့ ကို အနိုင်ပြန်ယူတာပဲ နောက်လည်း တိုက်ခိုက် အုံးမှာ ဒီရက်ထဲမှာ ခေတ်ပြိုင်ရော မဇ္ဇိမရော အတိုက်ခံရတာဆိုတော့ ကျနော်တို့ လည်း ဘယ်လိုက်ဖတ်ရမှန်း မသိ ဖြစ်တာ
0
ချစ်စွာသော ဧရာဝတီရေ..
written by ပွကြီး, September 29, 2010
အမြင့်ရောက်လေ.. လေ ပိုတိုက်လေ..ဆိုတဲ့ သဘော တရားလေးပါ။
တိုက်ခိုက်ခံရတယ် ဆိုကတည်းက နအဖက မော်ကြည့်ရတဲ့ အမြင့်စာရင်းထဲမှာ ဧရာဝတီပါနေလို့ ..(တနည်းအားဖြင့်) သူတို့အေ လးထား စံယူ၊ အသိအမှတ်ပြု နေတဲ့သ ဘောပါပဲ။
တာ တမံတွေ၊ ဆည်တွေ ဘယ်လိုပင်ပိတ် ပင်တားဆီးသော်ငြားလည်း မြန်မာပြည် အတွက်ကတော့ ဧရာဝတီကြီးက အမြဲစီးဆင်းပေးနေမ ယ်ဆိုတာ ယုံကြည် ထားပါတယ်။
ပြည်သူမျာရဲ့ ယုံကြည် ကိုးစားမှုကို ရရှိေ နတဲ့ ဧရာဝတီသ တင်းဌာန.. ဆထက် ထမ်းပိုး အောင်မြင်ပါစေ...။

0
အာဏာရူးတွေရဲ့ အရူးမီးဝိုင်း ကကွက် တစ်ခု
written by Thazin Pyu, September 29, 2010
သြော် အစကတော့ ဒီသတင်းဌါနတွေ ဒီလောက် အရေးကြီးမှန်း မသိဘူး- ခုမှဘဲ ဒီသတင်းဌါနတွေ ကို ပိုမို တန်းဖိုး ထားရမှန်း သိလာတယ်-ကျွန်တော်တို့က ဧရာဝတီ ပရိသတ် အဖြစ် အမြဲရှိနေမှာပါ
0
ခုမှဘဲ သက်ပျင်း ချနိုင် တော့တယ်
written by ဖိုးထောင်, September 28, 2010
ဧရာဝတီရေ
ခင်ဗျားတို. Website ဝင်မရတာနဲ.ကျုပ်တော့ မနေ.က စားမဝင် အိပ်မပျော် ဖြစ်ခဲ့ရတယ်ဗျာ။ ဘာလုပ်လုပ် တစ်ခုခု လိုနေ သလိုမျိုး ခံစားခဲ့ရတယ်။

ဧရာဝတီ၊ BBC, VOA, DVB, မစ္ဇျိမ စတဲ့ သတင်းဌာနတွေရဲ. ဆိုဒ်တွေကို ဖိုးထောင် တစ်နေ.ကို ၄ ကြိမ်လောက် ဝင်ဖတ်နေကြ၊ မနေ.ကမနက်က စပြီး ဝင်မရတော့ သိလိုက်ပြီ၊ ဒင်းတို.လုပ်ကြ ပြန်ပြီလို.။ (လုပ်တဲ့ကောင်တွေနဲ. ခိုင်းတဲ့ေ ကာင်တွေ စမြင်း တစ်ပါစေ)။ ခုဒီည ဖွင့်လိုက်တော့ ဧရာဝတီကို ဝင်လို.ရသွားပြီး ပျော်သွားတယ်။ ဒါပေမယ့် မစ္ဇျိမကိုတော့ ခုစာရေးချိန်ထိ ဝင်လို. ရသေးဘူးဗျ။ အကောင်းဆုံးတွေကို ကြိုးစား တင်ပြနေသလို အဆိုးဆုံးတွေ အတွက်လည်း ရင်ဆိုင်ခုခံနိုင်အောင် ပြင်ဆင်ထားပါလို. ........
0
မြန်ာမာပြည်သူ ပြည်သားတွေ အတွက် စဉ်းစားပေးပါ ...
written by ညတစ္ဆေ, September 28, 2010
ဒီလို တိုက်ခိုက်တယ် ဆိုတာ ပြည်သူတွေကို ဒုက္ခေ ပးတာပါ ... နည်းပညာကို အလွဲသုံးစား လုပ်တာပါ ... တုံ့ပြန်ကြေး ဆိုရင်တော့ ဒီတစ်သက်မှာ ကုန်မယ် မထင်ဘူး ... hacker တစ်ယောက်ဖြစ်ဖို့ အရင်းအနှီး များတယ် ဆိုတာတော့ သဘောပေါက် ထားပြီးသား ဖြစ်ပါလိမ့်မယ် ... ကိုယ်ပြန်ခံရမှ သဘောပေါက်ပါလိမ့်မယ် ... အဲဒီအခါ ခေါင်းပေါ်က အကောင်ကြီးတွေက ခင်ဗျား တို့ကို ခွင့်လွှတ် လိမ့်မယ် မထင်ဘူး ... တစ်ချက်တော့ စဉ်းစားသင့်တယ် ... “ဒုက္ခရောက် နေကြရတဲ့ ပြည်သူတွေ” အတွက်ပါ ... မြန်မာတွေ တော်ကြပါတယ် ... နေရာမှန်မှန် အသုံးချစေချင်တဲ့ ဆန္ဒပါ ...
0
အဆင်သင့် ပြင်
written by ဗိုက်ကလေး, September 28, 2010
အယ်ဒီတာ ခင်ဗျား ရွေးကောက်ပွဲ အချိန် သတင်း အမှောင်ချချင်လို့ တိုက်ခိုက်တ ယ်လို့ ပဲ ယူဆပါတယ် ။ ဘယ်လို ကာကွယ်မှု စံနစ်တွေနဲ့ ပဲဖြစ်ဖြစ် ကြိုတင်ပြင်ဆင်ထားပါ လို့  အကြံေ ပးပါရစေ။
0
...
written by maung gyi, September 28, 2010
ပီကင်း မြန်မာသံရုံး ကလည်း ဖြစ်နိုင်တာပဲ
တရုတ် ဟက်ကာတွေကို ငွေပေးပြီး လုပ်ခိုင်းတာလ ည်း ဖြစ်နိုင် တာပါပဲ
0
Reflection on ATTACK!
written by Tun Ko Ko, September 28, 2010
Dear IRRAWADDY TEAM,
Thank you too much for your e-mail sending to us although your attacked by the other. The plan to attack for our web sites such as IRRAWADDY, MIZZIMA, etc by the Chinese Technician that I thought. May not be RUSSIA anymore because of their technician rate is too much and Myanmar Government can not pay for this charges. I also suspect on China IT people. Anyway, the IRRAWADDY still run and delivery the right information to us and I believed in you team can make good plan for future.
Sincerely yours,
Tun Ko Ko
0
သူရဲဘောကြော င်တဲ့ လုပ်ရပ်တွေပဲ
written by လင်းလက်ကြယ်, September 28, 2010
ဦးသန်းရွှေက အတိုက်အခံဆို တံစောင်းနဲ့ မျက်ချေး ဆိုသလို မုန်းနေတဲ့ သူရဲဘောကြောင်ကြီး ပါလား ။
ကလေး ကလား ဆန်တယ် လို့ပဲ ထင်တယ် ။ သူတို့က ဧရာဝတီက မြောက်များ စွာသော page တွေကို လိုက် attack မလုပ်နိုင်ြ ကပါဘူး ။ ဦးသန်းရွှေပေးတဲ့ တစ်ပဲ ခြောက်ပြားစားပြီး DDoS (Distributed Denial of Service) နည်းစနစ်နဲ့ လိုက် အနှောက် အယှက်ပေးနေတဲ့ တရုတ်ပြည်ရောက် ရွှေမြန်မာ အိုင်တီ ဂုရုများလည်း မြန်မာပြ ည်သူ လူထုရဲ့ ခံစားချက်ကို နားမလည်ေ လရော့သလား ။ ဒီခေတ်မှာ ကွန်မြူနစ် စနစ်မှာလို လူတွေကို ထားရာနေ စေရာသွား တဲ့ ရုပ်သေးလို လုပ်ချင်ေ နတာတွေကို ရပ်သင့်ေ နပါပြီ ခုချက်ချင်းကို ရပ်သင့်နေပါပြီ ။ ဦးသန်းရွှေ သဘောပေါ က်သင့်နေ ပါပြီ ။
0
ကမ်းကုန်တယ်
written by KyK, September 28, 2010
အောက်တန်းကျတဲ့ နေရာမှာ နအဖ နဲ့ သူ့နောက်လိုက်တွေ ကို ဘယ် သတ္တဝါမှ မမှီဘူး smilies/cry.gif

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်