NLD ပါတီ ရပ်တည်ရေးအတွက် နအဖ ကို တရားဆက်စွဲမည်

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပါတီတရားဝင် ရပ်တည်ခွင့်နှင့် စပ်လျဉ်း၍ နအဖ စစ်အစိုးရအပေါ် ဆက်လက် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ပါတီ ပြောခွင့်ရ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောဆိုသည်။

“အဖွဲ့ချုပ်ကို ထပ်မံမှတ်ပုံမတင်လို့ ပယ်ဖျက်တာ မှားတယ်။ ဒီလို ဆောင်ရွက်ခွင့် မရှိဘူးဆိုတာကို အမှုတင်မှာပါ။ မနက်ဖြန် ဖြစ်ချင်ဖြစ်မယ်။ နောက်ရက်ဖြစ်ချင်ဖြစ်မယ်။ ဒီရက်ပိုင်းအတွင်းမှာ တင်သွင်းသွားမှာပါ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်တွင် NLD ၏ တရားဝင် ရပ်တည်မှုကို ပယ်ဖျက်ခြင်းဆိုင်ရာ ဥပဒေ ပါလာခဲ့သည့် အပေါ် NLDပါတီက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို ဧပြီ ၂၉ ရက်နေ့တွင် တရားစွဲဆိုခဲ့ရာ ရန်ကုန်တိုင်း တရားရုံးက မေ ၅ ရက် နေ့တွင် ပယ်ချခဲ့သည်။

“အရင်ဟာကို သူတို့က လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးဆိုပြီး ပြောတယ်။ ကျနော်တို့က ဒီလို ပြောခွင့်မရှိဘူး။ ပြောဆိုခွင့် ရှိတဲ့ သူတွေက ဆုံးဖြတ်ဖို့သာ လိုတယ်ဆိုတာကို တရားသူကြီးချုပ်ဆီလည်း စာတင်ထားပါတယ်။ ဘာမှ ပြနှ်ကြားမှု မရှိသေးပါဘူး။ ကျနော်တို့ကတော့ ထပ်တင်ပါမယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဧပြီ ၂၉ ရက် တရက်တည်းတွင်ပင် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၆ ဦးက ၄င်းတို့ အနေဖြင့် လွှတ်တော်ကိုယ်စားလှယ် အဖြစ် တရားဝင်ရပ်တည်ခွင့် ရှိကြောင်း အက်ဥပဒေပုဒ်မ ၄၂ အရ တရားစွဲဆိုခဲ့သော်လည်း ယင်း အမှုကိုပါ တရားရုံးဝန်ထမ်းများက လက်ခံရန် ငြင်းဆန်ထားသည်။

ယခု ပါတီ ဆက်လက် ရပ်တည်ခွင့်အတွက် ဦးစားပေး တင်သွင်းသွားမည်ဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တရားဝင် ရပ်တည်ခွင့်ကိုမူ နောက်မှ ဆက်လက် တင်သွင်းမည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD သည် ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီထပ်မံ မှတ်ပုံ မတင်ရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ တွင် ဆုံးဖြတ်ချက် ချခဲ့သည်။

ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၁၀ ပါတီကို တရားဝင် ရပ်တည်ခွင့် မရှိတော့ကြောင်း စက်တင်ဘာ ၁၄ ရက်တွင် စစ်အစိုးရပိုင် မီဒီယာများမှတဆင့် ကြေညာခဲ့သည်။
Comments (3)Add Comment
0
သမိုင်းက ဆုံးဖြတ်မယ်
written by Wine, October 05, 2010
အင်း ကျုပ်တို့ လူတွေလည်း ရွေးကောက်ပွဲ ဆိုတဲ့ ငါးစာ ခင်းပေးလိုက်တာနဲ့ ငါးမြားချိ တ်ကို မမြင်နိုင်တဲ့ ဘဝ ရောက်ကြပြီ။
ရွေးကောက်ပွဲ ဝင်မဲ့သူတွေကို မကြိုက်ချက်က သူတို့က ချည်းပဲ လက်တွေ့ကျကျ တွေးနိုင် သလိုလို ပြောကြတယ်။
သမိုင်းကိုပြ န်ကြည့်ပါ။ မဆလ လွှတ်တော်ထဲ ပူးသတ်မယ် ဆိုပြီး ဝင်သွားခဲ့ကြ သူတွေကို 88 မျိုးဆက်က ဘယ်လို သဘောထားကြသလည်း။
အဆင်းရဲဆုံး တိုင်းပြည်ြ ဖစ်တဲ့ အထိ တိုင်းပြည်ကို ဖျက်ကြတဲ့ထဲ အုပ်တစ်ချပ် သဲတစ်ပွင့် ဝင်ပါသွားကြတာပါ။

အခုလည်း ဒီအချိုးမျိုး လာပြန်ပါပြီ။ နှစ်ထပ်ရှိမှ မှတ်မိမယ် ဆိုရင်လည်း သဘောရှိပါ။ NLD ကို စောင်းချိတ် ဝေဖန်ေ နကြတာမျိုးကတော့ ကြည့်မကောင်းလှပါ။
NLD သူလုပ်စရာ ရှိတာ လုပ်ပါစေ။ ရွေးကောက် ခံမယ့်သူများ ကလည်း ကိုယ်လုပ်စရာရှိတာလုပ်နိုင်ပါတယ်။
ရွေးကောက်ပွဲ တရား မျှတဖို့။ ကော်မရှင်က ဥပဒေကို လေးစားဖို့။ အခွင်းအရေး တန်းတူ ရှိဖို့။ အများကြီးပါ လုပ်စရာတွေ။ အခုတောင်မှ မပြောရဲကြရင်
လွှတ်တော်ထဲကျ ဘာလုပ်ြ ကမှာတုန်း။
လာမယ့် လွှတ်တော်ထဲ မတော့ ဘယ်လိုလု ပ်ကြမယ် မသိ။ အခုထိတော့ သူတို့ခမျာ TV မှာတောင် စကားဖြောင့်ဖြောင့် ပြောခွင့် မရရှာကြဘူး။
လွှတ်တော် ကိုယ်စားလှယ် အသစ်တွေ NLD ကို ဘယ်လို ဆက်ဆံမယ် ဆိုတာလည်း မှန်းလို့ ရပါတယ်။ NLD ကို သူတို့ လက်ခံရင် သူတို့ရဲ့ လွှတ်တော်
ထိုင်ခုံကို ပြန်စော်ကားသလိုရှိမှာပေါ့။
ဒီမိုကရေစီ ဘက်သားလို့ အခု တွင်တွင် ပြောနိုင်ကြပါတယ်။ သူတို့ပြောတဲ့ ရွေးကော က်ပွဲ ပြီးတော့ ကြည့်သေး တာပေါ့။ ပြင်သစ်ေ တ်ာလှ န်ရေးဟာ
နှစ် ကိုးဆယ်ေ လာက်ကြာမှ လိုချင်တာ ရပါတယ်။ စစ်တပ် စပွန်ဆာ လွှတ်တ်ေကြီးကို နောက်လူတွေ ဘယ်လို သဘော ထားမလဲ။ သမိုင်းကပဲ
ဆုံးဖြတ်သွားလိမ့်မယ်။
0
What is the reality?
written by Wine, October 05, 2010
I cannot agree to kyaw's comment.
လက်တွေ့ ကျတာ လုပ်
ပကတိ -အခြေနေ မှန်
These words are far from reality. The reality is the new constitution and laws turned a blind eye to the elected representatives and a party which is already won the last election. NLD has every right to oppose laws which contradict the mandate given by people in the last election. Ethnic minorities have every right to oppose it as well.
Please look at people who always say they are practical and optimistic. Can they even say a word on bringing change in the TV show? Leave future endeavor alone.
There is a long history of politicians who joined the parliament boasting to bring change since the start of Socialist period. What have they done? At that time, they took their part in dragging the country to the least developed one. Was that how they fulfill their promises? People already showed their dislike in them in the past election.
So, to those who are expecting better result and wider space after the election, I would like to say they are day dreaming. If you like to do better, try to pour out more voice to make the election free and fair. Try to object the use of National fund in USDP campaigns and its unlawful activities. Leave NLD alone. Don't blame NLD in relation to this 2010 election. They have already chosen to stay away from it. Those splinter groups are trying to get attention by blaming NLD. It is not fair for NLD.
France revolution took around 90 years and a lot more lives than in Burma to get the final result. But finally the thirst for freedom brought the success.
0
ကျွဲပါး စောင်းတီးေ နမဲ့ အစား လက်တွေ့ ကျတာ လုပ်ပါတော့လား- အန်အယ်ဒီ-ရယ်
written by kyaw, October 04, 2010
ရိုက်တာက ရေးထားတဲ့ သတင်းလေးကို ထ ည့်ပေးလိုက်ေ စချင်ပါတယ်။

တရား သူကြီးေ ဟာင်းတ ဦးပြောတာက ဒီလို တရားစွဲတဲ့အ တွက် အန်အ ယ်ဒီ-ပါတီကို တရားဝ င်ဖြစ် အောင် ပြန်ခွ င့်ပြုဖို့ အရေးတော့မမြင်ဘူး-
ဒါပေမဲ့ နိုဝင်ဘာ ၁၃-မှာ လွတ်ရက်ေ စ့တာကို ပြန်မထွက်ချင်လို့ နောက်ထပ် အကျယ်ချုပ်သက် တန်းတိုးခိုင်းတဲ့ ဆုလ်ာကိုသာရဖို့များတယ် ဆိုတဲ့ ထင်ြ မင်ချက်ပါ။

လက်တွေ့ ဆန်တာကို လုပ်စေ ချင်ပါတယ်။ စိတ်ခံစားချက်တွေကို လျော့ေ ပါ့ပီး လက်ရှိ ပကတိ -အခြေနေ မှန်ကို အမှန်တိုင်း ရြှု့မင်လုပ် သင့်တယ် ထင်ပါတယ်။

ရွေးကော က်ပွဲကို မ၀င် နိုင်တော့ ရင်တောင်မှ ရွေးကောက်ပွဲ ၀င်မဲ့ လူတွေကို ကန့်ကွက် ပြောဆို တာတွေကို ရပ် တန့်ပီး
ဒီလူတွေဟာ ဒီမို ကရေစီ လို လားတဲ့လူတွေဖြစ်တယ်။ ငါတိုနဲ့ နည်းလမ်း မတူပေမဲ့ ပန်းတိုင် တူသူတွေဖြစ်တယ်။
ရွေးကောက် ပွဲ အပီး ဒေါ်စု -လွတ်လာတဲ့ အချိန်မှာ အဲဒီ ပါလီမ န်ထဲက လူတွေနဲ့ လက်တွဲပီး အန်အယ်ဒီ- ရှေ့ခရီး ဆက် ရဦးမယ် ဆိုတာကို မြင်ေ စချင်ပါတယ်။

ရွေးကောက်ပွဲ အပေါ် သပိတ်ေ မှာက်ရေးကို သဘော တရား လောက်ဘဲ လုပ်ပီး (ရွေးကောက်ပွဲပျက်သွား အောင်လဲ လုပ်နိုင်စွမ်း မရှိတဲ့ အတွက်)
ရွေးကောက်ပွဲ အလွန်မှာ ပေါ်လာမဲ့ နိုင်ငံရေး အခင်း အကျင်း သစ်မှာ ဒေါ်စု-နဲ့ အန်အယ်ဒီ ဘယ်လို ပါဝင်မလဲ။
အဲဒီက တဆင့် တွေ့ဆုံ ဆွေးေ နွးပွဲနဲ့ နိုင်ငံသားတွေရဲ့ အကျိုး စီးပွါး အတွက်
ဘယ်လို ကူညီ ပေးနိုင်မလဲ ဆိုတာကို ဦး စားပေး ပြင်ဆင် သင့်နေပီ လို့ အကြံ ပြုချင်ပါတယ် ခင်ဗျား။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်