ယင်းပေါက်ကွဲမှုကြောင့် လူ အသေအပျောက် မရှိဟု သိရသည်။
မြ၀တီမြို့ တွင်းသို့  ဖောက်ခွဲရေးသမားများ ၀င်ရောက်နေသည်ဟု သတင်းရရှိထားသောကြောင့် ပုံမှန်ထက် လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ ယခုကဲ့သို့ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မြ၀တီမှ ရဲဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။
“ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်တိုင်အနီးမှာ ကွဲတာ၊ အဲဒီအနီးအနားမှာ စရဖ(စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့)ရုံးလည်း ရှိတယ်၊ ညက ၁၀ နာရီ ကျော်လောက်မှာ ချိန်ကိုက်မိုင်း ကွဲတယ်၊ ညဆိုတော့ လူသွားလူလာလည်း မရှိတဲ့အချိန်မို့လို့ ထိခိုက် ဒဏ်ရာ ရတာတော့ မရှိဘူး”ဟု ၎င်းက ဆိုသည်။
ကရင်သတင်းစဉ် အယ်ဒီတာချုပ် နန်းဖော့ဂေကလည်း မြ၀တီမြို့ အမှတ် (၄) ရပ်ကွက်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ ကြောင်း ပြောသည်။
“ညက မြ၀တီမှာ မိုက်ခရိုဝေ့ဗ် တိုင်နားမှာ ဗုံးတလုံးပေါက်ခဲ့တယ်၊ လူသွားလူလာ နည်းတဲ့အချိန်မို့လို့ ထိခိုက်တာ တော့ မရှိဘူး”ဟု နန်းဖော့ဂေ က ပြောဆိုသည်။
ယခု ပေါက်ကွဲမှုသည် မည်သူ့ လက်ချက်ဖြစ်ကြောင်း မသိရှိရသေးပေ။
ထိုပေါက်ကွဲမှုကြောင့် မြ၀တီမြို့ခံများ အထိတ်တလန့်ဖြစ်ကြရပြီး အာဏာပိုင်များက လုံခြုံရေးပိုမိုတင်းကျပ် ထား ကြောင်း သိရသည်။
ယင်း မြ၀တီမြို့  အမှတ်(၄) ရပ်ကွက်ရှိ ဘုရင့်နောင် လမ်းမကြီးပေါ်၌ ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းက ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားမှုဖြစ်ပွားခဲ့သေးသည်။ ပေါက်ကွဲမှုကြောင့် လူ ၂ ဦး ပွဲချင်းပြီး သေဆုံး၍ ၄ ဦး အတွင်းလူနာအဖြစ် ဆေး ကုသမှု ခံယူခဲ့ရသည်။
Comments (1)

Write comment
| < Prev | Next > |
|---|








ပြည်သူတွေ အနေကြ ပ်တယ်..ဇရှိ တယ်.. မျိုး ချစ်စိတ်ပြ င်းထန်တယ် ဆိုရင်..
ခရိုင်ရဲရုံး တို့..တပ်ရင်းမှုးအိ မ်တို့... ဗျူ ဟာမှူးအိမ်တို့ကို ချိန် ကိုက်ဗုံးထောင် ပြီးခွဲ...
ဒါ့ထ က် ပိုဇရှိတ ယ် ဆိုရင်. ..နေပြည်ေ တ်ာကိုတ က်..ြ ပည်သူ့လွှ တ်တော်အေ ဆာက်အ အုံကိုc4 ဆယ်လုံးတပ်ပြီး
ခွဲပ စ်လိုက်..မင်းတို့ကောင်တွေကအ ခုေ တာ့ ဟု တ်တာလဲမ ဟုတ်ဘူး... တောထဲမှာ ယုန်ခြောက်သ လိုဖြစ်ေ နတယ်..