GSM နှင့် WCDMA ဖုန်းများတွင် အင်တာနက် အသုံးပြု နိုင်ရန်အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် သတင်းနှင့် နည်းပညာ ဗဟိုဌာန (ITCS) တို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။“GSM service ရှိတဲ့ နေရာတိုင်းမှာ သုံးလို့ရမှာပါ။ ဒီလကုန်လောက် သုံးနိုင်အောင် ကြိုးစားနေပါတယ်” ဟု မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ရှိသူ တဦးက ပြောသည်။
GSM၊ WCDMA ဖုန်းများကို ယခင်က လူသုံးများ သော်လည်း ကျပ် ၅ သိန်းတန် CDMA 800 MHz ဖုန်းများ ချထားပေး ပြီးနောက်ပိုင်း သုံးစွဲသူအများစုက ၅ သိန်းတန်ဖုန်းများကို ပိုမိုစိတ်ဝင်စားလာမှုကြောင့် GSM ဖုန်းများ၏ ပေါက်ဈေးမှာ ကျပ် ၁၀ သိန်းအောက်သို့ ကျဆင်းလာကြောင်း ဖုန်းဝယ်ရောင်း လုပ်ကိုင်သူတဦးက ဆိုသည်။
“အခုဆို GSM တွေ ကိုင်ထားတဲ့သူတွေက ၅ သိန်းတန်ဘက် လှည့်လာတယ်။ ဈေးကလည်း ဆက်တိုက်ကျနေတော့ အင်တာနက်သုံးလို့ ရမယ်ဆိုရင် လူတွေကစိတ်ဝင်စားလာပြီး ဈေးပြန်တက်လာမယ်” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံ၌ GSM ဖုန်းတလုံး သုံးစွဲခွင့်ကို အစိုးရထံတွင် လျှောက်ထားမည်ဆိုပါက အစိုးရထုတ်ဈေး ကျပ် ၁၅သိန်း ၅ သောင်း ရှိပြီး လက်ရှိပေါက်ဈေးမှာ အစိုးရထုတ်ဈေးထက် နိမ့်ကျနေသည်။
ဖုန်းများတွင် အင်တာနက်သုံးနိုင်တော့မည့် သတင်းများထွက်ပေါ်လာပြီးနောက်ပိုင်း GSM သုံးစွဲသူများက မျှော်လင့်နေကြပြီး ယင်းစနစ်အသုံးပြုနိုင်ရန် 3G ဟန်းဆက်များ ကိုင်ဆောင်ရမည်ဖြစ်ကာ WIFI မရှိသော နေရာများ တွင်လည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
“လောလောဆယ် GSMနဲ့ WCDMA က အင်နာနက် သုံးနိုင်မယ်။ နောက်ပိုင်း ၅ သိန်းတန်ဖုန်းတွေပါ အသုံးပြုနိုင်အောင် စီစဉ်နေတယ်။ MPT နဲ့ သက်ဆိုင်ရာရဲ့ ဈေးနှုန်း သတ်မှတ်ချက် အတည်မပြုရ သေးတာကြောင့် အတိအကျမသိရသေးဘူး” ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတဦးက ပြောကြောင်း ရန်ကုန်အခြေစိုက် ဖုန်းဆိုင်တဆိုင်၏ တာဝန်ခံက ဆိုသည်။
၂၀၁၀ ပြည့်နှစ်အတွင်း CDMA 800 MHZ ဖုန်းလိုင်း ၁ သိန်းအတွက် ဆက်သွယ်ရေးစခန်း ၄၂ ခု ထပ်မံတိုးချဲ့ တည်ဆောက် မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်းစနစ်ကို ၁၉၉၃ ခုနှစ်တွင် ဆယ်လူလာ စနစ်ဖြင့် စတင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် CDMA ဖုန်းစနစ် စတင်သုံးစွဲခဲ့ကာ ၂၀၀၂ ခုနှစ်တွင် GSM ဖုန်းစနစ်ကို စတင်ခဲ့သည်။ WCDMA ဖုန်းများကို ၂၀၀၈ ခုနှစ် နာဂစ်ဖြစ်ပွားပြီး နောက်ပိုင်း ပြည်သူများကို သုံးစွဲခွင့်ပြုခဲ့ခြင်းဖြစ်သည်။ CDMA 800 MHz ဖုန်းလိုင်းများကို ၂၀၁၀နှစ်ဆန်းပိုင်းမှ စတင်သုံးစွဲခွင့် ပြုခဲ့ခြင်းဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် အော်တိုတယ်လီဖုန်း (ကြိုးဖုန်း) အလုံးရေ ၈၆၆ ၀၈၄၊ ARTS ရေဒီယို တယ်လီဖုန်း အလုံးရေ ၃၈၅၆၊ DECT ရေဒီယို တယ်လီဖုန်းအလုံးရေ ၁၉၄၉၊ CDMA (Fixed) တယ်လီဖုန်း အလုံးရေ ၂၀၀၃၈၊ CDMA (Mobile) တယ်လီဖုန်း အလုံးရေ ၅၄၅၆၅၀၊ CDMA 800 MHzတယ်လီဖုန်း အလုံးရေ ၁၅၀၀၀၀၊ D-AMPS တယ်လီဖုန်း အလုံးရေ ၃၈၄၀၀၊ GSM တယ်လီဖုန်း အလုံးရေ ၄၉၄၃၀၀၊ WCDMA တယ်လီဖုန်းအလုံးရေ ၂၈၀၀၀ နှင့် McWLL တယ်လီဖုန်းအလုံးရေ ၅၀၀၀၀ တို့ အသုံးပြုလျက်ရှိကြောင်း သိရသည်။
Set as favorite
Bookmark
Email this
Hits: 9818
Comments (6)

written by Thang aunglay, October 09, 2010
They.....???? Take over all the profits By collecting the taxes of all foreign products and raising the price and sell them to its poor fellows with unfair prices.All the prices of the goods in Burma are high not because of the good or bad quality. it is because of bad and unfair taxes upon the traders and their goods. It is very amazing to hear that to buy one SIM card number we have to pay $500, and $1000 even not all middle class can get it, while we can get with in $1 or $2 and plus $100 for your phone in some southeast Asian countries. That is because of too fascistic Capitalist. i mean they .... ????want the profits by using power and controlling the prices in their hands. that is only they...??? practice it. Don't be surprised to hear high prices in Burma!
written by wing maung, October 08, 2010
Arm force leader and their partners are nothing busyness , only they have media business, they want a lot of money for what! They forget their date of death.......
written by keno, October 07, 2010
I laughed until my stomach is pain. Internet speed for computers is super SLOW. How could we use Internet in our handphones?
written by maungpay, October 07, 2010
လူကြီးမင်း၏ ဖုန်းမှာ ဆက်သွ ယ်မှု ဧရိယာပြင်ပ ရောက်ရှိနေပါသဖြင့် အင်တာနက်နှင့် ချိတ်ဆက် မရနိုင်သေးပါရှင်- 







Write comment
| < Prev | Next > |
|---|








