စစ်အစိုးရသတင်းစာ ရေးသားမှု မမှန်ကန်

E-mail Print
ဧရာဝတီ သတင်းဌာန အပါအဝင် ပြည်ပအခြေစိုက် အတိုက်အခံ အဖွဲ့အစည်းများကို ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာ မှတဆင့် ဝေဖန်တိုက်ခိုက် ထားသည်။

ဒိန်းမတ်နိုင်ငံက ဧရာဝတီ သတင်းဌာနကို နှစ်စဉ် ဒေါ်လာ ၁ သန်း ထောက်ပံ့နေခြင်းကို ရပ်ဆိုင်းတော့မည်ဟူ၍ လည်း ကောင်း၊ နိုင်ငံတကာမှ အလှူရှင်များ၏ ထောက်ပံ့မှုများကို အလွဲသုံးစား ပြုနေသည်ဟူ၍လည်းကောင်း ယနေ့ထုတ် သတင်းစာပါ ဆောင်းပါးတပုဒ်မှတဆင့် ဝေဖန်ထားသည်။

2810newsm-8ဧရာဝတီ သတင်းဌာန၏ မန်နေဂျာ ကိုဝင်းသူက “အခုစွပ်စွဲချက်တွေက လုံးဝအခြေအမြစ်မရှိပါဘူး။ အစိုးရ သတင်းစာ တွေရဲ့ ထုံးစံတခုအတိုင်း လုပ်ခဲ့တာလို့ပဲ ကျနော်မြင်ပါတယ်” ဟု ဆိုသည်။

ထို့အပြင် ယနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ပါရှိသည့်အတိုင်း ဒိန်းမတ်နိုင်ငံက ဧရာဝတီသတင်းဌာနကို နှစ်စဉ် ဒေါ်လာ ၁ သန်း ထောက်ပံ့နေသည်မှာ မဟုတ်မှန်ကြောင်း ကိုဝင်းသူက ငြင်းဆိုသည်။

“ဒိန်းမတ် နိုင်ငံကနေ ထောက်ပံ့ကြေး စ ရတာ ၂၀၀၄ ခုနှစ်ကပါ။ တနှစ်ကို ဒေါ်လာ ၁ သန်း ရတယ်ဆိုတာလည်း မဟုတ် ပါဘူး၊ သူတို့ရဲ့ ထောက်ပံ့ကြေးကို ဘာလို့ရပ်ဆိုင်းလဲ ဆိုတာကိုလည်း ကျနော်တို့ကို ဒိန်းမတ် က အသိပေးထား ပါတယ်” ဟု ကိုဝင်းသူက ဆိုသည်။

ဧရာဝတီသတင်းဌာနအနေဖြင့် ဒိန်းမတ်နိုင်ငံမှ တနှစ်လျှင် ဒေါ်လာ ၇ သောင်းဝန်းကျင်ခန့် ရရှိသည်ဟု သိရသည်။

ဒိန်းမတ်နိုင်ငံက ၎င်းတို့၏ ထောက်ပံ့ကြေးများကို အသုံးပြုကာ ဧရာဝတီသတင်းဌာနအနေဖြင့် ကိုယ်ပိုင်ဝင်ငွေရရှိရန် စီးပွားရေးလုပ်ငန်းတခုခု ထူထောင်စေချင်ကြောင်း၊ ပြည်ပအခြေစိုက် မြန်မာ သတင်းဌာနတခုအနေဖြင့် ကိုယ်ပိုင်ဝင်ငွေ ရရှိရန် မလွယ်ကူကြောင်း၊ ဧရာဝတီ သတင်းဌာနသည် ၎င်းတို့ ဖြစ်စေချင်သည့်အတိုင်း ကိုယ်ပိုင်ဝင်ငွေဖြင့် မရပ်တည်နိုင်သဖြင့် ထောက်ပံ့မှု ရပ်ဆိုင်းခြင်းသာ ဖြစ်ကြောင်း ကိုဝင်းသူက ရှင်းပြသည်။

“ပြည်ပ အခြေစိုက်မီဒီယာများ ညီလာခံကို မကြာခင်ကပဲ ကျနော်တက်ခဲ့ပါတယ်။ မြောက်ကိုရီးယား၊ ဇမ်ဘီယာ နိုင်ငံတွေ ရဲ့ ပြည်ပအခြေစိုက်မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ရပါတယ်။ ဘယ် ပြည်ပ အခြေစိုက် မီဒီယာကမှ ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်နေ တယ်ဆိုတာ မရှိပါဘူး” ဟု သူက ဆက်ပြောသည်။

နိုင်ငံတကာမှ အလှူရှင်များက ယခုကဲ့သို့ ထောက်ပံ့မှုများ ရပ်ဆိုင်းခြင်းသည် သာမန် ဖြစ်ရိုးဖြစ်စဉ် တခုသာဖြစ်သည်ဟု သိရသည်။

AAPP ၏ အတွင်းရေးမှူး ကိုတိတ်နိုင်ကလည်း “ဒီကိစ္စအပေါ်ကို AAPP အနေနဲ့ ဘာမှ ဖြေရှင်းချက် မထုတ်ချင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က မဟုတ်တာတွေ ရေးထားတာလေ။ အဲဒါတွေအကုန်လုံးကို လိုက်ပြီး ဖြေရှင်းနေမယ်ဆိုရင် ကျနော်တို့ အလုပ်တွေလည်း ပျက်မယ်၊ ဘယ်သူ့အတွက်မှလည်း အကျိုးရှိမှာမဟုတ်ဘူး။ ကျနော်တို့ အဖွဲ့ရဲ့ အသုံး စရိတ်တွေ ကို အမြဲတမ်း ချပြနိုင်အောင် စီစဉ်ထားပါတယ်” ဟု ဆိုသည်။

ပြည်ပအခြေစိုက် သတင်းဌာနများ၊ ဒီမိုကရေစီအင်အားစုများသည် ပြီးခဲ့သည့် အနှစ် ၂၀ ကာလအတွင်း မြန်မာ့နိုင်ငံရေး အတွက် တိုးတက်ပြောင်းလဲမှုရှိစေရန် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ဟုလည်း စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အားလုံး သိရှိနိုင်အောင် လုပ်ဆောင်ဖို့အတွက် ကျနော်တို့ ရှိနေရတာဖြစ်ပါတယ်။ ကျနော်တို့သာ ရှိမနေဘူးဆိုရင် တကမ္ဘာလုံးက လူတွေက စစ်အစိုးရထုတ် သတင်းစာ တွေထဲက သတင်းလိမ်တွေကိုပဲ ဖတ်ကြရပါလိမ့်မယ်” ဟု ဧရာဝတီသတင်းဌာန၏ တာဝန်ခံအယ်ဒီတာ ကိုကျော်စွာမိုးက ပြောသည်။

ထို့အပြင် ပြည်ပအခြေစိုက် အဖွဲ့အစည်းများသည် သတင်းလွတ်လပ်ခွင့် မရှိသည့် မြန်မာနိုင်ငံမှ အဖြစ်အပျက်များကို အစဉ်တစိုက် မှတ်တမ်းတင်နိုင်ခဲ့ကြသည်မှာလည်း မြန်မာ့ဒီမိုကရေစီအရေးအတွက် အရေးကြီးသောအချက် တချက် ဖြစ်နေသည် ဟု သူက ဆိုသည်။

ပြည်ပရောက် ဒီမိုကရေစီလှုပ်ရှားမှုများတွင် ငွေကြေးစနစ်တကျ သုံးစွဲမှုမရှိဘဲ အဂတိ လိုက်စားမှုများ ရှိနေသည်ဟုလည်း စစ်အစိုးရ၏ ဘလော့ဂ်တခုဖြစ်သော ပိတောက်မြေတွင် ယခုလ အစောပိုင်းက ဝေဖန်ထားသည်။
Comments (3)Add Comment
0
...
written by Ko San Tint, October 29, 2010
ဒီလိုရေးမှပဲ ထမင်းလေး အနပ်မှန်မယ် မဟုတ်လားဗျာ၊ အဲဒီတော့လည်း ခွင့်လွှတ်လိုက်ပါ ဧရာဝတီရယ်။
0
...
written by aung, October 28, 2010
GOOD ,,,,,,,,,very good,,,,,,,,,,,now the truth is appear,,,,comming,,,,,,,we cannot cover any wrong thing,,,,,,,,,
0
Private fund raising is possible
written by Waka Waka Myanmar Flag, October 28, 2010
Hello Irrawaddy,

We like Irrawaddy. We would like to see it functioning in the future. Here are a few facts and suggestions.
1. We don't know that Irrawaddy may have difficulty in funding. If Irrawaddy is in funding crisis, we are happy to support you with online purchases.
2. Current items are quite OK but most of us (outside country) have most of your items already. Thus, some useful and consumables items, for example Myanmar ready made food, some online trade items hot in ebay, like cheap chinese made iPad and iPod will be good. I know Chiang Mai is quite accessible to China border.
3. Most of the users in Myanmar cannot access Irrawaddy. Email subscription service is good but should be in full version which doesn't need web access to your site - for example pdf would greatly benefit people in Myanmar.

Wish you the best,
NWN

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်