အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က “မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို CoI ဖွဲ့စည်းပြီး စစ်ဆေးဖို့အတွက် ကျမတို့ရဲ့ မဟာမိတ် နိုင်ငံတွေနဲ့ရော၊ ကုလသမဂ္ဂနဲ့ရော ပူးပေါင်းပြီး လုပ်ဆောင်နေတယ်ဆိုတာကို ကျမ ပြောချင်ပါတယ်” ဟု ယမန်နေ့က ပြောဆိုသည်။အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်း၊ ဟိုနိုလူလူမြို့တွင် အမေရိကန်-အာရှ ပစိဖိတ် ဆက်ဆံရေးဆိုင်ရာ နိုင်ငံခြားရေး မူဝါဒနှင့် ပတ်သက်၍ ဟောပြောစဉ် ထိုသို့ ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။
“မကြာခင်မှာပဲ အပြစ်အနာအဆာများတဲ့ ရွေးကောက်ပွဲတခုကို မြန်မာပြည်မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ကျမတို့ သိသလောက်ကတော့ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲဆိုတာထက် အများကြီး ပိုပါတယ်။ မြန်မာ့ ခေါင်းဆောင်တွေကို သူတို့ရဲ့ မူဝါဒဟောင်းကြီးတွေကနေ လမ်းခွဲထွက်ရမယ်လို့ ကျမ ပြောချင်ပါတယ်” ဟု မစ္စ ကလင်တန်က ပြောသည်။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပနေသည့် အာဆီယံ အစည်းအဝေးတွင်လည်း မစ္စ ကလင်တန်က အာဆီယံ ထိပ်သီးခေါင်းဆောင်များနှင့် မြန်မာ့အရေးကို ဆွေးနွေးမည်ဟု သိရှိရသည်။
အာဆီယံ အစည်းအဝေးကို ယမန်နေ့က စတင်ခဲ့ပြီး ယခုလ ၃၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။
စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ရွေးကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟု ယမန်နေ့က ပြောဆိုခဲ့ကြောင်း သိရသည်။
ယင်းပြောဆိုချက်အပြီးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ပီဂျေ ခရော်လေက စစ်အစိုးရ၏ ယင်းလုပ်ရပ်သည် သူရဲဘောကြောင်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့်ဖျားလိုက်ခြင်းဖြစ်သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုသည်။
ယမန်နေ့တွင် အာဆီယံ ထိပ်သီးခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ရွေးကောက်ပွဲ မတိုင်မီလွှတ်ပေးရန် ဦးဉာဏ်ဝင်းကို ဖိအားပေးပြောဆိုကြကြောင်း ထိုင်းနိုင်ငံ ခြားရေးဝန်ကြီး ကဆစ်ပီရုမ်းက The Nation သတင်းစာသို့ ပြောဆိုထားသည်။
ယင်းသို့ ဖိအားပေးပြောဆိုသည့် အပေါ်တွင်လည်း ဦးဉာဏ်ဝင်းက တစုံတရာ တုံ့ပြန်ခြင်း မရှိကြောင်းလည်း သိရသည်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာတို ရိုမူလို၊ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်စဝမ် တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အချိန်ကျရောက် နေပြီဖြစ်ကြောင်း၊ ဆက်လက် ဖမ်းဆီးထားရန်အကြောင်း မရှိကြောင်း ပြောသည်ဟု အေပီသတင်းဌာနတွင် ဖော်ပြထားသည်။
Comments (3)

written by Mike8888, October 30, 2010
Hello UN, US, Japan and ASIAN!
You all are too slow to wake up your mind.
Now then you all voice out and keep calling for release Political Prisoners.
Why not you all voice out after Burma Junta become official Burma Government (by cheating fake election result) and kill 50M of Burma people?
This Burma Junta may not bother you all for now. But wait until he get Nuclear Weapon and you all will feel hot.
I wish these days come sooner.
So that you all will know how Burma Junta is.
You all are too slow to wake up your mind.
Now then you all voice out and keep calling for release Political Prisoners.
Why not you all voice out after Burma Junta become official Burma Government (by cheating fake election result) and kill 50M of Burma people?
This Burma Junta may not bother you all for now. But wait until he get Nuclear Weapon and you all will feel hot.
I wish these days come sooner.
So that you all will know how Burma Junta is.
written by သီဟ သူရ ဗိုက်ကလေး, October 29, 2010
နိုင်ငံခြားရေး ဝန်ကြီးတဲ့ ဗျာ .. .ဘယ်သူ ဘာ မေးမေး . တစုံတရာ တုံ့ ပြန်ခြင်း မရှိပါဘူး တဲ့  ..ကဲ ဘာလာလုပ်တာလဲ အစည်း အဝေးကို..သူ မို့ လို့ မရှက် မျက်နှာပြောင်ရဲတယ်. ..နိုင်ငံတကာပတ်ပြီး အစည်း အဝေးေ ပါင်းစုံတက်. .မေးရင် မသိ..မရှိ .. ကမ္ဘာ့ မျက်နှာ အပြောင်ဆုံးနဲ့  အရှက်မရှိဆုံး လူသားဆိုပြီး ဂင်းနစ် ..မှတ်တမ်းထဲ ဝင်အောင်လုပ်နေတ ယ်ထင်ပ။
Write comment
| < Prev | Next > |
|---|








We can not depend on someone such as UN, US or EU..., they can't really do anything even they tried in the past 20 years. We, including YOU must do whatever we can to save our people in Burma and our country future. I understand some people are trying whatever they can. Please YOU need to start acting for our Country before too late.