ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းများ ကြံ့ဖွံ့ကိုသာ မဲပေးရမည်

E-mail Print
ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ ၀န်ထမ်းများ အားလုံးကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကိုသာ မဲပေးရမည်ဟု  ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦးက ညွှန်ကြား လိုက်ကြောင်း သတင်းရရှိသည်။

“မြို့နယ် ရဲတပ်ဖွဲ့မှူးက ရဲတွေ ကြံ့ဖွံ့ကိုပဲ မဲပေးရမယ်လို့ ပြောတယ်။ မပေးရင်တော့ အပြောင်းအရွှေ့တွေ အလုပ်ခံရမယ်လို့ ပြောတယ်” ဟု ရဲအရာရှိတဦးက ဆိုသည်။

People-cross-the-streetရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်ရဲတပ်ဖွဲ့ ရုံးများတွင် ဦးမောင်ဦး၏ ညွှန်ကြားချက်ကို မြို့နယ် ရဲတပ်ဖွဲ့မှူးများက ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ပြန်လည်ရှင်းပြခဲ့ပြီး ကြံ့ဖွံ့ပါတီကို မဲမပေးလျှင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်ကဲ့သို့ သော ဝေးလံခေါင်းပါးသည့် ဒေသများဆီသို့ ရွှေ့ပြောင်း ခံရမည်ဟု ခြိမ်းခြောက်ထားကြောင်း စုံစမ်း သိရှိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ အထူး စုံစမ်းစစ်ဆေးရေး ဌာနများ တွင်လည်း ဦးမောင်ဦး၏ ညွှန်ကြားချက်ကို ထပ်ဆင့် ညွှန်ကြား ရှင်းလင်းပွဲများအား သက်ဆိုင်ရာ ဌာနအကြီးအကဲများက ဦးဆောင် ကျင်းပ ရကြောင်း သိရှိရသည်။

ပြည်ထဲရေး ၀န်ကြီးဌာနက ချထားပေးသည့် လိုင်းခန်းများတွင် နေထိုင်သည့် ၀န်ထမ်းမိသားစု များကိုလည်း ကြံ့ဖွံ့ကိုသာ မဲပေးရန် ပြောဆိုထားပြီး ကြံ့ဖွံ့ကို မဲမပေးပါက လိုင်းခန်းမှ ပြောင်းရွှေ့ပေးရမည်ဟု ပြောဆိုထားကြောင်း သိရှိရသည်။

ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦးသည် ကြံ့ဖွံ့ပါတီ ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် နေပြည်တော် ခရိုင်အတွင်းရှိ တပ်ကုန်းမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
Comments (0)Add Comment

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်