NLD မန္တလေးနှင့်မကွေးတိုင်း ၂၂ မြို့နယ် မဲမပေးရေး တပြိုင်တည်းလုပ်

E-mail Print
မန္တလေးတိုင်းနှင့် မကွေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များက ၂၂ မြို့နယ်တွင် မဲမပေးဘဲ နေနိုင်သည် ဟူသော စာရွက်များဝေပြီး ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းခြင်းများ ယနေ့နံနက်က တပြိုင်တည်း ပြုလုပ်ကြောင်း သတင်း ရရှိသည်။

မိထ္ထီလာ၊ သာစည်၊ ၀မ်းတွင်း၊ မလှိုင်၊ တောင်သာ၊ မြင်းခြံ၊ ပျော်ဘွယ်၊ ရမည်းသင်း၊ လယ်ဝေး၊ ကျောက်ပန်းတောင်း၊ ချောက်၊ ညောင်ဦး၊ ဆိပ်ဖြူ၊ စလေ၊ မန္တလေးနှင့် ပတ်ဝန်းကျင်မြို့နယ်များရှိ လူစည်ကားရာ အရပ်နှင့် ဈေးများတွင် မဲမပေးဘဲနေနိုင်သည် ဆိုသည့် စာရွက်များ၊ NLD မှ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ထုတ်ပြန်စာများကို ပေးဝေခဲ့ကြခြင်းဖြစ်သည်။

ပြည်သူများအနေဖြင့် အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ(NDF) ၏ ခမောက်တံဆိပ် အပေါ်ေ၀၀ါးမှုများ ရှိနေပြီး NLD  ရွေးကောက်ပွဲ ၀င်သည်ဟု ထင်မှတ်နေကြဆဲဖြစ်၍ ရှင်းလင်းပြောဆိုမှုများ ပြုနေရဆဲဖြစ်သည်ဟု မိထ္တီလာ NLD အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက ဧရာဝတီသို့ပြောသည်။

မိထ္တီလာ မြို့တွင် ဒေသခံ အာဏာပိုင်များက စာရွက်များကို လိုက်လံသိမ်းယူခြင်း၊ မှတ်တမ်း ဓာတ်ပုံများ ရိုက်ယူခြင်း၊ လိုက်လံ စောင့်ကြည့်ခြင်းများလည်း ပြုကြကြောင်း ၎င်းက ဆိုသည်။

“မြို့နယ်ရဲမှူးရော အက်စ်ဘီ တွေရော၊ မီးသတ်ရော။ ကြံ့ဖွံ့တွေလည်း ပါတာတွေ့တော့ သူတို့က ဘာလို့ ပါလာရတာလည်း မေးတော့ ပြည်သူ့ဆက်ဆံရေးလို့ နာမည်ပြောင်းထားတာလို့ပြောတယ်”ဟု ဒေါ်မြင့်မြင့်အေးကပြောဆိုသည်။

မိထ္တီလာ ဈေးတွင် စာရွက်လက်ခံရယူသူများကို ဈေးစည်ပင်တာဝန်ရှိသူများက ခြိမ်းခြောက်မှုများလည်း ရှိသည်ဟုဆိုသည်။

၎င်းက ဆက်လက်ပြီး“ဈေးစည်ပင်က လိုက်သိမ်းပြီး ဘာမဟုတ်တဲ့ ဟာလေးနဲ့ မင်းတို့ ပြဿနာ တက်သွားမယ်နော်။ သူတို့က ရွေးကောက်ပွဲ ၀င်တာမဟုတ်ဘူး၊ လက်ခံတာ မဟုတ်ဘူး ဆိုတာမျိုး တွေပြောတယ်။ တချို့နားလည်တဲ့ သူ ကလည်း ပြန်မပေး ဘူး။ ကျမတို့က ရှင်းပြနေတဲ့အခါမှာ ဓာတ်ပုံရိုက်တော့ အရိုက်ခံရတဲ့သူတွေက ကြောက်ကြတယ်”ဟု ပြောသည်။

“တခြားပါတီတွေကလည်း လုပ်နေတာပဲ။ ကျမတို့ကလည်း လူထုကို နားလည်အောင်လို့ ပြောသင့်တာကိုပြောတာ။ ဒါက ဥပဒေကို ချိုးဖောက်နေတာ မဟုတ်ဘူးလို့ ပြောတော့ နောက်ပိုင်း လိုက်မသိမ်းတော့ဘူး”ဟု ဒေါ်မြင့်မြင့်အေးက ပြောပြသည်။

တောင်သာမြို့နယ်တွင်မူ အနှောင့်အယှက်မရှိဘဲ လွတ်လပ်စွာ ပေးဝေခွင့်ရကြောင်း သိရသည်။

အဆိုပါ မကွေးတိုင်းနှင့် မန္တလေးတိုင်းတွင်းရှိ NLD အဖွဲ့ဝင်များက မဲ မပေးရေး လှုပ်ရှားမှုများကို တိုးမြှင့် လုပ်ဆောင် သွားမည် ဟု ပြောဆိုကြ သည်။
Comments (0)Add Comment

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်