၎င်းတို့၏ ကြိုတင်မဲများကို ယခင်ရက်များတွင် သန်လျင်အခြေစိုက် တပ်ရင်း၊ တပ်မများနှင့် ဝန်ထမ်း တချို့ထံမှ ကောက်ယူ ထားခြင်းဖြစ်ပြီး ယနေ့ မဲရုံပိတ်ချိန်တွင် အများရှေ့၌ ရေတွက်ခြင်း ဖြစ်ကြောင်း သန်လျင် ဒေသခံများက ပြောသည်။
“မဲတွေကို ကြည့်လိုက်တော့ အားလုံးတပုံစံတည်းပဲ။ အမှန်ခြစ်ထားတာ၊ မင် အရောင် အားလုံးက တပုံစံတည်းပဲ” ဟု မဲရေတွက်ရာတွင် စောင့်ကြည့်ခဲ့သည့် သန်လျင်မြို့နယ် အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီဝင်များက ဆိုသည်။
သန်လျင်မြို့နယ် ဆိပ်ကြီး ခနောင်တို အခြေစိုက် ဗျူဟာ ၁ ရေတပ်စခန်းမှ စစ်သည်များနှင့် မိသားစုများထံမှ ကြိုတင်မဲများကို နိုဝင်ဘာ ၅ ရက်နေ့က ကောက်ယူခဲ့ရာ အများစုသည် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီကို မဲထည့်ကြကြောင်း၊ အိတ်ပိတ်မဲ မဟုတ်ဘဲ အိတ်ဖွင့်ထားသည့် မဲများဖြစ်ကြောင်း၊ ယနေ့ မဲ ရေတွက်ရာ သန်လျင် အခြေစိုက် တပ်များမှ ကြံ့ဖွံ့ပါတီ ထောက်ခံသည့်မဲ အရေအတွက် စုစုပေါင်း ၅၀၀၀ ကျော်တွင် အဆိုပါ ဗျူဟာ ၁ မှ မဲများလည်း ပါဝင်ကြောင်း သိရသည်။
သန်လျင်မြို့ မြို့မတောင် ရပ်ကွက်တွင် မဲရုံ ၄ ရုံရှိရာ ယခုအချိန်အထိ မဲရုံ ၃ ရုံ၌ NDF ပါတီက တိုင်းဒေသကြီး လွှတ်တော်အတွက် အနိုင်ရရှိနေကြောင်း၊ ကြံ့ဖွံ့ပါတီက မဲရုံ ၁ ရုံတွင် အနိုင်ရရှိနေကြောင်း နောက်ဆုံးရ သတင်းများအရ သိရှိရသည်။
သန်လျင်မြို့တွင် NDF နှင့် ကြံ့ဖွံ့ပါတီတို့က အဓိက ပြိုင်ဘက်များ ဖြစ်နေကြောင်းလည်း သိရသည်။
Set as favorite
Bookmark
Email this
Hits: 3166
Comments (0)

Write comment
| < Prev | Next > |
|---|







