UN နှင့် စစ်အစိုးရ ရိုဟင်ဂျာအရေး ဆွေးနွေး

E-mail Print
ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အကြီးအကဲ မစ္စတာ အန်တိုနီယို ဂတ္တာရီသည် ရိုဟင်ဂျာများ အရေးကိစ္စနှင့် ပတ်သက်ပြီး နေပြည်တော်၌ မြန်မာ စစ်အစိုးရ တာဝန်ရှိသူများနှင့် ယနေ့တွင်တွေ့ဆုံ ဆွေးနွေး ကြောင်းသိရသည်။

မစ္စတာ အန်တိုနီယို ဂတ္တာရီသည် စစ်အစိုးရ၏ ခွင့်ပြုချက်အခြေအနေအရ အင်္ဂါနေ့တွင် ရခိုင်ပြည်နယ်သို့ သွားရောက်၍ ယင်းဒေသရှိ ရိုဟင်ဂျာလူမှုအသိုင်းအ၀န်းနှင့် တွေ့ဆုံရန် အစီအစဉ်ရှိသည်ဟု ရန်ကုန်မြို့ရှိ UNHCR ရုံးက ဧရာဝတီ သို့ ပြောသည်။

မစ္စတာ အန်တိုနီယို ဂတ္တာရီနှင့် ယနေ့ တွေ့ဆုံသည့် စစ်အစိုးရ အရာရှိများတွင် လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာန နှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနများမှ အရာရှိများ ပါဝင်သည်ဟုလည်း ဆိုသည်။

မစ္စတာ ဂတ္တာရီ ခရီးစဉ်သည် ရိုဟင်ဂျာများ အရေးကိစ္စ တခုတည်းမဟုတ်ကြောင်းနှင့် လူသားချင်း စာနာမှုဆိုင် ရာ စိုးရိမ်ဖွယ်ရာ ကိစ္စများလည်း ပါဝင်ကြောင်း သို့သော် အသေးစိတ်ကို ပြောဆိုခွင့် မရှိကြောင်း ရန်ကုန် UNHCR ရုံးက ပြောသည်။

မစ္စတာ ဂတ္တာရီ မြန်မာနိုင်ငံသို့ မလာမီ ပြီးခဲ့သည့် စနေနေ့က ထိုင်းနိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကဆစ် ပီရိုမရ နှင့် ဘန်ကောက်မြို့၌ တွေ့ဆုံ၍ ရိုဟင်ဂျာအရေးကိစ္စကို UNHCR အနေနှင့် ပါဝင်ဆောင်ရန်အတွက် ဆွေးနွေး ခဲ့ကြောင်းလည်း သိရသည်။

မစ္စတာ ကဆစ်နှင့်တွေ့ဆုံပြီးနောက် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စနှင့် ရွှေ့ပြောင်းနေထိုင်လိုသူများနှင့်ပတ် သက်ပြီး ကောင်းမွန်သည့် ဘ၀ အခြေအနေများ ဖန်တီးပေးရေးကိစ္စများကို ဦးတည်ချက်ထား၍ မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်ဟု  သတင်းထောက်များကို မစ္စတာ ဂတ္တာရီက ပြောကြားခဲ့သည်။

အဆိုပါ ရွှေ့ပြောင်း ရိုဟင်ဂျာများကို အကာအကွယ်ပေးရေးနှင့် ဘင်္ဂါလီ ဟုတ်မဟုတ် စုံစမ်းရန် ထိုင်းအစိုးရနှင့် UNHCR တို့က သဘောတူညီမှုရခဲ့ကြောင်း၊ မြန်မာအစိုးရကမူ ရိုဟင်ဂျာများသည် မြန်မာ တိုင်းရင်းသားမဟုတ် ဘင်္ဂါလီများသာ ဖြစ်ကြောင်း ဆက်လက်ပြောဆိုနေသည်ဟု ဆိုသည်။

မြန်မာအာဏာပိုင်များ၏ ကန့်သတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ရခိုင်ပြည်နယ်တွင်းရှိ ရိုဟင်ဂျာ မွတ်စလင်များသည် ယခုကဲ့သို့ ရွှေ့ပြောင်းထွက်ခွာလာခဲ့ကြကြောင်းသိရသည်။

ထောင်နှင့်ချီသော ရိုဟင်ဂျာများသည် ပင်လယ်ပြင်တွင်း လှေဖြင့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများသို့ ဦးတည် ထွက်ခွာလာခဲ့ကြရာမှ ထိုင်းနိုင်ငံပင်လယ်ကမ်းခြေတွင် တရားမ၀င် ရွှေ့ပြောင်းရောက်ရှိလာသူများအဖြစ် လူ ၁၀၀၀ ကျော် သောင်တင်နေခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ စလုံးက ယင်းလှေစီး ရိုဟင်ဂျာများ၏ နိုင်ငံရင်းနှင့် လူမျိုး အစစ်အမှန်နှင့်ပတ် သက်ပြီး သဘောတူညီမှုမရှိဘဲ ပြန်လည်ခေါ်ယူရန်လည်း ငြင်းဆိုနေခဲ့ကြသည်။
Comments (14)Add Comment
0
ရိုဟင်ဂျာဆိုတာ မြန်မာ
written by သခင်, March 12, 2009
အင်္ဂလိပ် ခွဲထုတ်လိုက်တဲ့ စစ်တကောင်းနဲ့ မဏိပူရကို ဘင်္ဂလားဒေ့ခ်ျက မြန်မာလက်ထဲ ပြန်အပ်လိုက်၊ အဲဒီထဲက လူတွေအားလုံး မြန်မာတွေ ဖြစ်ရောပေါ့။
0
Myanmar race
written by Rakhita, March 12, 2009
Rohigya is not Myanmar race. They come from Banglardesh. So they are Bangarli. So they need to go back to Banglardesh. Bangarli (they are called Rohingya themselves) said that Myanmar don't have human right. Bangalardesh have human right. So they should go back their mother land, Bangalardesh. Why they don't want to go back their native land it have human right and democracy? So it is clear for us they want to be conquer our mother land. We agree Myanmar government in that case.
0
မှန်မှန်ကန်ကန် စစ်ဆေးရမည်
written by မျိုးချစ်, March 11, 2009
ရိုဟင်ဂျာရယ် မည်သူရယ်တော့ မဟုတ်ဘူး မြန်မာ နိုင်ငံ အာဏာကို မတရားသဖြင့် သိမ်းယူထားတဲ့ စစ်အစိုးတွေ ကိုလည်း နိုင်ငံသား၊ တိုင်းရင်းသား စစ် မစစ် အရင်ဦးဆုံး စစ်ဆေးရမည်၊ထိုသို့ စစ်ဆေးခြင်းကို ဗိုလ်ချုပ် သန်ရွှေ မှ စ၍ အောက်ခြေ ဗိုလ်တွေထိ သူတို့ရဲ့ ဗီဇ မျိုးရိုး တရုတ်လား ထိုင်းလား ဗီယမ်းနမ်လား သေသေချာချာ သမိုင်း အထောက် အထားများနှင့် တကွ စစ်ဆေးမှု တရပ် လုပ်ယူရမယ်၊ မြန်မာ စစ်တာ မစစ်တာ အသာထား လူသား ရော စစ်သလား ဆိုတာ သန်ရွှေ ကိုအရင် စစ်ရမယ်၊ မြန်မာ မစစ်တာ တော့ သေချာတယ် မြန်မာစစ်ရင် ဘုရားသား တွေကို ရက်ရက်စက်စက် သတ်မှာ မဟုတ်ဘူး၊ မြန်မာတွေမှာ ဘုရားတရား သံဃာတာ ရှိကြတယ်။ ဘုရားမဲ့ ဝါဒီတွေ ကို အရင်စစ် ပြီးမှ တိုင်းရင်းသား တွေကိုစစ်၊၊
0
human right to find out the root case
written by welin chan, March 11, 2009
Now the world all media made topic of this Rohingar and world human right org and individual group also came in and talk about like to show sympathy but they don't know the reality.
This issue is very sophisticated and pleased put it in media very carefully and not only relies on the hate of military government.
In Myanmar, really poor people difficult to buy small rowing wooden river boat which is expensive for them.
But Rohinger can use ocean cross boat with engine and they still have money to pay for agent and these boat but theirself want to claim as refuges very surprise!!
these money provide from where?
last time refuge camp only thousand of men but they can take about four wife and take children and born as 1 to 20 ratio, next ten years this refuge camp become twenty thousand of people and still they claims as refuge.
Actually they are Bangladeshi race and spoken as Bangladeshi language and they born and populated at Bangladesh country and last time well known as Mujaheddin and now change as Rohinger and took under human right shelter.Also Bangladesh government don't want to take their race people from their land and now take opportunity of Myanmar political instability and throw to Myanmar side as human bomb like as outbreak population.
But the whole world and media quiet silent and scare to tough and blame to Bangladesh government because their political is quiet ok with world country.But really dutyless and purpose made this situation.
If any organization want to talk about this go to root case who arrange this people to going out this ocean cross boat to find new land, expected behind a lot of money for this mission.
human right to take care as value of human , to control the human bomb
Think about it.
Wishes as all world people to see truth and get bottom line.
0
ပြောပြချင်တယ်..ရိုဟင်ဂျာတွေကို။
written by အောင်မြတ်, March 11, 2009
ကမ္ဘာမှာ လူသားတစ်ဦးကို လူသားတစ်ဦးက အသိအမှတ်ပြုသည့်၊ လူသားဖြစ်မှုကို အပြန်အလှန် လေးစားမှု ရှိသည့် လူ့ယဉ်ကျေးမှု တစ်ရပ် မထွန်းကား၊ မပေါ်ပေါက် သရွေ့ ပင်လယ်ထဲ မျောနေရာကနေ ဘယ်နိုင်ငံရဲ့ ကမ်းခြေကိုမျှ မကပ်မိပါစေနဲ့။
0
Pityful but stupid rohinjas
written by we are Myanmar, March 10, 2009
Why don't you all stupid guys try to force Bangladash government to accept these rohinjas.
They also can't accept, why we should accept.
They are truly from Bangladash.
I m not from Myanmar gov side, but this time they are right bangladash gov are wrong.
YOU ALSO WANTS TO OBJECT IRRAWADDY, ISN'T IT.
TRY TO USE ANOTHER WAY.
DAMN ! ! !


0
၇ိုဟင်ဂျာကိုငြင်းတ လား၊မွတ်ဆလာမ်တွေကုငြင်းတာလား
written by mg mg, March 10, 2009
၇ိုဟင်ဂျာဟာ ၇ခိုင်ပြည်နယ် အတွင်းမှာ နေထိုင်တဲ့ လူမျိုးစုတစ်ခု မဟုတ်ဘူးလို့ ငြင်းနေတဲ့ လူတွေကို မေးခွန်းတစ်ခုမေး ချင်တာက၊ ၇ခိုင်ပြည်နယ် အတွင်းမှာ နှစ်ပေါင်း ထောင်နဲ့ချီပြီး နေလာခဲ့တဲ့ ၇ခိုင်ပြည်တောင်ပိုင်းက မွတ်ဆလာမ် တွေကိုကော လက်ခံကြလို့လား။ တောင်ကုတ်မြို့၊ ဂွမြို့၊ မာန်အောင်မြို့၊ အမ်းမြို့တွေမှာ မွတ်ဆလာမ် သန့်၇ှင်းေ၇း လုပ်ထားတာဟာ ဘယ်စစ်တပ်ကမှ လာလုပ်တာ မဟုတ်ဘူး။ေ၇ှ့လူကြီတွေ မိမိေ၇ာက်တဲ့ အ၇ပ် တွေမှာကောင်းမှူ ကုသိုလ်လုပ်၇င် မိမိလူုမျိုး နာမည်နဲ့ ကမ္ဗည်းတင်ခဲ့တာတွေ ၇ှိခဲ့တယ်။ ၇န်ကုန်မြို့ မြယာကုန်းက ၇ခိုင်ဂျာမေ ဗလီကြီးမှာ၊ ၇ခိုင်လူမျိုးမှာ မွတ်ဆလာမ်မ၇ှိဘူး၊ ၇ခိုင်ဆိုတဲ့ စကားလုံးကို ခြိမ်းခြောက်ပြီး လာဖျက်ခိုင်းတာ
စစ်တပ်က မဟုတ်ဘူး။ ၇ခိုင်ပြည်နယ်မှာ လူအများစုဟာ အလွန်၇ိုးသားကြပြီး ၊တချို့ လူတစုဟာ အလွန်အစွန်းေ၇ာက်
ကြတယ်။ ဒီလူတွေဟာ ၇ခိုင်ပြည်နယ် အတွင်းက မွတ်ဆလာမ် တမျိုးတဲကို ဘဲမုန်းတီးနေတာ မဟုတ်ဘဲ၊ ၇ခိုင်ဗုဒ္ဓဘာ
သာဝင်တွေကလွဲပြီး တခြားလူမျိုး၊ တခြားဘာသာဝင်တွေ အားလုံး ၇ခိုင်ပြည်ထဲမှာ နေတာကို မလိုလားကြပါ။
၇ခိုင်ပြည်နယ်နဲ့ ၇ခိုင်ပြည်နယ် အတွင်းမှာ နေထိုင်တဲ့ လူတွေအကြောင်းကို ဝေဖန်ချင်တယ်ဆို၇င်၊ ၇ခိုင်ပြည်နယ်
အတွင်းကို မိမိကိုတိုင် သွားေ၇ာက်ပြီး၊ ၇ခိုင်လူမျိုးတွေ၇ဲ့ လူမှူဘ၀ အခြေအနေ၊ မွတ်ဆလာမ်တွေ၇ဲ့ အခြေအနေ၊ တွေကို
လေ့လာသင့်တယ်လို့ အကြံပြုပါ၇စေ။ ဒီလူတွေ အားလုံးကို ဘယ်သူတွေက သွေးခွဲအုပ်ချုပ်နေလဲ။ ၇ခိုင်လူမျိုးနဲ့ ၇ခိုင်
ပြည်နယ်ပါ ပျောက်သွားအောင် စီမံကိန်းချပြီး လုပ်နေတာဟာ ၇ခိုင်ပြည်နယ် အတွင်းမှာ ဆွေစဉ်မျိုးဆက် နေလာခဲ့တဲ့
တိုင်း၇င်းသား မွတ်ဆလာမ်တွေလား၊ ဒါမှမဟုတ် ဘယ်သူတွေလဲ ဆိုတာ ၇ခိုင်ပြည် အတွင်းမှာ နေထိုင်နေတဲ့ မိမိဆွေ
မျိုးသားချင်းတွေကို မေးကြည့်စေချင်ပါတယ်။
0
...
written by myanmarchitthu, March 10, 2009
Need to find out where they were come from originally ?What is their ethnic ,races ,DNA also .if myanmar accept this ethnic group ,all myanmar woman need to careful for these guys otherwise half-citizen wil come out and ------- eat all myanmar.I dont want to critize anymore but I worry for future myanmar citizens how they survive!!
0
ရိုဟင်ဂျာ နှင့် ဘင်္ဂလီ မတူညီသော ကွာခြားချက်
written by kyaw san Oo, March 10, 2009
ယခု ဟိုလေတကျော် ဖြစ်နေသော ရိုဟင်ဂျာအရေးကိစ္စမှာ အလွယ်လေ ဖြေရှင်းနည်း တမျိုး ပြောပြချင်တယ်၊ ကျွန်တော်ဟာ ကချင် တိုင်းရင်သား တစ်ယောက်ဖြစ်တယ် မြန်မာနိုင်ငံမှာ မှီတင်း နေထိုင်ကြတဲ့ တိုင်းရင်းသား တွေ အားလုံးဟာ ရုပ်ရေအားဖြင့် အများဆုံး တူညီကြတယ် သို့သော်အားလုံးဟာ ဗမာတွေ မဟုတ်ဘူးဆိုတာ သိကြ မှာပါ ရုပ်ရေတူညီခြင်းဖြင့် နိုင်ငံတစ်ငံထဲက လူတွေအားလုံး လူထုအားလုံး လူမျိုးစု တစ်စု မဖြစ်နိုင်၊ကိုးကွယ် သည့်ဘာသာလည်း တစ်မျိုးတည်းမဖြစ်နိုင် ကိုယ်ယုံကြည်ရာ ကိုးကွယ်ကြမှာပါ ကိုးကွယ်ခွင့်လည်းရှိကြပါတယ်၊
မြန်မာနိုင်ငံလူထု အနေနဲ့ ကိုယ်ချင်စာစိတ် အနည်းငယ်ထား၍ ရိုဟင်ဂျာ လူနည်းစု ဘက်က စဉ်စား ပေးစေချင်ပါတယ် ကျွန်တော်တို့ ရုပ်ရေတူညီသူတွေတောင် လူမျိုးတွေ၊ မျိုးနွယ်စုတွေမတူညီကြဘူးမဟုတ်လား ကိုးကွယ်သည့် ဘာသာလည်းမတူညီကြဘူးမဟုတ်လား ရိုဟင်ဂျာတွေလည်း သမိုင်းကြောင်းအရ မြန်မာ့ ရေ မြေ ပထဝီ ဒေသ တည်းနေမှုအရ သူတို့ရဲ့ ရုပ်ရေဟာ တခြားတိုင်းရင်းသား တွေနဲ့ မတူခြင်းဖြင့် ဘင်္ဂလီ နိုင်ငံခြားသားလို့ ပြောလိုမရဘူး သူတို့ဟာ ဘင်္ဂလာဒေ့ရ် နှင့် ထိဆက်နေတဲ့ နယ်စပ် ဒေသဖြစ်လို ဘင်္ဂလီပြောလို မရဘူး၊သူတို့ရဲ့ ရုပ်ရေ ကတဖက် နိုင်ငံသားတွေနဲ့ တူကောင်းတူမယ် သို့သော် မြန်မာ လွတ်လပ်ရေး မရခင်ကတည်းက ထိုဒေသမှာ နေထိုင် နေတဲ့အတွက် ၊လွတ်လပ်ရေးနောက်ပိုင် ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံထဲက ဒေသ တစ်ခု ဖြစ်လာသောကြောင့် ထိုဒေသမှာနေထိုင်နေတဲ့ လူတွေလည်းမြန်မာနိုင်ငံသားဘဲဖြစ်ရမယ်၊၊ယနေ့ ကျွန်တော် အမြင်မှာ ရိုဟင်ဂျာတွေက လူတဖက်သား နစ်နာအောင် ပြုမှုခြင်း၊ပြည်ထောင်စုအပေါ်သစ္စာပျက်ပြာခြင်း မျိုးမတွေ့ရပါ၊ကျွန်တော်တို့ကသာ စစ်အစိုးရရေးတာ၊ပြောတာကို အဟုတ်မှတ်ပြီ ရိုဟင်ဂျာ လူနည်းစုအပေါ် စိတ်ဝမ်းကွဲနေကြတာပါ၊ကျွန်တော်ဟာ ရိုဟင်ဂျာ တွေဘက်က ရပ်တည်း၍ ရိုဟင်ဂျာ အရေးလုပ်ရှားသူ တစ်ဦးမဟုတ်ပါ၊ သို့သော် ရိုဟင်ဂျာ ဆန့်ကျင်ရေး သမားလည်းမဟုတ်ပါ မြတ်ဘုရားရှင်ဟောထားတဲ့ အတိုင်း အမှန်ကို အမှန်၊အရှိကို အရှိ ပြောနေတာပါ တိုးတောင်လှတဲ့ ဒီလူ့ဘဝမှာကောင်းမှူးတစ်ခု မပြုနိုင်တောင် မကောင်းမှူး မှရှောင်းကျဉ်ကြဖို့ မြတ်ဘုရားရှင်ဟောထားပါတယ် ဒီကောမဲန်း ရေးရခြင်းရဲ့ အဓိကရည်းရွယ်ချက်က လူ့အခွင့်အရေး အတွက်ကြိုးပမ်း နေသော အမှန်တရားကိုရှာဖွေးနေသော မြန်မာ့လူထု အနေနဲ့ အမှန်တရားကို မျက်ကွယ်မပြုစေချင်ပါ၊၊ သူတို့လည်း လူသားများဖြစ်သော ကြောင်း တခြားလူသားတွေလိုဘဲ လူသားတို့မှာ ရှိသင့် ရှိထိုက်သော ရရှိ ရထိုက်သော အခွင့်အရေးများကို အတူတကွ ခံစားခွင့်ရှိကြပါတယ်၊၊
0
ရိုဟင်ဂျာ ဆိုတာ တိုင်းရင်းသား နိုင်ငံသား
written by ရန်ခန့်, March 10, 2009
ကျနော် ဒီ comment ကို ရေးရခြင်း ကတော့ လူတစ်စု မျိုးနွယ်စုတစ်ရဲ့ ရရှိပြီသာ အခွင့်အရေးများ အာဏာရှင် တစ်စုကြောင်း ဆုံးရှုံးနေရတဲ့ အတွက် စိတ်မကောင်းမိပါတယ်၊ ရိုဟင်ဂျာဆိုတာ ကျနော်ငယ်ငယ်က ကျောင်းသား ဘဝတုန်းက သမိုင်းကျောင်းအုပ်ထဲမှာ ဖတ်ခဲ့ဖူပါတယ်၊ ရခိုင်ပြည်နယ်မှာ ဒုတိယ လူများစုလည်းဖြစ်တဲ့ ရိုဟင်ဂျာ တွေဟာ ယခု မြန်မာပြည်မဘက် ကိုပြောင်းရွေ့  နေထိုင် နေကြောင်း ရိုဟင်ဂျာ အမည်ဖြင့် တွေ့ဖတ်ဖူပါတယ်
0
ကျနော်သိသော ရခိုင်ပြည်နယ်က ရိုဟင်ဂျာများ
written by မင်းထွန်း, March 09, 2009
ရိုဟင်ဂျာဆိုတာ ကျနော်နဲ့ကျောင်းနေ
0
help
written by native arakanes, March 09, 2009
help of the Rohingya minority Ethnic
0
ူUN လည်းပေါက်ကရပဲ
written by Monlay, March 09, 2009


UN လည်းဘာတွေလျောက်လုပ
0
စီစစ်လက်ခံသင့်ပါတယ
written by ပြည်ချစ်, March 09, 2009
မြန်မာနိုင်ငံအနေနဲ

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်