သတင်းတိုများ
ဧရာဝတီ
Friday, 07 October 2011 11:16
မလေးရှားနိုင်ငံ ပီနန်မြို့ Pulau Betong ကမ်းခြေတလျှောက်တွင် မလေးရဲများက ၄ နာရီကြာ ရှာဖွေစစ်ဆေးပြီး တရားမဝင် မြန်မာနိုင်ငံသား ၇၇ ဦးကို ဖမ်းဆီးလိုက်ကြောင်း မလေးရှားမှလာသော သတင်းတပုဒ်တွင် ဖော်ပြထားသည်။ မြန်မာများမှာ အသက် ၁၉ နှစ်မှ ၂၃ နှစ်အရွယ်အတွင်း ဖြစ်ကြပြီး တောထဲတွင် ပုန်းအောင်းနေကြောင်း ရဲအရာရှိတဦးက ပြောသည်။ နှစ်ဦးမှာ ဒုက္ခသည် လက်မှတ် ကိုင်ဆောင်ထားကြောင်း၊ စစ်ဆေးမေးမြန်းမှုများအရ လှေဖြင့် ခိုးဝင်လာသူ မြန်မာစုစုပေါင်း ၁၁၅ ဦးရှိကြောင်း သိရသည်။ ကျန်မြန်မာများကို မလေးရှားရဲများက ဆက်လက် ရှာဖွေနေဆဲဖြစ်သည်။
Read more
Add comment (0)
Hits: 3215