ယုဇနကုမ္ပဏီ မြေယာ အမှု အမိန့်ချတော့မည်

စီးပွားရေး လုပ်ငန်းရှင် ဦးဌေးမြင့်၏ ယုဇနကုမ္ပဏီကို ကချင်ပြည်နယ်မှ မြေယာ အသိမ်းခံရသည့် တောင်သူများက လျော်ကြေး ရလိုမှုဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့ ပြည်နယ် တရားရုံး၌ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အမိန့်ချမည် ဖြစ်ကြောင်း တောင်သူများ၏ အကျိုးဆောင်ရှေ့နေ ဦးမြင့်သွင်က ဧရာဝတီသို့ ပြောသည်။ “ပြင်ပ နစ်နာမှုတွေပါ၊ တောင်သူတွေ လယ်တွေ ပျက်စီးတယ်၊ လယ်တွေ၊ ယာတွေ၊ ဥယျာဉ်တွေ၊ စိုက်ပျိုးသီးနှံတွေ ပျက်စီးတဲ့ အတွက် နစ်နာ ဆုံးရှုံး တာတွေ တောင်း ထားတာပါ”ဟု ၎င်းက ဆိုသည်။ ယုဇန ကုမ္ပဏီက ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းရှိ မြေယာများ သိမ်းယူခြင်းကို ၂၀၀၇ ခု နှစ် ကတည်းက မိုးညှင်းခရိုင် ဖားကန့် မြို့ရှိ ကျေးရွာများတွင် စတင်ခဲ့ခြင်းဖြစ်ပြီး တောင်သူဦးရေ ၆၀၀ ကျော်၏ မြေ ၁၃၃၈ ဧကကို သိမ်းယူခဲ့ခြင်းဖြစ်သည်။
Comments (1)Add Comment
0
answer is already known
written by Dr. Thaung Htike, December 29, 2010
Please do not take interest on the desicion of the court.
It is written and ordered what to do, because even Daw Aung San Su Kyi was detained in house arrest after she was threatened to be murdered by some people,who were promoted to the big post.

Write comment

busy
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်