MAI ရန်ကုန်-ဂျကာတာ-ဘာလီ တိုက်ရိုက် ပျံသန်းမည်

ပုဂ္ဂလိက လေကြောင်းလိုင်း တခုဖြစ်သော အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း(MAI) သည် မြန်မာနိုင်ငံ ရန်ကုန်မြို့မှ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့နှင့်ဘာလီကျွန်းသို့ လာမည့် နိုဝင်ဘာလတွင်တိုက်ရိုက် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားသား ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန်၊ ကုန်သွယ်ရေးကဏ္ဍမြှင့်တင်ရန် ရည်ရွယ်ချက်ရှိကြောင်း ပြီးခဲ့သည့် မေလအတွင်း အင်ဒီုနီးရှားနိုင်ငံသို့ ရောက်ရှိစဉ် သမ္မတ ဦးသိန်းစိန်က ဆွေးနွေးခဲ့သည်ဟု ဆင်ဟွာ သတင်း၌ ရေးသားထားသည်။ ထို့အပြင် MAI သည် ရန်ကုန်-စင်္ကာပူ-ဂျကာတာ ပြေးဆွဲရန်အစီစဉ်လည်း ရှိပြီး လာမည့် အောက်တိုဘာလ တွင် ရန်ကုန်နှင့် ဒူဘိုင်းသို့ Airbus A-320 လေယာဉ်အမျိုးအစားဖြင့် တိုက်ရိုက်ပြေးဆွဲရန် စီစဉ်နေသည်ဟုလည်း ဆိုသည်။
Comments (0)Add Comment

Write comment

busy
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်