GSM ဖုန်း အင်တာနက် တပ်ဆင်ခွင့် ယာယီ ရပ်ဆိုင်း

ရန်ကုန်နှင့် နေပြည်တော်ရှိ ကျပ် ၁၅ သိန်းတန်နှင့် ၅ သိန်းတန် GSM ဖုန်းများအား ဇွန်လ ၂၁ ရက်နေ့က စတင်၍ အင်တာနက် တပ်ဆင်အသုံးပြုခွင့် ပေးခဲ့သော်လည်း ဇူလိုင် ၂ ရက်နေ့က အင်တာနက်လျှောက်ထားခွင့် ယာယီရပ်ဆိုင်းလိုက်သည်ဟု သိရသည်။ စတင်ခွင့်ပြုသည့်နေ့မှစ၍ အင်တာနက်သုံးစွဲရန် လျှောက်ထားသူ ဦးရေ နေ့စဉ် ရာနှင့်ချီရှိနေပြီး လက်ရှိ အခြေအနေတွင် တာဝါတိုင်များ မလုံလောက်သေးသောကြောင့် ယခုကဲ့သို့ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ပန်းဆိုးတန်းမြို့နယ်၊ မြန်မာ့ဆက်သွယ်ရေးရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။
Comments (0)Add Comment

Write comment

busy
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်