မြန်မာ့ကျန်းမာရေးကဏ္ဍ အိန္ဒိယကူညီမည်

မြန်မာ့ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေးတွင် အိန္ဒိယက ကူညီရန် ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့ နေပြည်တော်တွင် ဆွေးနွေးခဲ့ကြသည်။ ရန်ကုန် ကလေးဆေးရုံကြီး၊ စစ်တွေ ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့ကို တိုးချဲ့ရေး၊ အသည်းအစားထိုး ကုသရေးအပါအ၀င် တခြား ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အထူးကု ဆရာဝန်များကို အိန္ဒိယနိုင်ငံတွင် ကျွမ်းကျင်သင်တန်း ပို့ချပေးရေးတို့ ပါဝင်ကြောင်း အစိုးရသတင်းစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် အသုံးပြုနေသော ဆေးဝါးနှင့် ဆေးပစ္စည်း အမျိုးအစား ၅၀၀၀ ကျော်ကို အိန္ဒိယမှ တင်သွင်းနေပြီး ၂၀၁၁ နှစ်ဆန်းပိုင်းကလည်း အိန္ဒိယ ဆေးနှင့်ဆေးပစ္စည်း ပြပွဲတခုကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သေးသည်။
Comments (2)Add Comment
0
မယုံပေါင်..
written by zaw bwa, August 05, 2011
ကုလား... သူ့နိုင်ငံမှာတောင် ကောင်းကောင်း မလုပ်နိုင်ဘဲနဲ့..
0
...
written by pauksa, August 04, 2011
ဟာသပဲ...အိန္ဒိ ယနိုင်ငံရဲ့ ကျန်းမာရေးေ ဆာက်ရှောက်မူ အခြေ အနေကိုလည်း သွားကြည့်ပါအုံး. နောက်ဆုံး အဖြေ
ကတော့ သူတို့လည်း အိန္ဒိယနို င်ငံထုတ်ေ ဆးေ ရာင်းချင်တာကိုး။

Write comment

busy
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်