စုံစမ်းရေး ကော်မရှင်ဖွဲ့ရေး ထောက်ခံဆွေးနွေးပွဲ ကျင်းပ

မြန်မာအစိုးရ၏ စစ်ရာဇ၀တ်မှုနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ရာဇ၀တ်မှု ကျူးလွန်မှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) အမြန်ဆုံး ဖွဲ့စည်းရေး ထောက်ခံဆွေးနွေးပွဲကို ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ယမန်နေ့က ကျင်းပသည်။ ဆွေးနွေးပွဲသို့ ဥရောပသမဂ္ဂ မူဝါဒရေးရာဌာန အကြီးအကဲ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ ကိုယ်စားလှယ်၊ ဥရောပသမဂ္ဂ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ Burma Campaign (UK)၊ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှူးတို့ တက်ရောက်ကြသည်။ ကုလအထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက မတက်ရောက်နိုင်သော်လည်း ဗီဒီယိုကွန်ဖရင့်မှတဆင့် ဆွေးနွေးသည်။ ကမ္ဘောဒီးယား၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်းနှင့် အင်ဒိုနီးရှားတို့မှ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တသီးပုဂ္ဂလများကလည်း ၎င်းတို့ အစိုးရအသီးသီးသို့ CoI ကို ထောက်ခံပေးရေး တိုက်တွန်းစာများ ပေးပို့ထားကြောင်း မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
Comments (1)Add Comment
0
...
written by naing min, September 12, 2011
They(stupid people) always say as usual.

Write comment

busy
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်