ဦးခင်ညွန့် ဗီဒီယိုဖိုင် အသံနှင့် ထပ်မံထွက်ပေါ်

E-mail Print
နေအိမ် အကျယ်ချုပ် ကျနေသည့် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ လာရောက် ခေါ်ယူသွားသည့် ဗီဒီယို အသံဖိုင်သည် ယနေ့ Facebook လူမှုကွန်ရက် အင်တာနက်စာမျက်နှာတွင် အသံနှင့်တကွ ထပ်မံထွက်ပေါ်လာသည်။

khinnyuantယင်း ဗီဒီယိုဖိုင်တွင် ရဲချုပ် ခင်ရီက ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အား လာရောက် ခေါ်ယူရခြင်းကို ရှင်းပြသည့် အသံမှာ ကြားရခြင်း မရှိသော်လည်း ဦးခင်ညွန့်က “ရတယ်လေ မင်းတို့ ခေါ်ရင် လိုက်ရမှာပေါ့။ ပစ္စည်း ပစ္စယတွေ ထည့်ဦးမယ်” ဟု ဆိုကာ အားမတန်၍ မာန်လျှော့သည့် အမူအရာကို တွေ့ရသည်။

ထို့နောက် ရဲချုပ် ခင်ရီက ဦးခင်ညွန့်၏ ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေပါ လိုက်ပါရန် ထပ်မံ ပြောဆိုသော အခါတွင်မူ စိတ်တိုသွားပြီး ကျယ်လောင်သော အသံဖြင့် “အိမ်မှာ ဘယ်သူမှ မကျန်ဘူး၊ သားနှစ်ယောက် စလုံးလည်း ခေါ်သွားပြီးပြီ။ သားမက်လည်း ခေါ်ထားပြီ၊ အခု ကိုယ်ရော ကိုယ့်မိန်းမရော နှစ်ယောက်စလုံး ခေါ်မယ်ဆိုတော့ အိမ်မှာ ဘယ်သူမှ မရှိဘူး” ဟု ပြောဆို သည်ကို တွေ့ရသည်။

ရဲချုပ် ခင်ရီ၏ အသံနှင့် အမူအရာမှာ မိမိ၏ ဆရာဖြစ်ခဲ့သူ တဦးကို တိုးလျှိုး တောင်းပန်ရသည့် အသွင်သဏ္ဍန် ရှိပြီး ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ အမူအယာတွင်မူ အာဏာရှိစဉ် အပြုအမူများ ခဏပြန်ပေါ် လာသည်ကို မြင်ရသည်။

စိတ်ဆိုးပြီး  ထိုင်ခုံအား ရှေ့သို့ ရုတ်တရက် ဆွဲယူလိုက်ပုံ၊ ပြီးမှ စိတ်လျှော့ကာ ၎င်း၏ မြေးများ ကျောင်းမတက်ရသည့် အကြောင်း၊ ပြင်ပနှင့်လည်း အဆက်အသွယ်မလုပ်ပါကြောင်းလည်း ပြောဆိုနေသည်ကိုလည်း ကြားရသည်။

“အခုကတော့ကွာ ကလေးတွေလည်း ကျောင်းမတက်ရဘူး၊ အပြင်နဲ့လည်း ဘာမှမလုပ်ရဘူး၊ အဆက်အသွယ်ဘာမှမရှိဘူး၊ လုံခြုံရေးအရ သတ်မှတ်ချက်အတိုင်း ငါနေသားပဲ” ဟု ပြောဆိုသည်ကို တွေ့ရသည်။

ထို့အပြင် ဦးခင်ညွန့်က ယခုအခါ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်မရှိသဖြင့် ၀င်ငွေမရှိကြောင်းပြောဆိုသည့် အပြင်၊ ၎င်း၏ အိမ်ဧည့်ခန်းအတွင်းရှိ မီးမှာ ပျက်နေကြောင်းလည်း ပြောဆို သွားသည်။

ရဲချုပ် ခင်ရီက ဒေါ်ခင်ဝင်းရွှေကို ဦးခင်ညွန့်အား ပြုစုစောင့်ရှောက်ရန် အတူခေါ်ယူမည်ဖြစ်ကြောင်း ပြောသည်အခါ ဦးခင်ညွန့်က “နှစ်ယောက်စလုံး အတူထားမှာလား” ဟု မေးမြန်းရာ ရဲချုပ်ခင်ရီက အတူထားမည်ဖြစ်ကြောင်း ခေါင်းညိတ် ဦးညွတ်ပြီး တရိုတသေပြောဆိုသည်ကိုလည်း မြင်ရသည်။

ထို့အပြင် အင်္ကျီအ၀တ်အစားများ ယူရန်မလိုကြောင်း ရဲချုပ် ခင်ရီက ပြောကြားသည့် အခါတွင် ဦးခင်ညွန့်မှာ ၎င်း၏ အမူအရာအတိုင်း ရုတ်တရက် ခေါင်းကိုရမ်းလိုက်ပြီး “ယူသွားမယ်၊ ယူသွားမယ်၊ အရင် သားတွေကို ခေါ်တုန်းကလည်း ပစ္စည်းတွေ မလိုပါဘူးပြောတော့ ဘာမှပါမသွားဘူး” ဟု ရဲချုပ် ခင်ရီ၏ စကားကို အကြောက်အကန် ငြင်းဆန်နေသည်ကို တွေ့ရသည်။

နောက်ဆုံးတွင် စိတ်လျော့လိုက်သည့် လက္ခဏာဖြင့် “ငါလိုက်မယ်၊ အေးအေးဆေးဆေး ငါလိုက်မယ်၊ ငါဟာ ဘာမှ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ သူလည်းမဟုတ်ဘူး” ဟု ပြောဆိုပြီး အိမ်တွင်ကျန်ရစ်ခဲ့သည့် မိသားစုဝင်များကို ကျန်းမာရေး ဂရုစိုက်ရန် မှာကြားပြီး ၎င်း၏မြေးများကို ဖက်ရမ်းနမ်းရှုတ်ပြီး နှုတ်ဆက်လိုက်သည်ကို တွေ့ရသည်။

ထိုအခါ မြေးတဦးက “ဖေဖေကြီး ဘယ်တော့ ပြန်လာမှာလဲ” ဟု လှမ်း၍ မေးမြန်းသည့် နေရာတွင် ဗီဒီယိုအခွေက အဆုံးသတ်ထားသည်။ ယခင်ထွက်ပေါ်လာသည့် အသံမပါသော ဗီဒီယိုဖိုင်တွင်မှု နေရာသစ်သို့ ရောက်ပြီးနောက် ဆက်လက် ဆွေးနွေးကြပုံ၊ ဦးခင်ညွန့်က ဟန်နှင့် မာန်နှင့် ပြောသည့်ပုံများကို တွေ့ရသည်။ ထိုအပိုင်းမှာ အခွေသစ်တွင် မပါရှိသေးချေ။

ယခုအခွေတွင် အသံဖိုင် ပါရှိလာသော်လည်း အချိန်ကာလ အပိုင်းအခြားကိုမူ တိကျစွာ ခန့်မှန်း၍ မရနိုင်သေးချေ။

ဦးခင်ညွန့်သည် စစ်ထောက်လှမ်းရေး အကြီးအကဲနှင့် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူနေစဉ်၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် အဂတိ လိုက်စားမှု အကြောင်းပြချက်ဖြင့် အစိုးရအဖွဲ့မှ ထုတ်ပယ်ခံခဲ့ရပြီး ရုံးတင်တရားစွဲဆိုခံရကာ ဆိုင်းငံ့ပြစ်ဒဏ်ဖြင့် နေအိမ်၌ အကျယ်ချုပ် ၄၄ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ရသည်။

ထိုအပြင် သားများဖြစ်သည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ရှိ သရက်မြို့ အခြေစိုက် ခလရ ၄၄ တွင် တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းနေသည့် ဒု ဗိုလ်မှူးကြီး ဇော်နိုင်ဦးနှင့် Bagan Cybertech ကို တည်ထောင်သူ ဒေါက်တာ ရဲနိုင်ဝင်း တို့လည်း ဖမ်းဆီးချုပ် နှောင်ခြင်းခံခဲ့ရသည်။

၁၉၈၃ ခုနှစ်မှစတင်၍ ၎င်းကိုင်တွယ်ခဲ့သည့် စစ်ဘက်ထောက်လှမ်းရေးအဖွဲ့လည်း ဖျက်သိမ်းခံခဲ့ရပြီး အမာခံထောက်လှမ်းရေး အရာရှိကြီများလည်း ဖမ်းဆီထောင်ချ အရေးယူခြင်းခံခဲ့ရသည်။

မကြာသေးမီက စစ်အစိုးရ၏ နျူကလီးယားနှင့် ဒုံးပျံလက်နက် စီမံကိန်းများကို ဖော်ထုတ်ခဲ့သည့် ဗိုလ်မှူး စိုင်းသိန်းဝင်းက “စိတ်မကောင်းပါဘူး၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုးဆိုတော့လည်း သူဘယ်လောက် ဆိုးခဲ့ဆိုးခဲ့လေ။ သတ်တာထက်တောင် ဆိုးသေးတယ်” ဟု ဆိုသည်။

ထို့အပြင် သံဝေဂတရားလည်း ရမိကြောင်း၊ ကံ၊ ကံ၏ အကျိုးအရ လုပ်ခဲ့သည်များကို ပြန်ပြီး ခံစားဝဋ်လည်နေသည်ဟု ထင်ကြောင်း ဗိုလ်မှူး စိုင်းသိန်းဝင်းက ပြောသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ထောက်လှမ်းရေးအဖွဲ့ဝင်များသည် ၁၉၈၈ ခုနှစ်မှ စတင်ပြီး ကျောင်းသားများနှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူ ထောင်နှင့်ချီ၍ ဖမ်းဆီးပြီး ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

ယခုထွက်ပေါ်လာသည့် ဗီဒီယိုနှင့်ပတ်သက်၍  နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်ခဲ့သည့် မန္တလေးမြို့မှ စာနယ်ဇင်းသမား တဦးကလည်း လူသားချင်း စာနာစိတ်ဖြင့် ဂရုဏာသက်မိပါကြောင်း၊ သို့သော် ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် စစ်ထောက်လှမ်းရေး အဖွဲ့သည် ဖိနှိပ်မှုအတွက် နိုင်ငံတော်အာဏာကို လိုသည်ထက် ပိုမိုသုံးစွဲခဲ့သည်ဟု ထင်ကြောင်း၊ ယနေ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး သဘောထားများ ထားရှိသည့်အတွက် မည်သည်အာဃာတ တရားမျှမထားပါကြောင်း၊ သို့သော် သမိုင်းမှတ်တမ်းများကိုမူ ဖျောက်ဖျက်၍ မရ၊ ပြည်ဖုံးကားချ၍လည်း မရပါကြောင်း မှတ်ချက်ချ ပြောဆိုသွားသည်။

ယင်းဗီဒီယိုဖိုင်ကို ကြည့်ရှုကြသူများက တန်ခိုးထက်ခဲ့သည့် အာဏာရှင်တဦး၏ ကျဆုံးခန်းကို သံဝေဂ ရကြကြောင်း၊ ဝဋ်လည်သည်ဟု ထင်ကြောင်း ပြောဆိုနေကြသည်။

ဧရာဝတီ ဘလော့ဂ်ပေါ်မှာ ဗီဒီယိုဖိုင်ကို ကြည့်ရှုရန် (http://www.irrawaddyblog.com/2010/12/blog-post_04.html)
Comments (13)Add Comment
0
...
written by aung, December 06, 2010
This is a dramatics movie.;
0
မေတ္တာ စူးရှ ရှာပြီ
written by Win, December 06, 2010
ဦးခင်ညွန့်ရဲ့ ဗီဒီယိုခွေ ကြည့်ပြီး တရားရမိတယ်ဗျာ။
သူတပါးကို မတော်မတရား လုပ်ခဲ့သမျှ ရဲ့ အကျုးဆက်ကို ဤလူ့လောက မှာဘဲဖြစ်ဖြစ်၊ နောင်တမလွန် ဘဝမှာဘဲ ဖြစ်ဖြစ်ခံစားကြရမည် မှာမလွဲပါ ။ ဦးခင်ညွန့်ဦးဆောင်တဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ရဲ့ မတရား နှိပ်စက်ခံ၊ ပြုကျင့်ခံခဲ့ ရသူ အထောင်အသော င်းအနေနဲ့က တော့ ကြိုက်မိ တ်ခံပြီး မေတ္တာပို့ ရုံက လွဲလို့ ဘာမှ မတတ်နိုင်ခဲ့ကြဘူး။
အော်… ဦးခင်ညွန့် တို့ သူတကာ ပို့တဲ့ မေတ္တာ စူးရှခံရေ လပါပကော။
လူတွေ. .လူတွေ ဒီလိုလူေ တွ..တရားရသ င့်ကြတ ယ်ဗျာ။
0
kids
written by ngeto, December 06, 2010
i feel sorry for kids..
0
When, Why
written by Zin, December 05, 2010
Knowing that it's hard to believe, strong facts prove that it was shot on June 2009 and it was about John William Yettaw. Though he was free again very shortly, he disappeared again. That's right, you do not have to believe it, and I have no further comment.
0
နောင်တ ရမယ်မထင်ပါ။
written by p n wa ra, December 05, 2010
ဗိုလ်ခင်ညွန့် ရာထူး ကျစဉ်က အပြုသဘော ရှိသူ။ နိုင်ငံ တကာဆ က်ဆံရေးမှာ သဘောထား ပျော့ပြောင်းသူလို့  ချီးမွမ်းခန်းေ တွဖွင့်ကြတယ်။ အခုလဲ သူ့ ကို စာနာ သနား တဲ့သူက သနား။ သံဝေဂ ရပြီလို့ ထင်သူကထင်။
မိမိ အနေဖြင့် ဗိုလ်ခင်ညွန့် ရာထူးပြု တ်ယုံနဲ့  သံဝေဂ ရမည့် ပုံမေ ပ်ါပါ။ သူ့ ကို ရာထူးမှ ဖယ်ရှား ခဲ့သူတွေ နဲ့  ဒီမိုကရေစီ အင်အားစုတွေ အပါအ ၀င် စိတ်ထဲ ခံပြင်းပြီး ဒေါမာ န်ပွားနေလိမ့် မည်ထင်ပါသည်။
0
Old video
written by Nay, December 05, 2010
hi, this is a old video clip, You can see his grandson in that clip. Now his grandson is older than you see in video clip. This video clip is just a trick.
0
မေ့မနြေ ကပါနှင့်အုန်း
written by ရဲမင်းထွန်း, December 05, 2010
၁၉၈၉ ကြည့်မြင်တိုင်ဘက်မှာ အလယ်တန်း ကျောင်းသား လေးကို အပ်ချည်လုံး မျိုခိုင်းပြီး ပါးစပ်က အစတဖက်ကို ပြန်ဆွဲပြီး စစ်တဲ့ စစ်ထောက် လှမ်းရေး လက်ချက်ကြောင့် သေသွားတဲ့ ဖြစ်ရပ် သတိပြန် ရကြပါ။ အလားတူတွေ မြန်မာ တပြည်လုံးမှာ တပုံကြီးပဲ။ အဲဒီ အချိန်မှာ ဗိုလ်ချုပ်ခင်ညွှန့်က စစ်ထောက်လှမ် အကြီး အကဲပဲ။ စစ်ထောက် လှမ်းရေး ဖမ်းသွားတဲ့ ဦးမောင်ကိုအား ရက်ရက် စက်စက် ရိုတ်သတ်ပြီး ရန်ကုန်ေ ဆးရုံကြီး ရေခဲတိုက်မှာ အမည်မသိ အလောင်း အဖြစ်နှင့် လာပစ်သွားတဲ့ ဖြစ်ရပ်တွေ။ စစ်ကြောေ ရးမှာ သေ သွားတဲ့ ကျောင်းသား လူငယ်တွေ လူဖြစ်ရှုံး သွားတဲ့ လူ ဘ၀နှင့် အခု သူခံစားရ တယ်ဆိုတာ ချိုမိုင် မိုင်ပါ။ စိတ်ဓါတ်စစ်ဆင်ရေးနှင့် ၀ါဒဖြန့် ချီရေး တိုက်ကွက်တွေ တန်ပြန်ေ ထာက် လှမ်းရေးကို အများဆုံးလုပ်နိုင်တဲ့ သူ့ကို လုံးဝ သတိထား ရမယ် ကျနော့်အမြင်ပဲ။ ဘာတွေဖြစ်နေနေ မြင်ကွ င်းအရပဲ ပြောရရင် အခြား လူဆို သနားစရာဖြစ်မှာပါ သူ ဆိုရင်တော့ ဘာမှပြောစရာကို မရှိဘူး။
0
...
written by Anonymous, December 05, 2010
ဝဋ်လိုက်တယ် ဆိုတာ ဒါပါဘဲ။
0
...
written by ဘုန်းတော်ကြီး, December 04, 2010
စာဆို ဒီလိုမှပေါ့ ဧရာဝတီ ရယ်....
ရှင်းလင်း ပြတ်သားစွာ စာဖတ် ပရိသတ်ကို နားလည် သဘောပေါ က်စေပါတယ်။
ကျေးဇူး တင်ပါတယ်။ ။
0
ဝင်ုမှာ အမြဲ၊ ငရဲမှ အပ
written by War, December 04, 2010
ဒီနေ့ ဆို အသံဖိုင်ကို ဒီမိုဝေယံ ဘလော့ဂ် ကနေ စကြည့်မိတာ။ တ၀က် တပျက်မှာ နှလုံးတွေ အရမ်း ခုန်လာလို့  ခဏနားပြီး စိတ်ကို သက်တော့ သက်တာ ဖြစ်အောင်ြ ပန်နေပြီးမှ ကျန်တဲ့ တ၀က်ကြို ပန်ကြည့်ရတယ်။ ဒီသီချင်းလေးကို လည်း အလုပ် လုပ်နေရင်းနဲ့ အလိုလို ဆိုနေမိပါရဲ့ ...
ဝင်ုမှာအမြဲ၊ ငရဲမှအပ ဆိုသည်ေ ကြာင့်လည်း ဒီဝင်ုကြွေး မကုန်ခန်း သရွေ့ လေ လည်စင်းခံ ဆပ်မယ်လေ... သို့  လေသော်လည်း ဒီလူနဲ့ တူသော အကျိုးမျိုး ဘ၀ ဆက်တိုင်း မင်းတစ်ယောက် ကင်းလို့ ဝေးပါစေ.... လို့ တစ်ချိန်က ထောက်လှမ်းရေးရဲ့ အနှိပ် အစက်ကို ခံခဲ့ကြရပြီး၊ ဘ၀ပျက် ခဲ့ရတဲ့ သူတွေက အခုအချိန်မှာ ကျွန်မလိုဘဲ သီဆို နေမလား...

ဒါ့ကြောင့် အာဏာရှင်စနစ်ဟာ အာဏာရှင် ကိုယ်တိုင်ကိုလည်း မကာကွယ် နိုင်ပါဘူး။ ပြီးတော့ အာဏာရှင်တွေရဲ့ ဇတ်သိမ်းဟာလည်း ဘယ်တော့မှ မကော င်းပါဘူး။ သမိုင်း မှာလည်း မလှပပါဘူး၊ တစ်နေ့မှာ အာဏာ ရှင်တွေ ကိုယ်တိုင် ပြန်ခံကြ ရတဲ့အခါ ကိုယ်တစ်ယောက်တည်းတောင် ဒုက်ခခံစားရ တာမဟု တ်ဘဲ အခွင့်အရေးရစဉ် အခါက စံစားခဲ့ကြတဲ့ မိသားစုဝ င်တွေပါ မိမိနဲ့ အတူ ဒုက်ခကို ဝေမျှယြူ ကရတာပါ။ ဒါ့ကြောင့် ပြည်သူ အားလုံး၊ လူထု လူတန်းစား အားလုံးကို အကာအကွယ် ပေးနိုင်တဲ့ ဒီမို ကရေစီ စနစ်တ စ်ခုကို ထူထောင်နိုင်ဖို့ အတွက် ကိုယ်ကျိုး စွန့် ၊ တိုက်ပွဲဝင်ပြီး ဘ၀တွေ အနစ်မွန်း ခံနေကြရတဲ့ သူတွေကို ပိုပြီးေ လးစား ကြည်ညို မိပါတယ်။

မြန်မာ နိုင်ငံသား အားလုံး စစ်မှန် မျှတတဲ့ တရား ဥပဒေရဲ့ အောက်မှာ တန်းတူ ညီမျှ အေးချမ်းစွာ နေထိုင်နိုင် ကြရပါစေသား လို့ ဆန်ဒြ ပုလိုက် ပါတယ်။
0
khin nyut
written by vijay, December 04, 2010
interesting news.let him in prison as long as possible.because he is one of former army leader too.then he can feel,life in prison,even with thane swe more better.
0
လူသတ်သမားကိုပြ န်မျှော်စရာ မလို
written by မျိုးသူ, December 04, 2010
ကျောင်းသားတွေကို သတ်ခဲ့တဲ့လူပါ၊ သူပြန်လာရင်လဲ ထပ် သတ်အုံးမှာပဲ
0
...
written by Guna Linkaya, December 04, 2010
သူတည်းတယောက် ကောင်းသို့ ရောက်မူ သူတယောက်မှာ ပျက်လည့်ကာသာ ဓမတာတည်း

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်