ဝေါ်လေတွင် နအဖတပ်ကို DKBA တိုက်ခိုက်

E-mail Print
ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်၌ နအဖ စစ်အစိုးရ အရံဗျူဟာ တည်ရှိရာ ဝေါ်လေဒေသရှိ သံမဏိ တောင်ကုန်းကို  ယမန်နေ့ည ၁၁ နာရီအချိန်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

more-refugeeကရင် သတင်းစဉ် လက်ထောက် အယ်ဒီတာ ဒေါ်နန်းထူးစံက “ဖြစ်တာက ဒီလိုပါ။ DKBA တွေက ဝေါ်လေမှာရှိတဲ့ နအဖ တပ်တွေကို လက်နက်ကြီး တွေနဲ့ လှမ်းပစ်တယ်လေ။ ရွာသား တွေကတော့ အစကတည်းက ဒီဘက်ကို ပြေးလာ နေကြတာ” ဟု ပြောသည်။

နိုဝင်ဘာ ၇ ရက်နေ့မှစ၍ မြ၀တီနှင့် ဘုရားသုံးဆူ မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ မြဝတီမြို့အနီး ဝေါ်လေ ဒေသတွင် နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်လျှက် ရှိကြောင်း၊ ယမန်နေ့ ညပိုင်းကလည်း တိုက်ပွဲ ဖြစ်သေးကြောင်း ABSDF စစ်ကော်မရှင် အတွင်းရေးမှူး ကိုခင်ကျော်က ဆိုသည်။

“ညတုန်းကတော့ ဝေါလေ ဘက်မှာရှိတဲ့ သံမဏိကုန်း ဘက်မှာ ဗျူဟာအရံ တပ်စွဲထားတဲ့ နေရာကို DKBA က ည ၁၁ နာရီလောက်မှာ ၀င်ရောက် တိုက်ပါတယ်” ဟု ပြောသည်။

တိုက်ပွဲများကြောင့် မြ၀တီဆေးရုံတွင် နအဖ အရာရှိ ၂ ဦးနှင့် တပ်သား ၆ ဦး ဆေးကုသမှု ခံယူလျှက် ရှိကြောင်း မြ၀တီမြို့ခံ ရဲဝန်ထမ်း တဦးက ပြောသည်။ ဘုရားသုံးဆူ ဘက်တွင်လည်း ဒဏ်ရာရရှိသော တပ်သား ၄ ဦးကို ထိုင်းနိုင်ငံထဲမှ ဖြတ်ကာ ကားဖြင့် ထားဝယ် ဆေးရုံသို့ သယ်ဆောင် သွားကြောင်း သိရသည်။

တိုက်ခိုက်မှုများကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ထွက်ပြေးလာသူ မြန်မာ စစ်ပြေးဒုက္ခသည် ၁ ထောင်ခန့် ရှိနေကြောင်း၊ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ဒုက္ခသည်များထားရှိရာသို့ လာရောက်ကြည့်ရှုကြောင်း သိရသည်။

တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ဒုက္ခသည်များကို အလျင်စလို ပြန်ပို့ရန် မလိုအပ်သေးကြောင်း၊ အဘယ့်ကြောင့်ဆိုသော် တိုက်ပွဲများ ထပ်မံဖြစ်ပွားနိုင်သည့် အခြေအနေရှိနေသည် ပြောကြောင်းလည်း သိရှိရသည်။
Comments (3)Add Comment
0
စဉ်းစားဖို့ေ ကာင်းပြီ
written by 1,91,,8, December 06, 2010
လက်ရှိ စစ်တပ်ထဲမှာရှိတဲ့ အရာရှိင ယ်တွေနဲ့ ရဲဘော်တွေ မင်းတို့ရဲ့မိ သားစုတွေ စဉ်းစာ ဖို့ကောင်းပြီ ။ မင်းတို့အသ က်ပေးနေတာ မင်းတို့တိုက်ခိုက်နေတာ တွေဟာ ဘယ်သူ့ အတွက်လဲ တိုင်းပြည်အတွက်လား ။ ဗိုလ်ချုပ်ကြီးေ တွအတွက်လား ။ တိုင်းပြ ည်ကို ကျူးကျော်သူ တွေနဲ့တိုက်နေတာလား ကိုယ့်မိသားစု အချင်းချင်း တိုက်နေတာလား ။ မင်းတို့ဘ၀ေ တွကရော ပြည့် စုံရဲ့လား အာမခံချက်ေ ရာရှိလား မင်းတို့အ ပေါ်က ဗိုလ်ချုပ်ြ ကီးတွေကို့ မော့ကြ ည့်လိုက်စမ်းပါ မင်းတို့ရဲ.စွန့်လွတ်မှုက ထိုက် တန်ရဲ့လား ။ အသုံး မကျတဲ့ ဗိုလ်ချုပ်ကြီးတွေကြောင့် မင်းတို့ကို ပြည်သူတွေက မုန်းတီးနေတာကို ခံနေရတာရော ထိုက်တန်ရဲ့လား ။သေချာ စဉ်းစားပါ ၊ လူတိုင်း တစ်နေ့နေ့ သေရမှာပါပဲ ။ ထိုက်တန်တဲ့ တန်ဘိုးရှိတဲ့ သေချင်းတရားမျိုဖြစ်သင့်တယ် ။ ဦးစောလို ဦးနေ၀င်လို သေချင်းတ ရားမျိုး ဗိုလ်ချုပ်ကြီးေ တွကြုံတွေ့ရတော့မှာပါ ဗိုလ်ချုပ်ကြီးတွေ သေတဲ့အခါ ကျန်တဲ့မိသားစုတွေ သားသမီးတွေ ဘယ်လိုဆက်ပြီး ရပ်တည်ကြမလဲ ရှေ့မှာ တွေ့အကြုံတွေ အများကြီး ရှိပါတယ် ၊ရဘော်တွေရော ဗိုလ်ချုပ်ကြီးတွေပါ လေးလေးနက်နက် စဉ်းစားစေချင်တယ် ၊ ရှေ့ဆက်ပြီး ဘယ်လေက် အသက် ရှင်နိုင်မှာလဲ ( ဗိုသန်းရွှေ ဗိုမောင်အေး အသက် ၇၀ ကျော်ပြီ ။ ဗိုသိန်းစိန် ဗိုရွှေမန်း ဗိုတင်အောင်မြင့်ဦး ၆၀ ကျော်ပြီ စဉ်းစားပါ မရဏမင်းကိုတော့ ဘယ်သူမှ အနိုင်ယူလို့ မရပါဘူး) ငရဲမှာ တစ်ဖွဲ့လုံး ဆုံနေကြဦးမယ်။
0
ကရင်လူမျိုးအားလုံ ဗမာစစ်တပ်ကို တော်လှန်ဖို့ လိုတယ်
written by Htay Tint, December 05, 2010
နိုင်ငံ အသီးသီးမှာ နေထိုင်ကြသော ကရင် ညီအကို မောင်နှမ အပေါင်းတို့ 

ပြာဿိုလ ၁ ရက်နေ့ တွင် ကရင် အမျိုးသား များ၏ နှစ်သစ်ကူး ပွဲတော် ကျရောက်တော့ မည်ဖြစ်ပါသည် ။
၂၀၁၁ ကရင်နှစ်သစ်ကူးပွဲတော်ကို အထူးနှစ်သစ်ကူးပွဲတော် အဖြစ် ကျင်းပကြ ပါရန်
နိုးဆော်တိုက် တွန်းပါတယ် ။

ကရင်လူမျိုးအများစုဟာ မိမိဘိုးဘွားပိုင် နယ်မြေဒေသမှ
မြန်မာနိုင်ငံရေးသမား အမည်ခံများ မြန်မာစစ်တပ်များရဲ့ 
လောဘကို အတောမသတ်နိုင်လို့ နယ်မြေလု ရန်ရှာရာက
နယ်မြေစွန့် ပြီး အသက်ရှင်ရန် ပြေးလွားနေကြရသည်မှာ
နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပါတယ် ။

ဒီကနေ့ မြန်မာပြ ည်တွင်း ဒေသငြိမ်းချ မ်းရေးကို
ဦးဆောင်နိုင်မဲ့ ခေါင်းဆောင်တဦး ပေါ်ထွက်လာပါပြီ။

ဒေါ်အောင်ဆ န်းစုကြည် သည် ပြဿနာများကို
နှစ်ဦး နှစ်ဖက် ကျေလည်စေရန် ဆွေးနွေးအ ဖြေရှာ ပေးနို င်သူဟု ယုံကြည် ပါသည် ။

ဒီမိုကရေစီ ရရှိရေး
တိုင်းရင်းသားများပူးပေါင်းဆောင်ရွတ် ရေးနှင့်
နားလည်မှုတ ည်ဆောက်ရေးသည်
ကျောနှင့် ရင်ကပ် ထားသ လိုဖြစ်နေပါသည် ။
တချိန်တည်း တခါတည်း ပူးပေါင်းဆောင်ရွတ်နိုင် မှသာ အောင်မြင်နိုင်မည်ကို
အနှစ် ၂၀ ကျော် သမိုင်းက သက်သေခံနေပါသည် ။

ထို့ အတူ ကရင်တိုင်းရင်းများအးလုံးလွတ်လပ်ရေးသည်
ကရင်များ အားလုံး ညီညွတ်မှုတွင် အခြေခံေ နသလို
အခြား တိုင်ရင်းသားများနှင့် ပူးပေါင်းဆောင်ရွတ်အဖြေရှာရေးသ ည်လည်း
အသ က်ရှင်ရန် ကြိုးစားသ ကဲ့သို့  ဆောင်ရွတ်ရမည်ြ ဖစ်ပါသည် ။
0
မင်းတို့ ကတော့ ဇိမ်ကျနေတယ်
written by KOKO, December 04, 2010
ွရှေတန်းမှာ တပ်မတော်သားတွေ အသေခံ နေတဲ့အချိန်မှာ မင်းတို့ ခေါင်းဆောင်ကြီး ဗိုလ်သန်းရွှေနဲ့  သူ့ မိသားစုက
ဒေါလာသန်း ၂၀၀ တန် စိန်တွေ ၀ယ်စုပြီး အပြွ ကံနေတယ်၊
ရှေ့ တန်းက အရာရှိတွေနဲ့ တပ်သားတွေ ဘယ်သူတွေ တည်မြဲရေး ချမ်းသာရေး အတွက်
အသေခံတိုက်ေ နသလဲ ဆိုတာ မိမိကိုယ်မိမိ နည်းနည်း ပြန်သုံးသပ် စေချင်တယ်၊
မင်းတို့ ခေါင်းဆောင်ကြီးတွေ ချမ်းသာ တည်မြဲရေး အတွက် မင်းတို့ ငါတို့ တိုင်းရင်းသား
ညီ အကိုတွေကို အချင်းချင်း သတ်နေကြမှာလား၊

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်