သင်္ကြန်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူ ထောင် ၈ နှစ် ချခံရ

E-mail Print
၂၀၁၀ သင်္ကြန် အကြတ်နေ့က ရန်ကုန်မြို့ရှိ X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုအား ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်း ရိုက်ယူခြင်းကြောင့် ဖမ်းဆီးခံရသည့် ကိုစည်သူဇေယျကို ထောင်ဒဏ် ၈ နှစ် ချမှတ် လိုက်ကြောင်း ၎င်း၏ ရှေ့နေက ပြောသည်။

X2O-pavilion-01မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးက နယ်စပ် ဖြတ်ကျော်ပုဒ်မ ၁၃/၁ ဖြင့် ထောင်ဒဏ် ၃ နှစ်၊ မတရား အသင်း ဆက်သွယ် မှု ပုဒ်မ ၁၇/၁ ဖြင့် ထောင်ဒဏ် ၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

စီရင်ချက်များ ချမှတ်ရာတွင် သက်သေ အထောက် အထားများ ပြည့်စုံခြင်း မရှိဘဲ တရားစွဲဆို စီရင်ချက် ချမှတ်ခြင်း ဖြစ်ကြောင်း၊ အယူခံရုံး အဆင့်ဆင့်တက်၍ အယူခံ ၀င်သွားမည် ဖြစ်ကြောင်း ရှေ့နေကြီး ဦးအောင်သိန်းက ဆိုသည်။

“ပထမတော့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးတော့ ဗီဒီယိုရိုက်တာကို မသင်္ကာလို့ စစ်ဆေးတာပဲ။ နောက်တော့မှ ဒီ ၁၃/၁ တို့ ၁၇ / ၁ တို့ဆိုတာက တရားခံပေါ်မှာ စစ်ကြောရေး ပြုလုပ်ပြီးတော့ ရရှိတဲ့ အချက်အလက်တွေနဲ့ သူတို့ တရားစွဲတင်ပြီး ပြစ်ဒဏ်ပေးတာ။ သက်သေ အထောက်အထား ခိုင်ခိုင်မာမာနဲ့ စီရင်ချက်ချတယ်လို့ မယုံကြည်ဘူး။ ဒီလိုအမှုတွေက များသော အားဖြင့် အဲ့ဒီလိုပဲ အမှုတည်ဆောက်ပြီးတော့ တရားစွဲဆို ပြစ်ဒဏ် ပေးလေ့ရှိတာကို တွေ့နေရတယ်”ဟု ၎င်းကပြောသည်။

စစ်ကြောရေး ကာလအတွင်း ကိုစည်သူဇေယျ က ထိုင်းနိုင်ငံတွင် မီဒီယာသင်တန်း တက်ဖူးကြောင်း၊ ဒီမိုကရက်တစ် မြန် မာ့ အသံ (DVB) နှင့် ဆက်သွယ်ဖူးကြောင်း ဖြောင့်ချက်ပေးထားချက်ကို တရားလိုများက တရားရုံးသို့ တင်ပြခဲ့သည်ဟု ဆို သည်။

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက် သင်္ကြန်ကြတ်နေ့က ရန်ကုန်မြို့ကန်တော်ကြီးစောင်းရှိ X2O ရေကစားမဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ယူနေသူ ကိုစည်သူဇေယျကို မသင်္ကာမှုဖြင့် ထိန်းသိမ်းခဲ့ပြီး ဖခင်ဖြစ်သူ ဦးဇေယျကိုလည်း နောက်နေ့တွင် အာဏာပိုင်များက လာရောက်ခေါ်ဆောင်ကာ အဝေးရောက် ညွန့်ပေါင်းအစိုးရနှင့် ဆက်သွယ် သည်ဟု စွပ်စွဲ၍ တရားစွဲဆိုခဲ့သည်။

သူတို့ကို ပြန်လွှတ်ပေးရန်အတွက် နယ်စည်မခြား သတင်းထောက်များအဖွဲ့(RSF)နှင့် မြန်မာ့သတင်းသမဂ္ဂ(BMA) တို့က ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ဖူးသည်။

စာရေးဆရာ တဦးဖြစ်သည့် ဦးဇေယျကိုမူ ယခုအချိန်အထိ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး တရားရင်ဆိုင်နေရဆဲဖြစ် ကြောင်း၊ လာမည့် ဇန်န၀ါရီလအတွင်း စီရင်ချက်ချဖွယ်ရှိကြောင်းလည်း ဦးအောင်သိန်းက ပြောဆိုသည်။

လူ ၁၀ ဦးသေ၍ ၁၇၀ ကျော် ဒဏ်ရာရခဲ့သည်ဟု စစ်အစိုးရက ထုတ်ပြန်ထားသော အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက် နေသည်ဟု စွဲချက်တင် ဖမ်းဆီးထားသော အင်ဂျင်နီယာတဦးဖြစ်သူ ကိုဖြိုးဝေအောင်ကိုလည်း အင်းစိန်ထောင်တွင်းတရားရုံးတွင် စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။

သင်္ကြန်ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ စစ်အစိုးရက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတခုတွင် ကိုဖြိုးဝေအောင်သည် ထိုင်း-မြန်မာနယ်စပ်ရှိ စွမ်းအားမြင့် စစ်သည်တော်များအဖွဲ့နှင့် ပတ်သက်နေပြီး ဗုံးဖောက်ခွဲသူများအတွက် ပတ်ဝန်းကျင် အခြေအနေကို စောင့်ကြည့်ပေးရသူဖြစ်ကြောင်း ရဲချုပ်ခင်ရီ က ပြောဆိုခဲ့သည်။

၎င်း၏ မိသားစုများကမူ အာဏာပိုင်များက လူမှားဖမ်းခြင်းဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ကိုဖြိုးဝေအောင်မှာ တာဝန်ယူထားရသော ကန်ထရိုက်လုပ်ငန်းတွင် ရှိနေကြောင်း ပြောဆိုထားသည်။
Comments (3)Add Comment
0
Military Junta
written by IP MinAung, December 25, 2010
I think the culprit is the junta.
0
...
written by en, December 23, 2010
ဦးသန့်လဲ မမှီ၊ ၈၈ မှာလဲ နားမလည်သေး စစ်အစိုး၇ အုပ်ချုပ်မှုအောက်မှာ ကြီးပြင်းလာတယ်
ကောင်းတာဆိုလို့ ရက်စက်မှု၊ နာကျည်းမှု၊ ခါးသီးမှု၊ မုန်းတီးမှု၊ ရွံရှာမှု တွေ
ကိုတည်ဆောက် ပျိုးေ ထာင်ပေးတဲ့ စစ်အစိုးရ ကိုတော့ လက်တွေ့ ကျကျ သိနေပါတယ်။
0
အဖမ်းခံရမဲ့ အတူတူ လိုင်စင်ရ ဓါးပြတွေကို ပဲလို က်ရိုက်ပါ
written by en, December 23, 2010
ဘယ်သူမှ အကျိုးမရှိ ဘုရား၊ အင်တာနက်၊ မဏာပ်တွေမှာ အားအား ယားယား ဗုန်းထောင်ကြမှာ
မဟုတ်ဘူး၊ အစိုးရ ကိုယ်တိုင် လိုက်လုပ်နေတာ ကလေး နဲ့ ခွေးတောင် သိတယ်၊
ဒင်းတို့ စည်း စိမ်မြဲဘို့ သူတပါး အသက်ကို ကစား သလိုေ သစာတာ တော့ တနေ့ တူညီသောအကျိုး
ပြန်ရမယ်၊ခ င်ဗျားကြီးတို့ အသ က်တရာကျော်ထိ မနေရ ပါဘူး၊

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်