
အိန္ဒိယရှိ သံချပ် ၀ါသနာရှင် လူငယ်များ၊ ထိုင်းနိုင်ငံမှ လူရွှင်တော် ကိုကြယ်သီး နှင့် ဂျပန်နိုင်ငံမှ ၀ါသနာရှင်များ အားဖြည့် ထားသည့် သီချင်းများဖြင့် ယခုနှစ် ၁၃ ကြိမ်မြောက် သံချပ်ခွေကို တင်ဆက်ထားသည်ဟု သိရသည်။
အခွေ စီစဉ်သူ ကျောက်မဲ ကျော်ကြီးက“စစ်ဘောင်းဘီချွတ်ပြီး ချိတ်ထဘီဝတ်တဲ့ အစိုးရသစ်ကြီးကို ကျနော်တို့ လူထု တရပ် လုံးက နည်းပညာအသစ်တွေနဲ့ တော်လှန်ကြရအောင်၊ ဖိနှိပ်မှုတွေကို ငုံ့ခံမနေဘဲ ပြန်တုံ့ပြန်ကြရအောင်လို့ တိုက်တွန်း တဲ့ အနေနဲ့ ဒီခေါင်းစဉ်ကို ရွေးဖြစ်သွားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
၎င်းကဆက်၍“အရင်တုန်းက အန်တီစုဆိုပြီး ခေါ်ကြတယ်။ အခုသူလွတ်လာတော့ အမေစု ဖြစ်သွားပြီ။ အဘွားစုလို့ ခေါ်ရမယ့် အချိန်တွေအထိ ကျနော်တို့ ထိုင်စောင့်နေရမှာလား။ အမှန်တော့ အန်တီစုက ကျနော်တို့က ဟင်းစား ပေးရုံတင်မက ဘူး။ ပိုက်ချက်ကို ပြပေးနေတာ။ ကျနော်တို့ လူထုက ကိုယ်တိုင် ပါဝင်ဆင်နွှဲဖို့ အချိန်ရောက်နေပါပြီ”ဟု ပြောဆိုသည်။
အဆိုပါ သံချပ် ခွေတွင် ပြီးခဲ့သည့် ရွေးကောက်ပွဲ၊ လွှတ်တော်နှင့် အစိုးရသစ် အကြောင်း၊ ဗုဒ္ဓသာသနာ ယိုင်နဲ့နေမှုများ၊ မြန် မာ့ မီဒီယာလောက ၏ လွတ်လပ်မှု မရှိခြင်း၊ ပြည်သူလူထု၏ အခြေအနေများကို ထင်ဟပ် ရေးဖွဲ့ထားသည်။
လွှတ်တော်အကြောင်း ရေးဖွဲ့ထားသည့် သံချပ်တွင်“လွှတ်တော်တက်မယ် သွားထိုင်မယ် …၊ လက်မှတ်ထိုးမယ် ခေါင်းညိတ် မယ် …၊ လက်ညှိုးထောင်မယ် ထောက်ခံမယ် …၊ လက်ခုပ်တီးမယ် … ပြန်ဆင်းမယ်” စသည်ဖြင့် လွှတ်တော်တခု၏ အနှစ် သာရ မရှိပုံများကို သရော်ရေးဖွဲ့ထားသည်။
ထို့အတူ စစ်အစိုးရလက်ထက် ဗုဒ္ဓသာသနာ ယိုယွင်းလာပုံကို ရေးဖွဲ့ရာတွင်“နအဖ ဘုန်းကြီး လွန်ကြီးပွား...၊ စာမတတ် လည်း အရေးမကြီးဘူး...၊ ဗေဒင် ယတြာ ချဲဂဏန်းပေး … စာချဘွဲ့တောင် ရလိုက်ပါသေး...၊ စစ်အစိုးရခေတ် ဘွဲ့တံဆိပ် … လှိုင်လှိုင်ပေါလို့ တန်ဖိုးမရှိ” စသဖြင့် ရေးဖွဲ့ထားသည်ကို တွေ့ရသည်။
ထို့အတူ ပြည်သူလူထု ခံစားနေရသော ဖိနှိပ်မှုများ၊ စစ်အစိုးရက ရေကာတာများ၊ ဆည်များ ဆောက်လုပ်၍ အိမ်နီးချင်းနိုင်ငံ များသို့ လျှပ်စစ်မီး ရောင်းချနေမှုများကြောင့် လျှပ်စစ်မီးပုံမှန်မရသည့် ပြည်သူတို့၏ ဘ၀အခြေအနေများ၊ အဓမ္မလုပ်အားပေး ခိုင်းစေခံရမှုနှင့် ကလေးစစ်သား စုဆောင်းခံရမှုများကိုလည်း ရေးဖွဲ့ သီဆို ထားသည်။
ယခု သင်္ကြန်ခွေ အစတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သည့် ဂျပန်နိုင်ငံ ဆူနာမီ ဒဏ်ခံ ဒုက္ခသည်များ အတွက်လည်း မေတ္တာပို့ ဖြင့် အစချီထားသည်။
အဆိုပါ သံချပ် သီချင်းများကို ပြည်တွင်းပြည်ပ ၀ါသနာရှင်များ နားဆင်နိုင်ရန်အတွက် အခမဲ့ ဖြန့်ဝေသွားမည်ဟု သိရသည်။
Set as favorite
Bookmark
Email this
Hits: 4510
Comments (4)

written by Hello, April 05, 2011
It is very much appreciated that if you can send to me the CD about သင်္ကြန် သံချပ် အခွေ “ငုံ့မခံရဖို့ တုံ့ပြန် ကြစို့”. If you want to send it, please let me know. thank you so much.
written by hninsu, April 05, 2011
သီချင်းခွေများ လိုချင်ပါသည်။
နိုင်ငံရေးနှင့် ပက်သက်ေ သာသီချင်းခွေ ။ အငြိမ့် ခွေများ လိုချင်ပါသည်။
ကျေဇူး တင်ပါသည်။
နိုင်ငံရေးနှင့် ပက်သက်ေ သာသီချင်းခွေ ။ အငြိမ့် ခွေများ လိုချင်ပါသည်။
ကျေဇူး တင်ပါသည်။
written by nayzawtun, April 05, 2011
“ငုံ့မခံရဖို့ တုံ့ပြန် ကြစို့” ဆိုတဲ သိင်္ချင်း တွေ ကို ဘယ် မှသွာ downloadလုပ် လို့ရမလဲ မသိဘူး နော် ....ဖြစ် နိုင် မယ် ဆိုရင် ဧရာဝတိင်္မှ တင် ပေး ပါလာ... အစ် ကိုတို့အစ် မတို့ရယ် ... ကျနော် တို့မြို့ သင်္ကြန်း လုပ် မလို့ သံချပ် မရှိလို့ပါ .... ဖြစ် နိုင် မယ် ဆိုရင် ကူညီး ပေး ကြပါနော် ...... ဧရာဝတိင်္က အစ် ကိုတွေ အစ် မတွေ ကို ကျေး ဇူတင် ပါတယ် ....
Sweden ရောက် နေဇော်
Sweden ရောက် နေဇော်
Write comment
| < Prev | Next > |
|---|







