စွပ်စွဲချက်များ အခြေအမြစ်မရှိဟု FTUB ဦးမောင်မောင် ဖြေရှင်း

E-mail Print
မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUB) ၏ အထွေထွေ အတွင်းရေးမှုးချုပ် ဦးမောင်မောင်က မြန်မာပြည် တွင်းသို့ သွားသည်ဆိုသော ၎င်းအပေါ် စွပ်စွဲထားမှုများသည် အခြေအမြစ်မရှိသည့် နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုများသာ ဖြစ်သောကြောင့် ဖြေရှင်းရန် အသင့်ရှိသည်ဟု ပြောကြားလိုက်သည်။

U-Maung-Maung-Federation-of-Trade
ဦးမောင်မောင်သည် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့ ၃ ကြိမ် သွားရောက်ခဲ့သည်ဟု ဦးမောင်မောင်၏ မိခင် အဖွဲ့အစည်းမှ ဘဏ္ဍာရေးမှူးဟောင်း ဦးဇော်ထွန်းက မတ်လ ၃ ရက်နေ့တွင် အင်တာနက် စာမျက်နှာများမှတဆင့် ဖွင့်ချ ခဲ့သည်။

ထိုသို့ ဖွင့်ချမှုနှင့်ပတ်သက်၍ ထိုင်းမြန်မာနယ်စပ်တွင် ယမန်နေ့ကပြုလုပ်ခဲ့သည့် FTUB အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲ တွင် ဦးမောင်မောင်က ရှင်းလင်းပြောကြားခြင်းဖြစ်သည်။

၎င်းက“ကျနော် မြန်မာပြည် လုံးဝမသွားဘူးဆိုတာကို ရှင်းလင်းတာဖြစ်တယ်၊ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အိမ်ရှင်နိုင်ငံ ရဲ့လ၀က ကို သွားမေးတဲ့အခါမှာ ဘယ်သူမဆို ဒီနိုင်ငံကနေ နိုင်ငံတကာခရီးစဉ်သွားမယ်ဆိုရင် ဓာတ်ပုံမှတ်တမ်းရှိပါ တယ်၊ ကျနော့်မှာ ထိုင်းနိုင်ငံကနေ အ၀င်အထွက်မှတ်တမ်းတွေရှိပါတယ်၊ စွပ်စွဲထားတဲ့ခရီးစဉ် ၃ ခုရဲ့ရက်စွဲတွေမှာ မြန် မာပြည် သွားထားတဲ့မှတ်တမ်းတွေ လုံးဝမရှိပါဘူး”ဟု သက်သေခံ စာရွက်စာတမ်း မှတ်တမ်းဓာတ်ပုံများနှင့် တကွ ရှင်း လင်းပြောဆိုသည်။

စွပ်စွဲချက်ပါ နေ့ရက်များတွင် မြန်မာနိုင်ငံသို့ ခရီးသွားလာခွင့်မရှိကြောင်းဖော်ပြထားသည့် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဌာန(လ၀က)မှ ထုတ်ပေးသည့် သက်သေခံစာရွက်စာတမ်းများနှင့်အတူ ထိုင်းလေကြောင်းလိုင်း Thai Airways Royal Orchid Plus က ထုတ်ပေးသည့်အချက်အလက်မှတ်တမ်းများကိုလည်း ဦးမောင်မောင် က သက်သေအဖြစ် တင်ပြ သည်။

FTUB မှပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲပါ အချက်အလက်နှင့် အကြောင်းအရာများကို အသေးစိပ်သိရှိလိုပါက ဖုန်းနံပါတ် ၀၈၀ - ၆၈၈ ၃၅ ၁၉ သို့ ဆက်သွယ်မေးမြန်းနိုင်သည်ဟုလည်း ဆိုသည်။

မြန်မာ အတိုက်အခံ တပ်ပေါင်းစုခေါင်းဆောင် တဦးက“ဒီပြဿနာက အတော့်ကို ကြီးမားတဲ့ကိစ္စဖြစ်တယ်၊ စွပ်စွဲချက် တွေမှန်ခဲ့ရင် ကြီးမားတဲ့အရေးယူမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်သလို၊ မဟုတ်ခဲ့ရင်လည်း စွပ်စွဲတဲ့လူကို သူနေထိုင်ရာတိုင်းပြည် ရဲ့ ဥပဒေကြောင်းအရ အရေးယူမှုတွေ လုပ်ကို လုပ်ရမှာဖြစ်တယ်၊ ဒီကိစ္စက တပ်ပေါင်းစုတော်လှန်ရေးကြီးတခုလုံးကို ဖျက်လို ဖျက်ဆီး လုပ်တာ ဖြစ်တဲ့အတွက်၊ ဘယ် တပ်ပေါင်းစု အဖွဲ့ဝင်ကမှ သည်းခံခွင့်လွတ်မှာမဟုတ်ဘူး”ဟုပြော သည်။

သတင်းစာ ရှင်းလင်းပွဲတွင် ဦးမောင်မောင် မြန်မာပြည် သွားမသွား ဧရာဝတီ က မေးမြန်းသည်ကို ၎င်းက မြန်မာပြည်သို့ လုံးဝ မသွားကြောင်း၊ ဖြေရှင်းရန် အသင့် ရှိကြောင်း ပြန်လည် ဖြေကြားသည်။

မြန်မာ အတိုက်အခံ တပ်ပေါင်းစု ခေါင်းဆောင်တဦးဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ(NCUB) ၏ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် မြန်မာနိုင်ငံတွင်းသို့ ၃ ကြိမ် သွားရောက်ခဲ့သည်ဟူသော စွပ်စွဲချက်နှင့်ပတ် သက်၍ NCUB အဖွဲ့သည် စုံစမ်းစစ်ဆေးမှုများပြုလုပ်နိုင်ရန်အတွက် ၄ ဦးပါ ကော်မရှင်အဖွဲ့ကို မတ်လ ၁၉ ရက်နေ့က ဖွဲ့စည်းခဲ့သည်။

ယင်း ၄ ဦးပါ အဖွဲ့က လိုအပ်သည့် အဖွဲ့အစည်းများ၊ သက်ဆိုင်သူများအား မေးမြန်းစစ်ဆေးမှုများကို အမြန်ဆုံး ပြုလုပ် သွားမည်ဖြစ်ကာ စုံစမ်းစစ်ဆေးတွေ့ရှိချက်များအား ဧပြီလကုန်လျှင် NCUB သဘာပတိ အဖွဲ့ထံသို့ တင်ပြအစီရင်ခံရမည်ဖြစ်သည်။

ကော်မရှင်၏ စစ်ဆေးတွေ့ရှိမှုများအရ NCUB သဘာပတိအဖွဲ့က ဖြစ်စဉ်နှင့်ပတ်သက်၍ ကြားနာသွားမည်ဖြစ်ပြီး လက်ရှိတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့သည် သက်ဆိုင်ရာလူပုဂ္ဂိုလ်တချို့ အပါအ၀င် ဦးမောင်မောင်နှင့် ဦးဇော်ထွန်းတို့ကိုလည်း စုံစမ်းမေးမြန်းမှုများပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

FTUB ကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်တဦး ဖြစ်သည့် ပဒို စောအားတိုးက“အဲဒီ သတင်းစာ ရှင်းလင်းပွဲက FTUB အနေနဲ့ လုပ်တာ၊ ဒါက သူတို့ရဲ့လွတ်လပ်ခွင့်ပဲ၊ NCUB နဲ့ ဘာမှမဆိုင်သလို ကော်မရှင်အဖွဲ့နဲ့လည်း ဘာမှမသက်ဆိုင်ဘူး၊ ကော်မရှင်ကတော့ သူ့အလုပ်ပဲ သူလုပ်သွားမှာဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

NCUB အဖွဲ့ကို ၁၉၉၂ ခုနှစ်က မာနယ်ပလော လွတ်မြောက်နယ်မြေတွင် မြန်မာ အတိုက်အခံ အင်အားစုများနှင့် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအဖွဲ့၏ ဥက္ကဌ မှာ ပဒို ဒေးဗစ် သာကဘော ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူး မှာ ဦးမောင်မောင်ဖြစ်သည်။
Comments (8)Add Comment
0
ဘယ်လိုကြောင့်လဲ
written by hayar, April 11, 2011
ဒီလူ မြန်မာနိုင်ငံပြန် မပြန်က ဘာကြောင့် ဒီလောက် အရေးကြီး နေရ တာလဲဗျ။ ပြည်ဝင်ခွင့် ပိတ်ထား ခံရလို့လား..။
0
...
written by Khaing Min, April 06, 2011
အဖြေက ရှင်းနေ တာဘဲ။ သွားရင် သွားတယ်ပေါ့၊
0
...
written by Khaing Min, April 05, 2011
မြန်မာပြည်ကို တိတ်တိတ်လေး ပြန်တာကို မဟုတ်ရင် ရှင်းစရာ မလိုပါဘူး။
0
Can cheat all documents at Thai border
written by victoria, April 05, 2011
There are many people in and out between Myanmar & Thai border , it is no need for any endorsement on paper . Both country immigration departments are doing corruption . Since long time ago, the border areas can do that . No need PP . LOL !!!!!!!!!.smilies/grin.gifsmilies/smiley.gif
0
Don't Believe
written by Aung Win, April 05, 2011
သူ့ ကိစ္စ သူရှင်းထားတာပါ၊ ဖြေရှင်းချက် ဖုန်းနံပါတ်က သူ့ ဖုန်းဖြစ်နေတယ် စုံစမ်းရေး ကော်မရှင် ဆိုတာကလည်း. ..အဲဒီထဲပါတဲ့ ၃ ယောက်က သူ လမ်းစရိတ် အကုန်ခံ ခေါ်သွားလို့  အမေရိက န်နိုင်ငံ ဖော့ ဝေးမြို့ က မောင်မောင် ကန်ပွန်းတ တ်ပွဲလို့ ပြော နေကြတဲ့ ..လုပ်ကြံပွဲ ကို အတူတူ ပါသွား ကြတဲ့ .လူတွေဖြစ်နေတော့ အမှန်တ ရားနဲ့ အနီးစပ်ဆုံးဖြစ်နိုင်တဲ့  အမှန်တရား ဘယ်မှ ပေါ် နိုင်မှာလည်း.။အဲဒီ ပွဲ လုပ်တုန်းက သူ့ လူအ ရင့် တပြည်ံရင်းဖြစ်တဲ့  ကိုကိုလေး (ကုလား)က သူ့ နဲ့ အပေါင်းပါတစု IFBNC က လူတွေ အတင်းစ ည်းရုံးပြီး အင်အာြး ဖည့် ပေးတာ ဟာ ကြံရာပါဖြ စ်နေတာပေါ့. ပြောရင်တော့ ဆုံးနိုင်မှာ မဟုတ်ဘူး.. လုပ်စားတွေ သက်ဆိုးရှည်တဲ့ ခေတ်ကြီးထဲ.. နယ်စပ်နဲ့  နိုင်ငံ တကာက လုပ်စားတွေ အဆီတွေ အစ်နေသေ လာက် ပြည်တွင်းက ပြည်သူတွေ အရိုးပေါ် အရေတ င်ဖြစ်နေတာ စဉ်းစားကြပါ။
0
ပြောလို့ မရဘူး
written by maung, April 04, 2011
ပြောလို့ မဘူး ဟုတ်ချင်ရင် ဟုတ်မှာပေါ့
မိသားစုကို သွားကြည့် ရင်ရော
ဒါမှမဟုတ် ဦးသန်းေ ရွှကို တိက်တိ က်ပုန်း သွားေ တွ့ရင်ရော
0
Passport Pages and stamps
written by test, April 04, 2011
Did he showed his passport pages, which dated around the allegation of his travel to MM? There will be stamps for Dep/Arriv, if he really go? I think, the passport book pages could show as the evidence, according to the Immig laws of both countries, esp dep/arrvl, (if he can't cheat the law???) ....
0
...
written by Kyaik-ka-san, April 04, 2011
The documents and papers produced by Thai Immigration and TG and the past work done and integrity of U Maung Maung and his achievements show that the accusation is not only an insult directed to UMM but also a planned sabotage to the entire democratic movement.

For best result, investigation committee should be composed of persons from independent unit such as USCB or similar one or mix.

We view that the motion is coming from a group that instructed by Burmese junta. Therefore, if 4-member independent committee finds out UMM is innocent, then the accuser, U Zaw Tun and his cronies will be announced as conspirators.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်