သွေးလှူဒါန်းမှု ကူညီသူ အဖမ်းခံရ

E-mail Print
သွေးလှူဒါန်းမှု လုပ်ငန်းများတွင် ကူညီပေးနေသည့် ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်ကို ဧပြီ ၂ ရက် နေ့ ညနေ ၄ နာရီခန့်တွင် ရဲ အထူး သတင်းတပ်ဖွဲ့ (SB) မှ တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်း လိုက်သည်ဟု သိရသည်။

ယခု ဖမ်းဆီးမှုသည် အစိုးရသစ်ဖွဲ့စည်းပြီးချိန်၌ ပထမဆုံး ဖမ်းဆီးမှု ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ်များ ဖွဲ့စည်းထားသည့် သွေးကူညီပေးရေး အဖွဲ့တွင် လိုက်လံကူညီပေးနေသည့် ကိုနေမျိုးဇင်ကို မေးမြန်းဆွေးနွေး စရာများ ရှိသည်ဟု ဆိုကာ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဇနီးဖြစ်သူ မဇင်မျိုးမော်က ဧရာဝတီကို ပြောသည်။

“ခဏဆိုပြီး ခေါ်သွားတာ ဒီနေ့ ညနေ ၄ နာရီ ဆို ခေါ်သွားတာ ၂ ရက်ပြည့်ပြီ။ မရမ်းကုန်းမြို့နယ်က အောင်သပြေ စစ်ကြောေ ရးဘက်ကို ခေါ်သွားတယ်လို့တော့ စနေနေ့က ပြောသံကြားလိုက်တယ်။ အခုထိတော့ သူနဲ့ ပတ်သက်ပြီး ဘာသတင်းမှ ထပ်မကြားရသေးဘူး”ဟု မဇင်မျိုးမော်က ဆိုသည်။

၎င်းကဆက်၍ “သူ့ကို ဖမ်းရလောက်အောင် အစ်မအမြင် သူ ၇ ရက်သား သမီးတွေကယ်တဲ့ သွေးလှူတဲ့အဖွဲ့ကို လိုက်ကူပေးနေတာပဲ တွေ့ရတယ်။ ပရဟိတ အလုပ်ပဲ လုပ်တာရှိတယ်။ စစ်တပ်မှာ နေတုန်းက အောက်နဲ့ရော အထက်အရာရှိတွေနဲ့ပါ အဆင်ပြေအောင် နေထိုင်ခဲ့တယ်။ သူ အေးအေးဆေးဆေး နေချင်တယ်ဆိုပြီး တပ်ကထွက်လိုက်တာ။ လက်ရှိလည်း ဘယ်အဖွဲ့ထဲမှ မ၀င်ဘဲ လိုက်ကူညီပေးနေတာ”ဟု ပြောဆိုသည်။

အသက် ၃၆ နှစ် အရွယ်ရှိ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်သည် တောင်ကြီးမြို့ တပ်ထိန်းအဖြစ် တိုင်းမှူးလုံခြုံရေး တာဝန်ယူကာ ဆောင်ရွက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစား ယူခဲ့သည်ဟု သိရသည်။

သွေးကူညီရေး အဖွဲ့ခေါင်းဆောင် ကိုညီညီက “ပြီးခဲ့တဲ့ စနေ ၄ နာရီလောက်မှာ အရေးပေါ် သွေးလိုလို့ သွားတဲ့အချိန်မှာ ကျနော့်ဆီကို ကိုနေမျိုးဇင်ဆီက ဖုန်းဝင်လာတယ်။ သူ လိုက်လို့ မရတော့ဘူး၊ SB က ခဏ လောက်လိုက်ခဲ့ပါ၊ ဆွေးနွေး စရာရှိလို့ဆိုပြီး လာခေါ်နေတယ်ဆိုပြီး ပြောတယ်။ ကျနော်က သွေးကူညီရေးအဖွဲ့မှာ ကျနော်က တာဝန်ခံ မေးစရာရှိ ကျနော့် ခေါ်မေးပါစေ ကျနော့်ကို စောင့်ဦး ဆိုပြီး ပြောလိုက်တယ်။ သူက အာဏာပိုင်တွေက တယောက်ချင်းစီ ဆွေးနွေးချင်ပုံ ရတယ်။ သူကလည်း ဘာမှ မဟုတ်လောက်ပါဘူး ဆိုပြီး လိုက်သွားလိုက်ပုံပဲ”ဟု ပြောသည်။  

ယင်းကဲ့သို့ လူမှုအဖွဲ့အစည်းများ၏ ပရဟိတ လုပ်ငန်းများတွင် ကိုယ်စွမ်း ၊ ဉာဏ်စွမ်းရှိသမျှ ကူညီဆောင်ရွက်ပေးနေ သူများအား အာဏာပိုင်များက ခေါ်ယူစစ်မေးမြန်းမှုများကြောင့် လျော့ပါးသွားကာ ကူညီမည့်သူ မရှိတော့မည်ကို စိုးရိမ်မိကြောင်း၊ ယခင်ထက် လုပ်ပိုင်ခွင့် ရလာနိုင်မည်လားဟု မျှော်လင့်နေသည့် ကာလ အစိုးရသစ်တက်လာပြီး ၂ ရက်မပြည့်သေးခင် ယခုကဲ့သို့ ဖမ်းဆီးမှု ဖြစ်လာသည်ဟု ကိုညီညီက ဆိုသည်။

သူက ဆက်၍“ကျနော်တို့ အဖွဲ့ထဲက  တကယ်တက်တက်ကြွကြွ လူထု အကျိုးပြုဆောင်ရွက်နေတဲ့ သူတွေကို ခေါ်သွားတယ် ဆိုတော့ အဖွဲ့အနေနဲ့ တော်တော် အားယုတ်တာပေါ့။ လူအားနဲ့ ကူညီသလို သူ့ ကားနဲ့ လိုအပ်တဲ့နေရာတွေ လိုက်မောင်းပို့ပေး နေတာ အခု သူ မရှိတော့ မောင်းမယ့်လူလည်း မရှိတော့ အခက်အခဲ အများကြီးရှိသွားတာပေါ့”ဟု ပြောဆိုသည်။

ယမန်နေ့နံနက်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ် ခရိုင်မှူး ဦးရွှေလင်း၊ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) ၊ ရယက တာဝန် ရှိ သူ ၊ မယက တာဝန်ရှိသူ စုစုပေါင်း ၆ ဦး သည် ကိုနေမျိုးဇင် နေအိမ်သို့ လာရောက်၍ အ၀တ်အစားများယူဆောင် သွားသည် ဟု  သိရသည်။

“တနင်္ဂနွေနေ့ မနက်ပိုင်းထိတော့ ကျနော်တို့ထဲက တယောက်နဲ့ ကိုနေမျိုး ဖုန်းအဆက်အသွယ်ရသေးတယ်။ သူ တယောက် တည်း ထိုင်နေရတာပျင်းတယ်။ စာအုပ်လေးဘာလေး ပို့ပေးပါဆိုပြီး ပြောတယ်။ နောက်ပြီး ကျနော်တို့ သွေးကူညီရေးမှာ သုံးဖို့ သူ့ကားပြန်လာပို့ပေးမယ်ဆိုပြီး ပြောသွားတယ်။ ကားတော့ လာပြန်ပို့ပေးတယ်”ဟု ကိုညီညီက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်ဖြစ်သည့် လူထု အကျိုးအတွက် လူထုအတွင်းသို့ ထဲထဲဝင်ဝင်ဝင်ရောက်ကာ ဆောင် ရွက်ရမည်ဆိုသည့် အတိုင်း NLD လူငယ်များသည် ပြည်သူနှင့် ပူးပေါင်းပြီး လူထုအတွက် လိုအပ်သည့် သွေးကူညီပေးရေး  လုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သူက ဆိုသည်။

လက်ရှိ ရန်ကုန်တိုင်းအတွင်း သွေးကူညီပေးရန် စာရင်းပေးထားသူ သွေးလှူရှင် အရေအတွက် ၃ သောင်း မှ ၄ သောင်းကြား တွင် ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အမှန်တကယ် သွေးလှူဒါန်းနိုင်သူ ၁ သောင်း ကျော်သာရှိသည်ဟု သိရသည်။

ထို့အပြင် မန္တလေး၊ မကွေး ၊ စစ်ကိုင်း၊ ပျဉ်းမနားမြို့တို့တွင်လည်း သွေးကူညီရေး အဖွဲ့များတိုးချဲ့ဆောင်ရွက်နေသည်ဟု NLD လူငယ်များ က ပြောသည်။

ကျန်းမာရေးကဏ္ဍတွင် နိုင်ငံတကာ အဖွဲ့အစည်းများ ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ၊ ပြည်တွင်းလူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုလွှတ်တော်တွင် သမ္မတ ဦးသိန်းစိန်က ထည့်သွင်းပြောဆို ထားသည်ကို မတ် ၃၁ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
Comments (3)Add Comment
0
မတရားမှန်းသိရင် ငုံ့ခံတာထက် ပြန်ချမှ အဓိပွါ ယ်ရှိမယ်
written by နေနေ, April 05, 2011
လက်တဆုပ်စာ လူယုတ်မာ တစု အနိုင်ကျင့်နေတာ တပ်မတော် သားများ မခံကြပါနှင့်
0
...
written by နေမျိုး, April 05, 2011
ယုံဖို့ခ က်တယ် ဇာတ်လမ်းက ဆင်ကွက်လ ည်းဖြစ်နိုင်တယ် သူလျှို သွင်းဖို့ ယုံကြ ည့်မှုအြ ပည့်ဖြစ်အောင် ဇာတ်လမ်းဆ င်တာဖြစ်နိုင်တယ် သြေ ခာဖတ်ပြီ စဉ်းစားကြ ည့်၇င်အြေ ဖေ တွမယ် ဖုန်းပြော တဲ့ကိစ္စနှ စ်ခုလုံးပဲ
ပြန်ထွက်လာ တဲ့အချိန်မှာ သေခြာစောင့်ကြည့်မှ ရမယ် ထင်တယ်
0
...
written by U Nan Gu, April 05, 2011
စစ် အစိုး၇ အကြောက် လွန်တာလေ

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်