NDF နှစ်ခြမ်းကွဲ

E-mail Print
ဦးသိန်းညွန့် ဦးဆောင်သော အဖွဲ့သည် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း တို့ ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) နှင့် လမ်းခွဲလိုက်ပြီ ဖြစ်ပြီး အခွင့်သင့်လျှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပြန်လည် ပူးပေါင်းမည် ဖြစ်ကြောင်း သိရသည်။

NDF-Supportersသင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သော ဦးသိန်းညွန့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၊ သင်္ဃန်းကျွန်းမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နှင့် ဒေါ်စန်းစန်းမြင့်တို့ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ဧပြီလ ၂ ရက်နေ့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူလူထုနှင့် တွေ့ဆုံပွဲတွင် ဦးသိန်းညွန့်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဦးသိန်းညွန့်က “အခုအချိန်ကစပြီး တရားဝင်ကြေညာတယ်။ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက နှစ်ခုကွဲသွားပြီ။ ကျနော် ဦးဆောင်တဲ့ သင်္ဃန်းကျွန်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီနဲ့ ဆွေငြိမ်း (ဦးခင်မောင်ဆွေနဲ့ ဒေါက်တာ သန်းငြိမ်း) ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဆိုပြီး နှစ်ခုလုံးဝကွဲသွားပြီ။ NLD က ပြန်ပြီးမှတ်ပုံတင်ခဲ့မယ်၊ ရွေးကောက်ပွဲဝင်ဖို့ ရှိလာခဲ့ရင် NLD နဲ့ ပြန်ပေါင်းမယ်” ဟု ပြောသည်။

ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်း တို့သည် ပြည်ပနိုင်ငံများမှ အထောက်အပံ့ရယူခဲ့သော အဖွဲ့အစည်းများထံမှ အကူအညီငွေကြေးများ လက်ခံခဲ့ကြောင်း၊ မိမိတို့အနေနှင့် မည်သူ့အကူအညီမျှ ယူမည်မဟုတ်ဘဲ နိုင်ငံရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

“ဦးတင်အေးက ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှာဖြစ်တဲ့အတွက် ဆွေငြိမ်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ ကိစ္စကို ကိုင်တွယ်လိမ့်မယ်လို့ မျှော်လင့်တယ်။ အဲဒီအခါကျလို့ရှိရင် ပြဿနာပြေလည်သွားရင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ နှစ်ခုပေါ်လာမယ်။ တကယ်လို့ ပြဿနာမပြီးဘဲ ဆွေငြိမ်းပါတီ ဖျက်သိမ်းခံရရင် ကျနော်တို့ သင်္ဃန်းကျွန်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက နိုင်ငံရေးကို ဆက်ဦးဆောင်သွားမယ်” ဟု ၄င်းက ဆိုသည်။

စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးနှင့် လွတ်ငြိမ်းချမ်းသာခွင့် အဆိုနှစ်ခုကို လွှတ်တော်တွင် ၄င်းက တင်ပြခဲ့သော်လည်း လွှတ်တော်က ပယ်ချခဲ့ရုံမက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး၏ အဆိုဖြစ်သော စီးပွားရေးပိတ်ဆို့မှုများ ကန့်ကွက်သည့်အဆိုကို ၄င်းက ထောက်ခံဆွေးနွေးခဲ့ရာတွင် ၄င်းပြောကြားခဲ့သော စကားအများစုကို ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာတွင် မဖော်ပြဘဲ ချန်လှပ်ခဲ့ကြောင်း ဦးသိန်းညွန့်က ပြောသည်။

“ဦးဌေးဦးက စီးပွားရေးပိတ်ဆို့မှု ကန့်ကွက်တဲ့အဆိုလည်းတင်ရော ကျနော်က ကျနော်ပြောချင်တာတွေကို သူ့အဆိုကို ထောက်ခံရင်းနဲ့ ထပြောတယ်။ လွှတ်တော်ကိုယ်စားလှယ် တဦးကို မိနစ် ၂၀ ပြောခွင့်ရတော့ ကျနော်က ၁၈ မိနစ် ထပြောတယ်။ ဘာပြောလဲဆိုရင် စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းဖို့ဆိုရင် လွတ်ငြိမ်းချမ်းသာခွင့် ပေးရမယ်။ နောက်ပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးစနစ် ဖော်ဆောင်ပေးဖို့လိုတယ် ဆိုတာကို ကျနော်တင်ပြတယ်။ ကျနော်တို့နိုင်ငံက စီးပွားရေးပိတ်ဆို့မှု တခုတည်းကြောင့် ဆင်းရဲတာ မဟုတ်ဘူး။

တခြားအကြောင်းတွေ ရှိသေးတယ်။ အဲဒီအထဲက တချက်ကို ပြောပြရရင် ‘ဤဌာနတွင် ငွေပေးရန်မလို’၊ သို့သော် ငွေမပါလျှင် ဘာအလုပ်မှ လုပ်မပေးတဲ့ကိစ္စ။ တရားရုံးတွေမှာ ‘ပုဒ်မ လေး၊ ပေးမှ လုပ်’ ဆိုတဲ့အထိ လူထုရဲ့ အော့နှလုံးနာစရာတွေ ဖြစ်နေပြီဆိုတာ တင်ပြတယ်။ ဒါပေမယ့် အဲဒါတွေကို သတင်းစာထဲမှာ မဖော်ပြဘူး။ ကျနော်က ဦးဌေးဦးရဲ့အဆိုကို ထောက်ခံတယ်ဆိုတာပဲ ပါတယ်” ဟု ၄င်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန်အစိုးရကို မတ်လ ၃၀ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအမိန့်ဖြင့် နအဖ စစ်အစိုးရက တရားဝင် အာဏာလွှဲပြောင်းပေးခဲ့သည်။
Comments (7)Add Comment
0
To ----
written by Myanmarpyithar, April 05, 2011
Actual phrase should be "နှစ်ယောက် ရှိရင် သုံးခြမ်း ကွဲတယ်။"
Each one have own party, then combine and set up one party. So become 3 Parties.
0
မြန်မာဟေ့
written by ဘခက်, April 05, 2011
၃ ယောက် ရှိရင် ၂ အုပ်စု ကွဲတာ မဟုတ်ပါဝူး ဗျာ ၂ယောက် ရှိရင် ၃ အုပ်စု ကွဲတာပါ smilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/grin.gif
0
this is Burmese
written by MCT, April 05, 2011
ကျနော်တို့ မြန်မာတွေ မတိုးတက်တာ ဒါကြောင့်ပေါ့ဗျာ။ ဒုတိယ ကမာစစ်မ တိုင်ခင်က GCBA/YMBA ၂ခြမ်းကွဲတယ်။
ဖဆပလ ၂ ခြမ်းကွဲတယ်။ မဆလသာတ ပါတီစနစ်ဖြစ်လို့မကွဲခဲ့တာ။၈၈ အပြီးပါတီေ ထာင်တော့ အောင်စုတင် (ဦးအောင်ကြီ၊-ဒေါ်စု-ဦးတင်ဦး) ၂ ဖွဲ့ကွဲတယ်။ ကဲ့ အခု လူနဲနဲ လေးရှိတဲ့အမျိုးသားဒီမိုကရေစီ အင်အား စုပါတီ ၂ခုကွဲပြီ။
မထူးဆန်းပါဘူး။ ဒါမှ မြန်မာပြီသမှာကိုး။
နွားကွဲ လေ။ကျားကြိုက်လေ ဘဲ ဗျို့။
0
ဖြစ်ရမယ် လေ..
written by ပြည်သူတဦး, April 04, 2011
ဒီလူတွေ အားလုံး နိုင်ငံရေး ချေးထုပ်တွေပဲ. . . စစ်အစိုးရကို တရား ၀င်အောင် လုပ်ပေးတယ်။ ကိုယ့် အခွင့် အရေးကို အစွမ်းကုန် ယူတယ်။ လွတ်တော် အတွင်း တင်သွင်းတဲ့ အာဂျင်တာ တွေက ငါ့မြို့နယ်မှာ မီးမလာ ရေမလာ ဒီအကြောင်း လောက်ပါပဲ။ ရွေးကောက်ပွဲ မတိုင်ခင်ကတော့ စစ်အုပ်စု ချပေးတဲ့ လမ်းကြောင်း အတိုင်း လိုက်ပီး အခြေခံ ဥပဒေ ပြင်မယ် ဘာညာ စားရ ၀မခန် လျှောက် အော်။ တကယ့် တကယ်တော့လဲ ဘာတခုမှ ဖြစ်မလာ။ ဒီလူမျိုးတွေ ရှိလို့ စစ်အုပ်စုက နိုင်ငံရေး သမားတွေကို အထင်ကို မကြီးခဲ့တာ။ ခြံတခါ ခုန်ဖူးရင် နောက်တခါ ထပ်ခုန်ဖို့ အတွက်လဲ ၀န်မလေးဘူးလေ။ NDF ဆိုတာ ကလဲ ရွေးကောက်ပွဲမှာ NLD ယောင်ယော င်နဲ့ မဲဆွယ်ခဲ့တာ ။ ကိုယ်တိုင်လဲ မပြတ်သားဘူး ဒီတော့ တိုင်းပြည်ကို ဘယ်လို လုပ်ပြီး ပြတ်ပြတ် သားသား ဦးဆောင် နိုင်မလဲ..
0
...
written by TallGolly, April 04, 2011
ဒါမှ တို့ဗမာ ကွ။ သုံးယောက် ရှိရင် နှစ်ခြမ်း ကွဲတယ်။
0
အတ္တတွေ...
written by gipsy, April 04, 2011
ဖြစ်ပြ န်ပီ...ဘယ်တော့စ ည်း လုံးကြ မှာလည်း ရွှေမြန်မာများခင်ဗျာ့....
0
ခေါင်းစဉ် မှားနေပါတယ်
written by အညာသား, April 04, 2011
ဟလို Irrawaddy

ဦးသိန်းညွန့်ဆိုတာ NDF ကနေ ထုတ်ထားတာပါ..သူက သူ့မြို့နယ် Thin Gan Gyun က သူ့လူတွေကို စည်းရုံးပြီး NLD နဲ့ ပေါင်းမယ် လို့ ပြောနေတာပါ။ NDF နှစ်ခြမ်း ကွဲတာမဟုတ်ပါဘူး။ ဆရာတို့ ဒီလိုပဲ ခေါင်းစဉ်တ ပ်ပြီး ဖွဖို့ လိုအပ်တယ် ဆိုတာ နားလည်ပါတယ်..ခုလို ရေးရတာက စာဖတ် သူတွေေ၀၀ါး မသွားေ စချင်လို့ပါ။ NDF မကွဲပါဘူး အထုတ် ခံလိုက်ရတဲ့သူက ပါတီတခု ခွဲထောင်ဖိြု့ ကိုးစားနေတာပါ။ ပါတီ တာဝန်ရှိသူေ တွရဲ့ မဲ အများစုနဲ့ ထုတ်ပ ယ်ခံရတဲ့ သူတယောက်က ပါတီထောင်ဖို့ကြိုးစားတာကို NDF ကွဲတယ် လို့ မရေးသင့်ဘူး လို့ ထင်ပါတယ်....

ကျနော် NDF ပါတီဝင် မဟုတ်ပါ.အမှန်အတို င်းရေးစေ ချင်တာပါ.ကျေးဇူးတ င်ပါတယ်

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်