အမေရိကန် အထူးကိုယ်စားလှယ်ခန့်ရေး NLD နှင့် နိုင်ငံရေးပါတီများကြိုဆို

E-mail Print
မြန်မာနိုင်ငံတွင် အစိုးရသစ်ဖွဲ့စည်းပြီး ရက်ပိုင်းအကြာ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ခန့်ထားရန် အစီအစဉ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအ၀င် နိုင်ငံရေးပါတီများ၊ ဒီမိုကရေစီ အင်အားစုများက ကြိုဆိုကြကြောင်း သိရသည်။

Mitchell_Derekလက်ရှိ အမေရိကန်နိုင်ငံ အာရှနှင့်ပစိဖိတ်ရေးဆိုင်ရာ ဒု လက်ထောက် ကာကွယ်ရေးဝန်ကြီး Mr. Derek J.Mitchell ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်အပ်ရန် စီစဉ်နေခြင်းဖြစ်သည်။ ၄င်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း လူပုဂ္ဂိုလ်ချင်း တွေ့ဆုံဖူးသူ တဦးဖြစ်သည့် အပြင် တရုတ်၊ အန္ဒိယ၊ အာဆီယံ နိုင်ငံများ အပါအ၀င် ဒေသတွင်း သက် ဆိုင်ရာ နိုင်ငံ့ခေါင်းဆောင်များနှင့် ရင်းနှီးသိကျွမ်းသူ တဦးဖြစ်သည်ဟု သတင်းများက ဆိုသည်။

NLD ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က“အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တဦး အခုလို ခန့်အပ်မည့် ကိစ္စဆိုတာ NLD ပါတီအနေနဲ့ အလွန်ကြိုဆိုရမယ့် အချက်ပဲဖြစ်ပါတယ်လို့ ပြောချင်တယ်”ဟု ဧရာဝတီ သို့ ပြောသည်။

“ဗမာနိုင်ငံကို အရှေ့အာရှနှင့် ပစိဖိတ် ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်(Mr. Cart Cambell) ပထမဆုံးလာပြီး နအဖ နဲ့ရော ကျနော်တို့နဲ့ရောတွေ့ဆုံခဲ့စဉ်ကတည်းက မြန်မာနိုင်ငံမှာ အမေရိကန် အစိုးရ အနေနဲ့ အထူးကိုယ်စားလှယ်တဦး ခန့်ထားဖို့အတွက် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့က တောင်းဆိုခဲ့ပါတယ်။ အခု လို အချိန် အခါကောင်းမှာ ခန့်ထားဖို့လုပ်တာကြားရတော့ ကျနော်တို့က အများကြီး အားတက်ပါတယ်”ဟုလည်း ၄င်း က ဆက်လက် ပြောကြားသည်။

ဒီမိုကရက်တစ် ပါတီ(မြန်မာပြည်)၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးသုဝေက“အခုလို အထူးကိုယ်စားလှယ်ခန့်မယ် ဆို တာ က ဒါ သူတို့ ဗမာပြည်နဲ့ အသေအချာလေ့လာပြီးတော့ ပိုပြီးကောင်းအောင်လုပ်မယ်လို့ ရည်ရွယ်တယ်နဲ့ တူပါတယ်၊ ကျနော်တို့ကပိုပြီး သဘောကျတာပေါ့ ၊ အခု အစိုးရသစ်နဲ့ရော၊ NLD နဲ့ရော ကျန်တဲ့အားလုံးသော နိုင်ငံရေးမှာ ရှိနေကြ သူတွေ အားလုံးနဲ့ နီးနီးကပ်ကပ် ထိတွေ့ပြီး လုပ်မယ်ဆိုရင် ပိုကောင်းတယ်၊ အဲဒါကြောင့် ကျနော်တို့က သဘောကျတယ်”ဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီအင်အားစု(NDF) ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေကလည်း“အခုလို အမေရိကန် က အထူးကိုယ်စားလှယ် ခန့်အပ်တာကို ကျနော်တို့က ကြိုဆိုတယ်၊ ဒါပေမယ့် မြန်မာနိုင်ငံ အခြေအနေကို ပိုပြီး သေ သေ ချာချာ သိဖို့တော့လိုတယ်၊ ဒီလိုမှ မဟုတ်ဘဲ အပေါ်ယံနှမ်းဖြူးရုံလောက်ပဲ ဆိုရင်တော့ အလကားပဲ”ဟု ပြော သည်။

အမေရိကန်ပြည်ထောင်စုအနေနှင့် တဖက်က ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖြစ်ပေါ်လာစေရေးအတွက် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့အရေးယူခြင်းများကို ဆက်လက်ထားမည်ဟု မကြာသေးခင်က ဦးသိန်းစိန် သမ္မတအဖြစ် ကျမ်းကျိန် ဆိုပြီး နာရီပိုင်း အတွင်းပင် ထုတ်ဖော်ပြောဆိုထားသည်။

“စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့်ဆိုပြီး စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုတွေ ထပ်ထပ်ပိတ်ဆို့နေတာဟာ ပိုကောင်း လာနိုင်သလား၊ မကောင်းလာဘူးလား ဆိုတာ မှန်မှန်ကန်ကန် သိဖို့လိုပါတယ်၊ အာဏာပိုင်အဖွဲ့အစည်းကို ပစ်မှတ် ထား တဲ့ Sanction( စီးပွားရေးဒဏ်ခတ်မှု) ကလည်း ယားကျိကျိဖြစ်ရုံလောက်ပဲ လို့သူတို့ပြောတယ်၊ ဒါဆိုရင် Sanction ကြီးကို ၅၅ သန်းကျော်မြန်မာပြည်သူတွေအတွက် မျက်နှာကို မကြည့်ဘဲ ဆက်လုပ်ထားရင် သင့်တော် မတော် သူတို့စဉ်းစားဖို့လိုတယ်”ဟု ဦးခင်မောင်ဆွေ က ပြောဆိုသည်။ 

၎င်းက ဆက်လက်ပြီး“တရုတ်အစရှိတဲ့ နိုင်ငံတွေဟာ ကျနော်တို့နိုင်ငံတွေလိုပဲလူ့အခွင့်အရေး မှတ်တမ်းတွေမကောင်း လှပါဘူး၊ တရုတ်နိုင်ငံ လိုဟာမျိုးကျတော့ လူ့အခွင့်အရေးမှတ်တမ်းမကောင်းသော်လည်းပဲ အခွင့်ကျတော့ တန်းတူမရပါဘူး၊ အမေရိကန် အစိုးရဟာ အီဂျစ်အပါအ၀င် အာဏာရှင်အစိုးရတွေအပေါ်မှာတော့ ပေးကမ်းစွန့်ကျဲပြီးတော့ မြန်မာနိုင်ငံလိုဆင်းရဲမွဲတေ တဲ့ နိုင်ငံအပေါ်မှာ ဒီမိုကရေစီမပြောင်းရကောင်းလားဆိုပြီး၊ လူ့အခွင့်အရေးတွေမရ ရကောင်းလား ဆိုပြီး ဆက် လက် ပိတ်ဆို့နေတာဟာ Double Standard ဖြစ်မနေဘူးလားလို့ ကျနော်အမေရိကန်သံအဖွဲ့ကို ငြင်းချက် ထုတ်ခဲ့တယ်”ဟုလည်း ပြောသည်။

NLD အနေနှင့် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးဖြစ်စေရန် အတွက် ဆက်လက်ရှိနေသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဂျာမနီ သတင်းဋ္ဌာနနှင့် အင်တာဗျူးတခုတွင် ထုတ် ဖော် ပြောကြားထားသည်။

“မြန်မာ့နိုင်ငံရေးဟာ လမ်းဆုံလမ်းခွကိုရောက်နေပါပြီ၊ တဖက်ကလဲ အရှိတရားအတိုင်းပြောရမယ်ဆိုရင်၊ အခုဆိုရင် စစ် အုပ်ချုပ်ရေးပုံစံနဲ့ အုပ်ချုပ်လာတဲ့ခေတ်ဟာ အခုဆိုရင်ရပ်သွားပြီပေါ့၊ အခုရွေးကောက်ခံ အစိုးရတရပ် ပေါ်လာတဲ့ အချိန်ဖြစ်ပါတယ်၊ သမ္မတကြီး ဦးသိန်းစိန်ရဲ့မိန့်ခွန်းကလည်း ပြေလည်လိုတဲ့ဆန္ဒရှိတယ်ဆိုတဲ့ စေတနာတွေကပေါ်နေပါတယ်၊ ကျနော်တို့ အထွေထွေအတွင်းရေးမှူးက ပြောတာလည်း မြန်မာနိုင်ငံရေးပြောင်းလဲမှုဟာ တွေ့ဆုံဆွေးနွေးမယ်၊ တိုင်းပြည် အကျိုးရှေ့ရှုပြီး ဆွေးနွေးရင်ဘာမှ မပြေလည်နိုင်စရာအကြောင်းမရှိဘူးလို့ ပြောထားတယ်”ဟု ဦးအုန်းကြိုင် က ဆက်လက်ပြောဆိုသည်။

အမေရိကန်က မြန်မာနိုင်ငံနှင့်ဆက်ဆံရေးတွင် သံတမန်အဆင့်လျှော့ဆက်ဆံထားသည်မှာ ကြာမြင့်ပြီဖြစ်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် ခန့်ထားရေး ယခုအထိ မရှိသေးပေ။

ယခုကဲ့သို့ အမေရိကန်က အထူးကိုယ်စားလှယ်ခန့်အပ်ပြီး မြန်မာ့အရေးပိုမိုထိရောက်ရန် ဆောင်ရွက်မည့် အမေရိကန် ၏ ပေါ်လစီသည် ချဉ်းကပ်မှုအသစ်ဖြစ်သည့်အားလျှော်စွာ တွေ့ဆုံဆွေးနွေးရေးအတွက် လမ်းစများဖြစ်လာမည်လားဟု တခြားသော နိုင်ငံရေးပါတီများနှင့် လေ့လာသူများကလည်း မျှော်လင့်နေကြောင်း သိရသည်။

“တွေ့ဆုံဆွေးနွေးရေးလုပ်တယ်ဆိုတာ ကိုယ်ဖြစ်ချင်တာတွေချည်းလည်း ဖြစ်လာမှာမဟုတ်သလို၊ သူတို့လိုချင်တာတွေ ချည်းလည်း ဖြစ်လာမှာမဟုတ်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးခေါင်းဆောင်တွေနဲ့တွေ့ဆုံတုန်းမှာ ပြောခဲ့ပါတယ်၊ ဒီ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရသစ်နဲ့တွေ့ဆုံဆွေးနွေးရေး အတွက် အမြဲအဆင်သင့်ဖြစ်ကြောင်း လည်း ပြောဆိုထားပြီးသားပါ၊ ဒီအတွက် အကောင်းဘက်ကို ဖြစ်ပေါ်လာဖို့အတွက်မျှော်လင့်ပါတယ်”ဟု ဦးအုန်းကြိုင်က ဆက်လက် ပြောကြားသည်။

Mr. Derek J.Mitchell သည် သံတမန်ရေးဘက်တွင် မျှတသော မဟာဗျူဟာ အမြင်ရှိသူဖြစ်သည်ဟု မြန်မာ့ဒီမိုကရေစီ အရေး ဆောင်ရွက်နေကြသော အင်အားစုများက ပြောဆိုကြသည်။

ဦးသုဝေ ကလည်း“သူ့အနေနဲ့ရော၊ ကျနော်တို့ပါတီတွေ အနေနဲ့ရော သဘောထားတွေ အကုန်သိရတာပေါ့နော်၊ NLD ကလဲ သူ့သဘောထားတွေ သိမယ်၊ ကျနော်တို့ပါတီတွေကလည်း ကိုယ့်ရဲ့အမြင်၊ ကိုယ့်အယူအဆတွေ ပြောနိုင်မယ်၊ လက်ရှိအခြေအနေက ဘာလဲ၊ အစိုးရကဘာလဲဆိုတာ သူအားလုံးကို ဝေဖန်ပိုင်းခြားနိုင်တယ်ဆိုရင်တော့ သူအများကြီး အကူအညီပေးနိုင်တာပေါ့၊ သူ့ရည်ရွယ်ချက်က ကောင်းတော့ ကျနော်တို့လဲကူညီမှာပေါ့၊ ပူးပေါင်းဆောင်ရွက်မှာပေါ့၊ သူက သေချာနားလည်တဲ့သူ သေချာလေ့လာထားတဲ့သူဆိုတော့ ပိုကောင်းတာပေါ့”ဟု ဆိုသည်။
Comments (4)Add Comment
0
စိတ်ဓာတ် ယုတ်ညံ့တဲ့ အတွေး အခေါ်များနဲ့ NLD
written by nandaw, April 09, 2011
တိုင်း ပြည် ကို ငတ် အော င် လုပ် မယ် ။ ဒုက္ခရော က် အော င် လုပ် မယ် ။ ဒေါ်စုကြည် ခေါင်း ထဲမှာ ဒါပဲရှိတယ် ။ အမေရိကန် အပါအ၀င် ကမ္ဘာ့ အင် အား ကြီး နိုင် ငံတွေကို မြန် မာ နိုင် ငံမကော င်း ကြော င်း ပြော မယ် ။ ပီး ရင် ဟိုကချီး မြှင့် တဲ့ မစား ရ၀ခမန်း ဘွဲ့တွေယူမယ် ။ အခုချိန် ထိ ဒေါ်စုကြည် နှုတ် က နိုင် ငံကော င်း ကြော င်း တစ် ခွန်း မှ မပြော ဘူး ။ သန်း နဲ့ချီတဲ့ ပြည် သူအား လုံး ခုချိန် ထိ သူမနော က် ကို လက် တစ် စုပ် စာ ကလွဲလို့ မလိုက် တာ ဘာ ကြော င့် လဲ။ အဖြေရှာ ကြည့် ရင် တွေ့မှာ ပါ။ အခြား နိုင် ငံတွေမှာ ရော က် နေတဲ့ မြန် မာ လူမျိုး (တိုင်း ရင်း သား တွေအကုန် လုံး အပါအ၀င် )တွေ ဘယ် လော က် ရှိ မျက် နှာ ငယ် ရလဲ။ အနှိမ် ခံရလဲ သိရဲ့လား အဲဒါ ဒေါ်စုကြည် တို့ လူတစ် သိုက် လုပ် ရပ် တွေကြော င့် ပဲ။ မြန် မာ တွေ အရည် အချင်း မရှိပါဘူး ။ ငါတို့ပေး တာ ကမ်း တာ စား ၊ ငါတို့ခိုင်း တာ လုပ် ဆိုတဲ့ ကျွန် ဇတ် သွင်း နေတာ ။ ဒေါ်စုကြည် တို့ လူသိုက် ပါဗျာ ။ တိုး တက် ချင် တဲ့ လူငယ် တွေ ပညာ ရေး ခေါင်း ပါး အော င် ပိတ် ၊ စီး ပွား ရေး တွေပိတ် ၊ နည်း ပညာ တွေပိတ် နဲ့ ဘယ် မှာ နိုင် ငံလာ ပြီး တိုး တက် တော့ မလဲ လက် တွေ့လုပ် နေတဲ့ သူတွေကို လျစ် လျူရှု ထင် တင် လုံး ရမ်း အော် နေတဲ့သူတွေ မင်း တို့ အကုန် လုံး တစ် ချိန် မှာ ကိုယ် လုပ် ထား တာ ထက် ပိုပီး ပေး ဆပ် ရမယ် ဆိုတာ ယုံကြည် ထား ပါ။ အချိန် တန် ရင် မင်း တို့ ပျက် စီး ရာ ပျက် စီး ကြော င်း လုပ် ထား ခဲ့တာ ပြန် ပီး ပေး ဆပ် ရမှာ ပါ။
0
Finally
written by REALITY, April 06, 2011
Finally, we all know who Khin Mg Swe is. Please have a look on his following remark.
ဒီမိုကေ ရစီမ ပြောင်းရေ ကာ င်းလားဆိုပြီး၊ လူ့အခွင့် အရေးတွေမရ ရကောင်းလား ဆိုပြီး ဆက် လက် ပိတ်ဆို့နေတာဟာ Double Standard ဖြစ်မနေ ဘူးလား
Ko Khin Mg swe, You are on the other side of the history now.
0
စဉ်းစားကြ ည်ပါ...
written by ကောင်းမြတ်ထွန်း, April 05, 2011
ဦး ခင် မောင် ဆွေ ပြောတာ မှန် တယ် ဗျာ..ဒါတောင် မှ NLD ကစီး ပွား ရေး ပိတ် ဆို့ဖို တိုက် တွ န်း နေတယ် ..
ကောင်း ကြသေး လား ..
ဘာအတွ က် လုပ် နေတာလဲ ဘာကြောင့် ဒီလိုလုပ် နေတာလဲ..
ပြည် သူတွေ လည်း ကြည် ကြပါဦး ဗျာ.. ငတ် နေကြပြီ..
ပြောတော နအဖ အစိုး ရကြောင့်  ကုန် ဓျေး နှုန်း တွေ တတ် တာတဲ... အမှန် အတိုင်း ပြောရရင် နအဖ ကြောင့် လည်း ပါတယ် ၊ ခင် ဗျာတိုတွေ ကြောင် လည်း ပါတယ် ။ နောက် ပြီး ဒေါ်အောင် ဆန်း စုကြည် ခေါင်း ဆောင် ပြီး လူထုအုံကြွ အောင် လုပ် မယ် တဲ၊ ကောင်း ကြသေး လား ဗျာ၊ လူထုအုံကြွ လာတောရော ဘာရမှာလည်း ...
ပထမရမှာက တိုင်း ပြည် ပျက် မယ် ပြည် သူတွေ ဒီထက် ပိုပြီး အဆ ၁၀၀ လောက် ဒုက္ခရောက် ကုန် မယ် ..
အဲဒါတွေ မစဉ်း စား ကြဘူး လား ..ကွ ယ် လွ န် သွား ရှာပြီဖြစ် တဲ ဗိုလ် ချုပ် ရေ ကြည် လှည် ပါဦး ခင် ဗျား သမီး ရဲ ဖလော် တွေ က နိုင် ငံတကာအဆင့် ရှိတဲ တက္ကသိုလ် တွေ က သင် ကြား ခဲတာတဲ့၊ လေး စား ပါတယ် ဗျာ၊ ဒီကြား ထဲ အမေရိကန် အပါအ၀င် အနောက် ဥရောပနိုင် ငံတွေ က မွဲတေပြီး ချွ တ် ချုံကြနေတဲ့ ဒီနိုင် ငံကိုပဲ စစ်ေ၇း ကလွဲပြီး အမျိး မျိုး သောနည်း တွေ နဲ တိုက် ခိုက် နေတာတွေ ၊နောက် ပြီး ပြောသေး တယ် လူအခွ င် အေ၇း တွေ ချိုး ဖောက် နေတယ် တဲ အာဏာရှင် အစိုး ရတဲ..သူတိုကမှဒီထက် ဆိုး တာ ။ နောက် ပြီး မြန် မာနိုင် ငံမှာမွေး ပြီး မြန် မာနိုင် ငံမှာကြီး ပြင်း လာပြီး တော အရွ ယ် ရောက် လာတဲ အချိန် မှာ နီး စပ် ရာအိမ် နီး ချင်း နိုင် ငံတွေ မှာ ဒုက္ခသည် အမည် ခံ ၊နောက် ပြီး လက် ရှိစစ် အစိုး ရရဲ အကြောင်း တွေ ပြောလိုက် တာ ရစရာမရှိအောင် ၊ သူတိုပြောပုံတွေ ပြောရရင် လက် ရှိစစ် အစိုး ရဟာလူဆိုး သူပုန် ကြီး ကြနေတာပဲ၊ အဲဒီလိုမကောင်း ပြောမှ အနောက် နိုင် ငံက လူအခွ င် အရေး ဆရာကြီး တွေ စီက ထောက် ပံကြေး လေး ရကြမှာကို၊ ကိုတစ် ဦး ကောင်း စား ရေး အတွ က် နိုင် ငံကိုသစ္စာဖောက် ကြတာလေ၊ မီဒီယာတွေ လည်း ဒီအတိုင်း ပဲ
နောက် ဆုံး ပြောရရင် ပြည် သူတွေ ကတော ကျွဲတွေ များ စွာခတ် တဲကြား မှာ မြေဇာပင် လေး တစ် ခုပါပဲ။
0
To NDF U Khin Maung Swe.......
written by the thruth lover..., April 05, 2011
First, I wana ask, why you are so concern about the US sunction???
2nd, you have no reason to refer all 55million myanmers to release that sunction and I want you understand that most people understand why still need to keep the sunction and they are totally not agree with you...If you want to say that whom to see 55million people is not US governments, ask THAN SHWE and his follower THIEVES ; generals, slaves and business.

If you have intellence, you can obiously see nowadays they sold the whole country's properties and stole all the peoples monies...millions,billions,trillions,,uncountable amount..you consider it first...
Who say that the sunction is just itching them only..brainless...I will let you know properly...
Now the most persons who wanted to release immediately for this time is...that TARGETED GENERALS...you want me explain WHY ??... Now this is the best time to be FREE/FLEE from the country WITH THE STOLEN BAG...BIG BAG..you know..
Now I believe you will understand.
But I can't understand why you are so concern about that sunction than other political affairs for the people when you get a place of political stage...Atleast you should see NLD's policy and all peoples wish before you talk..
I HERE ABSOLUTELY CONDEMN YOU AS A BETRAYER!!!

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်