ထိုင်းက စစ်ပြေး ဒုက္ခသည် ၁၀၀၀ ကျော် ပြန်ပို့

E-mail Print
ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုန်းဖန်မြို့နယ် ပိုင်ခလန်ရွာတွင် ခိုလှုံနေသည့် မြန်မာဒုက္ခသည် ၁၀၀၀ ကျော်ကို တိုက်ပွဲများ မရှိတော့ဟုဆိုကာ မြန်မာဘက်သို့ ပြန်ပို့နေသည်ဟု ဒေသခံ ရွာသားများက ပြောသည်။

Refugees-photo-May-62011

ထိုင်းဘက် ထွက်ပြေးလာ သူများသည် ယခုလဆန်းက စတင်၍ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသတွင် ကရင်ပူးပေါင်း တပ်ဖွဲ့များနှင့် မြန်မာအစိုးရတပ်များ ဖြစ်ပွားသည့် ရက်သတ္တတပတ်ကြာ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ အုန်းဖန်မြို့နယ် အတွင်းသို့ ရောက်ရှိလာသူများဖြစ်သည်။

ကျိုက်ဒုံ ဒေသခံ ရွာသားတဦးက “DKBA က ဗိုလ်နှုတ်ခမ်းမွေး အဖွဲ့က KNU နဲ့ ပေါင်းပြီး မြန်မာစစ်တပ်ကို တိုက်တာ တိုက်ပွဲက တပတ်ရှိပြီ၊ ကျိုက်ဒုံတခွင်က ရွာသားတွေ ဘယ်လိုမှ နေမရလို့ ထိုင်းဘက်ကို လာခိုတာပါ၊ မနေ့ကစပြီး ထိုင်းဘက်က မြန်မာဘက် ပြန်ခိုင်းတယ်၊ တိုက်ပွဲတွေ မရှိတော့ဘူးလို့ ပြောတယ်၊ တိုက်ပွဲက ရှိနေတာပဲ၊ ဒါကြာင့် မြန်မာဘက်ကို မပြန်သေးဘဲ ထိုင်းဘက်ခြမ်း တောထဲမှာပဲ ရှောင်ပုန်းနေတယ်”ဟု ပြောသည်။

ဆန္ဒ မပါဘဲ တိုက်ပွဲဖြစ်ပွားနေရာ မြန်မာဘက်သို့ ပြန်စေခြင်းသည် ရွာသားများကို အသက်အန္တရာယ် များပြားသည့် ဒေသသို့ တမင်ပြန်စေခြင်းဟု ခံစားရကြောင်း ကျိုက်ဒုံ ရွာသားက ဆက်ပြောသည်။

ရွာသားများကို အကူအညီ ပေးနေသည့် အစိုးရမဟုတ်သော အဖွဲ့၏ အဖွဲ့ဝင်တဦးက ယမန်နေ့နံနက် အထိ နောက်ဆုံး ရရှိသည့် ရွာသားများစာရင်းမှာ ၁၀၀၀ ကျော်ရှိကြောင်း၊ ယာယီကယ်ဆယ်ရေး စခန်းတွင် တချို့နေထိုင်လျှက်ရှိပြီး အများစုမှာ တောထဲတွင် ရှောင်ပုံးလျှက်ရှိကြောင်း ပြောပြသည်။

ဒေသ အခြေစိုက် ထိုင်းနယ်ခြားစောင့်တပ်မှ တပ်မှူးတဦးက“အခုဖြစ်နေတဲ့တိုက်ပွဲတွေဟာ နယ်စပ်ရဲ့အတွင်းပိုင်းမှာဖြစ် တဲ့အတွက် စိုးရိမ်စရာမရှိတော့ဘူး၊ အခုရွာသားတွေ သူတို့နေရပ်ကို ပြန်နေကြပါတယ်၊ အခုဆက်ဖြစ်နေတဲ့တိုက်ပွဲတွေက နယ်စပ်နဲ့အတော်ဝေးတဲ့နေရာမှာဖြစ်တယ်”ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံဘက်တွင် နယ်စပ်လုံခြုံရေးကို တိုးမြှင့်ထားပြီး တပ်ဖွဲ့ဝင်အင်အားကိုလည်း တိုးမြှင့်ချထားကြောင်း၊ ထွက်ပြေးလာသည့်ရွာသားများကို ထိုင်းနိုင်ငံအခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး(UNHCR) နှင့် ထိုင်း - မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့(TBBC) အဖွဲ့ များကိုသာ
သွားရောက် ကူညီခွင့် ပြုကြောင်း သိရသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ အုန်းဖန်မြို့နယ်သည် မဲဆောက်မြို့၏ တောင်ဘက် ၁၈၇ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိပြီး ထွက်ပြေးလာသည့် ရွာသားများခိုလှုံနေသော ထိုင်းဘက်ခြမ်းရှိ ပိုင်ခလန် ရွာသည် အုန်းဖန်မြို့နယ်နှင့် ကီလို မီတာ ၃၀ ခန့်ကွာဝေးသည်။

Comments (1)Add Comment
0
ရက်စက်တယ်ဗျာ.....
written by ဝေလ, May 09, 2011
ဒုက္ခသယ်တွေကို မကူညီတဲ့ အပြင် သေတွင်းပြန်ပို့နေတယ်...
တော်တော် ရက်စက်တဲ့လူတွေ လို့ ပြောရမယ်...။smilies/sad.gif

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်