ရှမ်းမြောက်ပိုင်း အစိုးရ ၀န်ထမ်းများ အသတ်ခံရ

E-mail Print
စစ်တပ်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သော ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တပ်ဖွဲ့များ စစ်ဖြစ်ပွားရာဒေသများတွင် အစိုးရပညာရေး ၀န်ထမ်းများ အသတ်ခံရမှု ရှိကြောင်း ဒေသခံများ အဆိုအရ သိရသည်။

ssa-n-troopsရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် ကွန်ခိုက်ကျေးရွာမှ ကျောင်းဆရာ၊ ဆရာမ အပါအ၀င် ၄ ဦး ပြီးခဲ့သည့် ဧပြီလ အတွင်း၌ သေဆုံးခဲ့ကြောင်း သီပေါမြို့နယ် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

“ကွန်ခိုက်ကျေးရွာမှာ ကျောင်းဆရာမနဲ့ သူ့အမျိုးသားရယ်၊ ကျောင်းစောင့် ကချင်အဘိုးကြီး တယောက်နဲ့ သူ့အမျိုးသမီးရယ် အဲဒီ ၄ ယောက် အသတ်ခံရတယ်” ဟု ၎င်းက ဆိုသည်။

ယင်းသို့ အသတ်ခံရပြီးနောက် ယခုအခါ ဒေသခံများနှင့် ကျောင်းဆရာ၊ ဆရာမများ၊ ဆေးရုံဝန်ထမ်းများမှာ ညဘက် အပြင် မထွက်ရဲကြကြောင်း သီပေါမြို့နယ် ဒေသခံက ဆက်ပြောသည်။  

အလားတူပင် တန့်ယန်းမြို့နယ်ရှိ ကျေးရွာတချို့တို့တွင်လည်း ကျောင်းဆရာ၊ ဆရာမနှင့် ဒေသခံရွာသားတချို့ အသတ်ခံရကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

SSA-N က ကျောင်းဆရာ၊ ဆရာမများ အသတ်ခံရမှုသည် ၎င်းတပ်ဖွဲ့ဝင်များ၏ လက်ချက် မဟုတ်ကြောင်း လွန်ခဲ့သည့် ဧပြီလ ၂၃ ရက်နေ့တွင် ငြင်းဆိုထားသည်။ အဖြစ်မှန်ကို သိရှိနိုင်ရန်အတွက်လည်း SSA-N က စုံစမ်းရေး ကော်မတီဖွဲ့၍ အချက်အလက်များ စတင် စုဆောင်းနေကြောင်းလည်း သိရသည်။ 

ဦးစိန်ကြည်၏ အဆိုအရ သီပေါမြို့နှင့် တန့်ယန်းမြို့နယ်တို့တွင် ကျောင်းဆရာ၊ ဆရာမ အပါအ၀င် ဒေသခံ ၉ ဦးခန့် အသတ် ခံရကြောင်းလည်း သိရှိရသည်။ 

ကျောင်းဆရာ၊ ဆရာမများ အသတ်ခံရမှုနှင့် ပတ်သက်၍ မည်သူ့လက်ချက် ဖြစ်သည်ကိုမှု မသိရှိရသေးပေ။ သို့သော် SSA-N တပ်ဖွဲ့ လက်ချက်ရော အစိုးတပ်များ၏ လက်ချက်ပါ ဖြစ်နိုင်ကြောင်း ဒေသခံများ၏ ထင်မြင်ယူဆချက်များလည်း ပေါ်ပေါက်နေသည်။

သီပေါမြို့နယ် ဒေသခံတဦးက “ဒါမျိုးဆိုတာက တကယ်လို့များ ပုဂ္ဂိုလ်ရေး ရန်ငြိုးရှိရင်လည်း အဲဒီလူက သတင်းပေးပဲ ဘာညာ ဆိုပြီးတော့ အဲဒီလိုမျိုး ပြောလိုက်လို့ရှိရင်လည်း ခံရတတ်တယ်။ ပြောရမယ် ဆိုရင်တော့ စစ်ဖြစ်ရင်တော့ ပြည်သူလူထုက မြေစာပင်ပါပဲဗျာ” ဟု ပြောသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ ရှမ်းပြည်နယ်ရှိ မြို့နယ် ၅ မြို့နယ်များတွင် SSA-N တပ်ဖွဲ့နှင့် အစိုးရတပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း ထိန်းချုပ်နယ်မြေများဖြစ်သော မိုင်းရူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုးမြို့နယ်အပြင် သီပေါမြို့အပါအ၀င် နမ့်ဆန်မြို့နှင့် မိုးမိတ်မြို့နယ် စသည့်မြို့နယ်များအထိ တိုက်ပွဲများ ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

ယခင် မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရေးအတွက် ကြိုးပမ်းခဲ့ရာ SSA-N က လက်မခံသဖြင့် စစ်ရေးအရ နှစ်ဘက် တင်းမာနေခဲ့သည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
Comments (13)Add Comment
0
၇ှက်ဖို့ ကောင်း
written by ၇ှက်ဖို့ ကောင်း, May 10, 2011
လူ၇ယ်လို့ တိတိကျကျဖြစ်လာအောင်..
သင်ကြားပေးတယ်.. မြို့ ကြီးတွေထက် ဒုခခံပြီးနေ၇တယ်..
မေးကြည့်ပါ သူ့ တို့ လို စေတနာေ၇ှ့ ထားပြီး လာချင်သူများလား နဲလား...
ဒါ လူစိတ်မ၇ှိတဲ့  ကောင်တွေလုပ်တာပဲ..
လက်နက်ကိုင်ပြီး စိတ်ဓတ်အောက်တန်းကျတယ်..
ထမီခြုံထဲက လက်သီးပြတယ်ဆိုတာ အဲဒါပဲ..
ကျောင်းသားကလေးတွေ ဘယ်လောက်ဝမ်းနဲလိုက်မလဲ...
ကလေးတွေကြီးလာ၇င် မင်းတို့ ကို ၇ာဇ၀င်ကြွေ ပြန်ဆပ်ခိုင်းလိမ့်မယ်..
စာမတတ်လိုက်၇လို့ ...
0
လွတ်လပ်သောပြည်ပသတငးမီဒီယာများသို့
written by kyaw, May 10, 2011
စစ်အစိုးရသည် လမ်းပေါ်ထွက် ဆန္ဒပြသော ဘုန်းကြီးရဟန်း ပြည်သူများကိုသာ သေနတ်ဖြင့် ပစ်သတ်တက်သည်။ နိုင်ငံရေးမလုပ်သော လမ်းပေါ်ထွက် ဆန္ဒမပြသော ဘုန်းကြီးရဟန်း ပြည်သူနှင့် အစိုးရဝန်ထမ်းများကို အကြောင်းမဲ့ သေနတ်ဖြင့် ပစ်သတ်ရိုး ထုံးစံမရှိပါ။ အထူးသဖြင့် ကျမ်းမာရေးနှင့် ပညာရေးဝန်ထမ်းများကို လေးစားစွာဖြင့် ဆက်ဆံတက်သည်။ အဘယ်ကြောင့်ဆိုသော် စစ်သားများဧ။် သားသမီးများ ကျမ်းမာရေး ပညာရေးကြောင့်လည်းကောင်း ဆရာဝန် ဆရာမတို့သည် များသောအားဖြင့် စစ်တပ်တွင် ဗိုလ်ကတော်များ ဖြစ်သောကြောင့် ဖြစ်သည်။ အထက်ပါအကြောင်းအရာများကို ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် ရှမ်းပြည်နယ်တွင် ဆရာ ဆရာမများနှင့်ပညာရေး ဝန်ထမ်းများကို ဘယ်အဖွဲ့စည်းက ပစ်သတ်သည်မှာ ထင်ရှားလှသည်။ထို့ကြောင့် အမှန်တရားကို ဖုံးကွယ်ပြီး ပြည်သူများ ယုန်ထင်ကြောင်ထင် ဖြစ်အောင်မရေးသား သင့်ကြောင်း မေတ္တာရပ်ခံ လိုက်ပါသည်။
0
This kinds of things happyen for longtimes among the Conflicts in Burma!!!!
written by Ko Shan Bama, May 09, 2011
For those who really concern about this case!
ှု THis happens since the clashes began among the ethnics and Burma. To Who you want to blame? Yes, any one you can. But, it is not about the hatred among the ethnics and Burma. This is the political plots.! They are playing around their games by using other people's lives. If they are suspicious of you whether you are Bama or Ethinces both sides who hold the guns will not care of you man. . Killing and raping are the the instrument seems to become as key to make a game. As long as the civilians both Bama or ethnics are being targeted as their toys, keep killing them they are the common enemies of The people of Myanmar. No matter who! This is how they insult the people of Myanmar. Many blood have been being shed for years. And it can be tomorrow too. Please voice out this kind of killing civilians. Those who hold gun kill among yourselves not the innocent blood! Do apologize !!!!!! Don't threaten your own kins by your guns. Instead protect your nation! If the gun is just to kill your own country man what is the use of your life to be a Myanmar citizen, to claim to be the protectors of your nation!
0
အမှန်တရား
written by light, May 09, 2011
ဘယ်သူသတ်တာလဲ ဆိုတာ တိတိကျကျ သိရင်ပြောပေးပေးပါအုံး ..
တစ်ဦးတစ်ယောက်ရဲ့ ထင်မြင်ယူဆချက် မူဟာ တစ်ယောက်ယောက်ကို သွားပြီး ထိခိုက်နစ်နာစေမယ် ဆိုရင် ဒါဟာ
ဝမ်းနည်းစရာ ကောင်းတဲ့ဖြစ်ရပ်ပါပဲ .... ဘယ်အရာကိုမဆို ထင်ရာမြင်ရာ ပြောနေမယ့်အစား ယုံကြည်သင့်လား
ဟုတ်ရဲ့လား ဖြစ်နိုင်ရဲ့လား ဆိုတာကို အရင်ဆိုတွေးပြီးမှ ဆုံးဖြတ်သင့်ပါတယ် .....
အမှန်တရားတစ်ခု ပေါ်ပေါက်လာနိုင်ပါစေ..
0
amazing
written by aungthu, May 09, 2011
အံ့.သြစရာကောင်းသော လုပ်ရပ်တွေပါ.. မလုပ်သင့် သော.. မထားသင့် သော.. စိတ်ထားပါ့
0
ရင်နာစရာအင်မတန်ကို ကာင်းပါတယ်...
written by မြမြမင်း, May 09, 2011
ကိုယ်တတ်တဲ့ ပညာလေးနဲ့ တဖက်တစ်လမ်းကနေ လူတော်လူကောင်း လေးတွေ ပေါ်ထွန်းအောင် အသိပညာ အတတ်ပညာတွေ ပေါ်ထွန်းအောင် ကိုယ့်ဘ၀ရဲ့ ရပိုင်ခွင့်တွေ မိသားစုနဲ့ အတူနေခွင့်တွေကို စွန့်ပြီး သူတစ်ပါးရင်ကဖွားတဲ့ လူငယ်လေးတွေကို ကိုယ့်ရင်ဝယ်သားသမီးကဲ့သို့ အတတ်လည်းသင် ပဲ့ပြင်ဆုံး သိပ်ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ဖို့ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာဆိုတဲ့ ဆရာကျင့်ဝတ်တွေနဲ့အညီ လာရောက်သင်ပြ ပေးဆပ်နေတဲ့ ဆရာ ဆရာမတွေကို သတ်တာဟာ ဆရာဂိုင်းသင့်ပြီး ပြန်ခံရမယ့် ၀ဋ်ကြွေးတွေကိုမကြောက်ကြလို့ ပဲလားးဖြစ်ချင်ရာဖြစ်ဆိုပြီး လုပ်နေကြတာပါပဲလားးးကွယ် ..တကယ့်ကို ရင်နာစရာ ကောင်းလှပါတယ်..
0
victims of burmese army
written by Carlos, May 09, 2011
they were killed by the burmese army and the burmese army just voiced that they were killed by shan army. it is just for propaganda.
0
Request
written by Thu Kha Mein, May 09, 2011
I would like to request that the Irrawaddy provides an English translation of the news so that the world will know about this.
0
...
written by cherry, May 09, 2011
မြန်မြန်မစုံစမ်း မဖော်ထုတ် နှိုင်ကြသေးဘူးလား။ ဘာလုပ်နေကြတာလဲ။ ဒါနင်တို.ကြောင်. ဖြစ်တာနော်။
0
...
written by လင်းလင်း, May 09, 2011
ရန်ကုန်တိုင်း ဂျာနယ်မှာ ဒီသတင်းကိုဖတ်လိုက်ရပါတယ် ဓတ်ပုံတွေနဲ့ဖော်ပြထားတာလည်းဖြစ်ပါတယ်။ အပြစ်မဲ့
ပညာရေး ၀န်ထမ်းများကို SSA-N ကလို့ ယူဆရတဲ့ လူသတ်သမားတွေက လာရောက်သတ်ဖြတ်သွားတာပါ။ ဗမာပြည်
ကလာတဲ့လူတွေမို့လို့ သတ်တာလို့ရေးသားထားပါတယ်။ လူမျိုးရေးအစွန်းရောက်မူ့ကို အခြေခံတယ်ထင်ပါတယ်။
တော်တော်လေးကို ရွံရာဖွယ်ရာကောင်းတဲ့လုပ်ရပ်ပါ။ အဲ့ဒီသတင်းကို ပြည်ပသတင်းဌာနလို့ အစိုးရကအမြည် တပ်
ထားတဲ့ သတင်းဌာနတွေက သတင်းသေးသေးလေးအဖြစ် ဖော်ပြပါတယ်။ သတင်းဘတ်လိုက်မူကတော့ တော်တော်လေးကို အံသြဖို့ကောင်းပါတယ် ပီးတော့ အစိုးရ စစ်သားတွေသတ်တာလို့ သတင်းတောင်ပါ ပါသေးတယ်။ အစိုးရစစ်သားက အစိုးရ ပညာရေးဝန်ထမ်းကို သတ်သလိုရေးထားပါတယ်။ ရှမ်းသံတော်ဆင့်
သတင်းဌာနမှာလည်း ဟိုလိုလိုဒီလိုလိုရေးထားပါတယ်။ တိုင်းရင်းသားတွေအနေနဲ့ လူမျိုးရေးအစွန်းရောက်မူ
တွေကိုရပ်တန့်သင့်ပါပီ
0
လူသတ်သမားသို့
written by Maung Maung, May 08, 2011
မင်းတို့ တကယ်လုပ်ရဲတယ်ဆိုရင် လက်နက်ကိုင်အဖွဲ့အစည်း နဲ့ အာဏာရအဖွဲ့အစည်း တွေကို လုပ်ကြပါလား
ခွေးလိုကောင်တွေ ... ဆရာ ဆရာမ တွေကိုလုပ်ရသလား..... အနည်းဆုံး ကြံခိုင်ရေးကကောင်တွေ လုပ်ကြပါလား အ
နိမ့်ဆုံး အဆင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ ဘာတို့ပေါ့...... အရှက်မရှိ ဆရာ ဆရာမ မိသားစု တွေကိုမှ လုပ်တယ်
တောက်......smilies/angry.gif
0
မခံချင်စိတ်
written by လားဟူလေး, May 08, 2011
ကျနော်ပြောချင်တာက ကိုယ်ယုံကြည်ချက်နဲ့ စစ်တိုက်တာ မဆိုင်တဲ့သူတွေကိုပါ ဆွဲထည့်တာ မကောင်းပါဘူး။
ကြားကပြည်သူတွေ အိုးမဲ့အိမ်မဲဖြစ်ခဲ့၇တာ ရွာတွေမိရှို့ခံရတာတွေက အလိုအပ်တဲ့ အရာတွေပါ။ အစိုးရ၀န်ထမ်းဖြစ်ဖြစ်
အရပ်သားပဲဖြစ်ဖြစ် သူတိုတွေဟာ ခင်ဗျာတို့ရဲ့ ယုံကြည်ချက်စစ်ပွဲကြောင့် ဓားစားခံ ဖြစ်ရတာတော့ မတရားဘူပေါ့နော်
0
...
written by myanmarpyithar, May 07, 2011
For the Union of Burma, the country should only have one army. SSA-N, UWSA are not representing Burma Army. The most serious thing is ... why they are trading opium. If they are doing for their national and political issue, they should not do those kind of business. Is they represent Shan and Wa.
I don't think so.
Anyhow... murdering is very bad.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်