လူကုန်ကူးသည့် ထိုင်းရဲ အဖမ်းခံရ

E-mail Print
မြန်မာ နိုင်ငံသားများကို ထိုင်းနိုင်ငံ တွင်းသို့ တရားမ၀င် သယ်ဆောင်လာသည့် ထိုင်းရဲတပ်ဖွဲ့ပိုင် အချုပ်ကားတစီးကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ပြင်ရှိ ထိုင်း စစ်တပ် စစ်ဆေးရေးဂိတ် (ဟွေ့ဟင်ဖွန်ဂိတ်) က စနေနေ့ညနေ ၆ နာရီခန့်တွင် ဖမ်းဆီး လိုက်သည်။

Maesot_Burmese_migrantsအဖမ်းခံရသည့် အချုပ်ကားသည် တာ့ခ်ခရိုင် တာ့ခ်မြို့ရဲစခန်းမှဖြစ်ပြီး တရားမ၀င်နယ်စပ်ဖြတ်ကျော်မှုဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသား ၇၁ ဦးကို မြန်မာနိုင်ငံ မြ၀တီမြို့ဘက်သို့ သွားရောက်ပို့ဆောင်ပြီး အပြန်တွင် မြန်မာနိုင်ငံသား ၁၀ ဦးကို အခ ကြေးငွေယူ၍ သယ်ဆောင်လာစဉ် အဖမ်းခံရခြင်းဖြစ်သည်။

၎င်းအချုပ်ကားကို မောင်းနှင်လာသည့် ထိုင်း ရဲတပ်ကြပ်ကြီး ၀ိရတ်လီလာစ၀မ် ကို မဲဆောက် အခြေစိုက် အမှတ် ၄ ဒေ သဆိုင်ရာကွပ်ကဲရေး တပ်မှ ဗိုလ်မှူးကြီး ပစံဆယ်ဆီရီရတ် နှင့် တပ်ဖွဲ့ ၀င်များက ဖမ်းဆီးခဲ့ပြီး မဲဆောက် ရဲစခန်းသို့ လွှဲ
ပြောင်း ပေးအပ်ခဲ့ဖြစ်ကြောင်း ဒေသခံ အာဏာပိုင် အသိုင်းအ၀ိုင်းမှ သိရသည်။

အဖမ်းခံရသည့် မြန်မာများမှာ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၄ ဦးဖြစ်ပြီး ကားရှေ့ခန်းတွင် ထိုင်းဘတ်ငွေ ၃၄၂၀၀ နှင့် အတူ ထိုင်း စစ်တပ်က စစ်ဆေးတွေ့ရှိခဲ့မှုကို ယာဉ်မောင်း တပ်ကြပ်ကြီး က ၀န်ခံ ထွက်ဆိုခဲ့သည်။

မဲဆောက်မြို့၏ ရဲမင်းကြီး ဗိုလ်မှူးကြီး ဒေးချား ၀ထနဖနုံ က အဆိုပါ ယာဉ်မောင်း ရဲတပ်ကြပ်ကြီး ကို တရားဥပဒေ နှင့် အညီ အရေးယူသွားမည်ဟု ဒေသခံ သတင်းထောက်များကို ပြောကြားသည်။

မဲဆောက်မြို့မှ ထိုင်း ရှေ့နေ တဦးက“ထိုင်းဥပဒေမှာပြဌာန်းထားတာက ဒါမျိုးဆိုရင် အဲဒီ ရဲဝန်ထမ်းဟာ အစိုးရ၀န်ထမ်း အဖြစ်က ထုတ်ပယ်ခံရမယ်၊ ပြီးရင် အနည်းဆုံး ထောင်ဒဏ် ၅ နှစ် ကျခံရနိုင်တယ်”ဟု ပြောဆိုသည်။

“မြန်မာတွေ ထိုင်းနိုင်ငံအတွင်းကို ခိုးဝင်နေတာကတော့ နည်းလမ်း ပေါင်းစုံပဲ၊ ဒါပေမယ့် အခုလိုမျိုး ရဲတပ်ဖွဲ့ပိုင်ကားတွေအသုံးပြီး လုပ်တာမျိုးအရင်က မရှိသလောက်ဘဲ၊ ကျနော့် အမြင် အရပြောရရင် အခုမှဖမ်းမိပေမယ့် ဒီမတိုင်ခင်က ဘယ်  လောက်အထိ လုပ်ခဲ့လည်းဆိုတာ စဉ်းစားစရာတော့ဖြစ်တယ်၊ နောက်ပြီး ဒါမျိုးက တဦးတယောက်တည်း လုပ်လို့ရတာမဟုတ်ဘူးဟု”ဟု မဲဆောက် အခြေစိုက် ၀ါရင့် ထိုင်း သတင်းထောက် တဦးက ပြောသည်။

ယခင်ကလည်း မဲဆောက်တွင် ထိုင်း စစ်တပ်ပိုင် ကားများကို အသုံးပြု၍ မြန်မာများကို ထိုင်း နိုင်ငံတွင်းသို့ ခိုးသွင်းမှုများအား ဒေသခံ အာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများ ရှိခဲ့သည်။

Maesot_Thai_police_carထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ရောက်ရှိနေသည့် ကရင်ပြည်နယ် ဘားအံမြို့မှ အမျိုးသမီး တဦးက“ကျမတို့ ဘားအံ က လူ တွေ ဘန်ကောက်တက်မယ်ဆိုရင် လူကယ်ရီက ရွာအထိလာခေါ်ပါတယ်၊ တယောက်ကို မြန်မာငွေ ကျပ် ၅ သိန်း ပေး ရ တယ်၊ မဲဆောက်ကနေဘန်ကောက်ကို ကားနဲ့တိုက်ရိုက်ပဲ၊ အဆက်အသွယ်ကောင်းဖို့တော့ လိုတယ်၊ တချို့ဘန်ကောက် မရောက်ဘဲ အဖမ်းခံရပြီး ပိုက်ဆံဆုံးသွားတဲ့ လူတွေလည်းရှိတယ်”ဟု ပြောသည်။

ယခု ဖမ်းဆီးထားသူများအား လတ်တလောတွင် မဲဆောက် ရဲစခန်း၌ ထားရှိကြောင်း၊ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၁၀ ဦးကိုမူ မြန်မာနိုင်ငံဘက် ပြန်ပို့မည်ဖြစ်ကြောင်း ဒေသခံ ထိုင်း အာဏာပိုင်များက ပြောဆိုသည်။

မဲဆောက်မှတဆင့် နည်းလမ်းပေါင်းစုံဖြင့် ထိုင်းနိုင်ငံတွင်းသို့ အလုပ်အကိုင်ရှာဖွေရန် ခိုးဝင်သည့် မြန်မာများကို ဒေသခံ အာဏာပိုင်များက မကြာခဏဖမ်း ဆီးရမိမှုမှာ လစဉ်နီးပါးရှိကြောင်း မဲဆောက် ရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်း မြန်မာအလုပ်သမား အနည်းဆုံး ၂ သန်းခွဲမှ ၄ သန်းအတွင်း ရှိနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ခန့်မှန်းကြသည်။
Comments (1)Add Comment
0
ဘယ်သူတွေက ဘာလုပ်ကြမလဲ....
written by ဆောင်းတင်, May 23, 2011
ဖတ်ရတာ တော်တော်စိတ်မကေါင်းပါဘူး ။ ဒါကျနော်တို့ မြန်မာတွေပါ ဆိုတာ ဘယ်လိုမှ ငြင်းလို့ မရပါဘူးနော် ။
အဲတော့  ဒီလူတွေ အပျော်သွားကြတာလား ..... အလည်သွားကြတာလား ..... ဘာကြောင့်သွားကြတာလဲ ....
တကယ်တမ်းဆိုရင် အဲဒိနည်းနဲ့ ဗမာတွေ ထိုင်းရောက်နေတာ ဘယ်လောက်များပီလဲဆိုတာ သိပီးနေကြပါပီ....
အဆင်ပြေတဲ့ သူတွေ ရှိတယ် အဆင်မပြေသူတွေရှိတယ် ။ များသောအားဖြင့်တော့  ကိုသားသမီး ကိုယ့်ဆွေမျိုး
ကိုယ့်အရပ် ကိုယ့်နိုင်ငံကို ပစ်ပီးတော့ ဘယ်သူမှ မသွားချင်ကြပါဘူး ။ စောစောကပြောသလို ဟိုမှာလဲ များသောအား
မပြေကြဘူး ပြေရင်လဲပဲ ပင်ပန်းကြီးစွာ အလုပ်လုပ်ကြ၇မယ် ။ မိသားစုရဲ့ စားဝတ်နေရေးကို အခုလိုနည်းတွေနဲ့ ဖြေ
ရှင်းနေကြတယ်ဆိုရင် မမှားပါဘူး အရှေ့ မှာပြောခဲ့ သလို့ သူတို့ ဘာကြောင့်အဲလိုသွားကြလဲ ဆိုရင် ......အလုပ်
လုပ်ဘို့ သွားကြတာပါ ။ သူတို့ လောဘနဲ့ သူတို့ သွားကြတာလို့  အဲလို တဖက်သတ် မပြောလိုက်ပါနဲ့  .....
အတိုင်းအတာတစ်ခုအထိ ကျနော်တို့ ဆီမှာက အလုပ်လုပ်ဘို့ မရှိကြပါဘူး ။ ကုန်သယ်တွေတောင်ကြည့်ပါလား
........... လက်သင့်တဲ့ သူမှ အလုပ်လုပ်လို့ ရကြတာ ..... ကန်ထရိုက်ပဲကြည့်ကြည့် ...ပစ္စည်းသွင်းတဲ့ သူပဲ ကြည့်
ကြည့် ဓါတ်ဆီဆိုင်ပိုက်ရှင်တွေပဲ ကြည့်ကြည့်  အာလုံးပါပဲ .... ပါတ်သက်မှ အလုပ်က ရတာ ...... အလုပ်က လုပ်စ
ရာက မရှိတော့  နီးနီးနားနားပဲ ထိုင်းသွား အလုပ်လုပ်ပီး ( ကျွန်ခံပီး ) မိသားစုအရေးကို ဖြေရှင်း နေကြရတာ
အဲဒီအတွက် သူတို့ ဟာ အခုလို လုပ်ကြရတာ ပေါ့ ..........
တကယ်လို့ သာ ......ကျနော်တို့  နိုင်ငံမှာ စစ်မှန်တဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှင်္မှုတွေ ..... စစ်မှန်တဲ့ ပုဂ်ဂလိက လုပ်
ရှင်တွေ စက်ရုံအလုပ်ရုံတွေ ကုမ္မဏီတွေ ရှိနေမယ်ဆိုရင် ......အလုက်တွေ ပေါများပီပေါ့ ... အဲဒီစစ်မှန်တဲ့ ရင်း
နှီးမြုပ်နှံမဲ့  သူတွေ ကုမ္မဏီကြီးတွေ ပုဂ်ဂိက လုက်ငန်းရှင်တွေလာအောင်တော့  ..........ပြင်စရာရှိတာတွေ ပြင်
ရမှာပေါ့နော် .... အဲတော့  ... ကျနော်တို့ ဆီက ကိုယ့်လူမျိုးတွေ ဘာကြောင့်အခုလို့ ဖြစ်ရတာလဲ ဆိုတာ ရယ် .....
ဘယ်သူတွေ ဘာလုပ်ရင် ဒီလိုမဖြစ်ဘူးဆိုတာရယ် ..... ကြောင့် ......
ဘယ်သူတွေ ဘာလုပ်ကြမလဲ ....လုက်ပေးလို့ ရသူများ လုပ်ပေးပါလို့ ........

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်