KIA နယ်မြေအနီးမှ အစိုးရတပ်များ ဆုတ်ခွာ

E-mail Print
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေအနီး နယ်ကျွံလာသော မြန်မာအစိုးရ တပ်များ နောက်ပြန်ဆုတ်သွားကြောင်း သိရသည်။
၎င်းတို့၏ နယ်မြေအနီးမှ တပတ်အတွင်း ဆုတ်ခွာပေးရန် မေလ ၁၉ ရက်နေ့က စာရေးသား တောင်းဆိုပြီးနောက်ပိုင်း ထိုသို့ ထွက်ခွာသွားခြင်း ဖြစ်သည်ဟု KIA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ တွဲဖက်အတွင်းရေးမှူး ဦးလနန်က ယနေ့ ဧရာဝတီကို ပြောသည်။

“ရှေ့တန်း အနီးကပ် လှုပ်ရှားနေတဲ့ တပ်တွေ ပြန် နောက်ဆုတ်ပေးတာ ရှိတယ်။ တင်းမာမှုတွေ လျော့သွားတဲ့ သဘော ရှိတယ်” ဟု ဦးလနန်က ရှင်းပြသည်။

KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၅ အနီးမှ ဆုတ်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

KIA တွင် စစ်သည် အင်အား တသောင်း ၀န်းကျင် ရှိပြီး  ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် စခန်းချထားသည်ဟု သိရသည်။

၁၉၉၄ ခုနှစ်မှ စတင်ပြီး KIA သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ သို့သော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရေး အစီအစဉ်ကို KIA က လက်မခံသဖြင့် အစိုးရနှင့် ဆက်ဆံရေးပျက်ပြားလျက်ရှိသည်။
နှစ်ဘက် စစ်ရေးပြင်ဆင်သည့် သတင်းများလည်း ပြီးခဲ့သည့်နှစ်က ပေါ်ထွက်လာသည်။

ဤအတောအတွင်း KIA ကို “သောင်းကျန်းသူ” အဖွဲ့ဟု အစိုးရပိုင် သတင်းစာများတွင် မကြာခဏ သုံးနှုန်း ဖော်ပြသည်အထိ နှစ်ဘက် ဆက်ဆံရေး ဆိုးရွားလျက်ရှိသည်။
Comments (0)Add Comment

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်