ညနေ ၄နာရီခန့်က ၎င်းတို့ နှစ်ဦး တနာရီကြာ ဆွေးနွေးရာတွင် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း ပြည်ပ သတင်းထောက်များကို ပြောပြသည်။မစ္စတာဂျွန်မက်ကိန်းသည် ယနေ့ နေ့လယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦး အပါ အ၀င် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP) အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် မကြာမီ ခရီးလည့်လည်မည့် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးကြကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်တဲ့အခါ လုံခြုံရေးနဲ့ ပတ်သက်လို့ အစိုးရမှာ အပြည့်အ၀ တာဝန်ရှိတဲ့ အကြောင်းကို ဆွေးနွေးတယ်” ဟု ဦးအုန်းကြိုင်က ဆိုသည်။
ဂျွန်မက်ကိန်းနှင့် ယနေ့ ဆွေးနွေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က မကြာမီ ခရီးထွက်မည် ဖြစ်ပြီး တိုင်းပြည်ကို အသိပေးပြီးမှ သွားရောက်မည်ဟု ပြောပြခဲ့သည်။
ဂျွန်မက်ကိန်းသည် ယမန်နေ့က နေပြည်တော်တွင် ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် သီးခြားစီ
တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးကြသည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။
နေပြည်တော်တွင် ဂျွန်မက်ကိန်းက နိုင်ငံရေး အကျဉ်းသားများ အကျဉ်းသား အခွင့်အရေး အပြည်အ၀ရရှိရေး၊ အကျဉ်းထောင်များသို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ (ICRC) သွားရောက် စစ်ဆေးခွင့် ပြန်လည် ရရှိရေးတို့ကို တောင်းဆိုခဲ့သည်ဟု သိရကြောင်း ဦးအုန်းကြိုင်က ပြောပြသည်။ မြန်မာပြည်အပေါ် စီးပွားရေး ပိတ်ဆို့မှုများနှင့် ပတ်သက်၍လည်း ဆွေးနွေးသည်ဟု ဆိုသည်။
ဂျွန်မက်ကိန်းသည် ယနေ့နံနက်ပိုင်းက ရန်ကုန်ရှိ HIV/AIDS ဝေဒနာသည်များ စောင့်ရှောက်ရေးဂေဟာ တခု၊ ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှု အသင်းရုံး တို့ကို သွားရောက် လေ့လာခဲ့သည်။
ထို့နောက် ဒု ဗိုလ်မှူးကြီးဟောင်း ဦးကျော်ဆန်း၊ ဦးနိုင်းနိုင်း၊ ကိုသိန်းဆွေ၊ အဆိုတော် ဇေယျာသော် စသည့် မကြာမီက လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်သားဟောင်းများနှင့် နေ့လယ်စာ စားခဲ့သည်။
ဂျွန်မက်ကိန်းက ဤခရီးစဉ်နှင့် ပတ်သက်ပြီး မနက်ဖြန် နံနက်ပိုင်း ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟု သိရသည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက်ယွန်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး အစိုးရ အဖွဲ့ဝင်များ၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ခေါင်းဆောင်များ၊ ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီ ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့သည်။
ဦးသိန်းစိန် အစိုးရသစ် တာဝန်ယူပြီး ၂လကျော်တွင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဗီဂျေ နမ်ဗီးယား၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေး ဗျူရို အမြဲတမ်းကော်မတီဝင် ကျာချင့်လင်၊ တရုတ်စစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရှီချိုင်ဟုန်၊ ဘင်္ဂလားဒေ့ရှ် နှင့် ထိုင်းနိုင်ငံတို့မှ စစ်ခေါင်းဆောင်များ လာရောက် လည်ပတ်ခဲ့သည်။
ပြည်တွင်းအခြေစိုက် ဧရာဝတီသတင်းထောက်များ ပူးပေါင်းရေးသားသည်။
Comments (6)

written by thein tan, June 05, 2011
There are over 400,000 soldiers in Burmese military.
Other race groups has over 100,000 soldiess.
If other race groups want to attack Burmese government army, they can.
They can get supports from China.
Now China is selling Toyota trucks to Libya rebels. They upgrade those trucks and change to use as a military truck. And at the same time, Chinese government will sell weapons to Burmese government military. It is fair enough. Chinese businessmen will do whatever they want if they can make profits.
Now is the best time to attack Burmese Military. If Burmese government use an airforce, NATO will involve it. At that time it is a good reason dropping bombs where Than Shwe and Generals live.

written by ပြည်ချစ်သား, June 03, 2011
မင်းတို. က လွတ်မြောက် နေ၇ာကနေ ဗုံး ကျဲလိုက်ပါလား ဘာလားနဲ. သေတော. ပြည်သူတွေဘဲ ။စွတ်စွတ် မလုပ်ခိုင်းနဲ.။ပြည်သူတွေကို သနားပါ ။ပြည်သူသေ၇င် ပျော်မှာလား။ေ အးအေးချ မ်းချမ်းနေချင်တယ်ကွာ။
written by တောသား, June 03, 2011
နောက်တစ်ယောက်လာပြန်ပီ။ ဒီ အစိုးရပဲ သတင်းစာတွေထဲမှာ စာမျက်နှာ အပြည့် ရေးပြီး အမြတ်ထုတ်သွားတာ တွေ့တယ် မဟုတ်လား။
တကယ် လုပ်ပေးချင်တယ် ဆိုရင် စကားတွေပဲ ပြောမနေပဲ လစ်ဗျားကို ဗုံးကျဲသလို၊ Mladic ကိုဖမ်းသလို ဦးသန်းရွှေကို ဖမ်းပေးပါလား။
စကားတွေပဲ ပြော ဒီမိုကရေစီကို ပါးစပ်နဲ့ ထောက်ခံပြီး ပြန်သွာြး ကတာပါပဲ။ လက်တွေ့  ဘာမှဖြ စ်မလာပါဘူး။

written by မင်းမိနိုင်, June 03, 2011
ဂျွန်မက်ကိန်း အရေး ရန်ကုန်၊ နေပြည်တော် ဖက်ကိုပဲ သွားနေတာ ဆိုရင်တော့ ဘာမှလဲ ထူးခြားဘူး
ဒီတောရွာ ချောင်းဆုံး ဒေသဖက် တစ်ခါလာလည်ပါ လို ဖိတ်ခေါ်ချင် ပါတယ် သေနတ်သံတွေ ခေါင်းပေါ်မှာ ဖြတ်ကျော်နေတဲ့ ကျည်ဆံတွေ၊
ပေါ်တာတွေ လိုက်ဖမ်းနေသော မြင်းကွင်းကို ပေးမြင် ချင်ပါတယ်။ ဘယ်လောက် ပူရှိက်နေတာကို လာ စမ်းသပ်လိုက်ပါအုံး။

Write comment
| < Prev | Next > |
|---|

My opinion is I dont care. I dont believe change in personality would bring real change or progress in Burma.
What we need is to change this politically system of army staying above everybody else. to change with military dictatorship.
Please ask for system change!