ဂျာနယ်တွင် ထောင်အကြောင်း ၀ါဒဖြန့်

E-mail Print
အာဏာပိုင်တို့က အင်းစိန်ထောင် အစာငတ်ခံဆန္ဒပြမှုနှင့် ပတ်သက်သည့် ၀ါဒဖြန့် သတင်းကို ရန်ကုန်အခြေစိုက် သတင်းဂျာနယ်များတွင် ဖော်ပြရန် စီစဉ်ခဲ့သည်ဟု သိရသည်။
vender_Myanmar400အကျဉ်းသားများ၏ အစားအသောက်နှင့် ကျန်းမာရေး ကောင်းမွန်ရန် အကျဉ်းဦးစီးဌာနက အထူး ဂရုစိုက်ထားသည် ဟူသောသတင်းကို Flower News (မေလ၂၇)၊ လျှပ်တစ်ပြက် (မေ ၃၁) ဂျာနယ်တို့တွင် ဖော်ပြထားသည်။

တနိုင်ငံလုံးရှိ အကျဉ်းသားများအတွက် စားသောက်စရိတ်မှာ နေ့စဉ် ၂၈၈ သိန်း ရှိကြောင်း၊ ရိက္ခာဆန်များ ဖြူဖွေး ကောင်းမွန်ပြီး ငါးခြောက် သို့မဟုတ် ငါးခေါင်း အချဉ်ရည်ဟင်းဖြင့် ကျွေးမွေးကြောင်း စသဖြင့် အကျဉ်းဦးစီးဌာန၏ ရှင်းလင်းချက်ကို သတင်းတွင် တွေ့ရသည်။

ထိုသတင်းတွင် ပါဝင်သော အကျဉ်းဦးစီးဌာန၏ ရှင်းလင်းချက်ကို AAPP ခေါ် ထိုင်းအခြေစိုက်  နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းက မေလ ၃၁ ရက်နေ့တွင် ရှုတ်ချထားသည်။ အကျဉ်းသားတဦးကို ကျွေးမွေးရန် တရက်လျှင် ၅၇ ကျပ် ခန့်သာ အသုံးပြုနေခြင်း ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနကို ကိုးကားပြီး  ပြန်လည် တုန့်ပြန်ထားသည်။

ထိုသတင်း ဖော်ပြခဲ့သည့် Flower News အယ်ဒီတာ ကိုကို (စက်မှုတက္ကသိုလ်) ကို ဧရာဝတီက မေးမြန်းရာ အကျဉ်းဦးစီးဌာနက ထောင်တွင်းဆန္ဒပြမှုနှင့် ပတ်သက်ပြီး ထုတ်ပြန်သည့်အခါ  သတင်းယူနိုင်ကြောင်း ပြောကြားသဖြင့် ထည့်သွင်း ဖော်ပြရခြင်း ဖြစ်သည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

ကိုကို (စက်မှုတက္ကသိုလ်) နှင့် လျှပ်တစ်ပြက် အယ်ဒီတာမြတ်ခိုင်တို့သည် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် ရင်းနှီးသူများအဖြစ် ထင်ရှားသည်။

ဦးကျော်ဆန်းသည်  ပြန်ကြားရေးဝန်ကြီးဌာနကို နှစ်ပေါင်းများစွာ တာဝန်ယူထားသူ ဖြစ်ပြီး ပြည်ပမီဒီယာများကို တိုက်ခိုက် တုန့်ပြန်ရေးအတွက် မီဒီယာကို အသုံးပြုမည်ဟု ကြွေးကြော်ထားသူဖြစ်သည်။

ဤအတောအတွင်း အာဏာပိုင်တို့က ၎င်းတို့၏ မူဝါဒကို ထင်ဟပ်သည့် သတင်းများ၊ ဆောင်းပါးများကို အပတ်စဉ်ထုတ် ဂျာနယ်များတွင် ထည့်သွင်းဖော်ပြရန် ညွှန်ကြားထားပြီး ဖြစ်သည်ဟု ရန်ကုန်မှ သတင်းထောက်တဦးက ဧရာဝတီကို ပြောသည်။

“ဇွန်လ ၂ရက်နေ့ထုတ် 7Day News ဂျာနယ် နဲ့ ရန်ကုန်တိုင်းမ် ဂျာနယ်တွေမှာ သုတေသီတစ်ဦး ဆိုတဲ့ အမည်နဲ့  ငွေအကြွေ ရှားပါးရခြင်းဟာ ဗဟိုဘဏ်နှင့်မသက်ဆိုင်ဘဲ မသမာသူများကြောင့်သာ  ဖြစ်ရတယ်ဆိုပြီး  ရေးသားထားတဲ့ ဆောင်းပါးတပုဒ် ပါဝင်ပါတယ်။ ဒီဆောင်းပါးက ဂျာနယ်တွေမှာ ထည့်သွင်း ဖော်ပြခိုင်းထားတဲ့ ဆောင်းပါးတပုဒ်ပါ” ဟု သူက ပြောပြသည်။

ယခင်တပတ်ထုတ် မြန်မာတိုင်းမ် ဂျာနယ် သတင်း တပုဒ်တွင် “အခွန်ပြန်အမ်းငွေ နိုင်ငံခြားငွေနဲ့အမ်းတော့မယ်“ ဟူသည့် ၂၀၁၁ ခုနှစ် ဧပြီလ ၀င်ငွေခွန်စည်းမျဉ်း ပြင်ဆင်သည့် အမိန့်ကြော်ငြာစာကို ကြိုဆိုကြောင်း ရေးသားထားသည်။ ထိုသတင်းကိုလည်း စာပေစိစစ်ရေးက ထည့်သွင်းခိုင်းခြင်း ဖြစ်သည်ဟု သိရသည်။

အပတ်စဉ်ထုတ် ဂျာနယ်များတွင် စာဖတ်သူ စိတ်မ၀င်စားသည့် ၀ါဒဖြန့် ဆောင်းပါးရှည်များ၊ ၀န်ကြီးဌာနအသီးသီးက ပေးပို့သည့်  ဖြေရှင်းချက်၊ သတင်းထုတ်ပြန်ချက်များကို ပုံနှိပ်ဖော်ပြခဲ့ရသည်။

သမ္မတသစ် ဦးသိန်းစိန်က မတ်လ ၃၁ ရက်နေ့ သမ္မတအိမ်တော်၌ ပြုလုပ်သည့် ပြည်ထောင်စု အဆင့် အစိုးရ အဖွဲ့ဝင်များကို ပြောကြားသည့် မိန့်ခွန်းတွင်“စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့ စာနယ်ဇင်းများရဲ့ အခန်းကဏ္ဍကို အလေးထားဖို့ လိုအပ်ပါတယ်။ စာနယ်ဇင်းများက တဆင့် ပြည်သူတွေ သိသင့်တဲ့ အချက်များကို အသိပေးသွားဖို့ လိုသလို စာနယ်ဇင်းများက အပြုသဘောဆောင်တဲ့ အကြံပြုချက်များကိုလည်း အလေးထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်”ဟု ထည့်သွင်း ပြောကြားထားသည်။

အစိုးရသစ်လက်ထက်တွင် အားကစား၊ သုတရသ၊ ဂမ္ဘီရ၊ နည်းပညာ၊ အနုပညာနှင့် ကလေးစာပေ စသည့် ဂျာနယ် အမျိုးအစား ၆ မျိုးကို အာဏာပိုင်များထံ တင်ပြရန်မလိုဘဲ ထုတ်ဝေနိုင်မည်ဟု စာပေစိစစ်ရေး ဒုတိယ ညွှန်ကြားရေးမှူးချုပ်  ဦးတင့်ဆွေက ပြောဆိုခဲ့ဖူးသော်လည်း မည်သည့်အချိန်တွင် စတင် ခွင့်ပြုမည်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။

ယခင်လဆန်းပိုင်းက လက်ကိုင်ဖုန်းသတင်းတပုဒ်ကို ခွင့်ပြုချက်မရှိဘဲ ပုံနှိပ် ဖြန့်ဝေခဲ့သည့် True News သတင်းဂျာနယ်ကို ထုတ်ဝေခွင့် ၂ ပတ် ရပ်ဆိုင်းခဲ့သည်။ ဦးသိန်းစိန်အစိုးရသစ် လက်ထက်တွင် ဂျာနယ်တစောင်ကို ပထမဆုံးအကြိမ် အရေးယူလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်များအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း၏ ခရီးစဉ် သတင်းကို ဂျာနယ်များတွင် ဖော်ပြခွင့် ရမည်ဟု သိရသည်။ ဓာတ်ပုံ ဖော်ပြခွင့်ကို ကန့်သတ်ထားသော်လည်း ထိုသတင်းအတွက် အချပ်ပို စာမျက်နှာများ ရိုက်နှိပ်ခွင့်ရမည်ဟု ရန်ကုန်မှ သတင်းထောက်များထံမှ သိရသည်။
Comments (8)Add Comment
0
2.88 millions kyats everyday to the pocket of jailors
written by thein tan, June 06, 2011
It will be true that 2.88 millions kyats to the pocket of jailors.
Insein prison is one of the worst prison in the world.
0
...
written by johan, June 05, 2011
အ၇မ်:၇ိံ၇တါပဲ....ဟါ:ဟါ:....၂၈၈သိန်:......!!!!!!.so funny..:-D
0
Oh!
written by Ko dollar, June 04, 2011
Oh! Better free the Politician And save money, right?
smilies/tongue.gif
0
..
written by Burmese, June 04, 2011
ဝါးဟားဟား
0
ယုံတမ်းစကား
written by ကိုဟာသ, June 04, 2011
"တနိုင်ငံလုံးရှိ အကျဉ်းသားများအတွက် စားသောက်စရိတ်မှာ နေ့စဉ် ၂၈၈ သိန်း ရှိကြောင်း၊ ရိက္ခာဆန်များ ဖြူဖွေး ကောင်းမွန်ပြီး ငါးခြောက် သို့မဟုတ် ငါးခေါင်း အချဉ်ရည်ဟင်းဖြင့် ကျွေးမွေးကြောင်း စသဖြင့် အကျဉ်းဦးစီးဌာန၏ ရှင်းလင်းချက်ကို သတင်းတွင် တွေ့ရသည်။"

"ယုံတမ်းစကားများ နဲ့ ပလီပလာ ပြောတတ်သူကြီးရယ်" ၊ "လျှာအရိုး မရှိတိုင်း ညာပြီး၊ လာဖြီးေ နတော့ လွန်တာပေါ့"
0
Ma-thma-thu..???
written by eel, June 04, 2011
Survayer...said...Ma-thma-thu ..means...who???....Generals and their companions ??? Very confuse.....smilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/cry.gifsmilies/cry.gifsmilies/cry.gif
0
---
written by ကိုရွှေမြန်မာ, June 04, 2011
ဟုတ်ကဲ့ မသာ မာသူတွေကြောင့် ငွေအေ ကြွတွေ ရှားပါးနေတာ ဟုတ်ပါတယ်။ အဲဒီ အသာ မာသူတွေကို ဦးသိန်း ဂိန်ဆိုတဲ့ သူက ဦးဆောင် ထားပါတယ်။ သူတို့ အဖွဲ့ေ ကြာင့် ဖြစ်ရတာပါ။
0
What?
written by A.S.H., June 03, 2011
28.8 million? Everyday? For ALL the prisoners in the whole country?
Baaahahahahaha!!!

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်